အဲန်း စီထက်စ် သည် ဆယ်ကျော်သက်နှောင်းပိုင်းမှစ၍ သခင်ယေရှုနောက်တော်သို့ လိုက်ခဲ့သည်။ အသက် (၁၉)နှစ်တွင် “နေ့စဉ်ခွန်အား” စာအုပ်တစ်အုပ်ကို မိတ်ဆွေတစ်ဦးလက်ဆောင်ပေးခဲ့ချိန်မှစ၍ သမ္မာကျမ်းကို သူမ အမြဲဖတ်လာသည်။ ဒစ္စ်ကာဗရီစာအုပ် ငယ်များကိုလည်း ဆန္ဒပြင်းပြစွာ သူမ ဖတ်ရှုခဲ့သည်။ နှစ်အတော်ကြာသောအခါ နေ့စဉ်ခွန်အားစာအုပ် Our Daily Bread ၏ စာတည်းအဖွဲ့ တွင် ပါဝင်ပြီး၊ စာအချောဖတ်ရှုစစ်ဆေးသူ Proofreader အဖြစ်အမှုထမ်းခဲ့သည်။ ၂၀၀၄ ခုနှစ်စက်တင်ဘာလတွင် ၀တ်ပြုခြင်းစာအုပ် အတွက် သူမ စတင်ရေးသားခဲ့ပြီး၊ ပုံနှိပ်ခြင်း စီမံအယ်ဒီတာဖြစ်လာသည်။ အဲန်းနှင့် ခင်ပွန်း ကားလ် Carl တို့သည် အတူတကွ လမ်းလျှောက် ခြင်း၊ စက်ဘီးစီးခြင်းတို့ကို ၀ါသနာပါပြီး၊ မြို့ပြသာသနာတွင် အကြံဥာဏ်ကောင်းပေးသူများအဖြစ် အမှုဆောင်နေပါသည်။