အမျိုးအစား  |  odb

သခင်ယေရှု၏ နာမတော်မြတ်၌

ကျွန်တော် သိမ်းထားသည့်အကြိုက်ဆုံး ဓာတ်ပုံများတွင် မိသားစုညစာစားပွဲအမှတ်တရ ဓာတ်ပုံလည်းပါသည်။ မိသားစုကျေးဇူးတော် ချီးမွမ်း ခြင်းနှင့်ဆုတောင်းဝတ်ပြုခြင်း အစီအစဉ်တစ်ခု၌ အဖေနှင့်သားများ၊ ချွေးမများ၊ မြေးများနှင့်အတူ ရိုက်ထားသောဓာတ်ပုံဖြစ်သည်။
အဖေလေဖြတ်သွားသောအခါ စကား
မပြောနိုင်တော့ပါ။ သို့သော် ထိုစဉ်က ဆုတောင်း ၀တ်ပြုချိန်၌ အဖေ့နှုတ်မှ “ယေရှု၏နာမတော်မြတ်၌ ကျွန်ုပ်တို့ဆုတောင်းပါ၏” ဟု စိတ်နှလုံးပါလျက် လှိုက်လှဲစွာ တောင်းလျှောက်သံကို ကျွန်တော် ကြားခဲ့ရသည်။ တစ်နှစ်ခန့်အကြာတွင် အဖေသည် ဤလောကကို စွန့်ခွါပြီး သူယုံကြည်ကိုးစားခဲ့သော နာမတော်မြတ်၏အရှင်ထံ ၀င်စားသွားခဲ့သည်။
ယေရှုက သူ့နာမတော်၌ ဆုတောင်းရန် သင်ပေးခဲ့သည်။ ကားစင်တင်သတ်မခံရမီညက တပည့်တော်တို့အား “ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ၀မ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင်ရကြ လိမ့်မည်”(ယော ၁၆း၂၄) ဟုကတိပေးခဲ့သည်။ သို့သော် ထိုကတိသည် အတောမသတ် နိုင်သော ကျွန်ုပ်တို့၏လိုအင်မှန်သမျှကို…

ခရစ်စမတ်နှလုံးသား

နံမည်ကျော်စာရေးဆရာကြီး ချားလ်စ် ဒစ်ကန်စ် ၏ “A Christmas Carol” ၀တ္တုကို ၁၈၄၃ ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်တွင် စတင်ထုတ်ဝေချိန် မှစ၍ ယနေ့တိုင်ထုတ်ဝေနေရဆဲ ဖြစ်သည်။ ထိုဝတ္တုသည် ဥစ္စာဓနကြွယ်ဝပြီး စကားကပ်ဖဲ့ ပြောတတ်သူ ကပ်စေးနဲကော်တရာ ဧဗနေဇာ စခရုဂ်ျ အကြောင်းဖြစ်သည်။ ၀တ္တုထဲတွင် သူက “ပျော်ရွှင်ဖွယ်ခရစ်စမတ်လို့ နှုတ်ဆက်သူတိုင်းဟာ အတော့်ကို မိုက်မဲတာဘဲ ... သူတို့ ပူတင်းနဲ့ သူတို့ကို ပြန်ပေါင်းစားသင့်တယ်” ဟူ၍ ခနဲ့တဲ့တဲ့ပြောသည်။ သို့သော် တစ်ခုသော ခရစ်စမတ်အကြိုနေ့တွင်မူ စခရုဂ်ျသည် စိတ်ကောင်းစေတနာရှိပြီး ပျော်ရွှင်သူ အဖြစ် ပြောင်းလဲသွားသည်။ ဒစ်ကန်စ် ၏ ၀တ္တုက အရာခပ်သိမ်းထက် အတွင်းစိတ်ငြိမ်သက်ခြင်းကို လူတို့ပို၍ လိုချင်တောင့်တကြောင်း ဟာသဆန်ဆန် အမြင်ဖွင့်ရေးဖွဲ့ထားရာ စာဖတ်သူများ၏အာရုံကို ဖမ်းစားခဲ့သည်။
လူငယ်အနေနှင့် ရှင်ပေါလုသည်လည်း သခင်ယေရှုနှင့်သူ့နောက်လိုက်…

ကျွန်မနှင့် မိတ်ဆွေများ

ရောမအင်ပါယာ၏မြို့တော် ကွန်စတန် တီနိုပယ်မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျွန် ခရစ်ဆို စတန်မ် (၃၄၇-၄၀၇) က မိတ်ဆွေစစ်ဖြစ်ခြင်း နှင့်စပ်လျဉ်း၍ ဤကဲ့သို့ပြောခဲ့သည်။ "ပန်းပွင့်လေး တွေဟာ မွှေးပျံ့တဲ့ပွင့်ဖတ်တွေကို မြေပေါ်ကြဲချပြီး မွှေးပျံ့စေသလို မိတ်ဆွေတွေဟာလည်း သူတို့ အတူနေခဲ့ကြတဲ့ နေရာလေးတွေမှာ အမှတ်တရ တွေနဲ့မွှေးပျံ့စေတယ် ... ဒါကြောင့် မိတ်ဆွေ တွေဟာ သူတို့ အတူနေခဲ့ကြတဲ့ နေရာတွေနဲ့ အတူ ဖြတ်သန်းခဲ့တဲ့အချိန်တွေကို မြတ်နိုးတတ်ကြ တာပေါ့။ ဒါက စစ်မှန်တဲ့ မိတ်ဆွေ ဖြစ်ခြင်းပါ။"
ယောနသန်နှင့် ဒါဝိဒ်တို့နှစ်ဦး၏ ချစ်ခင်ရင်းနှီးမှုက စစ်မှန်သောမိတ်ဆွေဖြစ်ခြင်း၏ ချိုမြိန်မှုကို သရုပ်ဖော်သည်။ သူတို့နှစ်ဦးသည် တွေ့တွေ့ချင်း တစ်ယောက်ကိုတစ်ယောက် အလွန်
ရင်းနှီးချစ်ခင်သွားကြောင်း (၁ ရာ ၁၈း၁)၌ မှတ်တမ်းတင်ထားသည်။ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိခြင်းအားဖြင့် နှစ်ဦးကြားခင်မင်မှုကို ဆက်ရှင်သန်စေသည်သာမက (၁၈း၃၊၂၀း၁၆၊ ၄၂၊ ၂၃း၁၈)…

တိုးတက်အောင်မြင်နေသော အမှုတော်

တယောပညာရှင်ကြီး Pablo Casals
သည် ၂၀ ရာစု၏ပထမနှစ်ဝက်ကာလ၌ အောင်မြင် ကျော်ကြားခဲ့သော စယ်လို တယော အကျော် အမော်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သူသည် အသက် (၉၀)ကျော်တိုင် တယောကို ဆက်လက်တီးခတ်ဆဲဖြစ်ရာ၊ သတင်းထောက် တစ်ဦးက “ဆရာကြီးခင်ဗျား၊ ဆရာကြီးကအခု အသက် (၉၅) နှစ်ရှိနေပြီး ပြိုင်ဘက်ကင်းတယော ပညာရှင်ကြီး ဖြစ်နေတာတောင် ဘာကြောင့်များ အခုလို တစ်ရက် (၆)နာရီ အထိ ဆက်လေ့ကျင့်နေ တာလဲ ခင်ဗျာ” ဟု မေးမြန်းခဲ့သည်။ Mr. Casals က “ဘာလို့လဲဆိုတော့ တိုးတက် အောင်မြင်အောင် ဆက်ပြီး ကြိုးစားနေတာပေါ့ ” ဟူ၍ ပြန်ဖြေခဲ့သည်။
အလွန်မြင့်မြတ်သော စိတ်ထားပေတည်း။ ခရစ်တော်၌ယုံကြည်သူများ အနေဖြင့် ကျွန်မတို့၏၀ိညာဉ်ရေးတိုးတက်မှု ဖြစ်စဉ်သည်လည်း ကြီးထွားရင့်ကျက်လျှက် အမြင့်ဆုံးအနေအထားသို့ ရောက်ပြီအထင်နှင့်ကျေနပ်မနေသင့်ဘဲ ကျေးဇူးတော်၌၎င်း၊
ဘုရားသခင်နှင့်ကယ်တင်ရှင်ယေရှုခရစ်တော်ကို…

ယူကရိန်း ခရစ်စမတ်

ယူကရိန်းနိုင်ငံတွင် ခရစ်စမတ်ပွဲ ကျင်းပသည့် ဓလေ့ထုံးစံသည် အခြားနိုင်ငံများနှင့် မတူ၊ အံ့ဩဖွယ် အလေ့အထများ၊ အခင်းအကျင်း များဖြင့် တမူထူးခြားလှသည်။ တစ်ခါတစ်ရံ ယေရှု မွေးဖွားသည့် နွားစားခွက်ကို သတိရစေရန် ထမင်းစားပွဲပေါ်တွင် ကောက်ရိုးမျှင်အချို့ တင်ထား
လေ့ရှိသည်။ ကယ်တင်ရှင်ဘုရား လောကသို့ ကြွဆင်းလာသည့်ညက အဖြစ်အပျက် အကြောင်း
ကို ထပ်တလဲလဲ ထင်ဟပ်ဖော်ပြခြင်းကလည်း ခရစ်စမတ်ပွဲကျင်းပရာ၌ မပါမပြီးသောအပိုင်းဖြစ် သည်။ အိမ်ထောင်တွင် ခရစ်စမတ်ဆုတောင်း ၀တ်ပြုခြင်းအပြီး၌ အိမ်ထောင်ဦးစီးဖခင်မှ “ခရစ်တော် မွေးဖွားပြီ”ဟု စတင်နှုတ်ခွန်းဆက်ရာ၊ မိသားစုများ ကလည်း “ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်းကြစို့” ဟု ပြန်လည် တုန့်ပြန်ရသည်။
ထိုသို့ ချီးမွမ်းမြွက်ဆိုခြင်းများက ခရစ်တော်မွေးဖွားသည့်ညတွင် ဗက်လင်မြို့ကောင်းကင်ယံ၌ ကောင်းကင်တမန်များ ပေါ်လာပုံကို ကျွန်တော့်စိတ်ထဲမြင်ယောင်မိစေသည်။ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင် ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” (လု ၂း၁၁)…

သမိုင်းအစဉ်အလာကို ထိန်းသူ

လူအများစုသည် သူတို့သေဆုံးသွားပြီး နောက် သူတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို အကျိုးရှိစွာ ဆက်လက်အသုံးပြုအောင် အထူး သဖြင့်
သေချာစွာ ကြိုတင်ဆောင်ရွက်ထားလေ့ရှိသည်။ မိမိတို့ ကွယ်လွန်သွားပြီးနောက် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဆက်လက်၍ ထိုဥစ္စာစည်းစိမ် များကို အကျိုးရှိရှိ အသုံးပြုကြရေး စိတ်ချရအောင် သေတမ်းစာများ ကြိုတင်ရေးသားသည်။ ရံပုံငွေ ထူထောင်ရေး ဖောင်ဒေးရှင်းများ တည်ထောင်ကြ သည်။ ထိုသို့ အမြော်အမြင်ရှိစွာ လုပ်ဆောင်ခြင်းကို ဥစ္စာဘဏ္ဍာထိန်းသိမ်းမှု ကောင်းခြင်း ဟုခေါ်သည်။
သို့သော် မိမိ၏သမိုင်း၌ ဘုရားသခင်၏ ဘဏ္ဍာစိုးကောင်းဖြစ်ခြင်းသည် ထိုနည်းတူ ထပ်တူ အရေးပါသည်။ အစ္စရေးလူမျိုးများသည် သူတို့၏သားစဉ်မျိုးဆက်တို့အား တရားတော်ကို သင်ကြားပေးရန်သာမက မိသားစုသမိုင်းကြောင်းကိုလည်း သားသမီးတို့ တိကျ သေချာစွာ သိအောင် ပြသပေးရန် ဘုရားသခင်က သူတို့အား မိန့်မှာခဲ့သည်။ သူတို့၏ကိုယ်စား ဘုရားသခင် ပြုပေးခဲ့သည့် အဖြစ်အပျက်များကို နောင်လာနောင်သား မျိုးဆက်များ…

ထူးမြတ်သော ဖွားမြင်ခြင်း

သမ္မာကျမ်းစာ၌ သားဦး ယောက်ျားလေး
များ မွေးဖွားခြင်းက ထူးခြားအရေးပါသည်။ ကာဣန
သည် ဘုရားသခင်၏ဖန်ဆင်းခြင်းအမှု အပြီးတွင် ပထမဆုံးမွေးဖွားသော သားဦးဖြစ်သည်။ ဣဇက်
သည် ဣသရေလလူတို့၏အနာဂတ် မျှော်လင့်ချက်
အဖြစ် မွေးဖွားလာသည်။ မိခင်တစ်ဦးက ဘုရား သခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့၍ ရလဒ်အဖြစ် ရှမွေလလေး မွေးဖွားလာသည်။ သူတို့အားလုံးမှာ အလွန်အရေးပါသည်။ ၎င်းတို့ကို ၀မ်းမြောက်စွာ မျှော်လင့်စောင့်စားခဲ့ကြသည်။ သမိုင်းမှတ်တမ်း ရေးထိုးသူများက ၎င်းတို့၏ မွေးဖွားခြင်းကို တိကျစွာဖော်ပြသည်။ ကျမ်းစာ၌ ၎င်းတို့တစ်ဦးချင်းစီ၏ မွေးဖွားခြင်းနှင့်ပတ်သက်၍ “မိခင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်ခဲ့ကြောင်း” (က ၄း၁၊ ၂၁း၂-၃၊ ၁ ရာ ၁း၂၀) တွေ့ရသည်။
ယခုတွင် နောက်ထပ်သားယောက်ျားလေးတစ်ဦးမွေးဖွားခြင်းအကြောင်းကို စဉ်းစားဆင်ခြင်ကြပါစို့။ ထိုဖွားမြင်တော်မူခြင်းအကြောင်းကို ပို၍ အသေးစိတ်တိကျစွာ ဖော်ပြထားသည်။ သခင်ယေရှု၏ဖွားမြင်ခြင်းအကြောင်း ရှင်းလင်းသေချာစွာ ဖော်ပြရာ၌…

ခရစ်စမတ် သူရဲကောင်း နောက်တစ်ယောက်

ခရစ်စမတ်ဇာတ်လမ်းတွင် ယောသပ်၏
အခန်းကဏ္ဍသည် အရေးပါကြောင်း ကျွန်တော့် ဘ၀တစ်လျှောက်လုံး သတိမပြုမိခဲ့ပါ။ သို့သော် ကျွန်တော်ကိုယ်တိုင် ခင်ပွန်းနှင့် ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ယောသပ်၏နူးညံ့သိမ်မွေ့သော စိတ်ထားနှင့် မြင့်မြတ်သောကိုယ်ကျင့်တရားကို အလွန်လေးစားခဲ့သည်။ မာရိ ကိုယ်ဝန်ရှိလာပုံကို မသိမီကပင် ဖောက်ပြား၍သစ္စာမဲ့မှုဟု ထင်ရသည့် ကိစ္စအတွက် သူမကို အရှက်မခွဲ၊ အပြစ်မပေးဟု ယောသပ် စိတ်ဆုံးဖြတ်ထားခဲ့သည် (မ ၁း၁၉)။
ကောင်းကင်တမန်က သူ့ကို့ မိန့်ကြား သည့်အတိုင်း ယောသပ် နာခံလုပ်ဆောင်ခဲ့သည် သာမက (း၂၄)၊ ခရစ်တော်မွေးဖွားပြီးသည့်အချိန် ထိတိုင် ဇနီးဖြစ်သူ မာရိနှင့်ရုပ်ပိုင်းနှီးနှောစပ်ယှက်မှုမရှိ၊ စောင့်ထိန်းနိုင်ခဲ့၍ (း၂၅) သူ၏နာခံမှုနှင့်နှိမ့်ချမှုကို ကျွန်တော်အလွန်အံ့ဩမိသည်။ ထို့ပြင် ယေရှုကို ကာကွယ်ရန် လိုလိုလားလားနှင့် အိမ်မှထွက်ခွာခဲ့ရသည် (မ ၂း၁၃-၂၃)။
ယေရှုကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် မဖြစ်မနေ သူတို့တာဝန်ယူရမည်ဟု သိလိုက်ရစဉ် ယောသပ်နှင့်မာရိတို့ခံစားရမည့် ဖိစီးမှုဒဏ်ကို စိတ်ကူးကြည့်လိုက်ပါ။…

ပိုးအိမ်ထဲက ပိုးကလေး

ကျွန်တော်ငယ်စဉ်က တက္ကဆက်နယ်၊ ဒွန်ကန်ဗေးလ်ဒေသရှိ အဖေဆောက်သည့် ထင်းရှူးပျဉ်ထောင်အိမ်၌ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့ကြရာ၊ အိမ်တွင် မီးဖိုချောင်နှင့်တွဲလျက် ထမင်းစားခန်း ၁ ခန်း၊ အိပ်ခန်း ၂ ခန်းနှင့် မီးလင်းဖိုကြီးတစ်ခုပါသည့် ဧည့်ခန်းကျယ်ကြီး တစ်ခန်းတို့ ပါရှိသည်။ ထို မီးလင်းဖိုထဲသို့ ၂ ပေ အရွယ် ထင်းရှူးတုံးများထည့်၍ မီးဖိုသောကြောင့် ထိုမီးလင်းဖိုရှိရာ ဧည့်ခန်းသည် တစ်အိမ်လုံး၌ အဓိက အနွေးထွေးဆုံးသောနေရာဖြစ်သည်။
ကျွန်တော်တို့မိသားစု၌ ကျွန်တော် အပါအ၀င် အဖေ၊ အမေ၊ အမနှင့်တစ်ဝမ်းကွဲဆွေမျိုး တစ်ယောက် စုစုပေါင်း (၅)ဦးရှိသည်။ အိပ်ခန်း နှစ်ခန်းတည်းသာရှိသောကြောင့် အိမ်ရှေ့ဆင်ဝင် ၀ရံတာပေါ်တွင် ရွက်ဖျင်စဖြင့်ကာပြီး ထိုနေရာ၌ တစ်နှစ်ပတ်လုံး ကျွန်တော်အိပ်ခဲ့ရသည်။ နွေရာသီ၌ အိပ်ရသည်မှာ ကျေနပ် စရာကောင်းသော်လည်း ဆောင်းရာသီတွင်မူ ထိုနေရာက အလွန်အေးသည်။
အေးစက်နေသည့် ကြမ်းပြင်တွင် ခြေဗလာဖြင့် ခြေဖျားထောက်၍…

လှောင်အိမ်ထဲက မြွေကြီး

နှင်းဆီရောင်ပါးပြင်နှင့် လမ်းလျှောက် တတ်စ ကျွန်မမိတ်ဆွေ၏ ချစ်စရာသမီးလေးကို ချီရင်း သဘာဝဥယျာဉ် စင်တာတစ်ခု၏ မှန်လှောင်အိမ်ကြီးဘေး၌ ကျွန်မရပ်ကြည့်နေစဉ် အတွင်းမှ ဘီလီ အမည်ရှိငန်းတော်ကြားမြွေကြီးက သမီးလေးကို စိုက်ကြည့်ရင်း တဖြည်းဖြည်း လျှောဆင်းလာသည်။ မြွေ၏လုံးပတ်က ကျွန်မ၏ လက်ဖျံအရွယ်ခန့်ရှိပြီး ၎င်း၏အရေခွံမှာအညိုနှင့် အ၀ါကွက်ကျား ဖြစ်သည်။ လှောင်အိမ်ထဲမှ မြွေထွက်မလာနိုင်ကြောင်း ကျွန်မသိသိကြီးနှင့် ထိုကြောက်စရာသတ္တ၀ါ လျှောဆင်းလာသည်ကို ကြည့်ရင်း ကျွန်မ အလွန်ထိတ်လန့်သွားခဲ့ရသည်။
တစ်နေ့တွင် ကြမ်းကြုတ်သောသတ္တ၀ါများ တစ်ကောင်နှင့်တစ်ကောင် ရန်မူ တိုက်ခိုက်ခြင်း၊ လူကိုရန်ပြုခြင်းမရှိတော့ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ “တောခွေး သည် သိုးသူငယ်နှင့်အတူနေလိမ့်မည်။...နို့စို့သူငယ်သည်လည်း... မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်” (ဟေရှာ ၁၁း၆၊၈)။ ကမ္ဘာပေါ်၌ မှီတင်းနေထိုင်သူ လူတိရိစ္ဆာန် အားလုံး အချင်းချင်းသင့်မြတ်လျက် ငြိမ်းချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်ကြမည်။
ဘုရားသခင်၏ ဉာဏ်တော်၊ ခွန်အား၊ အစွမ်းတန်ခိုးတော်နှင့် ပညာတော် အားဖြင့် ကမ္ဘာကြီးကို အသစ်တဖန်…