ရစ်ချက် ဒဗလျူဒီဟန်း

ရစ်ချက် ဒဗလျူဒီဟန်း

ရစ်ချက် ဒဗလျူဒီဟန်း သည် အာဘီစီအမှုတော်မြတ်၏ ဥက္ကဌဖြစ်ခဲ့ပြီး၊ အာဘီစီ အစီအစဉ်များအတွက် အနှစ် (၂၀) သင်ကြားဖြစ်ခဲ့သည်။ အာဘီစီအမှုတော်မြတ်ထူထောင်သူ ဒေါက်တာ အမ်၊အာ၊ ဒီဟန်း၏ သားဖြစ်ပြီး၊ စာအုပ်များနှင့် စာစဉ်များကို ရေးသားခဲ့သည်။ အာဘီစီအမှုတော်မြတ်ကို ဦးဆောင်ခဲ့စဉ်၊ သူ၏ ဖခင် ရေဒီယို အသံလွှင့်အမှုတော်ဆောင်ခြင်းအပေါ် သက်ဝင်ယုံကြည်သည့်နည်းတူ၊ ရုပ်မြင်သံကြားကို သမ္မာကျမ်းစာ သင်ကြားခြင်း နည်းလမ်းအဖြစ် သုံးရန် ရူပါရုံရှိခဲ့သည်။ The Day of Discovery ရုပ်သံအစီအစဉ်သည် ၁၉၆၈ တွင် မွေးဖွားပေါ်ပေါက်ခဲ့ပြီး ယခုအခါ သူ၏သား Mart က ဦးဆောင်တင်ဆက်နေပါသည်။ သူ၏ ထက်သန်ကျိုးကြောင်းဆီလျော်သော စိတ်ဖြင့်၊ ရစ်ချက်သည် မကြာခဏဆိုသလို “နေ့စဉ်ခွန်အား” စာအုပ်ပါ ဆောင်းပါးမှ စာပိုဒ်၊ ဝါကျ၊ အတွေးအခေါ်တစ်ခုခုကို မေးခွန်းထုတ်လေ့ရှိသည်။ သူ၏ ထိုးထွင်းသိမြင်မှုများက “နေ့စဉ်ခွန်အား” စာမူများ၏ ပါဝင်မှု အဆင့်အတန်း သန့်စင်အားကောင်းမွန်ခြင်းအတွက် အထောက်အကူဖြစ်စေသည်။ “အားပေးသူ”ဟု မကြာခဏ အခေါ်ခံရသူ “ရစ်ချက်”သည် ဘုရားရှင်၏ နုတ်ကပတ်တော်အပေါ် သစ္စာစောင့်ထိန်းခြင်းနှင့် ဂုဏ်သိက္ခာရှိခြင်းကို အမှုတော်မြတ်ကဲ့သို့ နှစ်မြှပ်စူးစိုက်ထားသည်။ သူ၏ အကြိုက်ဆုံးထုတ်ဖော်မှုမှာ “ဘုရားကို အားကိုး၊ မှန်တာလုပ်” ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ရစ်ချက်သည် ဇနီး Marge သားတစ်ဦး Kurt တို့်နှင့်အတူ၊ ခရစ်တော်၌ အိပ်ပျော်သည်။ သား (၃) ဦး ကျန်ရစ်ခဲ့သည်။