နေ့စဉ်ခွန်အားသည် အခါအားလျော်စွာ Dr.M.R.DeHaan ရေးသားသော မော်ကွန်းစာများထဲမှ ဆောင်းပါးများကို အသားပေး ဖော်ပြလျက်ရှိသည်။ “နေ့စဉ်ခွန်အား” အမှုတော်မြတ်ကို ထူထောင်ခဲ့သူ တစ်ဦးရေးသားခဲ့သော ဆောင်းပါးများကို ဆက်လက်အသုံးပြုရခြင်းအတွက် ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။ မစ္စတာ အမ်အာဒီဟန်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး၊ နောက်ပိုင်းတွင် သင်းအုပ်ဆရာ ဖြစ်လာကာ၊ သူ၏ လေးနက် တည်ငြိမ်သောအသံနှင့် လှိုက်လှိုက်လှဲလှဲဖြစ်သော သမ္မာကျမ်းစာသင်ကြားခြင်းများအတွက် လူသိများထင်ရှားသည်။ သူ၏ အမှုတော်အတွက် နှစ်မြှပ်စူးစိုက်မှုက၊ နိုင်ငံများရှိလူများကို တစ်ဦးချင်း ယုံကြည်မှုနှင့် ခရစ်တော်၌ ကြီးရင့်ခြင်းသို့ ဦးဆောင်ပေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ်အရှေ့ခြမ်းရှိ ရေဒီယိုအသံလွှင့်ရုံကလေးမှစ၍ ဒက်ထရိုက် သမ္မာကျမ်းစာလေ့ လာခြင်း အစီအစဉ် မွေးဖွားပေါ်ပေါက်ခဲ့သည်။ ချက်ခြင်းဆိုသလိုပင် ၄င်းကို ဝိညာဉ်ရေးရာဆရာဝန်အဖြစ် လူအများ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ၊ ဝိညာဉ်ရေးရာ ဆာငတ်နေသည့် သောတရှင်များ ရာထောင်ချီရှိလာသည်။ မစ္စတာဒီဟန်းသည် အခြားရေဒီယိုအသံလွှင့်သူများကဲ့သို့ မဟုတ်၊ အာဏာသံပါကာ ကြမ်းတမ်းသော်လည်း၊ ရေဒီယိုအစီအစဉ်က ကြီးမားသော သက်ရောက်မှုအကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ မစ္စတာဒီဟန်း၏ သမ္မာကျမ်းစာအပေါ်ပြင်းထန်စွာ မီးမောင်းထိုးပြထင်ဟပ်ချက်များသည် လူအများအတွက် သမ္မာကျမ်းဆိုင်ရာ ဥာဏ်ပညာတော် အရင်းအမြစ်တစ်ခုလျင်မြန်စွာ ဖြစ်လာခဲ့သည်။ သူ၏ သင်ကြားမှုများကို တုံ့ပြန်ရာတွင်၊ သောတရှင်များက ရေဒီယို အသံလွှင့်စာမူများကို သင်ယူလေ့လာရေး၊ အထောက်အကူ ပစ္စည်းများအဖြစ် တောင်းဆိုလာသည်။ ဤသင်ကြားမှု အရင်းအမြစ်များသည် မကြာမီပင် ကြီးမားလှသော တောင်းဆိုမှုနှင့်အတူ၊ ယနေ့ကျယ်ပြန့်စွာ ဖြန့်ချီလျက်ရှိသော ဒစ္စကာဗရီစာစဉ်များ၏ ရှေ့ပြေးဖြစ်လာပါသည်။ ဤသို့သော ဝိညာဉ်ရေးရာအုတ်မြစ်တွင် အမေရိကန်ပြည်ထောင်စုThe Grand Rapids မီရှီဂန် အခြေစိုက်အမှုတော်မြတ်သည် ဒေါက်တာ ဒီဟန်း၏ ရူပါရုံနှင့်အလုပ်၊ အုတ်မြစ်ပေါ်တွင် ဆက်လက်တည်ဆောက်လျက်ရှိပါသည်။ သမ္မာကျမ်းဆိုင်ရာ အခြေခံသဘောတရားများအပေါ် တွင် နစ်မြှပ်အပ်နှံမှုနှင့်အတူ၊ ယနေ့ အာဘီစီအမှုတော်မြတ်သည် ကမ္ဘာတစ်လွှားသို့ သင်ကြားမှု အရင်းအမြစ်များကို သန်းချီပေးဝေလျက် ရှိသည်။ ဒေါက်တာဒီဟန်းသည် ဤအမှုတော်မြတ်ကို သူ၏ အိမ် မြေအောက်ခန်းတွင် မိသားစုလုပ်ငန်းအဖြစ် စတင်ခဲ့ရာ၊ ယနေ့ ယုံကြည်သူ အမှုထမ်း (၃၀၀) ကျော်ကို ဘုရားရှင်သည် အာဘီစီရုံးချုပ်တွင် ဆက်ကပ်အမှုတော်ထမ်းဆောင်စေပြီဖြစ်သည်။ ဒေါက်တာအမ်အာဒီဟန်းသည် ဘုရားရှင်ကို ချစ်မြတ်နိုးပြီး၊ ဘုရားရှင်၏ နုတ်ကပတ်တော်သင်ကြားခြင်းကို ချစ်မြတ်နိုးကာ၊ ဘုရားရှင်၏လူ အစစ်အမှန်တစ်ဦးအဖြစ် သတိရအောက်မေ့ရမည့် ဦးဆောင်သူတစ်ပါးဖြစ်ပေသည်။