အမျိုးအစား  |  odb

လှုပ်ရှားရမည်

ဒေါက်တာ မာတင် လူသာ ကင်း ဂျူနီယာ
ဦးဆောင်သည့် သမိုင်းဝင် ၁၉၆၃ ပြည်သူ့စစ် အခွင့်အရေး “၀ါရှင်တန်ချီတက်ပွဲ”၌ ပါဝင်ခဲ့စဉ်က အမေရိကန်လွှတ်တော်အမတ် ဂျွန် လူးဝစ်မှာ ၂၃ နှစ်သာ ရှိသေးသည်။ နှစ်ပေါင်း ၅၀ ကြာပြီးနောက် သတင်းစာဆရာ ဘီလ် မိုယယ်က လူးဝစ်အား ထိုနေ့တွင် ပြောကြားခဲ့သော ဒေါက်တာ ကင်း ၏
“ကျွန်ုပ်၌အိပ်မက်တစ်ခုရှိသည် — I have A Dream” မိန့်ခွန်း က သူ့အပေါ် မည်သို့သက်ရောက်မှု
ရှိခဲ့သနည်း ဟုမေးရာ သူက “ မိန့်ခွန်းကို ကြားရပြီး တဲ့နောက် လုပ်ငန်းခွင်ထဲမှာ လုပ်စရာတွေကို ခါတိုင်းလိုဘဲ ပြန်လုပ်လို့မရတော့ဘူး။ တစ်ခုခုလုပ်ရမယ်၊ အရေးယူဆောင်ရွက်ရမယ်၊ လှုပ်ရှားရမယ်၊ အပြင်ထွက်ပြီး သတင်းကောင်းကို ဖြန့်ဝေဖို့ရှိတယ်” ဟုဖြေကြားခဲ့သည်။
သခင်ယေရှုနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသူများစွာက…

အံ့ဩဖွယ် အမြင်အာရုံ

Livescience.com ၀က်ဆိုက်မှ အလွန် ပင် အံ့ဖွယ်ကောင်းသော အကြောင်းအရာတစ်ခုကို ဖတ်လိုက်ရသည်။ “ တောင်ထိပ်ပေါ်တွင်ရပ်လျက် ကမ္ဘာကြီးကို အပေါ်စီးမှဖြန့်ကျက်ငုံကြည့်သော အခါ မိုင်ရာပေါင်းများစွာအကွာရှိ ထွန်းလင်း တောက်ပသော အလင်းရောင်ကို မြင်ရကြောင်း၊ ညအမှောင်တွင် မိုင် ၃၀ (၄၈ ကီလိုမီတာ) အကွာရှိ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးကိုပင်မြင်နိုင် ၏” ဟုဖော်ပြထားသည်။ အဝေးကြည့်မှန်ပြောင်း (သို့) ညကြည့်ကိရိယာမျက်မှန်လည်း မလိုပါ။ လူသား၏မျက်လုံးကို ထူးထူးခြားခြားပုံစံ ထုတ်လုပ် ဖန်တီးထားခြင်းကြောင့် ဟိုးအဝေးကြီးသို့ပင် ရှင်းရှင်းလင်းလင်း လှမ်း၍ မြင်နိုင်သည်။
အထက်ပါအကြောင်းအရာက ကျွန်ုပ် တို့၏မျက်လုံးများသာမက အပြောကျယ်သော စကြ၀ဠာတစ်ခုလုံး၏အသေးစိတ်ကိုပင် ပုံစံထုတ် ပြုလုပ်ခဲ့သော အံ့ဩဖွယ်ဖန်ဆင်းရှင်အား အထင်အရှား ပြန်လည်သတိပေး အမှတ်ရစေ ပါသည်။ အခြားသော ဖန်ဆင်းခံအရာများနှင့်မတူဘဲ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည် (က ၁း၂၆)။ “သူ၏သဏ္ဌာန်တော်နှင့်…

နောက်ချန်ထားလိုက်ပါ။

ကျွန်တော်တို့၏ ဆယ်ကျော်သက် အရွယ် သားလေး ကားမောင်းလိုင်စင်ရရှိပြီး ပိုက်ဆံ
အိတ်ကပ် စတင်ကိုင်ဆောင်သည့်နှစ်မှစ၍ ထို အိတ်ကပ်ကို တစ်နေရာရာမှ တွေ့ရှိကောက်ရသူ များက မကြာခဏ ဖုန်းဆက်အကြောင်းကြား သည်။ ပိုက်ဆံအိတ်ကို ချန်မထားမိရန်၊ ပိုပြီး ဂရုစိုက်ရန် သူ့ကို သတိပေးရသည်။
ပစ္စည်းများ ချန်ရစ်ထားခြင်းက အမြဲတမ်း မကောင်းသည့် ကိစ္စတော့မဟုတ်ပါ။ ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၄ တွင် ရေတွင်း၌ ရေလာခပ်သော အမျိုးသမီးတစ်ဦးအကြောင်း ဖတ်ရသည်။ သို့သော်
သခင်ယေရှုနှင့် တွေ့ဆုံရင်ဆိုင်ရပြီး ထိုနေ့
နောက်ပိုင်းတွင် သူ့ရည်ရွယ်ချက်မှာ ရုတ်ခြည်းပင်
ပြောင်းလဲသွားသည်။ ရေပုံးကို ချန်ထားပြီး သခင် ယေရှု သူ့ကိုပြောသည်များကို အခြားသူများအား ကြားပြောရန် အပြေးပြန်သွားသည်(း၂၈-၂၉)။ သူနှင့်ယခုတွေ့ခဲ့သူအကြောင်း အခြားသူများအားပြောပြဖို့အရေးနှင့်စာလျှင် ခန္ဓာအတွက် ရေလိုအပ်နေမှုက မှေးမှိန်သွားတော့သည်။
သခင်ယေရှုက သူတို့ကို ခေါ်သောအခါ ပေတရုနှင့်…

ရွှင်လန်းစေသော ဘုရား၏ နှုတ်ကပတ်တော်

ကျွန်တော်ငယ်စဉ်က ကျွန်တော်တို့၏ မိသားစုမှာ နီဗားဒါး ကန္တာရ ကို ဖြတ်ပြီး ခရီးသွား လေ့ရှိရာ၊ သဲကန္တာရရှိ မိုးကြိုးမုန်တိုင်းကို ကျွန်ုပ်တို့ သဘောကျသည်။ လျှပ်စီးလျှပ် အလင်းတန်းဖြာ ပြီးနောက် မိုးခြိမ်းသံက တစ်ပါတည်း ထွက်ပေါ်လာ ကာ မိုးစက်ပေါက်ကြီးများက ပူပြင်းလှသည့် သဲများပေါ် လွှမ်းခြုံလိုက်သည်ကို မျက်စိတစ်ဆုံး မြင်တွေ့ရသည်။ အေးမြသည့်မိုးရေများက ကမ္ဘာ မြေပြင်နှင့် ကျွန်ုပ်တို့ကို လန်းဆန်းရွှင်လန်းစေ သည်။
မိုးရေက ခြောက်သွေ့သောအရပ်ဒေသ တွင် အံ့ဩဖွယ်အပြောင်းအလဲ ဖြစ်ပေါ်စေသည်။ ဥပမာ - ဆူးများနှင့် လွှမ်းခြုံထားသော ရှားစောင်းပင်
တစ်မျိုးမှာ ခြောက်သွေ့သောရာသီတွင် မကြီးထွား အပင်ညှက်လေးအဖြစ်သာရှိနေတတ် သော်လည်း နွေရာသီ၏ ပထမဦးဆုံး မိုးရွာချပြီးနောက် ရှားစောင်းပင်များမှာ အပွင့် ပွင့်လာ
ပြီး ပန်းရောင်၊ ရွှေရောင်၊ အဖြူရောင်ပွင့်ဖတ်များနှင့် လှပနေတော့သည်။
အလားတူပင် “ယေရုရှလင်…

ကြင်နာမှုက ကူးစက်ပျံ့နှံ့သွားပြီ

နယူးယော့(ခ်) မြေအောက်မီးရထား ပေါ်၌ ပြုသော သာမန်ကြင်နာမှုလေးက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ခေါင်းဆောင်းပါသည့် ရှပ်အင်္ကျီအနွေးထည်ဝတ်ထားသော လူရွယ်မှာ ခေါင်းကို အုပ်ထားကာ ခရီးသွားအဖိုးအိုတစ်ဦး၏ ပုခုံးထက် ခေါင်းတင်ရင်း အိပ်ပျော်နေသည်။ အခြား ခရီးသွားများက ထိုလူရွယ်ကို နှိုးလိုက်မည်ဟု
ပြောရာ အဖိုးအိုက “သူတစ်နေကုန် ပင်ပန်းထား တယ်နဲ့တူတယ်။ အိပ်ပါစေ။ တို့တွေလည်းဖြစ်တတ် ကြတာပဲ” ဟူ၍ ပြန်ပြောသည်။ မောပန်းနွမ်းနယ် နေသော လူရွယ်ကို သူ့ပုခုံးထက်၌ နောက်ထပ် တစ်နာရီအထိ အိပ်စေခဲ့သည်။ အဖိုးအိုဆင်းရမည့် မှတ်တိုင်ရောက်ခါနီးမှ ညင်သာစွာ ရွှေ့ ပြီး ထလိုက်သည်။ ထိုအတောအတွင်း အခြား ခရီးသည်တစ်ယောက်က ဓာတ်ပုံရိုက်ထားပြီး သူတို့ပုံကို လူမှုရေးမီဒီယာပေါ်တင်လိုက်ရာ ကူးစက်ရောဂါအလား ကူးစက်ပျံ့နှံ့သွားတော့သည်။
အဆိုပါ အဖိုးအို၏ ကြင်နာပြမှုက ကျွန်ုပ်တို့အားလုံး လိုလားတောင့်တနေသော ဘုရားသခင်၏နှလုံးသားကို ထင်ဟပ်ပြသသည့် ကြင်နာမှုနှင့်ပြည့်လျှံလွှမ်းနေသည်။
ယေရှု၏မိတ်ဆွေများက…

တန်ပါတယ်

လက်ထဲရှိ ခဲတံကို စိတ်ပျက်လက်ပျက် နှင့်ပစ်ချလိုက်ပြီး “သားမလုပ်နိုင်ဘူး” ဟု ရောဘတ်
လေးက ပြောသည်။ ကျွန်မတို့၏ ၉ နှစ်အရွယ် သားလေးက စာရေးစာဖတ်သင်ရန် ဉာဏ်ရည်နှေး သည်။ စာရေး၊ စာဖတ်သင်ရန်၊ သတ်ပုံကျက်ရန် မဖြစ်နိုင်ဟု ထင်မိသည်။ နောက်ဆုံးတွင် နည်းလမ်း တစ်ခုရလာသည်။ သို့သော် ထိုနည်းက ခက်ခဲသည်။ ကျွန်မတို့က သားလေးနှင့်အတူ ခြွင်းချက်မရှိပဲ နေ့တိုင်း မိနစ် ၂၀ ခန့် စာဖတ်ခြင်း၊ စာလုံးပေါင်းသတ်ပုံ ဖတ်ရွတ်လေ့ကျင့်ပေးရန်ဖြစ် သည်။ တစ်ခါတစ်ရံ ထိုသို့လုပ်ပေးရန် ကျွန်မတို့
စိတ်မပါ။ တစ်ခါတစ်ခါ တိုးတက်မှုမြင်ရမည်ဟု မမျှော်လင့်မိပါ။ သို့သော် ကျွန်မတို့က ရောဘတ်လေး၏အသက်အရွယ်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု တို့နှင့်အညီ စာဖတ်စွမ်းရည်လည်း တစ်ပြေးညီ ညီမျှမှုရှိရမည်ဟုသန္နိဋ္ဌာန်ချကာ ဆက်ပြီး လုံးပန်းခဲ့သည်။
၂ နှစ်ခွဲကြာပြီးနောက် ရောဘတ်လေး စာရေး၊ စာဖတ်၊…

အမှောင်ထုမှ လွတ်မြောက်ခြင်း

ဆာလံ ၇၇ ကို ရေးဖွဲ့သူ အာဟပ်မင်း
သည် မည်သို့ဆိုးဝါးသော အခြေအနေနှင့်ကြုံရ သည်ကို မသိသော်လည်း သူ့နည်းတူ ညည်းတွား မြည်တမ်းမှုမျိုးကို ကျွန်ုပ်ကြားဖူးသည်။ကိုယ်တိုင် လည်း ညည်းတွားခဲ့ဖူးသည်။ လွန်ခဲ့သော ၁၂ နှစ် ကျော်ကာလ သမီးငယ်ကို ဆုံးရှုံးခဲ့ရသည့်အချိန် ကတည်းကပင် ချစ်ခင်သူများကို ဆုံးရှုံးခဲ့ရသူ များစွာတို့က နှလုံးကြေကွဲဖွယ် ခံစားချက်များကို ကျွန်ုပ်အား အောက်ပါအတိုင်း မျှဝေပြောပြသည်။
ဘုရားသခင်ထံသို့ အသံလွှင့်အော်ဟစ် သည်(း၁)။ လက်ဗလာဖြင့် ကောင်းကင်သို့ ဆန့်တန်းသည် (း၂)။ ဆိုးဝါးလှသည့် အခြေအနေ များကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ အကောင်း မခံယူနိုင်၊ မတွေးနိုင်၊ စိတ်အနှောင့်အယှက် ဖြစ်သည်(း၃)။ ပြောမကုန်နိုင်သောဒုက္ခကို သည်းခံရသည်(း၎)။ ကြဉ်ဖယ်ခံရသည့် ခံစားချက်အောက်၌ အနေကျုံ့ရသည် (း၇)။ ကိုယ်တော် ကတိပျက်သွားမည်ကို စိုးကြောက်သည်(း၈)။ ကရုဏာတော် ကုန်ဆုံးသွားမည်ကို စိုးကြောက်သည်(း၈)။
သို့သော် အပိုဒ် ၁၀ တွင်…

ပုံပြောသူ

အမေရိကန်ပြည်တွင်းစစ် စတင်ပြီး နောက်တစ်နှစ်တွင် တပ်ပေါင်းစုအဖွဲ့၏ ဗိုလ်ချုပ်မှူး
ကြီး လျူ ဝေါလစ် က နယူး မက္ကစီကို နယ်မြေဒေသ
များတွင် အုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။
ထိုစဉ်က နယူး မက္ကစီကို ကို ပြည်နယ်တစ်ခုအဖြစ် ပင် အတည်ပြုလက်မခံသေးပါ။ ထိုဒေသ၌ တာဝန် ထမ်းဆောင်စဉ် ဒဏ္ဍာရီဆန်သည့် အနောက်ပိုင်း ဒေသ၏သမိုင်းကြောင်းကို သိကျွမ်းသည့် ဘီလီ နှင့် ရဲသား ပက်ဂရက် တို့အပါအ၀င် စရိုက်
အမျိုးမျိုးရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့ရသည်။
ဤသို့ဖြင့် ၁၉ ရာစု၏ “လွှမ်းမိုးမှုအရှိဆုံး ခရစ်ယာန်စာအုပ်” ဟုပင် အခေါ်ခံရသော ဘင်ဟား - ခရစ်တော်အကြောင်း ဟူသည့်ဝတ္ထုကို ဝေါလစ် ရေးသားခဲ့သည်။
ပြည်တွင်းစစ်နှင့် အနောက်ပိုင်းဒေသတို့၏ အကြမ်းဖက်ရက်စက်မှုတို့ကို မြင်တွေ့ခဲ့ရ၍ လူသားများအပေါ် ကျရောက်သော အပြစ်တရား၏ အဆိုးရွားဆုံးသော သက်ရောက်မှုကို ဝေါလစ်…

သင့်ဆောင်ပုဒ်မှာ မည်သို့နည်း

ကာတွန်းကားတစ်ကား၌ ကျောက် ခေတ်မှ မိသားစုတစ်စုတွင် ဖခင်ဖြစ်သူ Grug
Crood က သူတို့၏ကျောက်ဂူထက် သာ၍ လုံခြုံ သောနေရာမရှိဟု ယုံကြည်ထားသည်။ ညအချိန် တွင် သူတို့အတူတကွ စုရုံးနေကြခြင်းဖြင့် ဖခင်ကြီး
က သူတို့ကို ကာကွယ်နိုင်မည်။ ဆယ်ကျော်သက် သမီးလေးကိုလည်း စွန့်စားမှုလုပ်ရပ်များကို စွန့်ပစ် သင့်ကြောင်း၊ သမီးအတွက် အန္တရာယ်ရှိသည်ဟု ဖခင်ကြီးက ထင်သည်။ သူ့မိသားစုအတွက် ဆောင်ပုဒ်မှာ “ မကြောက်ဘူးလို့ ဘယ်တော့မှ မပြောရဘူး” ဟူ၍ဖြစ်သည်။ တစ်နည်းဆိုသော် “အမြဲ ကြောက်ရမည်” ဟူသတည်း။
ယေရှုရှင်က သူ့နောက်လိုက်များအား ယင်းနှင့်ဆန့်ကျင်ဘက် “မကြောက်ကြ နှင့်” ဟုပြောသည်။ သူ့နောက်လိုက်ရန် ရှိမုန်ကိုခေါ်သောအခါ မကြောက်နှင့်ဟုပြော ခဲ့သည်(လု ၅း၁၀)။ သေလုမြောပါးဖြစ်နေသည့်သမီး၏ဖခင် တရားဇရပ်မှူးက ယေရှုထံ လာသောအခါ ယေရှုက သူ့ကို နှစ်သိမ့်သော ထိုစကားဖြင့်ပင်…

ပြောင်းလဲရန် အလွန်နောက်ကျနေပြီလား

အချိန်ကြာညောင်းစွာ ပြုလုပ်ခဲ့သော အကျင့်များကို ပြောင်းလဲရန် ခက်ခဲကြောင်း ဆိုရိုး စကားများက ဘာသာစကားအတော်များများတွင် ရှိသည်။ အင်္ဂလိပ်ဘာသာတွင် “ခွေးအိုကြီး လက်ပေးသင်မရ” ၊ ပြင်သစ်ဘာသာတွင် “မျောက်အိုကြီး မျက်နှာပြောင်သင်မရ” ၊ စပိန် ဘာသာတွင် “ကြက်တူရွေးအို စကားပြောသင်မရ” စသည်ဖြင့် ရှိသည်။
သခင်ယေရှုက ဘုရားသခင်၏ နိုင်ငံတော်ကို မြင်တွေ့လိုလျှင် ဒုတိယမွေးခြင်း ခံယူရန် နိကောဒင်အား ပြောသောအခါ သူက “အသက်ကြီးသောသူသည် ... အမိဝမ်းထဲသို့ တစ်ဖန် ၀င်၍ မွေးခြင်းကို ခံနိုင်ပါမည်လော” (ယော ၃း၃-၄) ဟုပြန်လျှောက်သည်။ “နိကောဒင်က အသစ်တစ်ဖန်မွေးခြင်း လိုအပ်ကြောင်း ကျွန်ုပ် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်ုပ်ဟာ ပြောင်းလဲဖို့ အရွယ်လွန်နေပြီလေ။ ကျွန်ုပ်ဘ၀က အခြေကျနေပြီ။ ရုပ်ခန္ဓာအရ ပြန်မွေးဖွားခြင်းက မဖြစ်နိုင်ဘူးဆိုတာ မေးစရာမလိုတော့သလို စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးတော့မဖြစ်နိုင်ပါဘူး။ ...…