ဟက်ဒေါ်န်ဒဗလျူ ရော်ဘင်ဆင်

ဟက်ဒေါ်န်ဒဗလျူ ရော်ဘင်ဆင်

ဟက်ဒေါ်န်ဒဗလျူ ရော်ဘင်ဆင် သည် အာဘီစီအမှုတော် Discover the Word ရေဒီယိုအစီအစဉ်၏ စိတ်ဝင်စားဖွယ် ကောင်းသော ဆွေးနွေးမှုခေါင်းဆောင်ဖြစ်သည်။ များပြားသော အတွေ့အကြုံ၊ ဥာဏ်ပညာအမြော်အမြင်၊ ဘဝဆိုင်ရာ ထိုးထွင်းအမြင်များ ဖြင့် သူ၏ ဘဝနှင့် အမှုတော်လုပ်ငန်းကို ပျော်မွေ့ရန် အရေးကြီးကြောင်း ဟက်ဒေါ်န်သိသည်။ သူသည် သမ္မာကျမ်းစာမှ ဒါဝိဒ်အကြောင်း မဖတ်ရှုမှီ၊ Gordon – Conwell ဓမ္မတက္ကသိုလ်တွင် စာသင်ခဲ့သည်။
နယူးယောက်မြို့ကြီးဇာတိဖြစ်သော ဒေါက်တာရော်ဘင်ဆင်သည် Dallas ဓမ္မတက္ကသိုက်မှ Th.M ဘွဲ့ကို ၁၉၅၅၊ တောင်ပိုင်းမက်သဒစ် တက္ကသိုလ်မှ MA ဘွဲ့ကို ၁၉၆၀၊ အီလီနွိုက်တက္ကသိုလ်မှ Ph.D ဘွဲ့ကို ၁၉၆၄ တွင်ရရှိခဲ့သည်။
Gordon – Conwell သို့မသွားမှီ၊ ဒဲန်ဗာကျမ်းစာကျောင်းတွင် ဥက္ကဌအဖြစ် ၁၉၇၉ မှ စတင်အမှုထမ်းခဲ့သည်။ ဒဲလက်စ် ဓမ္မတက္ကသိုလ် တွင် ဟောပြောခြင်းအကြောင်း (၁၉)နှစ်သင်ခဲ့သည်။ ၁၉၇၀ မှာ ၁၉၇၉ အထိ ဆရာဝန် နှစ်သောင်းကျော် အသင်းဝင်ထားသော Christian Medical and Dental Society ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။ ထို့အပြင် Evangelical Theological Society ၏ ဥက္ကဌအဖြစ် ၁၉၈၃ တွင် ထမ်းဆောင်ခဲ့ပြီး၊ ဧဝံဂေလိပညာရှင်များအဖွဲ့၏ အမှုဆောင်ကော်မတီဝင်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဤမျှသာမက Theological Annual ၏ အယ်ဒီတာအဖြစ်လည်းကောင်း၊ အသံသွင်းတိတ် Preaching အတွက် အယ်ဒီတာအဖြစ်လည်းကောင်း၊ Christian Today အတွက် အကြီးတန်း အယ်ဒီတာနှင့် အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ Leadership အတွက် အခါအားလျော်စွာ ပံ့ပိုးသူအဖြစ်လည်း ကောင်း၊ အမှုတော်ဆောင်ခဲ့သည်။ Grief, Biblical Preaching, Biblical Sermons, What Jesus said about Successful living, Decision Making by the Book, Preaching that Makes A Difference, Trusting the Shepherd, Insights from Psalm 23 စာအုပ်များကို ရေးသားခဲ့ပြီး၊ Biblical Sermons စာအုပ်ကို ကမ္ဘာတစ်လွှား ဓမ္မတက္ကသိုလ်နှင့် ဓမ္မကောလိပ် ၁၂၀ ၏ ဟောပြောခြင်းဆိုင်ရာ ဖတ်စာအုပ်အဖြစ်အသုံးပြုလျက်ရှိသည်။