ကျွန်ုပ်ကို ဦးဆောင်သောအရှင်
၂၀၀၅ ခုနှစ် တူရကီနိုင်ငံ၊ အီစတန်ဘူ၌ သိုးတစ်ကောင်က ချောက်ကမ်းပါးမှ ခုန်ချလိုက်ရာ သူ့နောက်သို့ အခြားသိုးအကောင် ၁၅၀၀ နီးပါး လိုက်ပါခုန်ချခဲ့သည်။ ခုန်ချခဲ့သော သိုးသုံးပုံတစ်ပုံခန့်မျှ သေဆုံးသွားသည်။ လမ်း
မသိသော သိုးအုပ်ကြီးမှာ ထင်ရာမြင်ရာ တစ်ကောင်နောက် တစ်ကောင်လိုက်ကာ ချောက် ကမ်းပါးမှ ခုန်ချခဲ့ကြခြင်းဖြစ်သည်။
ယုံကြည်စိတ်ချရပြီး အားကိုးနိုင်သော ခေါင်းဆောင်လိုအပ်နေမှုကို ဖော်ပြရာတွင် သိုးထက်ကောင်းသော သရုပ်ပြဥပမာ မရှိပြီ။ ကျွန်ုပ်တို့အားလုံးသည် သိုးနှင့်တူကြောင်း ပရောဖက် ဟေရှာယ ရေးသားခဲ့သည် (ဟေရှာ ၅၃း၆)။ ကျွနု်ပ်တို့သည် မိမိအလိုအတိုင်း ကိုယ့်လမ်းကိုယ်သွားလိုသောသဘောရှိတတ်သော်လည်း သိုးထိန်းကြီး၏တိကျသော လမ်းပြညွှန်မှုကို မဖြစ်မနေ လိုအပ်လျက်ရှိပါသည်။
ဆာလံ ၂၃ ၌ ကျွန်ုပ်တို့၏ ကောင်းသောသိုးထိန်းကြီးကို အားကိုးစိတ်ချ ယုံကြည်နိုင်ကြောင်း ဖော်ပြထားပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဂရုစိုက်သည် (း၁)။ ကျွန်ုပ်တို့၏ကိုယ်ကာယလိုအပ်မှုကို ပြင်ဆင်ပေးသနားသည် (း၂)။ သန့်ရှင်း စင်ကြယ်စွာ မည်သို့သက်ရှင်နေထိုင်ရမည်ကို…
နှောင့်နှေးခြင်းက ငြင်းပယ်ခြင်း ဟုမဆိုလိုပါ
ကျွန်မသားများ၏မွေးနေ့မှာ ဒီဇင်ဘာလ
အတွင်းတွင် ဖြစ်သည်။ သူတို့ငယ်စဉ်က သားကြီး အန်ဂတ်(စ)မှာ လဆန်းရက်တွင် မွေးနေ့ လက်ဆောင်အဖြစ် သူလိုချင်သော ကစားစရာအရုပ် မရပါက ခရစ်စမတ်လက်ဆောင်ထဲတွင်ပါနေ မည်ကို သူသိထားသည်။ သားငယ် ဒေးဗစ် ကလည်း ခရစ်စမတ်လက်ဆောင် မရသေးပါက ခရစ်စမတ်အပြီးနောက် ၄ ရက် အကြာ သူ့မွေးနေ့ တွင် ရရှိမည်ဟု သိသည်။ နှောင့်နှေးခြင်းက မပေးဟု ငြင်းပယ်ခြင်း မဟုတ်ပါ။
လာဇရု အသည်းအသန်နာမကျန်း ဖြစ်သောအခါ မာသနှင့် မာရိတို့က သခင်ယေရှုကို အကြောင်းကြား ခေါ်ပင့်သည်။ သဘာဝကျပါသည် (၁း၁-၃)။ ကိုယ်တော်လာမည့် လမ်းတစ်လျှောက်ကို စိတ်ပင်ပန်းကြီးစွာ မျှော်ကောင်းမျှော်နေကြမည်။ သို့သော် သခင်ယေရှု ရောက်မလာပါ။ သခင်ယေရှု သူတို့မြို့သို့ရောက်လာချိန်တွင် အသုဘအခမ်းအနား ပြီးသွားသည်မှာ ၄ ရက် ပင်ရှိသွားပါပြီ (း၁၇)။
မာသကတော့ ဟော့ဟော့…
သခင်ယေရှု ဒီမှာ ရှိနေတုန်းပဲလား
၂၀၁၃ ဇွန်လတွင် ဖြစ်ပွားခဲ့သော Black Forest တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော အိမ်အလုံးပေါင်း ၅၀၀ ကျော်ထဲတွင် ကော်လိုရာဒို ရှိ ရော်ဘင်စင်၏ အိမ်လည်း အပါအ၀င် ဖြစ်သည်။ မိမိတို့အိမ်သို့ ပြန်ခွင့်ရပြီး ပြာပုံ ကြားမှ ကျန်ရစ်သည့်ပစ္စည်းများ ရှာကြသောအခါ သူ့ဇနီးကိုယ်တိုင် ပြုလုပ်ထားသော တံဆိပ်ခေါင်း သာသာ သူငယ်တော် ယေရှုရုပ်တု တန်ဖိုးကြီး ဖန်လက်မှုပစ္စည်းလေးကို ပြန်တွေ့ဖို့ မျှော်လင့်မိ သည်။ မဲမဲတူးတူးပစ္စည်းများကို ရှာဖွေရင်း “သူငယ်တော် ယေရှုလေး ဒီမှာ ရှိနေတုန်းပဲလား” ဟု တွေးနေမိသည်။
ကျွန်ုပ်တို့၏ အသက်တာများသည် စိတ်ပျက်စရာများ၊ ဆုံးရှုံးမှုများနှင့် ကိုင်လှုပ်ခံရ သောအခါ သခင်ယေရှု ကျွန်ုပ်တို့နှင့်အတူ ရှိနေတုန်းပဲလားဟု ကျွန်ုပ်တို့ တွေးကောင်း တွေးမိမည်။ သမ္မာကျမ်းစာမှ “ရှိပါသည်” ဟု အထပ်ထပ်အခါခါ ပဲ့တင်မြည်ဟီး ဖြေကြား နေပါသည်။ “အကြောင်းမူကား…
အဲဂုတ္တုပြည်မှထွက်
တစ်နှစ်က အဖွားအိမ်သို့ ကျွန်တော်တို့
မိသားစု သွားလည်ရာ အိုဟိုင်းအိုး ကို ဖြတ်ကျော်
ခရီးနှင်ကာ ကိုလံဘတ်သို့ အရောက်တွင် လေဆင်နှာမောင်း သတိပေးချက် ၀င်လာသည်။ ကျွန်ုပ်တို့၏ကလေးများ အန္တရာယ်ကြုံရမည်လား ဟု တွေးပူမိရာ ရုတ်ခြည်းပင် အရာခပ်သိမ်း ပြောင်းလဲကုန်တော့သည်။
ယောသပ်၊ မာရိနှင့် သူငယ်တော်တို့ အဲဂုတ္တုပြည်သို့ ပြေးသောလမ်းတွင် ယောသပ်တို့ မိသားစု မည်သို့မည်ပုံရှိနေမည်ကို စဉ်းစားပုံဖော် ရာ၌ အထောက်အကူဖြစ်စေရန် အထက်ပါ အကြောင်းအရာကို ကျွန်ုပ်ပြောပြရခြင်းဖြစ်သည်။ ဟေရုဒ်မင်းက သူငယ်တော်ကို ရှာပြီး သတ်ရန်ကြံနေခြင်း ကြောင့် သူတို့ကြောက်နေသည်။ “ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာနေကြောင်း” (မ ၂း၁၃) သူတို့ သိသဖြင့် သူတို့အတွက် အဘယ်မျှ ကြောက်စရာကောင်းနေသည်ကို တွေးကြည့်ပါ။
ဝပ်နေသော သိုးနွားများ၊ ဒူးထောက်ပြပ်ဝပ်နေသော သိုးထိန်းများဖြင့် ခရစ်စမတ်ကို လှပငြိမ်းအေးသော အမြင်ဖြင့်…
အိမ်အနီးဝန်းကျင်တွင်
ကျွန်ုပ်တို့အိမ်၏ နှစ်အိမ်အကျော်တွင် နာမည်ကြီး ဘောလုံးကစားသမားတစ်ဦး ပြောင်း
ရွှေ့လာရာ၊ အိမ်နီးဝန်းကျင်တွင် တီးတိုး ပြောစရာဖြစ်ခဲ့သည်။ သူ့ကို ရုပ်မြင်သံကြားတွင် တွေ့ရသည်။ အားကစားကွင်းထဲ ကျွမ်းကျင်စွာ ကစားပုံအကြောင်း စာစောင်များတွင် ဖတ်ရှုရသည်။ သို့သော် ကျွန်တော်တို့၏အနီးဝန်းကျင်တွင် လာနေ
မည်ဟု တစ်ခါမှမတွေးမိခဲ့ပါ။ အစတွင် အိမ်နီးချင်း အသစ်ကို ကြိုဆိုနှုတ်ဆက်မည်၊ ထို့နောက် ကျွနု်ပ် တို့နှင့်မိတ်ဆွေကောင်းများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် သူနှင့်ကိုယ်တိုင် ရင်းနှီးသိကျွမ်းအောင် သူက ကျွန်တော်တို့ကိုအချိန် မပေးနိုင်၊ သူအလုပ်များလွန်းသည်မှာ သိသာသည်။
သခင်ယေရှု - စကြာဝဋ္ဌာ တစ်ခုလုံး၏
အရှင် - အရာခပ်သိမ်းကိုဖန်ဆင်းသည့် ဖန်ဆင်းရှင်က ကျွန်ုပ်တို့လူသားများကြား နေထိုင်ရန်ရွေးချယ်ခဲ့သည့်အမှုကို တွေးကြည့်ပါ။ ကောင်းကင်ဘုံကိုစွန့်ပြီး ဤကမ္ဘာသို့ ဆင်းကြွလာခဲ့သည်။ ရှင်ယောဟန် ပြောထားသကဲ့သို့ “ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ” (ယော ၁း၁၄)။သခင် ယေရှုက သူ့ထံလာမည့်သူအားလုံးနှင့်…
တင်းကုပ်အနံ့အသက်များ
“တင်းကုပ်!” ကယ်တင်ရှင်ကို မွေးဖွားသည့် နေရာက ဘယ်လိုနေရာပါလိမ့်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် လူသားအနေနှင့် မွေးမြူရေးခြံ၏အနံ့အသက်နှင့် အသံဗလံများကို ပထမဦးဆုံး တွေ့ကြုံရသည်။ တိရိစ္ဆာန်များ၏ အသံကြောင့် ငိုကောင်းငိုခဲ့မည်၊ ကိုယ်တော်၏ ယာယီပုခက်လေးပတ်လည်တွင် ရောက်ရှိနေသော သူစိမ်းများကြောင့်လည်း ငိုကောင်းငိုခဲ့မည်။
သို့ဆိုလျှင် ၎င်းသည် ကိုယ်တော်၏ မျက်ရည်များစွာထဲမှ ပထမဦးဆုံးမျက်ရည် ဖြစ်လိမ့် မည်။ ထို့နောက် သခင်ယေရှုသည် လူသား၏ ဆုံးရှုံးခြင်း၊ ပူဆွေးဝမ်းနည်းခြင်းကို သိလာမည်၊ ညီအစ်ကိုများနှင့်မိသားစုဝင်များက သူ့အပေါ် အမြင်မရှင်း သံသယ၀င်နေခြင်းကို သိရှိခံစားရမည်။ သူ့ကိုညှင်းပန်းနှိပ်စက်ပြီး သတ်ပစ် လိုက်ကြသည်ကို မြင်ရသော မိခင်ကြီး၏ နာကျင်ခံစားမှုတို့ကို သိရှိလာမည်။
ဤခက်ခဲကြမ်းတမ်းမှုများမက ထိုထက်ပိုသောအရာများက ထိုပထမဆုံးသော ညချမ်းချိန်တွင် ကြိုးစားအိပ်စက်နေသော သူငယ်တော်ကို စောင့်ကြိုနေသည်။ သို့သော် သူ၏ပထမဆုံးသောအချိန်နာရီ၌ပင် သခင်ယေရှုသည် “ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်” (မ ၁း၂၃) ဖြစ်တော်မူပြီး လူသားတစ်ဦးအနေဖြင့် လူဖြစ်ရသည့်ဘ၀ကို…
တည်မြဲသည့် ရန်ငြိမ်းခြင်း
၁၉၁၄ ခုနှစ် ပထမ ကမ္ဘာစစ်အတွင်း ခရစ်စမတ်နေ့မတိုင်မီညက Western Front ရှေ့တန်း မိုင် ၃၀ ခန့် အကွာအဝေး တစ်လျှောက်လုံး ပစ်ခတ်သံများ တိတ်ဆိတ်ငြိမ်သက်နေသည်။ စစ်သားများက ကတုတ်ကျင်းအပေါ်သို့ စူးစမ်း ချောင်းကြည့်ကြသည်။ စစ်သားအချို့မှာ ပြန် စုစည်းပြီး ကျဆုံးသွားသူများကို မြေမြုပ်ရန် ပြင်ဆင်နေကြသည်။ ညမှောင်လာသည်နှင့် ဂျာမန် တပ်သားများက မီးအိမ်များထွန်းညှိပြီး ခရစ်စမတ် ကယ်ရယ်သီချင်းများ သီဆိုကြသည်။ ဗြိတိသျှ တပ်သားများကလည်း လက်ခုပ်တီးအားပေးပြီး ခရစ်စမတ် နှုတ်ခွန်းဆက်စကားများကို လှမ်းအော် နှုတ်ဆက်ကြသည်။
နောက်တစ်နေ့တွင်၊ ဂျာမန်၊ ပြင်သစ် နှင့် ဗြိတိသျှတပ်များသည် No-Man's Land တွင် တွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်ကြ၊ အစားအစာများ ဝေမျှကြ၊ လက်ဆောင်များလည်း ဖလှယ်ခဲ့ကြသည်။ ၎င်းသည် စစ်ပွဲခဏတာချုပ်ငြိမ်းသွားသည့် တိုတောင်းလှသည့် အချိန်ဖြစ်ပြီး မကြာပါ။ အမြောက်သံ၊ စက်သေနတ်သံများ ပြန်လည်အသက်ဝင်ဆူညံ…
အမှန်တကယ် အရေးပါသည့်အရာ
ကျွန်ုပ်တို့၏ ကလေးများအိမ်မှာရှိစဉ်က လုပ်လေ့ရှိသော အဓိပ္ပာယ်အရှိဆုံး ခရစ်စမတ် မနက်ခင်း အလေ့အထတစ်ခုမှာ အလွန်ရိုးရှင်းပါ သည်။ တစ်ဦးနှင့်တစ်ဦးပေးသော ခရစ်စမတ် လက်ဆောင်များချထားသည့် ခရစ်စမတ်သစ်ပင် အနီးတွင် မိသားစုဝင်အားလုံး စုရုံးဝိုင်းထိုင်ကာ ခရစ်တော်ဖွားမြင်ခြင်းအကြောင်းကို အတူတကွ ဖတ်ကြသည်။ မာဂုပညာရှိများက သူငယ်တော် အတွက် လက်ဆောင်ယူလာပေးခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးခြင်းမဟုတ်၊ အချင်းချင်းကို လက်ဆောင်ပေးခြင်းသည် ဘုရား သခင်၏အနှိုင်းအဆမဲ့ကြီးမြတ်လှသည့် မေတ္တာ လက်ဆောင်ကို ထင်ဟပ်ပြခြင်းသာ ဖြစ်သည်။
ကောင်းကင်တမန်များ၊ သိုးထိန်းများ၊ နွားစားခွက်စသည်ဖြင့် ကျွန်ုပ်တို့ ရင်းနှီး ပြီးသား အကြောင်းအရာများကို ပြန်ပြောင်းဆင်ခြင်ရင်း ကျွန်ုပ်တို့အချင်းချင်း မေတ္တာပြရန် အကောင်းဆုံးကြိုးစားမှုများထက် ပထမဆုံးသော ခရစ်စမတ်၌ ဘုရားသခင်ပြုခဲ့ပေးသည့် အမှု၏ကြီးမြတ်အရေးပါမှုကသာ စိုးမိုးလွှမ်းမိုးနေရန် မျှော်လင့်မိပါသည်။
သားတော်၌ ထည့်ပေးလိုက်သော ဘုရား၏လက်ဆောင်ကို ဘယ်အရာကမှ တုနှိုင်းမမီနိုင်ပါ။ “ပြော၍မကုန်နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း” ဟု (၂ ကော…
ထုပ်ပိုးပုံကို သတိရခြင်း
ကျွန်ုပ်တို့၏အိမ်တွင် လုပ်ဆောင်သည့် ခရစ်စမတ်အစီအစဉ်တစ်ချို့မှာ နှစ်တိုင်းအတူတူ ပင်ဖြစ်သည်။ ၎င်းတို့အနက် သားသမီးများနှင့် မြေးများက လက်ဆောင်ထုပ်ကို အားရ၀မ်းသာစွာ
ဖွင့်တိုင်း ကျွန်တော့်ဇနီးမာတီက “လက်ဆောင် ထုပ်တဲ့စက္ကူကို မပြဲအောင်ဖောက်နော်၊ တို့တွေ နောက်နှစ်သုံးလို့ရတာပေါ့” ဟုအမြဲဆိုသည်။ မာတီက လက်ဆောင်ကောင်းကောင်းလှလှလေး များပေးရသည်ကို နှစ်သက်သကဲ့သို့ ထုပ်ပိုးပုံ ကိုလည်း ချီးမွမ်းတတ်သည်။ လှလှပပထုပ်ပိုး ပေးခြင်းသည် လက်ဆောင်လှလှလေး၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။
အပြစ်၏ကျေးကျွန်ဘ၀မှ ကျွန်ုပ်တို့ကို ကယ်တင်ရန် ရွေးနုတ်ကယ်တင်ခြင်း လက်ဆောင်
အဖြစ် ခရစ်တော်ကြွဆင်းလာစဉ်က သခင်ရွေးချယ်ခဲ့သော ထုပ်ပိုးပုံကို ကျွန်ုပ်ဆင်ခြင်မိ သည်။ လူတို်င်းအံ့ဩမှင်သက်သွားအောင် တန်ခိုးရောင်ခြည်ပြလျက်၊ ကောင်းကင်တစ်ခွင် လုံးကို ဘုန်းတော်နှင့်ထွန်းလင်းစေလျက် မိမိတည်ရှိကြွလာခြင်းကို ထင်ရှားပြလျက် ကြွဆင်းလာနိုင်သည်။ ထိုသို့လုပ်ခြင်းထက် (က ၁း၂၆) မှာကဲ့သို့ နောက်ကြောင်း ပြန်ကာ “လူကဲ့သို့သောအဖြစ်”ကို ရွေးချယ်ပြီး မိမိကိုယ်ကို ထုပ်ပိုးခဲ့သည် (ဖိ…
ချိန်းချက်သောအချိန်
ကွာယာသီချင်းသည်နှင့် သံစုံတီးဝိုင်း တစ်ခုလုံးအပေါ်သို့ တီးဝိုင်းဦးဆောင်သူက မျက်လုံး ကစားလိုက်သည်။ သီချင်းသည်များက သီချင်း စာရွက်များကိုစီရင်း သက်သောင့်သက်သာရပ်ကာ ဦးဆောင်သူကို မကွယ်ရအောင် သီချင်းစာအုပ်ကို ကိုင်ထားကြသည်။ တီးဝိုင်းအဖွဲ့သားများကလည်း ၎င်းတို့၏တူရိယာများကို အသင့်ပြင်နေရာယူပြီး ငြိမ်သက်စွာ ထိုင်နေကြသည်။ အယောက်စီတိုင်း အသင့်ဖြစ်သည်အထိ ဦးဆောင်သူက စောင့်သည်။ စစ်ဆေးသည်။ ထို့နောက်သူ၏ တုတ်တံလေးကို မြောက်၍အချက်ပြကာ Handel ၏ “Overture to Messiah” ပဏမတေးသီချင်းက ဘုရားကျောင်းကို လွှမ်းခြုံ သွားတော့သည်။
ကျွန်မအနီးအပါး၌ ပျံ့လွင့်နေသောသီချင်းသံကြောင့် ခရစ်စမတ်ထဲ နှစ်မြှုပ် သွားသည့်ပမာ ခံစားလိုက်ရသည်။ “ကောင်းမြတ်သည့်အရာများနှင့်သက်ဆိုင်သော ယဇ်ပရောဟိတ်မင်း” (ဟေဗြဲ ၉း၁၁) မေရှိယ၏ဖွားမြင်ခြင်းက ဘုရားသခင် ချိန်းချက်သော အချိန်မှန်တွင် အစပြုခဲ့လေပြီ။
ခရစ်စမတ်အချိန်တိုင်း ခရစ်တော်ပထမအကြိမ် ကြွလာခြင်းအကြောင်းကို အံ့ဖွယ်တေးသွားဖြင့်ကြိုဆိုသည့် သီချင်းသည်နှင့်ဝိုင်းတော်သားများနည်းတူ ဘုရား လူများသည် ခရစ်တော်နောက်တဖန်ကြွလာမည့် ချိန်းချက်သောအချိန်အတွက်…