အမျိုးအစား  |  odb

ပထမဆုံး တုံ့ပြန်မှု

ကျွန်မခင်ပွန်း တွမ် ကို အရေးပေါ်ခွဲစိတ် ရန် ဆေးရုံသို့ခေါ်ဆောင်သွားစဉ် မိသားစုများထံ ကျွန်မ ဖုန်းခေါ်လိုက်သည်။ ကျွန်မအမနှင့် သူ့ ခင်ပွန်းက ကျွန်မနှင့် အဖော်နေပေးရန် ချက်ချင်း ရောက်လာသည်။ ကျွန်မတို့စောင့်စားနေချိန်၌ အတူ
ဆုတောင်းကြသည်။ တွမ်၏ညီမက သောကရောက် နေသည့် ကျွန်မစကားသံများကို ဖုန်းမှတစ်ဆင့် နားထောင်ပေးပြီး “စင်ဒီ၊ နင်နဲ့ငါနဲ့အတူ ဆုတောင်း ရအောင်” ဟု ပြောလိုက်သည်။ ကျွန်မ၏သင်းအုပ်
ဆရာနှင့်ဆရာကတော်တို့ ရောက်လာသောအခါ ဆရာကလည်း ကျွန်မတို့အတွက် ဆုတောင်းပေး ပြန်သည် (ယာ ၅း၁၃-၁၆)။
ဆရာကြီး အော့စ်ဝဲလ် ချိန်းဘားစ် က “ကျွန်ုပ်တို့သည် နောက်ဆုံးမှ ဆုတောင်းတတ်ကြ သည်။ သို့သော် ဘုရားသခင်က ပထမဆုံးခံစစ် အဖြစ် ဆုတောင်းခြင်းအမှုပြုရန် အလိုရှိသည်။ ဘာမှမလုပ်နိုင်၊ မလုပ်တတ်တော့မှ ကျွန်ုပ်တို့ ဆုတောင်းတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့…

ကျွန်းငယ်သေးသေးလေး

စင်္ကာပူနိုင်ငံသည် သေးငယ်သောကျွန်း
ဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်၌ မတွေ့နိုင်လောက် အောင် သေးငယ်သည်။ (စင်္ကာပူနိုင်ငံ ဘယ်မှာ ရှိသည်ကို မသိလျှင် အစမ်းရှာကြည့်ပါ။) လူဦးရေ အလွန်ထူထပ်ခြင်းကြောင့် အခြားသူအတွက် စဉ်းစားပေးရခြင်းက အလွန်အရေးကြီးသည်။ အမျိုးသားတစ်ဦးသည် သူနှင့်စေ့စပ်ထားသည့် အမျိုးသမီး စင်္ကာပူသို့ ပထမဆုံးအကြိမ် လာရောက်
မည်ဖြစ်၍ ဤသို့ စာရေးသားခဲ့သည်။ “နေရာ အကျယ်အ၀န်းက အကန့်အသတ်ရှိတယ်။ ဒါကြောင့် ... ကိုယ့်အနားကနေရာကို အမြဲ သတိထား
ရမယ်။ အခြားသူတွေကို လမ်းမပိတ်မိဖို့ အမြဲ ဘေးဖယ်ရပ်ပေးရမယ်။ စာနာထောက်ထားစိတ် ရှိဖို့က အဓိကပါပဲ။”
နုငယ်သောသင်းအုပ် တိတုထံ “လူတို့သည် ... မင်း၏စကားကို နားထောင် စေခြင်းငှာ၎င်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာ၎င်း၊ အဘယ်သူ
ကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညှင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာ သတိပေးလော့” (တိ…

ဗီရိုရှင်းပါ

ကျွန်တော့်အခန်းကို သွားရှင်းရန် ပြောသည့် အမေ့စကားသံကို ယနေ့ထိတိုင် ကျွန်တော် ကြားယောင်ဆဲ ဖြစ်သည်။ နားထောင် ရမည့် တာဝန်ရှိသည့်အတိုင်း ကျွန်တော့်အခန်းသို့ သွားပြီး စတင်ရှင်းလင်းသော်လည်း စားပွဲပေါ်၌ သေသပ်စွာစီရမည့် ကာတွန်းစာအုပ်ကိုဖတ်ရင်း အာရုံလွဲသွားသည်။ သို့သော် ငါးမိနစ်အတွင်း အမေ
လာစစ်မည်ဟု သတိပေးသံကြောင့် ကာတွန်း ဖတ်နေခြင်းကို အဆက်ပြတ်သွားစေသည်။ အချိန် ငါးမိနစ်အတွင်း အခန်းကို သေသပ်စွာ မရှင်းနိုင် သဖြင့် ပစ္စည်းအားလုံးကို ဗီရိုထဲပစ်ထည့်ပြီး အိပ်ရာ
ခုတင်ကို ရှင်းလင်းခင်းကျင်းကာ အမေ၀င်လာမည့် အချိန်ကို အသင့်စောင့်နေလိုက်သည်။ ဗီရိုထဲ အမေ မကြည့်ပါစေနှင့်ဟုလည်း စိတ်ထဲမှာ ဆုတောင်းမျှော်လင့်မိနေခဲ့သည်။
ကျွန်ုပ်တို့၏ ဘ၀အသက်တာများကိုလည်း ကျွန်ုပ်တို့ ထိုသို့ပြုမူတတ်ကြောင်း ထိုအဖြစ်က သတိပေးလာသည်။ အသက်တာ၏အပြင်ပန်းသဏ္ဌာန်ကို ကျွန်ုပ်တို့ ရှင်းလင်း ထားပြီး၊ မိမိအပြစ်ဒုစရိုက်အတွက် အကြောင်းပြဆင်ခြေပေးမှု၊ မိမိအမှားအတွက် အခြားသူကို အပြစ်တင်မှု…

အကျွန်ုပ်ကိုနားလည်သိကျွမ်းသူ

ကျွန်တော့်မိတ်ဆွေ၏ခင်ပွန်းမှာ ရောဂါ ကြောင့် ဦးနှောက်ထိခိုက်ပြီး စိတ်ဖောက်ပြန်သည့် နောက်ဆုံးအဆင့်၌ ရှိနေသည်။ သူ့ကို ကြည့်ရှုပြုစု
မည့် သူနာပြုဆရာမနှင့်ပထမဆုံး တွေ့ဆုံချိန်တွင် သူက ဆရာမ၏လက်မောင်းကို လှမ်းကိုင်ပြီး မသွားရန် တားလိုက်သည်။ ထို့နောက် ဆရာမအား သူ့ကိုအလွန်ချစ်သည့် သူ၏အကောင်းဆုံး မိတ်ဆွေ
နှင့်မိတ်ဆက်ပေးလိုကြောင်း ပြောသည်။
လူနာခန်းထဲ၌ အခြားမည်သူမျှမရှိ သဖြင့် ဆရာမက လူနာကယောင်ကတမ်း ဖြစ်နေ သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် လူနာက သူ့ကို
ယေရှုအကြောင်း ပြောပြခြင်းဖြစ်နေသည်။ ဆရာမလေး စိတ်ထိခိုက်သွားသော်လည်း အခြား လူနာတစ်ဦးကိုလည်း ပြုစုရမည်ဖြစ်၍ လုပ်ဆောင် စရာများကို ခပ်သွက်သွက်လုပ်ပြီး ထွက်သွားသည်။ သူနောက်တစ်ကြိမ်ပြန်လှည့်လာသောအချိန်၌ လူနာမှာ ရောဂါပြန်ဝင်နေ၍ ရှင်းလင်း နားလည်လွယ်သောစကားများ မပြောတော့ချေ။
ထိုလူနာက စိတ်ဖောက်ပြန်မှုအမှောင်ထုသို့ ရောက်နေခဲ့သော်လည်း ထာဝရ
ဘုရားကို သူ၏အကောင်းဆုံးမိတ်ဆွေအဖြစ် သူသိသည်။ နားမလည်နိုင်အောင်…

မထိုက်ဘဲ ချီးမွမ်းခံရခြင်း

အလိုအလျောက် သန့်စင်ပေးသော မီးဖိုကို မ၀ယ်နိုင်မီက ကျွန်မ၏မီးဖိုသန့်ရှင်းနေရန် ဂရုတစိုက် ထိန်းသိမ်းခဲ့ရသည်။ စားသောက်ပွဲ တစ်ပွဲအတွက် ဧည့်သည်များကို အိမ်သို့ ဖိတ်ခေါ် ခဲ့စဉ် သူတို့က “အို မီးဖိုက သန့်နေတာပဲ၊ အသစ်
အတိုင်းပဲနော်” ဟု ချီးမွမ်းကြသည်။ မီးဖိုသန့်နေ ရခြင်းမှာ ကျွန်မက အသေးစိတ် တိုက်ချွတ်ထားခြင်း ကြောင့် မဟုတ်ဘဲ၊ ထိုမီးဖိုနှင့်ချက်စားလေ့မရှိခြင်း
ကြောင့်ပါ။ ကျွန်မက ချီးမွမ်းခံရန် မထိုက်ကြောင်း သိသိချည်းနှင့် အချီးမွမ်းခံခဲ့သည်။
မထိုက်မတန်ပါဘဲနဲ့ အကောင်းမြင် ချီးမွမ်းခံနေသည့် ကျွန်မ၏ “ခြောက်ပြစ်ကင်းသည့်” ဘ၀အသက်တာက အဘယ်မျှအကြိမ်ပေါင်းများစွာ အပြစ်မကင်းဖြစ်နေသနည်း။ အမြင်လှပြီးမြင့်မြတ် ကောင်းမွန်သည့် ပုံပေါက်အောင်၊ အထင်ကြီးခံရအောင်လုပ်ရန် လွယ်ပါသည်။ ခက်ခဲမှု
မှန်သမျှမလုပ်နှင့်၊ ထိပ်တိုက်ဆန့်ကျင်မှုမှန်သမျှမလုပ်နှင့်၊ တစ်ဖက်သားကို ၀မ်းနည်းခံစား
ရအောင် မလုပ်ရုံပင်ဖြစ်သည်။ သို့သော် မိမိနှင့်စိတ်သဘောချင်း မတိုက်ဆိုင်သူများ၊ မိမိနှင့်တန်ဖိုးထားမှုမတူညီသူများ၊ ကျွန်ုပ်တို့ကို…

စကားစစ်ထိုးပွဲ

ဧကရာဇ် အိမ်ရှေ့မင်းသား ဖရန်စစ် ဖာဒီနန် နှင့် သူ့ဇနီး ဆိုဖီတို့ လုပ်ကြံခံရမှုကို တုံ့ပြန် သောအနေနှင့် သြစတြီးယား - ဟန်ဂေရီ နိုင်ငံ တို့က ဆားဗီယားနိုင်ငံ ကို ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက် နေ့တွင် စစ်ကြေညာခဲ့သည်။ ရက်ပေါင်း(၉၀)အတွင်း အခြားဥရောပနိုင်ငံများမှာ စစ်ရေးစာချုပ်ပါ ကတိက၀တ်များအရ သူတို့၏မဟာမိတ်နိုင်ငံများ ဘက်သို့ အသီးသီးပူးပေါင်းကြပြီး၊ သူတို့၏ ရည်မှန်းချက်များပြည်စုံရေး လုပ်ဆောင်ကြသည်။ ပြဿနာငယ်မှစခဲ့သော စစ်သည် ပိုမိုဆိုးဝါးလာပြီး မျက်မှောက်ခေတ်၏ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ် သည့် ပထမကမ္ဘာစစ်ကြီးသို့ ကြီးထွားခဲ့တော့သည်။
စစ်၏ကြေကွဲဖွယ်ရာ ဖြစ်ရပ်များက ထိတ်လန့်စရာကောင်းသည်။ သို့သော် ရက်စက်ရင့်သီးသော စကားတစ်ခွန်းနှစ်ခွန်းဖြင့် လူတစ်ဦးနှင့်တစ်ဦး၏ပေါင်းသင်း ဆက်ဆံရေးပျက်နိုင်သည်။ မိသားစုဝင်များ စတင်ပြိုကွဲနိုင်သည်။ “အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ရှုပါလော့” ဟု ရှင်ယာကုပ်…

စစ်မှန်သော အခြေခံအုတ်မြစ်

ကျွန်တော်အမွေရသော အိမ်အိုကြီးကို ပြန်လည်ပြုပြင်ပေးသည့် လက်သမားက “ခင်ဗျား ကို သတင်းဆိုးပြောစရာရှိတယ်။ ခင်ဗျားရဲ့ ရုံးခန်း ဆောက်ဖို့ ကားဂိုဒေါင်တစ်ဝက်လောက်ကို စပြီး ပြုပြင်တဲ့အခါမှာ နံရံတွေမှာ အုတ်မြစ်မရှိဘူး။ အဲဒါ တွေအားလုံးကို ဖြိုချပြီး အုတ်မြစ်ချဖို့ မြေတွေ တူးထုတ်ရမယ်၊ ပြီးမှအစကနေ ပြန်ဆောက်ရမယ်” ဟု ပြောပါသည်။
ထပ်ပြီးကုန်ကျမည့် ငွေကို စိတ်ထဲ တွက်ချက်ပြီး “မဖြိုချရင် မရဘူးလား၊ ဒီအတိုင်းပဲ ပြင်ဆောက်ပေးလို့မရဘူးလား” ဟု တောင်းဆိုလိုက်သည်။ ဆောက်လုပ်ရေးသမားက လည်း ပြတ်ပြတ်ပင် “ကျွန်တော်တို့ သင့်လျော်တဲ့ အနက်ကို မတူးဘူးဆိုရင် အဆောက်အအုံစစ်ဆေးသူက ခွင့်ပြုမှာမဟုတ်ဘူး။ အုတ်မြစ် မှန်မှန်ကန်ကန်ချဖို့က အရေးကြီးတယ်” ဟုပြန်ပြောသည်။
အုတ်မြစ် မှန်မှန်ကန်ကန်ချခြင်းက ရေရှည်တည်တံ့သည့်အရာနှင့် ယာယီမျှသာခံသောအရာ နှစ်ခုကြား ခြားနားမှုကို ဖြစ်စေသည်။ အုတ်မြစ်များကို မတွေ့ မမြင်ရသော်လည်း အိမ်တစ်လုံး၏ကြံ့ခိုင်မှုနှင့် တည်တံ့ခိုင်မြဲမှုအတွက်…

မှန်သော အုတ်မြစ်

ကျွန်တော်အမွေရသော အိမ်အိုကြီးကို ပြန်လည်ပြုပြင်ပေးသည့် လက်သမားက “ခင်ဗျား ကို
သတင်းဆိုးပြောစရာရှိတယ်။ ခင်ဗျားရဲ့ရုံးခန်း အဖြစ်
ပြောင်းဆောက်ဖို့ ကားဂိုဒေါင်နောက်ဘက်ခြမ်းကို
စပြီးပြင်တဲ့အခါမှာ နံရံတွေမှာ အုတ်မြစ်မရှိဘူး။ အဲဒါတွေအားလုံးကို ဖြိုချပြီး အုတ်မြစ်စနစ်တကျ ချဖို့ မြေတွေတူးထုတ်ရမယ်၊ ပြီးမှ အစကနေ ပြန်ဆောက်ရမယ်” ဟုပြောပါသည်။
ထပ်ပြီးကုန်ကျမည့်ငွေကို စိတ်ထဲ တွက်ချက်ရင်း “မဖြိုချရင် မရဘူးလား၊ ဒီအတိုင်းပဲ ပြင်ဆောက်ပေးလို့မရဘူးလား” ဟု အသနားခံ ပြောလိုက်သည်။ ဆောက်လုပ်ရေးသမားကလည်း
ပြတ်ပြတ်ပင် “ကျွန်တော်တို့ သင့်လျော်တဲ့ အနက်ကို
မတူးဘူးဆိုရင် အဆောက်အအုံစစ်ဆေးသူက ခွင့်ပြုမှာမဟုတ်ဘူး။ အုတ်မြစ် မှန်မှန် ကန်ကန်ချဖို့က အရေးကြီးတယ်” ဟုပြန်ပြောသည်။
အုတ်မြစ် မှန်မှန်ကန်ကန်ချခြင်းက ရေရှည်တည်တံ့သည့်အရာနှင့် ယာယီမျှသာ
ခံသောအရာနှစ်ခုကြား ခြားနားမှုကို ဖြစ်စေသည်။ အုတ်မြစ်များကို မတွေ့မမြင်ရ သော်လည်း အထူးသဖြင့် ရာသီဥတုဆိုးဝါးချိန်တွင် အိမ်တစ်လုံး၏ကြံ့ခိုင်မှုနှင့် တည်တံ့…

မိတ်ဆွေစစ်

Shane အမည်ရှိ ၀တ္ထု၌ အမေရိကန် နယ်စပ်မှ လယ်သမား ဂျိုးစတားရက်နှင့် ၎င်း၏ နေအိမ်၌ လာရောက်တည်းခိုသူ လူထူးဆန်း ရှိန်း တို့နှစ်ဦး မိတ်ဆွေဖြစ်လာခြင်းအကြောင်း ရေးသား ထားသည်။ ဂျိုး၏မြေယာထဲမှ သစ်မြစ်ဆုံကြီး တစ်ခုကို ဖယ်ရှားရန် အတူတကွလုပ်ဆောင်ရင်း ပထမ ရင်းနှီးမှုရလာခဲ့ကြသည်။ ဂျိုးက ရှိန်းကို ရန်ပွဲတစ်ပွဲမှ ကယ်တင်ခြင်း၊ ရှိန်းကလည်း ဂျိုး၏ လယ်ယာမြေ တိုးတက်ကောင်းမွန်အောင် ကြီးကြပ်
စောင့်ရှောက်ပေးခြင်း စသည်ဖြင့် သူတို့၏ ရင်းနှီးမှုမှာ
နက်ရှိုင်းလာသည်။ သူတို့နှစ်ဦး၏အချင်းချင်း အပြန်အလှန်လေးစားမှု၊ သစ္စာစောင့်သိမှုတို့က “လူတစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ... တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” (ဒေ ၄း၉-၁၀) ဟူသည့်
နှုတ်ကပတ်ကျမ်းစာကို ထင်ဟပ်ပြနေသည်။
ယောနသန်နှင့် ဒါဝိဒ်တို့သည်လည်း ဤအခြေခံသဘောတရားကို နမူနာပြခဲ့ သည်။ ရှောလုမင်းက သူ့အားသေစေလိုသည်ဟု ဒါဝိဒ်သံသယ၀င်ခဲ့ဖူးစဉ်…

ချောင်းမြောင်းသူဘ၀မှ ရှာဖွေသူအဖြစ်သို့

ကျွန်တော့်သမီးလေး ကက်သရင်း လမ်းမလျှောက် တတ်သေး၊ တွားမသွားတတ်သေး သည့်အရွယ်က သူ့ဘာသာသူ တစ်ယောက်တည်း
(သို့) သူလိုသလို နေလိုသောအခါ လူကြီးများထံမှ ရှောင်ပုန်းသည့်နည်းကို ကြံဆခဲ့သည်။ ရိုးရိုးလေးပါ။
မျက်ဝန်းများကို သူပိတ်ထားလိုက်သည်။ ဘယ်သူ့ ကိုမှ သူမမြင်၍၊ သူတို့ကလည်း သူ့ကိုမမြင်ဟု သူတွေးထင်ခဲ့သည်။ ကားထိုင်ခုံပေါ် သူထိုင်နေစဉ်
သူမသိသောတစ်ယောက်ယောက်က သူ့အား `ဟဲလို´ ဟု နှုတ်ဆက်လျှင် ဤနည်းကို သူသုံးတတ် သည်။ သူ့ကိုကျွေးသည့်အစာကို မကြိုက်လျှင် ဤနည်းကို သုံးသည်။ ကျွန်တော်တို့က အိပ်ရတော့ မည်ဟုပြောလျှင်လည်း ဤနည်းကိုပင် သုံးသည်။
ယောန၌ ပို၍ လူကြီးဆန်သော ပုန်းရှောင်သည့် နည်းလမ်းရှိခဲ့သည်။ သို့သော် ကျွန်တော့်သမီး၏နည်းလမ်းကဲ့သို့ပင်
ထိရောက်မှုမရှိခဲ့ပေ။ သူမလုပ်လိုသည့်အမှုကို လုပ်ဆောင်ရန် ဘုရားသခင် ခိုင်းစေသည့် အခါ ဆန့်ကျင်ဘက်အရပ်သို့ ယောနရှောင်ပြေးခဲ့သည်။ ဘုရားရှာမတွေ့နိုင်သောနေရာ တစ်နေရာမှမရှိကြောင်း သူအနှေးနှင့်အမြန်…