အမျိုးအစား  |  odb

ခ်စ္သ၀ဏ္လႊာ

မနက်တိုင်း ရုံးရောက်သည်နှင့် ကျွန်မ လုပ်နေကျအကျင့်တစ်ခုမှာ အီးမေးစစ်ခြင်းပင် ဖြစ်သည်။ များသောအားဖြင့် ထိုစာများကို ၀တ်ကျေတမ်းကျေ ဖတ်လိုက်သည်။ သို့သော် ကျွန်မ အလွန်ဖွင့်ဖတ်ချင်သောစာများလည်း ရှိသည်။ ခန့်မှန်းကြည့်ပါ။ မည်သူ့စာဖြစ်မည်နည်း။ မိမိချစ်ရသူများထံမှ စာများပင်ဖြစ်သည်။
တစ်ယောက်သောသူက သမ္မာကျမ်းစာ
ဟူသည် ဘုရားသခင်ပေးလိုက်သည့် ကျွန်မတို့
အတွက် ချစ်သ၀ဏ်လွှာတဲ့။ သို့သော် တစ်ခါတစ်ရံ
ကျွန်မနည်းတူ ကျမ်းစာကို ဖွင့်တောင်မဖွင့်ချင်သလို ဆာလံဆရာ ရေးသားထားသော “ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏” (ဆာ ၁၁၉း၉၇) ဟူသည့် သမ္မာကျမ်းချက်က မိမိနှလုံးနှင့် စည်းချက်မကိုက်ပါ။ ကျမ်းစာသည်
ကိုယ်တော်၏ “ပညတ်တရားတော်”(း၉၈)၊ “သက်သေခံတော်မူချက်”(း၉၉)၊ “ဥပဒေသ” (း၁၀၀)၊ “သွန်သင်ချက်များ” (း၁၀၁) ဖြစ်သည်။
Westminster Abbey မှ ကထိက သောမတ်စ် မန်တန်(၁၆၂၀-၁၆၇၀)၏ မေးခွန်းက ယနေ့တိုင် ကျွန်ုပ်တို့နှင့်…

တစ်မူထူးခြားသော ရွာသွန်းမှုများ

ငါး၊ ဖားလောင်းနှင့် ပင့်ကူများ၌ တူညီ သော အချက်ကား အဘယ်နည်း။ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်း၌ ကောင်းကင်(မိုးပေါ်မှ) ကျလာခြင်း
ဖြစ်သည်။ ဩစတေးလျနိုင်ငံ လာဂျာမနု မြို့တွင်
ငါးမိုးရွာသွန်းခဲ့သည်။ ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် နေရာတော်တော်များများ၌ ဖားလောင်းမိုး ရွာသွန်း
ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ဆန်ဘာနာဒို တောင်တန်းတစ်လျှောက်တွင် ပင့်ကူမိုး ရွာသွန်း ခဲ့သည်။ဤဆန်းကြယ်လှသော ရွာသွန်းမှုများသည် လေကြောင့်ဖြစ်မည်ဟု သိပ္ပံပညာရှင်များက ထင်ကြေး ပေးကြသော်လည်း မည်သူတစ်ဦးကမျှ အသေအချာ မရှင်းပြနိုင်ပါ။
ပုံမှန်မဟုတ်သောကောင်းချီးမိုးရွာသွန်းမှုအကြောင်းကို(ယေဇ ၃၄း၂၆)တွင် ဖော်ပြထားပါသည်။ ပရောဖက် ယေဇကျေလက ဘုရားသခင်သည် သူ့လူမျိုးတော် သစ်လွင်နိုးကြားလာစေရေး ကောင်းချီးမိုးရွာသွန်းစေမည့် အချိန်အကြောင်းကို ပြောဆို ထားသည်။ ဣသရေလလူတို့သည် ရန်သူများလက်မှ ကင်းလွတ်လုံခြုံခွင့်ရမည်၊ အစာရေစာ အလုံအလောက် ရရှိမည်၊ ကျွန်ခံရာဘ၀မှ လွတ်မြောက်စေမည်၊ အရှက်တကွဲ ကဲ့ရဲ့ခြင်းမခံရဘဲ လွတ်မြောက်မည် (း၂၇-၂၉)။…

ဘယ်နေရာမှာ ကူနိုင်မလဲ

မနှစ်က ဆောင်းရာသီ၌ ကျွန်တော်တို့ မြို့လေးတွင် နှင်းရေခဲမုန်တိုင်း တိုက်ခတ်ခဲ့သည်။ သစ်ကိုင်းများစွာတို့မှာ လေးလံသည့် ရေခဲများပိပြီး ဓာတ်ကြိုးများပေါ်သို့ ကျိုးကျသဖြင့် ဓာတ်အားလိုင်း ပြတ်တောက်သွားကာ ထောင်ပေါင်းများစွာသော အိမ်ယာနှင့် စီးပွားရေးလုပ်ငန်းများ ရက် အတန်ကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ ကျွန်ုပ်တို့ မိသားစုက မီးစက်ဖြင့် မီးရရှိအောင် လုပ်ဆောင် နိုင်ခဲ့သော်လည်း အစားအသောက် ချက်ပြုတ်၍ မရသဖြင့် အစာထွက်စားရန် ဆိုင်လိုက်ရှာသည်။ လမ်းတစ်လျှောက် ဘာဆိုင်မှမဖွင့်၊ စီးပွားရေး လုပ်ငန်းများ၊ ဆိုင်ခန်းများစွာ ပိတ်ထားသည်။ နောက်ဆုံးတွင် မီးမပျက်ဘဲ မနက်စာရောင်းသည့် ဆိုင်လေးတစ်ဆိုင်ကို တွေ့ရှိခဲ့သည်။ သို့သော် တစ်ဆိုင်လုံးတွင် ကျွန်ုပ်တို့ကဲ့သို့ ဆာလောင်နေ သည့် ဈေးဝယ်သူများနှင့် ပြည့်နှက်နေပါသည်။
ကျွန်ုပ်တို့ကို ဘာမှာမလဲဟု လာမေး သည့် အမျိုးသမီးက “ကျွန်မက ဒီဆိုင်က အလုပ်သမားမဟုတ်ပါဘူး။ ကျွန်မတို့ ဘုရားကျောင်း အဖွဲ့…

အမှားများကို လှပစေသည်

ဂျက်ဇ် ဂီတသမားအဖြစ် ဟာဘီ ဟဲန်ကော့ စတင်အသက်မွေးချိန်တွင် ပညာရှင် (၅)ဦးပါသော နာမည်ကြီးပြီးသားဖြစ်သည့် မိုင်းစ် ဒေးဗစ် တီးဝိုင်းတွင် ပါဝင်တီးခတ်ရန် ကမ်းလှမ်းခံရသည်။ သတင်းစာရှင်းလင်းပွဲတွင် ဟဲန် ကော့ က “စစချင်းမှာ တော်တော်ကြောက် တယ်။ ဒါပေမဲ့ ဒေးဗစ် က မြေတောင်မြှောက် အားပေးခဲ့လို့ တကယ့် အံ့မခန်း အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်” ဟုဝန်ခံခဲ့သည်။ ပွဲတစ်ခုတွင် ဒေးဗစ် ဆိုလိုတီးရမည့်အပိုင်း ရောက်ခါနီးတွင် ဟဲန်ကော့၏ လက်ကွက် မှားသွား၍ သူအရှက်ကွဲ ခဲ့သည်။ သို့သော် ဒေးဗစ်က ဘာမှမဖြစ်သလို ဆက်လက် တီးခတ်ဖျော်ဖြေသွားသည်။ ဟဲန်ကော့က “ဒေးဗစ် က ကျွန်တော်မှားသွားတဲ့ လက်ကွက်နဲ့လိုက်ဖက်တဲ့သံစဉ်ကို တီးခတ်ပေးလို့ ကျွန်တော့်လက်ကွက်က အမှန် ဖြစ်သွားတယ်” ဟုပြောပြသည်။ နှစ်လိုဖွယ်အတူယူစရာကောင်းသည့် ခေါင်းဆောင်မှု ပေတည်း။ ဟဲန်ကော့ အား ဒေးဗစ်…

တပ်ဆင်ရန်လိုသည်

ကျွန်တော့်သမီးနှင့် သူနှင့်စေ့စပ်ထား သည့် သတို့သားလောင်းတို့ မင်္ဂလာလက်ဖွဲ့ စတင်
ရရှိသောအချိန်သည် အင်မတန်မှ ပျော်ရွှင်ဖွယ် ကောင်းလှသည်။ သူတို့ရရှိခဲ့သောလက်ဖွဲ့များ အနက် တစ်ခုမှာ ပြန်တပ်ဆင်ရမည့် ဗီရိုရှည်တစ်ခု ဖြစ်သည်။ သူတို့ မင်္ဂလာကိစ္စ အတွက် ပြင်ဆင်စရာ
များစွာ ရှိသောကြောင့် ကျွန်တော် တပ်ဆင်ပေးမည်
ဟု ပြောလိုက်သည်။ တပ်ဆင်သည့် အချိန် ၂ နာရီခန့် ကြာသော်လည်း ထင်ထားသည်ထက် ပို၍ပင် လွယ်ကူသည်။ သစ်သားအပိုင်းအစအားလုံးကို ကြိုဖြတ်ထား၊ အပေါက်ဖောက်ထားပြီးသား ဖြစ်ပြီး တပ်ဆင်ရမည့် ပစ္စည်းများလည်း တစ်ပါတည်းပါရှိ သည်။ လမ်းညွှန်မှုများကလည်း အမှားအယွင်း မရှိ၊ စိတ်ချရသည်။
သို့သော် ဘ၀အသက်တာဟူသည် ထိုကဲ့သို့ မလွယ်ကူလှပေ။ ဘ၀တွင် လွယ်ကူသောလမ်းညွှန်မှုများ မပါသလို လိုအပ်သောအပိုင်းအစများလည်း လွယ်လွယ် ကူကူ လက်ထဲတွင် အဆင်သင့် ရှိမနေပါ။ ကျွန်ုပ်တို့…

လှပနှစ်သက်ဖွယ် သတို့သမီး

လက်ထပ်မင်္ဂလာ ပွဲပေါင်းများစွာကို ကျွန်တော် လက်ထပ်ပေးခဲ့ဖူးသည်။ အများအားဖြင့် သတို့သမီး၏စိတ်ကူးအိမ်မက်အတိုင်း စီစဉ်ပေး ရသည်။ မင်္ဂလာပွဲတစ်ခုစီတိုင်းသည် သူ့ဟာနှင့်သူ တစ်မူထူးခြားကြပါသည်။ သို့သော် ပွဲတိုင်း၏ တူညီမှုတစ်ခုမှာ လှပစွာပြင်ဆင်ထားသော ဆံထုံး၊ ကြည်လင်သောမျက်နှာနှင့် မင်္ဂလာဝတ်စုံ ၀တ်ဆင်ထားသော သတို့သမီးမှာ မင်္ဂလာပွဲ တစ်ခုလုံး၏အာရုံကို ဖမ်းစားထားသည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို သူ၏ သတို့သမီးအဖြစ် တင်စားဖော်ပြထားသော အချက် က စိတ်ဝင်စားစရာဟု ကျွန်တော်တွေ့ရသည်။ အသင်းတော်နှင့် စပ်လျဉ်း၍ မိန့်ကြားရာ၌ ဘုရားသခင်က “သိုးသူငယ်၏ မင်္ဂလာဆောင် ပွဲကိုခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီ” (ဗျာ ၁၉း၇) ဟူ၍ မိန့်ကြားသည်။
အသင်းတော်၏အခြေအနေကိုကြည့်ပြီး စိတ်ဓာတ်ကျနေသူများအတွက် ဤအချက်က အလွန်ကြီးမြတ်သော အတွေးပင်ဖြစ်သည်။ ကျွန်တော်က သင်းအုပ် ဆရာသားအဖြစ်ကြီးပြင်းခဲ့ရသည်။ ဘုရားကျောင်း(၃)ခု၌ သင်းအုပ်အဖြစ် ထမ်းဆောင် ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်များ၌လည်း တရားဟောခဲ့သည်။…

ကျွန်ုပ် ရွေးနုတ်ခံရပြီ

တစ်နေ့တွင် အဲန်းသည် ဆေးရုံတက် နေသော သူ့ခင်ပွန်းကို သွားကြည့်ပြီး သူ့ကို ပြုစုသော လူနာစောင့်နှင့် စကားစမီပြောရန် ဟန်ပြင်လိုက်သည်။ အဲန်းက ဘယ်နေရာ ရောက်ရောက် လူများနှင့်စကားပြောရန် နှစ်သက် ပြီး သခင်ယေရှုအကြောင်းပြောရန် အစဉ်ရှာကြံ သည်။ အဲန်း သည် လူနာစောင့်အား ရှေ့ဆက် ဘ၀အတွက် ဘာဖြစ်ချင်၊ ဘာလုပ်ချင်သလဲ ဆိုတာ
သိရဲ့လား ဟုမေးလိုက်သည်။ ထိုသူက ရေရေရာရာ
မသိသေးပါဟု ဖြေသောအခါ အဲန်း က ဘုရားသခင် ကို ရှေ့ ဦးစွာသိရန် အရေးကြီးကြောင်း၊ သို့မှသာ
ထိုသို့သော ဆုံးဖြတ်ချက်များအတွက် ဘုရားကူညီ နိုင်မည်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ သူကလည်း သူ့အင်္ကျီလက်ကို ခေါက်တင်ပြီး လက်မောင်းတစ်လျှောက်ရေးထိုးထားသော “ကျွန်ုပ် ရွေးနုတ်ခံရပြီ” ဟူသော ဆေးမင်ကြောင်ကို လှန်ပြခဲ့သည်။
ထိုအခါ သခင်ယေရှုခရစ်တော်၏မေတ္တာတော်ကို သူတို့နှစ်ဦးအတူ မျှဝေခံစား…

သင်ဘယ်မှာလဲ

ဆယ်ကျော်သက်အရွယ် သူငယ်လေး နှစ်ယောက်သည် သူတို့မိဘပြန်လာသည့် ကားသံ ကြားလိုက်သောအခါ ထိတ်လန့်သွားကြသည်။ တစ်အိမ်လုံး ဗြောင်းဆန်နေသည်ကို မည်သို့ ရှင်းပြ ရပါအံ့။ ဖခင်နှင့်မိခင်တို့ အပြင်မသွားမီ နံနက်က ပါတီမလုပ်ရ၊ ဆူပူသောင်းကျန်းသည့် သူငယ်ချင်း များလည်း မခေါ်ရဟု တိကျရှင်းလင်းစွာ ပြောခဲ့ သည်။ သို့သော် ဖခင်၏သတိပေးချက်ကို နားမထောင်ဘဲ ထိန်းမနိုင်သိမ်းမရ သူငယ်ချင်းများ ရောက်လာရာ သူတို့အား ၀င်ခွင့်ပေးခဲ့သည်။ ယခုတွင် တစ်အိမ်လုံးဗြောင်းဆန်ကာ ထို သူငယ်ချင်းများလည်း ဖရိုဖရဲနှင့် ထွေနေကြသည်။ သို့ဖြင့် ကြောက်ကြောက်လန့်လန့်နှင့် ပုန်းနေကြ တော့သည်။
အာဒံနှင့်ဧ၀သည်လည်း ဘုရားသခင်၏စကားကို မနာခံဘဲ အာခံရန် ရွေးချယ်ခဲ့ပြီးနောက် ဘုရားသခင်လာရှာချိန်တွင် ထိုနည်းအတိုင်း ခံစားခဲ့ရပေလိမ့်မည်။ သူတို့သည် ကြောက်လျက် ပုန်းအောင်းနေကြသည်။ ထာဝရဘုရားက “သင်အဘယ်မှာ ရှိသနည်း”ဟုမေးသောအခါ (က ၃း၉)၊ အာဒံက “ဥယျာဉ်၌ ကိုယ်တော်၏အသံကို…

ပိုကောင်းမှာလား ပိုဆိုးမှာလား

နှစ်သစ်တိုင်း၌ ကျွမ်းကျင်သူ ပညာရှင် များက စီးပွားရေး၊ နိုင်ငံရေး၊ ရာသီဥတုနှင့် အခြားသော အကြောင်းအရာများစွာနှင့် ပတ်သက် ၍ ၎င်းတို့၏ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။ စစ်ဖြစ်မည်လား၊ ငြိမ်းချမ်းမည်လား၊ ဆင်းရဲမွဲတေ မည်လား၊ ပြည့်စုံကြွယ်ဝမည်လား၊ တိုးတက်မှုရှိ မည်လား၊ ရပ်တန့်နေမည်လား စသည်ဖြင့် ခန့်မှန်း ကြသည်။ အရပ်တကာရှိလူများက ဤနှစ်သစ် သည် မနှစ်ကထက်ပိုကောင်းမည်ဟု မျှော်လင့် တတ်ကြသည်။ သို့သော် ဘာဖြစ်လာမည်ကို မည်သူမျှ မသိကြပါ။
သို့သော် သေချာသည့်အရာတစ်ခုရှိ သည်။ ကျွန်တော့်အသင်းတော်၌တရားလာဟော သည့်ဧည့်သည်ဆရာက “ကမ္ဘာကြီး ပိုကောင်းလာမှာလား၊ ဆိုးလာမှာလား” ဆိုသည့် မေးခွန်း၏အဖြေမှာ “ပိုကောင်းလာနိုင်သလို၊ ပိုလည်းဆိုးလာနိုင်တယ်”၊ “နှစ်မျိုးစလုံး ဖြစ်နိုင်တယ်” ဟုဆိုပါသည်။ ရှင်ပေါလုက တိမောသေအား (၂ တိ ၃း၁၊ ၁၃-၁၅)တွင် “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်။ ... ဆိုးညစ်သောသူ၊ လှည့်ဖြားသော…

အစွန်ဖျား၌ ရပ်နေခြင်း

ကျွန်မ၏သမီးလေးသည် ရေကူးကန် အစပ်တွင် စိုးတထိတ်ထိတ်နှင့်ရပ်နေသည်။ ရေမကူးတတ်သေး၍ ရေထဲတွင် စိတ်သက်သာစွာ ဖြင့် နေထားတကျရှိနေနိုင်ဖို့ သင်ယူနေရသည်။ သူ့ရေကူးနည်းပြက ရေထဲမှနေ၍ သူ့ကို လက်ကမ်း လျက်ရှိသည်။ တုံ့ဆိုင်းနေသည့် သမီးလေး၏ မျက်လုံး၌ မေးခွန်းများကို မြင်လိုက်ရသည်။ `နည်းပြက သမီးကို ဖမ်းမှာလား´ `သမီးရဲ့ခေါင်း ရေအောက် ရောက်သွားရင် ဘာဖြစ်မလဲ။´
ယော်ဒန်မြစ်ကို ကျော်ဖြတ်သည့် အချိန် ၌လည်း ဣသရေလလူတို့က ဘာများဖြစ်မလဲဟု တွေးကောင်းတွေးကြမည်။ မြစ်ကြမ်းပြင်၌ ခြောက် သွေ့သည့် ကုန်းမြေပေါ်လာအောင် ဘုရားလုပ်ပေး မှာလား၊ ယုံကြည်ရပါ့မလား၊ မောရှေကို လမ်းပြ ပို့ဆောင်သကဲ့သို့ ခေါင်းဆောင်သစ် ယောရှု ကိုလည်း ဘုရားသခင် ပို့ဆောင်ပါ့မလား၊ မြစ်တဖက်ကမ်းရှိ ကြောက်စရာ ခါနန်လူများကို အောင်နိုင်ရေး သူ့လူမျိုးတော်ကို ဘုရားကူမပါ့မလား။
ဤမေးခွန်းများ၏အဖြေကို သင်ယူသိရှိနိုင်ရေး ဣသရေလလူတို့သည် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ယုံကြည်ခြင်းကို…