လမ်းကြောင်းပြသစ်ပင်
ကျွန်မသမီးသည်က မီချီဂန်ပြည်နယ် မြောက်ပိုင်း၌ နေထိုင်သည်မှာ နှစ်အတန်ကြာခဲ့ပြီ
ဖြစ်သည်။ သူက ဒေသခံတိုင်းရင်းသားများ၏ရာဇ၀င်ကို အလွန် စိတ်ဝင်စားသည်။
နွေရာသီ၌ ကျွန်မသူ့ထံ သွားရောက်လည်ပတ်စဉ် ‘‘လမ်းကြောင်းပြသစ်ပင်’’ဟု
သတ်မှတ်ထားသည့်လမ်းကို ပြသည်။ ရှေးပဝေသဏီက
ဒေသခံတိုင်းရင်းသားများသည် လမ်းကြောင်းကို အတိအကျ
ပြရန် သစ်ပင်ပျိုကိုချိုးပြီး အမှတ်အသားပြုသည်ဟု
ယူဆရကြောင်း၊ သို့နှင့် အချိုးခံရသည့်သစ်ပင်မှာ ပုံပျက်
သွားသည့်အတိုင်း ဆက်လက်ရှင်သန်ခဲ့ကြောင်း သမီးက
ရှင်းပြသည်။
ထိုသဘော ရည်ရွယ်ချက်နည်းတူ ဓမ္မဟောင်းကျမ်း
သည်လည်း တည်ရှိနေသည်။ ကျမ်းစာမှ ပညတ်တော်နှင့်
သွန်သင်ချက်များသည် ထာဝရဘုရား အလိုတော်အတိုင်း
အသက်ရှင်ရန် ကျွန်မတို့၏စိတ်နှလုံးကို ပဲ့ပြင်ညွှန်ပြသည်။
ဥပမာပြရလျှင် ပညတ်တော် ၁၀ ပါး ဖြစ်သည်။
ထိုမျှမက ဓမ္မဟောင်းကျမ်းမှ ပရောဖက်များကလည်း မေရှိယ ကြွလာမည့်လမ်းကို
ပြညွှန်သည်။ သခင်ယေရှု မကြွ လာမီ နှစ်ထောင်ပေါင်းများစွာကပင်
ယေရှုမွေးဖွားရာ…
ဖိုလေး အနုပညာရှင်
ဖလင်ရုပ်ရှင် ခေတ်ဆန်းစက ဖိုလေး(FOLEY) အနုပညာရှင်များသည် ဇာတ်လမ်း
သရုပ်ဆောင်ချက်နှင့်လိုက်ဖက်သည့်အသံများကို ဖန်တီးပံ့ပိုးပေးရသည်။ နှင်းကျသံကို
ဖန်တီးရန် ပြောင်းမှုန့်ထည့်ထားသော သားရေအိတ်ကို ညှစ်ပေးရသည်။ လက်အိတ်
အစုံကိုလှုပ်ပြီး ငှက်တောင်ပံခတ်သံ ဖန်တီးသည်။ ကြိမ်ဝါး
သေးသေးလေးကို ဝေ့ယမ်းပြီး ` ဝှီးဝှီး´ အသံကိုဖန်တီးသည်။
ရုပ်ရှင်ကို တတ်နိုင်သမျှ တကယ့်သဘာဝကျအောင်၊
တထေရာတည်းတူသည့် အသံရအောင် ဤအနုပညာရှင်
များက ဆန်းသစ်တီတွင်သော နည်းမျိုးစုံကို သုံးရသည်။
ထိုနည်းတူ သတင်းစကားများကိုလည်း ပုံတူပွား၍
ရသည်။ စာတန် အများဆုံးနှင့် မကြာခဏ သုံးလေ့ရှိသည့်
နည်းမှာ ဝိညာဉ်ရေးအတွက် သတင်းစကားကို အလွန်
အန္တရာယ်ကြီးသည့် နည်းလမ်းများဖြင့် ပုံတူပွားခြင်းဖြစ်သည်။ “အကြောင်းမူကား၊
ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်၊
စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏” ဟု (၂ ကော
၁၁း၁၃-၁၄) တွင် သတင်းစကားမှ အာရုံပြောင်းအောင် လုပ်ဆောင်သည့် မှားယွင်းစွာ
သွန်သင်သည့် ဆရာများနှင့် စပ်လျဉ်း၍ ရှင်ပေါလုက သတိပေးထားသည်။
ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်နေရခြင်းမှာ “သမ္မာ
တရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို
သင်တို့အား…
တိကျသေချာသော ရွေးချယ်မှု
ကျွန်တော့်ဖခင်သည် မိရိုးဖလာနတ်ဘုရားများကို ကိုးကွယ်တန်ဖိုးထားသူအဖြစ်မှ
ပြောင်းလဲလာသူဖြစ်သည်။ အသက်(၉ဝ)အရွယ် သူကွယ်လွန်ခါနီးတွင်
မှာကြားခဲ့သော စကားက မှတ်သားစရာကောင်းလှသည်။ “အဖေသေသွားတဲ့အခါ
အသင်းတော်က လုပ်ပေးတဲ့ ပြုအပ်သောဝတ်ကလွဲလို့ အခြားဘာမှမလုပ်ပါနဲ့။
ရှေ့ဖြစ်နောက်ဖြစ်ဟောတာတွေ၊ ရိုးရာပူဇော်တာတွေ၊
ဓလေ့ထုံးစံ အစီအရင်တွေ မလုပ်ပါနဲ့။ အဖေ့အသက်က
ယေရှုခရစ်ရဲ့လက်ထဲမှာရှိသလို အဖေ့သေခြင်းကလည်း
သခင့်ရဲ့ လက်ထဲမှာပါပဲ” ဟုမှာကြားခဲ့သည်။
ကျွန်တော့်ဖခင်က အသက်ကြီးမှ သခင်ယေရှုကို
ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံကာ ခရစ်တော်၏
လမ်းကို ရွေးချယ်ခဲ့သည်။ သူနှင့်ရွယ်တူလူများက “မင်းလို
သက်ကြားအိုက ဘုရားကျောင်း မသွားသင့်ဘူး” ဟု သူ့ကို
ကဲ့ရဲ့ ဟားတိုက်သည်။ သို့သော် ယောရှုမိန့်ကြားသောစကားကို ခံယူသည့် လူအပေါင်း
တို့၏ရွေးချယ်မှုကဲ့သို့ပင် မှန်သောဘုရားကို ကိုးကွယ်ရန် အဖေ့၏ရွေးချယ်မှုက တိကျ
သေချာသည်။
“အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့”ဟု
ယောရှုက သူတို့ကို စိန်ခေါ်ခဲ့ပြီး၊ “ငါနှင့် ငါ့အိမ်သားဖြစ်လျှင်မူကား ထာဝရဘုရားကိုသာ
ဝတ်ပြုမည်ဟု ဆိုခဲ့သည်”(၂၄း၁၅)။ လူအပေါင်းတို့သည် ထာဝရဘုရား၏ ကယ်တင်မှု၊
စောင့်မကြည့်ရှုကျွေးမွေးမှု၊ ကွယ်ကာမှုတို့ကို (း၁၆-၁၇၊ ၂၁) ပြန်လည်အောက်မေ့ကာ
ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
ခိုင်မာသောရွေးချယ်မှုဖြစ်ငြားလည်း ၎င်းကို ခိုင်မာသော လက်တွေ့လုပ်ရပ်ဖြင့်
သက်သေပြရန် လိုသည်။ “သို့ဖြစ်လျှင်…
ပြီးပြည့်စုံ၍ တိကျသောဘုရား၏အချိန်
ကျွန်မသည် သက်ကြီးအမျိုးသမီးနှစ်ဦးထံသို့ တစ်ခါတစ်ခါ အလည်သွားသည်။
တစ်ဦးမှာ ငွေကြေးအဆင်ပြေ၍ ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်အိမ်တွင် နေထိုင်
သည်။ သို့သော် အနုတ်လက္ခဏာစကားကို ရှာကြံပြောလေ့ရှိသည်။ အခြားတစ်ဦးမှာ
မေ့မေ့ လျော့လျော့ဖြစ်ပြီး အဆစ်ရောင်ရောဂါဖြင့်
မသန်စွမ်းသူ ဖြစ်သည်။ သူမသည် ရိုးရှင်းသော နေရာ
ထိုင်ခင်းနှင့်သာ နေထိုင်ပြီး သူချိန်းဆိုထားသောကိစ္စများကို
မမေ့အောင် ရေးမှတ်ထားသည့် စာအုပ်လေးကို ကိုယ်နှင့်
မကွာ ကိုင်ဆောင်ထားသည်။ သူ့အခန်းသို့ လာရောက်သည့်
ဧည့်သည်များအား သူ ပထမဆုံးနှင့်အမြဲပြောသည့် စကား မှာ
အစဉ်အတူတူပင်ဖြစ်သည်။ ‘‘ဘုရားသခင်သည် ကျွန်မအပေါ်
အလွန်ကောင်းပါသည်’’ ဟူ၍ ဖြစ်သည်။ ကျွန်မ သူ့ထံ
နောက်ဆုံးသွားရောက်စဉ် သူ၏မှတ်စုစာအုပ်တွင် ‘‘မနက်ဖြန်
နေ့လယ်စာကို အပြင်မှာ စားမယ်။ ပျော်စရာပဲ။ နောက်ထပ်
ပျော်စရာနေ့လေးပေါ့’’ ဟု မနေ့က ရေးထားသည်ကို ကျွန်မ
သတိထားမိလိုက်သည်။…
ပြီးပြည့်စုံ၍ တိကျသောဘုရား၏အချိန်
ကျွန်မသည် သက်ကြီးအမျိုးသမီးနှစ်ဦးထံသို့ တစ်ခါတစ်ခါ အလည်သွားသည်။
တစ်ဦးမှာ ငွေကြေးအဆင်ပြေ၍ ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်အိမ်တွင် နေထိုင်
သည်။ သို့သော် အနုတ်လက္ခဏာစကားကို ရှာကြံပြောလေ့ရှိသည်။ အခြားတစ်ဦးမှာ
မေ့မေ့ လျော့လျော့ဖြစ်ပြီး အဆစ်ရောင်ရောဂါဖြင့် မသန်စွမ်းသူ ဖြစ်သည်။ သူမသည် ရိုးရှင်းသော နေရာ
ထိုင်ခင်းနှင့်သာ နေထိုင်ပြီး သူချိန်းဆိုထားသောကိစ္စများကို မမေ့အောင် ရေးမှတ်ထားသည့် စာအုပ်လေးကို ကိုယ်နှင့်
မကွာ ကိုင်ဆောင်ထားသည်။ သူ့အခန်းသို့ လာရောက်သည့် ဧည့်သည်များအား သူ ပထမဆုံးနှင့်အမြဲပြောသည့် စကား မှာ
အစဉ်အတူတူပင်ဖြစ်သည်။ ‘‘ဘုရားသခင်သည် ကျွန်မအပေါ် အလွန်ကောင်းပါသည်’’ ဟူ၍ ဖြစ်သည်။ ကျွန်မ သူ့ထံ
နောက်ဆုံးသွားရောက်စဉ် သူ၏မှတ်စုစာအုပ်တွင် ‘‘မနက်ဖြန် နေ့လယ်စာကို အပြင်မှာ စားမယ်။ ပျော်စရာပဲ။ နောက်ထပ်
ပျော်စရာနေ့လေးပေါ့’’ ဟု မနေ့က ရေးထားသည်ကို ကျွန်မသတိထားမိလိုက်သည်။
ခရစ်တော်မွေးဖွားလာချိန်က…
ရိုးရိုးလေး ယုံကြည်လက်ခံခြင်း
ကျွန်တော့်ကလေးများငယ်စဉ်က ၎င်းတို့ကို ဆေးခန်းသွားပြရသည့် အတွေ့အကြုံက
စိတ်ဝင်စားဖွယ် ဖြစ်သည်။ ဆေးခန်း၌အရုပ်များအပြည့်ရှိပြီး သူတို့ ကစားနိုင်သည်။
ကလေးမဂ္ဂဇင်းများကိုလည်း သူတို့အား ဖတ်ပြခဲ့သည်။ ဤအချိန်ထိ ပြဿနာမရှိသေးပါ။
သို့သော် ဆရာဝန်ကို ၀င်တွေ့သည့်နှင့် အခြေအနေက လုံးဝ
ပြောင်းလဲသွားသည်။ ဆေးထိုးအပ် ကိုင်ထားသည့် ဆရာမ
အနားရောက်လာသည်နှင့် ပျော်ရွှင်မှုက ကြောက်ရွံ့ခြင်းသို့
ရုတ်ခြည်းပင် ပြောင်းလဲသွားသည်။ ဆရာမအနား ကပ်လာ
လေလေ ကျွန်တော့်လည်ပင်းကို အတင်းအကြပ် ဖက်ထား
လေလေဖြစ်သည်။ သူတို့ကောင်းဖို့အတွက်မှန်း မသိဘဲ၊
ကျွန်တော်ထံမှ နှစ်သိမ့်မှု၊ အကူအညီကို မျှော်လင့်နေသည်။
တစ်ခါတစ်ရံ၌ ပျက်စီးယိုယွင်းသော ဤကမ္ဘာတွင် ကျွန်ုပ်တို့သည် အေးဆေး
ငြိမ်းချမ်းသောအခြေအနေမှ နာကျင်ရသည့် အခက်အခဲ ပြဿနာထဲသို့
ရောက်သွားသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့ မည်ကဲ့သို့ တုံ့ပြန်ကြ
မည်နည်း။ ဤအရာကို ဘုရားသည် အဘယ်ကြောင့် ကြုံတွေ့ခွင့်ပေးသနည်းဟူ၍…
ရောင်ပြန်ထင်ဟပ်ပြသောသား
ဆောင်းတွင်း အမှောင်ရက်တွင်းမှလွဲ၍ ကျန်ကာလများတွင် အလွန်နေထိုင်၍
ကောင်းသော နှစ်သက်ဖွယ်ဖြစ်သော နော်ဝေနိုင်ငံရှိ Rjukan ရွာကလေးသည်
Gaustatoppen တောင်ခြေရှိ ချိုင့်ဝှမ်းတွင် တည်ရှိပြီး နှစ်ဝက်ခန့်မျှ နေရောင်ခြည်
တိုက်ရိုက် မရရှိသော မြို့ကလေးဖြစ်သည်။ ထိုဒေသတွင်
နေထိုင်သူများသည် နေအလင်းရောင်ရရှိရန် တောင်ထိပ်၌
မှန်များတပ်ဆင်ရန် စဉ်းစားခဲ့ကြသည်။ သို့သော် ထို
အယူအဆကို နှစ်အတန်ကြာသည်အထိ အကောင်အထည်
မဖော်နိုင်ခဲ့ပေ။ ၂၀၀၅ ခုနှစ်တွင် ထိုအရပ်သား အနုပညာရှင်
တစ်ဦးက ဤအစီအစဉ်ကို အကောင်အထည်ဖော်မည့်
လူများကို ခေါ်ယူစုစည်းကာ ‘‘The Mirror Project’’ ကို
စတင်ခဲ့သည်။ ၈ နှစ်ခန့် ကြာပြီးနောက် ၂၀၁၃ ခုနှစ်
အောက်တိုဘာလတွင် မှန်များကို တပ်ဆင်နိုင်ခဲ့၍ မြို့
ရင်ပြင်၌ လူတို့စုရုံးကာ အလင်းပြန်နေရောင်ကို ခံစားခဲ့ရသည်။
ဝိညာဉ်ရေးရာအရ ဤလောကကြီးသည် Rjukan…
ယုံကြည်ခြင်း မိသားစု
၁၉၈၀ ခုနှစ်များ အတောအတွင်းက ကျွန်ုပ်တို့၏အသင်းတော်၌ အိမ်ထောင်ဖက်
သေဆုံးသူများနှင့် အိမ်ထောင်ကွဲသူများပါဝင်သော Single အုပ်စုသည် ရင်းနှီးသော
မိသားစုတစ်စု ဖြစ်လာခဲ့သည်။ တစ်ယောက်ယောက်က ရွှေ့ပြောင်းရတော့မည်ဆိုလျှင်
အဖွဲ့ဝင်များက ပစ္စည်းနှင့်ပရိဘောဂများ ထုတ်ပိုးသယ်ပို့ပေး
သည်။ အစားအသောက်များ ထောက်ပံ့ပေးသည်။
ယုံကြည်ခြင်း၊ မိတ်ဆွေဖြစ်ခြင်းသဘောတို့ ပေါင်းစပ်လျှက်
ခွန်အားပေးမစကာ ရင်းနှီးပေါင်းသင်းဆက်ဆံကြသဖြင့်
မွေးနေ့ပွဲနှင့် အားလပ်ရက်များသည် ၎င်းတို့ အထီးကျန်စွာ
ဖြတ်သန်းရသည့် အချိန်များ မဟုတ်တော့ပါ။ ဤကဲ့သို့
ပေါင်းစည်းမှုသည် လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက
အရှိန်အဟုန်ဖြင့် ဖြတ်သန်း ခဲ့ရာ ယနေ့တွင် မိသားစုများနှင့်
လူတစ်ဦးခြင်းစီတို့အတွက် ဆက်လက်တည်ရှိဖေးမလျက် ရှိသည်။
သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများထံသို့ပေးပို့သော ရှင်ပေါလု၏စာသည်
ဘုရား၏မိသားစုဝင်များကြား ရှင်သန်မှုကိုဖြစ်စေသည့် ဆက်ဆံရေးသရုပ်ကို ဖော်ကျူး
ထားသည်။ ငါတို့သည် ‘‘သားသမီးများအား ယုယစွာပြုစုသည့် မိခင်ကဲ့သို့ သင်တို့အား
ပြုစုခဲ့ကြ၏’’…
ခိုလှုံရာ၊ တရားသူကြီး
တရားသူကြီးရှေ့မှောက်၌ ရပ်နေသော တရားခံသည် တရားခွင်၌ ပြုသမျှနုရမည့်
အခြေအနေ၌ ရှိသည်။ တရားခံက ရိုးသားလျှင် တရားခွင်သည် သူ့အတွက် ခိုလှုံရာ
ဖြစ်သော်လည်း အပြစ်ရှိလျှင် အပြစ်ဒဏ်ပေးရန် ကျွန်ုပ်တို့ မျှော်လင့်ကြပါသည်။
နာဟုံအနာဂတ္တိကျမ်းတွင် ထာဝရဘုရားကို ခိုလှုံရာ
အဖြစ်နှင့် တရားစီရင်သူအဖြစ်ပါ တွေ့ရသည်။ နာဟုံ ၁း၇
တွင် ‘‘ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်
သောအခါ ရဲတိုက်ဖြစ်တော်မူ၏’’ ဟုပြောထားပြီး အပိုဒ်ငယ်
၈ တွင် ‘‘နိနဝေမြို့၏အဆုံးကို ထာဝရဘုရား ပြုတော်မူမည်။
သူ၏ရန်သူများကို မှောင်မိုက်သို့ ဆွဲခေါ်တော်မူမည်’’ ဟု
ပြောထားသည်။ ရှေးနှစ်ပေါင်း ၁၀၀ မက အစောပိုင်းတွင်
ယောနသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းအကြောင်း
ဟောပြောပြီးနောက် နိနဝေမြို့သားများ နောင်တရသဖြင့်
ထိုပြည်သည် စီရင်ခြင်းနှင့် လွတ်ကင်းခဲ့ရသည် (ယောန ၃း၁၀)။ သို့သော်
နာဟုံခေတ်တွင် နိနဝေမြို့သည်…
မျှော်လင့်ခြင်းလက်ဆောင်
၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံရှိ တာကလိုဘန် မြို့သို့ အင်အားပြင်းတိုင်ဖုန်း
မုန်တိုင်း ၀င်ရောက် တိုက်ခိုက်ပြီးနောက် လူပေါင်း ၁၀၀၀၀ သေဆုံးပြီး အသက်ရှင်
ကျန်ရစ်ခဲ့သူများမှာလည်း အိမ်ယာမဲ့လျက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ လိုအပ်မှုများ
ကိုလည်း မဖြည့်ဆည်းနိုင်၍ ရှားပါးပြတ်လပ်မှုများ ကြုံလာ
ရသည်။ သုံးလကြာပြီးနောက် အပျက်အစီးများကြား
ရုန်းကန်နေရချိန်၊ လေပြင်းမိုးသည်းသည့်နေ့ တစ်နေ့တွင်
တာကလိုဘန် မြို့အနီး လမ်းဘေးတစ်နေရာ၌် ကလေး
တစ်ယောက် မွေးလာခဲ့သည်။ ရာသီဥတုအခြေအနေက
နာကျင်စရာ အမှတ်တရများကို ပြန်ပြောင်း သတိရစေ
သော်လည်း မြို့ခံများက ၀မ်းဆွဲဆရာမ ရှာပေးခဲ့ရုံမက
မိခင်ရော ကလေးကိုပါ ဆေးခန်းအရောက် ပို့ပေးခဲ့သည်။
ကလေးလေးက မတိမ်းမပါး အသက်ရှင် ခဲ့သည်။ ၎င်းသည်
စိတ်ဓာတ်ကျ နေချိန်အတွင်း မျှော်လင့်ခြင်းသင်္ကေတ ဖြစ်လာခဲ့သည်။
ဖိလိတ္တိလူတို့၏ အနှစ် ၄၀ ဖိနှိပ်အုပ်ချုပ်မှုသည် အစ္စရေးလူမျိုးတို့၏သမိုင်းတွင်…