အတူတကွ ရောယှက်ပေါင်းစည်းထားခြင်း
ကျွန်တော့်ဇနီး ဂျဲနက် က ကျွန်တော်၏ ၆၅ နှစ်မြောက်မွေးနေ့အတွက် Dreadnought D-35 ဂီတာဝယ်ပေးခဲ့သည်။ ၁၉၀၀ ပြည့်နှစ် အစောပိုင်းက ထုတ်လုပ်သည့် Dreadnought ပုံစံသည် ထိုကာလအတောအတွင်း ထုတ်လုပ်သော
ဂစ်တာများထက် ပိုကြီးပြီး ၎င်း၏ကျယ်လောင် ပြတ်သားသောအသံကြောင့် နာမည်ကြီးခဲ့သည်။ ထိုဂစ်တာကို ပထမကမ္ဘာစစ်မှ ဗြိတိသျှ စစ်သဘောင်္ HMS Dreadnought အမည်အား မှီငြမ်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ D-35 ဂစ်တာအိုး၏ နောက်ကျောမှာ သပ်သပ်ရပ်ရပ်ရှိလှသည်။ အရည်အသွေးမြင့် Rosewood သစ်သားပြား အကျယ် ရှားပါးမှုကြောင့် ပန်းပုပညာရှင်က သစ်သားအပိုင်းငယ် သုံးပိုင်းကို တီထွင်ဆန်းသစ်စွာ တပ်ဆင်ထားရာ၊ ရလဒ်အနေဖြင့် အသံထွက်မှာ ပို၍
နားဝင်ချိုကာ နားထောင်ကောင်းနေတော့သည်။
ဘုရားသခင်၏လက်ရာတော်သည် ထိုတီထွင်ဆန်းသစ်ထားသော ဂစ်တာ ဒီဇိုင်းနှင့် အလားတူပင်ဖြစ်သည်။ သခင်ယေရှုသည် အပိုင်းအစများကိုယူ၍ မျှတစွာ စေ့စပ်ကာ၍ သူ့အားချီးမွမ်းခြင်းကို ထွက်ပေါ်စေသည်။…
တံခါးပိတ်တော့မည်
သတိပေး အချက်ပြသံနှင့် အချက်ပြ အလင်းများက ရထားတံခါး ပိတ်တော့မည်ဟု ခရီးသည်များအား နှိုးဆော်နေသည်။ သည့်တိုင်
ဖင့်နွဲ့သည့်ခရီးသည်အချို့ကလည်း ဘူတာ ပလက်ဖေါင်း၌ ရုတ်ရုတ်သဲသဲနှင့် အလုအယက် တိုးဝှေ့ကာ ရထားပေါ်တက်ကြသည်။ တံခါးက လူတစ်ဦးကို ပိတ်မိမလိုဖြစ်ပြီးမှ ပြန်ပွင့်သွားသဖြင့် ထိုသူမှာ ရထားထဲသို့ လုံခြုံစွာ ရောက်ရှိသွားသည်။ နောက် ၄ မိနစ်အချိန်အတွင်း ရထားနောက်တစ်စီး လာမည်ဖြစ်ရာ၊ ထိုသို့အန္တရာယ်ရှိသည့် လုပ်ရပ်ကို လူတို့ အဘယ်ကြောင့်ပြုသနည်းဟု ကျွန်မ တွေးမိ သည်။
တံခါးမပိတ်မီ ကျွန်မတို့ဝင်ရောက်ရမည့် အလွန်အရေးကြီးသည့် တံခါး တစ်ခုရှိသည်။ ထိုတံခါးမှာ ဘုရားသခင်၏ကရုဏာတော်တံခါးပင်ဖြစ်သည်။ တမန်တော် ရှင်ပေါလုက “ယခုပင် နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက် ကာလရှိ၏” (၂ ကော ၆း၂) ဟုမိန့်ကြားသည်။ ခရစ်တော်သည် ကြွလာလျက် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံကာ သင်္ချိုင်းမှ…
နှင်းလျှောစီးခြင်းနှင့် ဆုတောင်းခြင်း
မီချီဂန်၌ နှင်းများကျပြီဆိုလျှင် မြေးများကိုခေါ်ပြီး ပလတ်စတစ် စွတ်ဖားလှည်း သယ်ကာ ခြံအနောက်ဖက်၌ နှင်းလျှောစီးရသည်ကို ကျွန်တော်သဘောကျသည်။ ကုန်းပေါ်မှ လျှောဆင်း
ရသည်က ၁၀ စက္ကန့်သာကြာပြီး ပြန်တက်ကာ ထပ်ခါထပ်ခါ လျှောစီးကြသည်။
အလက်စကား ပြည်နယ်သို့ ဆယ်ကျော် သက် လူငယ်များနှင့် ခရီးထွက်စဉ်ကလည်း လျှောစီး
သွားကြသေးသည်။ တောင်ထိပ်နားအထိ ဘတ်စ်ကားနှင့် တက်သွားပြီးမှ (မိမိစီးရဲသည့် အကွာအဝေးပေါ် မူတည်ကာ) ၁၀ မိနစ်မှ မိနစ် ၂၀ အကြာခရီးကို အန္တရာယ်ဖြစ်လောက်သည့် အမြန်နှုန်းဖြင့် အသက်အောင့်ကာ တောင်ခြေသို့ လျှောစီးဆင်းကြသည်။
ကျွန်တော့်ခြံနောက်မှ ၁၀ စက္ကန့် လျှောစီး
သည်ဖြစ်စေ၊ အလက်စကား ဒေသမှ ၁၀ မိနစ်
လျှောစီးသည်ဖြစ်စေ လျှောစီးခြင်းဟုပင်ခေါ်သည်။ သို့သော် သိသာထင်ရှားသည့် ခြားနားချက်တစ်ခု ရှိသည်။
ဤအကြောင်းကို ဆုတောင်းခြင်းနှင့်ဆက်စပ်ပြီး ကျွန်တော် စဉ်းစားမိသည်။…
မစမှုအရင်းအမြစ်
Lygon Stevens သည် အသက် ၂၀ မျှသာရှိပြီး အတွေ့အကြုံများစွာရှိသည့် တောင်တက်သမားဖြစ်သည်။ မက်ကင်းလီ တောင်ထွတ်၊ ရိန်းနီးယားတောင်၊ အီကွေဒေါရှိ အင်းဒီးန် တောင်ထိပ် ၄ ခု၊ ကိုလိုရာဒိုရှိ အမြင့်ဆုံး တောင် ၃၉ တောင်ကို တက်ရောက်ခဲ့သူဖြစ်သည်။ “တောင်တွေကို ချစ်လို့ တောင်တက်ပါတယ်။ ပြီးတော့ ဘုရားသခင်နဲ့ တောင်ပေါ်မှာ တွေ့ဆုံပါ တယ်” ဟုသူမဆိုသည်။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ က သူ့မောင် နစ်ကလစ်နှင့် ကိုလိုရာဒို
တောင်ဘက်ခြမ်းရှိ လစ်တယ်ဘဲ တောင်ထွတ်ကို တက်ကြစဉ် နှင်းထု ပြိုပြီး Lygon ကွယ်လွန်သွားကာ သူ့မောင်က အသက်မသေဘဲကျန်ခဲ့သည်။
သူမ၏နေ့စဉ်မှတ်တမ်းကို မိဘများက တွေ့ရှိခဲ့ရာ သူမ၏ခရစ်တော်နှင့် အကျွမ်းတ၀င်လျှောက်လှမ်းသည့်အသက်တာကြောင့် စိတ်၌ တို့ထိခံစားခဲ့ကြရသည်။ “သူဟာ ခရစ်တော်အတွက် အမြဲတောက်ပတဲ့အလင်းဖြစ်ပြီး၊ သခင်ဘုရားနဲ့ သူနဲ့…
အာရုံထွေပြားမှုများနှင့် လုံးပန်းရခြင်း
အဝေးပြေးလမ်း၌ နေ့တဓူဝ ရုံးနှင့် အိမ်
သွားလာရင်းမှ အခြားသို့ အာရုံရောက်နေသည့် ယာဉ်မောင်းများ များစွာရှိနေကြောင်း ကြောက် ခမန်းလိလိ တွေ့ရသည်။ များသောအားဖြင့် ၎င်းတို့မှာ ဖုန်းပြောနေသည် (သို့) ဖုန်းဖြင့် စာပို့ နေကြသည်။ သတင်းစာဖတ်နေသူ၊ မိတ်ကပ်ဖို့ နေသူ၊ မိုင် ၇၀ နှုန်းနှင့်ကားမောင်းရင်း ကွေကာအုပ် သောက်နေသူများလည်း တွေ့ရသည်။ အခြား အခြေအနေများ၌ အာရုံတစ်ခြားရောက်နေ လည်း ခေတ္တမျှသာဖြစ်ပြီး အန္တရာယ်မရှိပါ။ သို့သော် ရွေ့ရှားနေသည့် ကားပေါ်တွင်မူ အသက်
ဆုံးနိုင်ပါသည်။
တစ်ခါတစ်ရံ ဘုရားသခင်နှင့် မိတ်ဿဟာရဖွဲ့ဆက်ဆံရာ၌ အာရုံထွေပြားခြင်း က ပြဿနာဖြစ်နိုင်သည်။ စင်စစ် သူ့မိတ်ဆွေ မာသ ထိုသို့ဖြစ်နေ၍ သခင်ယေရှုက စိုးရိမ်မိ ခဲ့သည်။ “မာသမူကား လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့်” (လု ၁၀း၄၀)၊ ခရစ်တော်ကိုကြည်ညိုလျက် သခင်၏သွန်သင်ချက်များ၌ စိတ်စွဲလန်းနေသည့်…
ဘုရားသခင်၏လက်တော်
နာဆာ အဖွဲ့မှ အာကာသကြည့် မှန်ပြောင်း အသစ်တစ်မျိုးဖြင့် အလင်းရောင်စဉ် အမျိုးမျိုးကို စတင်လေ့လာကြည့်ရှုရာ၊ သုတေသီ ပညာရှင်များမှာ ဓါတ်ပုံတစ်ပုံကိုကြည့်ပြီး အံ့အား သင့်ခဲ့ရသည်။ ပုံမှာ လက်မ၊ လက်ချောင်းများနှင့် လက်ဖြန့်ထားသည့် လက်ဖ၀ါးပုံဖြစ်ပြီး အပြာ၊ခရမ်း၊ အစိမ်းနှင့်ရွှေရောင် အလင်းရောင်စဉ်များ ဖြာနေ
သည်။ အချို့က ၎င်းကို “ဘုရားသခင်၏လက်တော်” ဟု ခေါ်ဆိုကြသည်။
ကျွန်ုပ်တို့လိုအပ်ချိန်၌ မစရန် ဘုရား သခင် လက်ကမ်းပေးခြင်း သဘောတရားက ကျမ်းစာ၏ အဓိကအာဘော်ဖြစ်သည်။ ဆာလံ ၆၃ ၌
“အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ၀မ်းမြောက်ပါမည်။ အကျွန်ုပ်၏၀ိညာဉ်သည် ကိုယ်တော်၌မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မ
တော်မူ၏”(း၇-၈) ဟုဖတ်ရှုရသည်။ ဆာလံဆရာက ဘုရားသခင်၏မစမှုကို လက်ဖြင့် ထောက်မမှုအဖြစ် ခံစားရသည်။ ကျမ်းစာပို့ချသည့် ဆရာတစ်ချို့က ထိုဆာလံကို ဒါဝိဒ် မင်းကြီးသည်…
ကျွန်ုပ်လက်များကို ခိုင်ခံ့စေပါ
စင်္ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယူ သည် ယနေ့မြင်ရသည့် စင်္ကာပူနိုင်ငံ ဖြစ်တည်လာအောင် လုပ်ဆောင်ခဲ့သူအဖြစ် ချီးကျူး
ခံရသည်။ သူ၏ ဦးဆောင်မှုအောက်၌ စင်္ကာပူနိုင်ငံ သည် ကြွယ်ဝချမ်းသာလာပြီး အာရှ၌ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုဖြစ်လာသည်။ နှစ်ပေါင်းများစွာ ပြည်သူ့
ဝန်ထမ်းခဲ့သည့်နှစ်များအတွင်း ဝေဖန်မှု၊ အခက်အခဲ
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်များတွင် “လက်လျှော့
လိုက်ချင်စိတ် မပေါက်ခဲ့ဖူးလား”ဟု သူ့အား မေးမြန်း
ရာ၊ “ဒါက အသက်တည်နေသရွေ့ လုပ်ဆောင်ဖို့ ကတိဝန်ခံထားတာပါ” ဟု သူက ပြန်ဖြေခဲ့သည်။
ယေရုရှလင်မြို့ရိုးကို ပြန်လည် တည်ဆောက်ရာ၌ ဦးဆောင်ခဲ့သူ နေဟမိသည် လည်း လက်လျှော့လိုက်ရန် ငြင်းဆန်ခဲ့သည်။ သူ့ပတ်လည်ရှိ ရန်သူများ၏ကဲ့ရဲ့မှု၊ ခြိမ်းခြောက်မှုများသာမက သူ့လူမျိုးချင်းတို့ပြုနေ သည့် မတရားမှုများကို ရင်ဆိုင်နေသည် (နေ ၄-၅)။ ရန်သူများက သူသည် သူ့ကိုယ်ရေး ကိုယ်တာကိစ္စ ရှိသည်ဟုပင်…
ဆိတ်ငြိမ်သော အနားယူမှု
လွန်ခဲ့သောနှစ် အတန်ကြာက ကျွန်တော့် သား ဘရိုင်းယန်နှင့် အတူ အိုင်ဒါဟို အနောက်ပိုင်း မွေးမြူရေးခြံသို့ မိတ်ဆွေတစ်ဦး၏ ပစ္စည်းများ ပြောင်းရွေ့ပေးရန် သဘောတူခဲ့ကြ သည်။ ထိုနေရာသို့သွားရန် ဖောက်ထားသောလမ်း
တစ်လမ်းမျှမရှိသဖြင့် ကုန်တင်ကားကြီးသွား၍ မရပါ။ ထိုအခါ ရာဖ် ဆိုသော မန်နေဂျာလေး တစ်ယောက်က ကားသွား၍ရသည့် လမ်းအဆုံး တွင် မြင်းတစ်ရှဉ်းတပ် လှည်းငယ်ဖြင့် လာကြိုရန် စီစဉ်လိုက်သည်။
မွေးမြူရေးခြံသို သွားနေစဉ် ရာဖ်နှင့်
ကျွန်တော် စကားစမြည်ပြောရင်း သူက ထိုနေရာ၌ တစ်နှစ်ပတ်လုံးနေထိုင်ကြောင်း သိလိုက်ရသည်။ “ဆောင်းတွင်းမှာ ခင်ဗျားဘာလုပ်လဲ” ဟုကျွန်တော် မေးမိသည်။ ထိုဒေသ၌ ဆောင်းရာသီကာလ ကြာရှည်ပြီး ဆိုးရွားသည်။ လျှပ်စစ်မီးမရှိ၊ တယ်လီဖုန်းမရှိ၊ ဂြိုလ်တုရေဒီယိုသာရှိသည်။
“ဒါတွေမရှိဘဲ ခင်ဗျား ဘယ်လိုနေနိုင်တာလဲ” ဟု ကျွန်တော်မေးရာ “တကယ်တော့ ဒီမှာ အမှန်ဘဲငြိမ်းချမ်းတယ်လို့ ကျွန်တော်ခံစားရတယ်”…
အော်ဟစ်သောအခါ ထူးတော်မူသည်
ကျွန်ုပ်၏မြေးများ ငယ်စဉ်က သူတို့ ဖခင်က သူတို့ကိုခေါ်ပြီး “The Lion King” ပြဇာတ်ကို သွားကြည့်ကြသည်။ ခြင်္သေ့ငယ်လေး စင်ဘားသည် ယုတ်မာသော ဦးလေးဖြစ်သူ၏ လက်ချက်ဖြင့် သေဆုံးသွားသည့် ဖခင်ဘုရင်ကြီး မူဖာဆာ၏ကိုယ်ပေါ်ရပ်လျက် “ကယ်ကြပါ၊ ကယ်ကြပါ၊ ကယ်ကြပါ” ဟုအော်မြည်ခဲ့သည်။ ထိုအခါ ကျွန်ုပ်၏ ၃နှစ် အရွယ်မြေးလေးက “သူ့ကို ဘယ်သူမှ ဘာဖြစ်လို့ မကူညီကြတာလဲ” ဟု ခုံပေါ်မတ်တပ်ရပ်ပြီး အော်ပြောလိုက်သည်။
ဓမ္မဟောင်းကျမ်းတွင် ဘုရား၏ လူမျိုးတော်များ မစမှုကို တောင်းလျှောက် အော်ဟစ် သည့်အကြောင်းများ ပါဝင်ပါသည်။ သူတို့၏ ပြဿနာများက သူတို့၏မနာခံခေါင်းမာမှုကြောင့် ကိုယ့်အပြစ်နှင့်ကိုယ် ဖြစ်သော်ငြားလည်း သူတို့ကို ကူညီရန် ဘုရားက စိတ်အားထက်သန်နေဆဲပင် ဖြစ်သည်။
ပရောဖက် ဟေရှာယသည် သတင်းဆိုးများကို ပြန်ကြားပေးရသော်လည်း “ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာ…
သူတစ်ပါး ခွင့်မလွှတ်သောအခါ
အကျဉ်းကျခံရစဉ် ခရစ်တော်ကို အသက်တာအတွင်းသို့ ခေါ်ဖိတ်လက်ခံခဲ့သော လူနှစ်ဦးနှင့်အတူ ကျွန်တော် နေ့လယ်စာ စားနေ သည်။ အသက်ငယ်သောသူက သူပစ္စည်းခိုးခဲ့ သည့် မိသားစုက သူ့ကိုခွင့်မလွှတ်ခြင်းကြောင့် စိတ်ပျက်နေခဲ့သည်။ ထိုအခါ အသက်ကြီးသူက “ငါ့ရဲ့ရာဇ၀တ်မှုက ဆိုးရွားခဲ့တယ်။ ဒီဒဏ်ခံခဲ့ ရတဲ့မိသားစုအပေါ်မှာ ဒီကနေ့ထိ သက်ရောက်မှု ရှိနေတယ်။ သူတို့ ငါ့ကိုခွင့်မလွှတ်ဘူး။ ဒီလို နာကျင်ခံစားရမှုက တကယ်ဘဲ ပြင်းထန်ပါတယ်” အစကတော့ သူတို့ရဲ့ခွင့်လွှတ်မှုကို ရယူလိုတဲ့ စိတ်ခံစားချက်ကြောင့် သေလုမျောပါး ခံစားခဲ့ရ တယ်။ “တစ်နေ့ကျတော့ ငါ့ရဲ့ကြေကွဲမှုမှာ တကိုယ်ကောင်းဆန်မှုကို ထည့်ပေါင်းထားပါလားလို့ သိလိုက်တယ်။ မိသားစုက ကျွန်တော့်ကို ခွင့်လွှတ်ဖို့ မျှော်လင့်တာဟာ အရမ်းလွန်တာပေါ့။ အတိတ်ကို ကုစားဖို့ လိုတယ်ဆိုတဲ့ ခံစားချက်ကို အာရုံစိုက်မိခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီးမှ သူတို့ရဲ့ခွင့်လွှတ်ခြင်းက ဘုရားနှင့်သူတို့ကြားက ကိစ္စဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်...” ဟု ပြောပြသည်။…