အမျိုးအစား  |  odb

ခရစ်စမတ် သူရဲကောင်း နောက်တစ်ယောက်

ခရစ်စမတ်ဇာတ်လမ်းတွင် ယောသပ်၏
အခန်းကဏ္ဍသည် အရေးပါကြောင်း ကျွန်တော့် ဘ၀တစ်လျှောက်လုံး သတိမပြုမိခဲ့ပါ။ သို့သော် ကျွန်တော်ကိုယ်တိုင် ခင်ပွန်းနှင့် ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ယောသပ်၏နူးညံ့သိမ်မွေ့သော စိတ်ထားနှင့် မြင့်မြတ်သောကိုယ်ကျင့်တရားကို အလွန်လေးစားခဲ့သည်။ မာရိ ကိုယ်ဝန်ရှိလာပုံကို မသိမီကပင် ဖောက်ပြား၍သစ္စာမဲ့မှုဟု ထင်ရသည့် ကိစ္စအတွက် သူမကို အရှက်မခွဲ၊ အပြစ်မပေးဟု ယောသပ် စိတ်ဆုံးဖြတ်ထားခဲ့သည် (မ ၁း၁၉)။
ကောင်းကင်တမန်က သူ့ကို့ မိန့်ကြား သည့်အတိုင်း ယောသပ် နာခံလုပ်ဆောင်ခဲ့သည် သာမက (း၂၄)၊ ခရစ်တော်မွေးဖွားပြီးသည့်အချိန် ထိတိုင် ဇနီးဖြစ်သူ မာရိနှင့်ရုပ်ပိုင်းနှီးနှောစပ်ယှက်မှုမရှိ၊ စောင့်ထိန်းနိုင်ခဲ့၍ (း၂၅) သူ၏နာခံမှုနှင့်နှိမ့်ချမှုကို ကျွန်တော်အလွန်အံ့ဩမိသည်။ ထို့ပြင် ယေရှုကို ကာကွယ်ရန် လိုလိုလားလားနှင့် အိမ်မှထွက်ခွာခဲ့ရသည် (မ ၂း၁၃-၂၃)။
ယေရှုကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် မဖြစ်မနေ သူတို့တာဝန်ယူရမည်ဟု သိလိုက်ရစဉ် ယောသပ်နှင့်မာရိတို့ခံစားရမည့် ဖိစီးမှုဒဏ်ကို စိတ်ကူးကြည့်လိုက်ပါ။…

ပိုးအိမ်ထဲက ပိုးကလေး

ကျွန်တော်ငယ်စဉ်က တက္ကဆက်နယ်၊ ဒွန်ကန်ဗေးလ်ဒေသရှိ အဖေဆောက်သည့် ထင်းရှူးပျဉ်ထောင်အိမ်၌ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့ကြရာ၊ အိမ်တွင် မီးဖိုချောင်နှင့်တွဲလျက် ထမင်းစားခန်း ၁ ခန်း၊ အိပ်ခန်း ၂ ခန်းနှင့် မီးလင်းဖိုကြီးတစ်ခုပါသည့် ဧည့်ခန်းကျယ်ကြီး တစ်ခန်းတို့ ပါရှိသည်။ ထို မီးလင်းဖိုထဲသို့ ၂ ပေ အရွယ် ထင်းရှူးတုံးများထည့်၍ မီးဖိုသောကြောင့် ထိုမီးလင်းဖိုရှိရာ ဧည့်ခန်းသည် တစ်အိမ်လုံး၌ အဓိက အနွေးထွေးဆုံးသောနေရာဖြစ်သည်။
ကျွန်တော်တို့မိသားစု၌ ကျွန်တော် အပါအ၀င် အဖေ၊ အမေ၊ အမနှင့်တစ်ဝမ်းကွဲဆွေမျိုး တစ်ယောက် စုစုပေါင်း (၅)ဦးရှိသည်။ အိပ်ခန်း နှစ်ခန်းတည်းသာရှိသောကြောင့် အိမ်ရှေ့ဆင်ဝင် ၀ရံတာပေါ်တွင် ရွက်ဖျင်စဖြင့်ကာပြီး ထိုနေရာ၌ တစ်နှစ်ပတ်လုံး ကျွန်တော်အိပ်ခဲ့ရသည်။ နွေရာသီ၌ အိပ်ရသည်မှာ ကျေနပ် စရာကောင်းသော်လည်း ဆောင်းရာသီတွင်မူ ထိုနေရာက အလွန်အေးသည်။
အေးစက်နေသည့် ကြမ်းပြင်တွင် ခြေဗလာဖြင့် ခြေဖျားထောက်၍…

လှောင်အိမ်ထဲက မြွေကြီး

နှင်းဆီရောင်ပါးပြင်နှင့် လမ်းလျှောက် တတ်စ ကျွန်မမိတ်ဆွေ၏ ချစ်စရာသမီးလေးကို ချီရင်း သဘာဝဥယျာဉ် စင်တာတစ်ခု၏ မှန်လှောင်အိမ်ကြီးဘေး၌ ကျွန်မရပ်ကြည့်နေစဉ် အတွင်းမှ ဘီလီ အမည်ရှိငန်းတော်ကြားမြွေကြီးက သမီးလေးကို စိုက်ကြည့်ရင်း တဖြည်းဖြည်း လျှောဆင်းလာသည်။ မြွေ၏လုံးပတ်က ကျွန်မ၏ လက်ဖျံအရွယ်ခန့်ရှိပြီး ၎င်း၏အရေခွံမှာအညိုနှင့် အ၀ါကွက်ကျား ဖြစ်သည်။ လှောင်အိမ်ထဲမှ မြွေထွက်မလာနိုင်ကြောင်း ကျွန်မသိသိကြီးနှင့် ထိုကြောက်စရာသတ္တ၀ါ လျှောဆင်းလာသည်ကို ကြည့်ရင်း ကျွန်မ အလွန်ထိတ်လန့်သွားခဲ့ရသည်။
တစ်နေ့တွင် ကြမ်းကြုတ်သောသတ္တ၀ါများ တစ်ကောင်နှင့်တစ်ကောင် ရန်မူ တိုက်ခိုက်ခြင်း၊ လူကိုရန်ပြုခြင်းမရှိတော့ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ “တောခွေး သည် သိုးသူငယ်နှင့်အတူနေလိမ့်မည်။...နို့စို့သူငယ်သည်လည်း... မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်” (ဟေရှာ ၁၁း၆၊၈)။ ကမ္ဘာပေါ်၌ မှီတင်းနေထိုင်သူ လူတိရိစ္ဆာန် အားလုံး အချင်းချင်းသင့်မြတ်လျက် ငြိမ်းချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်ကြမည်။
ဘုရားသခင်၏ ဉာဏ်တော်၊ ခွန်အား၊ အစွမ်းတန်ခိုးတော်နှင့် ပညာတော် အားဖြင့် ကမ္ဘာကြီးကို အသစ်တဖန်…

နှလုံး၏အံ့ဖွယ်ရာများ

ကျွန်ုပ်တို့၏ နှလုံးသည် နေ့စဉ်အကြိမ် ပေါင်း တစ်သိန်းခန့်ခုန်ပြီး ခန္ဓာတစ်ခုလုံးသို့ သွေးများ ပို့ပေးသည်။ တစ်နှစ်လျှင် နှလုံးခုန်သည့်
အကြိမ်ပေါင်း ၃၅ သန်းခန့်ရှိပြီး ပျမ်းမျှဘ၀ သက်တမ်းတစ်ခုဆိုလျှင် အကြိမ်ပေါင်း ၂.၅ ဘီလျံ
ခန့် ရှိသည်။ နှလုံးတစ်ချက် ကျုံ့လိုက်တိုင်းသည် တင်းနစ်ဘောလုံးကို လက်ဖ၀ါးထဲထည့်ပြီး အားကုန် ညှစ်လိုက်သကဲ့သို့ ဖြစ်ကြောင်း ဆေးသိပံ္ပ
ပညာက ဆိုသည်။
အံ့သြဖွယ်နှလုံးသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အကြောင်းကို ဖော်ပြသည့် သဘာဝ လောက၏ စံနမူနာတစ်ခုဖြစ်သည်သာမက ယောဘ အမည်ရှိလူတစ်ဦး၏ဘ၀ဇတ်လမ်းအဖြစ်အပျက် နောက်ကွယ်မှသဘောတရား ဖြစ်သည်။
ကြေကွဲသောကရောက်လျက် ၀မ်းနည်းစရာများ ဆက်တိုက်ဖြစ်နေ၍ ပူဆွေး နေရသည့် ယောဘကြီးမှာ စွန့်ပစ်ခံရသကဲ့သို့ ခံစားနေရသည်။ နောက်ဆုံးဘုရားသခင်က မိန့်ကြားတော်မူသောအခါ ယောဘအား သူဘာကြောင့် ဆင်းရဲခံရသည်ကို မပြောပါ။ တစ်နေ့တစ်ချိန်တွင် သူ့အတွက်ဝေဒနာခံမည်ဟုလည်း မပြောပါ။ ဘုရားက တီးတိုး အသံနှင့်တစ်မျိုး၊ တော်ကြာ ကျယ်လောင်စွာဖြင့်တစ်ဖုံ၊ ကျွန်ုပ်တို့ကို မိန့်မြွက်ဖော်ပြ…

အခြေခံသင်ရိုးဖြစ်သော ဘ၀အသက်တာ

နယူးအင်္ဂလန်နိုင်ငံ၏ အခြေခံ သင်ပုန်းကြီး စာအုပ်ကို ၁၆၀၀ ပြည့်နှစ်လွန်များတွင် ဖြန့်ချိခဲ့ပြီး၊ ပေါင်းစည်းသော အမေရိကန်ပြည်ထောင်စုမဖြစ်မီ ကိုလိုနီခေတ် တစ်လျှောက်လုံး၌ ထိုစာအုပ်ကို တွင်ကျယ်စွာ သုံးစွဲခဲ့ကြသည်။ ထိုသင်ရိုးမှာ သမ္မာကျမ်းစာကို များစွာ အခြေခံထားပြီး ကလေးများ စာဖတ်သင်ရန် ရုပ်ပုံလေးများ၊ ကာရံလေးများဖြင့် ရေးသားထားသည်။
“ကျွန်ုပ်အိပ်ရာ ၀င်တော့မည်၊
ကျွန်ုပ်ဝိညာဉ်ကို စောင့်မူပါသခင်။
မနိုးထမီ ဆုံးပါးသွားလျှင်
ကျွန်ုပ်ဝိညာဉ်ကို သိမ်းယူပါအရှင်”
စသည့် ဆုတောင်းလေးများပါရှိသည်။
ယင်းစာအုပ်သည် ကိုလိုနီခေတ် အမေရိကန်နိုင်ငံ၏ မျိုးဆက်သစ် တစ်ဆက်မှ တစ်ဆက်သို့ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းသော စာအုပ်ဖြစ်လာသည်။ တရားဟောရာ ကျမ်း ၆း၆-၇ အရ ဘုရားသခင်သည် သူ၏လူမျိုးတော်ဣသရေလလူတို့အား သွန်သင်ခဲ့သောအရာနှင့် ကွက်တိပင်ဖြစ်သည်။ “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊…

ကျောက်ခဲများ ကြွေးကြော်ခြင်း

ခရစ်စမတ်သည် တစ်နှစ်ထက်တစ်နှစ် ပို၍ စီးပွားရေးဆန်လာကြောင်း တွေ့လာရသည်။ ခရစ်ယာန်အများစုရှိသည့်နိုင်ငံများမှာ မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်ဆိုသူများအတွက် ခရစ်စမတ် သည် ၀တ်ပြုကိုးကွယ်ခြင်းထက် ဈေးဝယ်သည့် ကာလဖြစ်လာသည်။ လက်ဆောင်များဝယ်ရန်၊ ပျော်ပွဲရွှင်ပွဲအတွက်ပြင်ဆင်ရန် စိတ်စော စိတ်မော လျက် ဘုရားသခင်၏တစ်ပါးတည်း သားတော် ကယ်တင်ရှင် ယေရှုခရစ်တော် မွေးဖွားလာသည့် အဓိကအကြောင်းရင်းကို အာရုံစိုက်ရန် ပို၍ခက်ခဲ လာသည်။
သို့ရာတွင် နှစ်စဉ်စီးပွားရေးဆန်သော ကုန်တိုက်ကြီးများမှ ဓမ္မသီချင်းသံများကိုလည်း ကြားရ၏။ လူသွားလူလာရှုပ်ထွေးသော နေရာများမှ “လောက၀မ်းမြောက် ဘုရားကြွလာ၊
မြေကြီးဘုရင်ခံယူ၊ နှလုံးခပ်သိမ်းနေရာပြင်ထား၊ ကမ္ဘာမြေမိုးအေးကျူး” ဟူ၍ကြားရစဉ်၊ သူကိုချီးမွမ်းကြသူများအား တိတ်ဆိတ်စွာနေခိုင်းရန် ဖာရိရှဲများက သခင်ယေရှုအား ပြောခိုင်းသည့်အကြောင်းကို စဉ်းစားမိသည်။ “ယေရှုကလည်း ငါဆိုသည်ကား ဤသူ တို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည် ဟု မိန့်တော်မူ၏” (လုကာ ၁၉း၄၀)။
ခရစ်စမတ်ကာလတွင် ကျောက်ခဲများကြွေးကြော်ကြသံကို ကျွန်ုပ်တို့ကြား နေ ရသည်။…

ဂျော်နီ့ပြိုင်ပွဲ

၅ ကီလိုမီတာ အပြေးပြိုင်ပွဲ၌ ၁၉ နှစ်သား ဂျော်နီ အဂ္ဂါ ပန်းဝင်လာချိန်တွင် သူ့ နောက်မှ မိသားစုများနှင့်သူငယ်ချင်းများ လိုက်ပါ လျက် သူ့အောင်မြင်မှုကို ဂုဏ်ပြုခဲ့သည်။
ဂျော်နီသည် မွေးစကပင် ဦးနှောက် အာရုံကြော ချို့ယွင်းမှုကြောင့် ကိုယ်အင်္ဂါအချို့မှာ မလှုပ်ရှားနိုင်၊ သို့ရာတွင် သူနှင့်သူ့ဖခင်ဂျက်ဖ်တို့ အတူတကွပူးပေါင်းကာ ဂျော်နီက တွန်းလှည်းစီး လျက်၊ သူ့ဖခင်က လှည်းတွန်းလျက် ပြိုင်ပွဲများစွာ ဆင်နွဲခဲ့သည်။ တစ်နေ့တွင် ဂျော်နီက သူကိုယ်တိုင် သူ့ခွန်အားဖြင့် ပန်းဝင်လိုသဖြင့် သူ့ဖခင်က ပြေးလမ်းတစ်ဝက်တွင် သူ့ကိုတွန်းလှည်းမှထုတ်ပြီး လမ်းလျှောက်အကူကရိယာဖြင့် လျှောက်စေကာ သူ့ခြေထောက်နှင့် ပန်းဝင်စေခဲ့သဖြင့် မိသားစုဝင်များနှင့်မိတ်ဆွေများက သူ့ကို အထူးဂုဏ်ပြုကြခြင်းဖြစ်သည်။ သူ့အတွက် ကြီးမားသောအောင်ပွဲ ဆင်နိုင်ခဲ့သည့် ဂျော်နီက “ကျွန်တော့်နောက်က ဒီလိုအားပေးမှု တွေရှိလို့ ကျွန်တော်ဒီလိုလုပ်နိုင်ဖို့ ပိုလွယ်သွားတာပေါ့ ... ဒီလိုအားပေးမှုက ကျွန်တော့် အတွက်…

ယခင်ကထက် ပိုမိုကောင်းမွန်သော

နို့စို့အရွယ်ကလေးများဖြစ်၍ ကျွန်မ ကလေးများ၏ အသားအရေ သည် အလွန်ပြီးပြည့်စုံ
လှ၏။ သူတို့၏ တံတောင်ဆစ်မှာ မွဲခြောက်နေခြင်း မရှိသည့်အပြင် ခြေထောက်များမှာလည်း ထိခိုက် ဒဏ်ရာ အစက်အပြောက်များ မရှိပါ။ နှစ်ကာလ တစ်လျှောက်ရခဲ့သည့် ကျွန်မ၏အမာရွတ်များ၊ အသားမာတတ်နေခြင်းများနှင့်ယှဉ်လျှင် သူတို့ အသားအရေမှာ အလွန်ချောမွတ်နေပါသည်။ အာရှုရိနိုင်ငံ၏ စစ်ဗိုလ်ချုပ်ကြီး နေမန်သည် အသားအရေပွန်းပဲ့ကာ စစ်ပွဲမှရရှိသော ဒဏ်ရာ ဒဏ်ချက်များအပြင် နူနာအရေပြားရောဂါစွဲနေသူ ဖြစ်သည်။ “ပရောဖက်ဧလိယသည် အနာရောဂါကို ပျောက်ကင်းစေနိုင်ကောင်း၏” ဟု သူ့ကျွန်တစ်ဦးက
ညွှန်သဖြင့် သူသည် ပရောဖက် ဧလိယထံသွားရောက်ကာ ဧလိယကြီး ညွှန်ကြားသည့် အတိုင်း လုပ်ဆောင်ခဲ့ခြင်းကြောင့် သူ့အသားအရေများ ပြန်လည်နုပျိုသစ်လွင်ကာ ကလေးငယ်၏အသားအရေကဲ့သို့ ဖြစ်သွားသည် (၄ ရာ ၅း၁၄)။ ထိုသို့ ကုသမှုခံယူပြီး အနာပျောက်ခဲ့သော နေမန်သည် ခန္ဓာသာမက ၀ိညာဉ်ရေးပါ ယခင်ကထက် ပိုမို…

လူသားစစ်တုရင်

စစ်တုရင် ကစားနည်းသည် စစ်ဗျူဟာ
နှင့်ဆိုင်သော ရှေးခေတ်ကစားနည်းတစ်ခု ဖြစ် သည်။ ကစားသမားတိုင်းသည် မိမိပြိုင်ဘက်၏ ဘုရင်ကို ဖမ်းမိရန် ရည်ရွယ် ချက်ဖြင့် စစ်တုရင်အရုပ် ၁၆ ခုနှင့် ကစားရသည်။ စစ်တုရင်ကစားနည်း ပုံစံက နှစ်ကြာလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြစ် လာသည်။ ၎င်းပုံစံများအနက် အေဒီ ၇၃၅ ခန့်က သြစတြေးရှား မြို့စားကြီး ချာလီမာတာ အစပြု
မိတ်ဆက်ပေးသည့်ပုံစံတစ်ခုမှာ လူသားစစ်တုရင်
ဖြစ်သည်။ မာတာသည် တကယ့်လူအစစ်ကို စစ်တုရင် နယ်ရုပ်အဖြစ် ဧရာမခုံပေါ်ရပ်စေပြီး စစ်တုရင်ကစားသည်။ ထိုလူသားစစ်တုရင်များ သည် ၎င်းတို့၏အဆင့်ရာထူးကိုဖော်ပြသည့် ဝတ်စုံ ကို ဝတ်ဆင်ရပြီး၊ ကစားသူများ၏စိတ်ကူး အတိုင်း ကစားသမားများ၏စိတ်တိုင်းကျ လိုက်၍ ရွေ့ပေးရသည်။
စင်စစ်ဤသို့ လူသားစစ်တုရင်ကစားနည်းမျိုးကို မကြာခဏ ကျွန်ုပ်တို့ ကစားကြသည် မဟုတ်ပါလား။ မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အားထုတ်ရင်း လူတို့ကို နယ်ရုပ်ပမာ…

နာမည်နှင့်တကွ ခေါ်ခြင်း

ပညာသင်နှစ်အစတွင် ကျွန်ုပ်တို့မြို့ရှိ
ကျောင်းအုပ် ဆရာမကြီးက သူမ၏ကျောင်းရှိ ကျောင်းသား ၆၀၀ တို့၏နာမည်ကို မှတ်မိရန်
ကြိုးစားပါမည်ဟု ကတိပေးခဲ့သည်။ ဆရာမကြီး၏
စွမ်းရည် (သို့) ခွဲခြားမှတ်နိုင်စွမ်းကို သံသယရှိကြသူ မည်သူမဆို ဆရာမကြီး၏စံချိန်ကို ကြည့်နိုင်သည်။ လွန်ခဲ့သည့်နှစ်က ကျောင်းသား ၇၀၀ ၏အမည်ကို သိခဲ့ပြီး၊ အခြားကျောင်းမှ ကျောင်းသား ၄၀၀ တို့၏နာမည်ကိုလည်း သိသည်။ ထိုကဲ့သို့ နာမည်နှင့်တကွမှတ်မိပြီး၊ နှုတ်ဆက်ခံရသည့် ကျောင်းသားများအဖို့ မည်မျှကျေနပ်စရာကောင်း သည်ကို စဉ်းစားကြည့်ပါ။
ယေရှုနှင့်ဇက္ခဲတို့၏ ဇာတ်လမ်းသည် (လု ၁၉း၁-၁၀) ကိုယ်တိုင် အသိအမှတ်ပြုခံရခြင်း အကြောင်း အံ့သြစရာအခြေခံသဘောတရား တစ်ခု ဖြစ်သည်။ သခင်ယေရှု ယေရိခေါမြို့ထဲ ဖြတ်လာစဉ်၊ ဇက္ခဲအမည်ရှိ ချမ်းသာသောအခွန်ခံသည် ယေရှုကိုမြင်ရရန် သစ်ပင်ပေါ် တက်ကြည့်ခဲ့သည်။ “ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊ ဇက္ခဲ၊…