လမ်းလျှောက်နေသော ဆိုင်းဘုတ်
ဗီယက်နမ်စစ်ပွဲအားဖြင့် ပိ ပီတာဆန် သည် ဗီယက်နမ်နိုင်ငံနှင့် ပထမဆုံးသိကျွမ်းခဲ့ သည်။ ၁၉၆၆ ခုနှစ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် သူ့ လေယာဉ်ပစ်ချခံရပြီး သူအဖမ်းခံခဲ့ရသည်။ နှစ်ပေါင်း (၃၀)ကြာပြီးနောက် အမေရိကန် သံအမတ် အဖြစ် ဗီယက်နမ်သို့ သူပြန်ရောက်လာသည်။ ဆောင်းပါးတစ်ပုဒ်တွင် သူ့ကို `စေ့စပ်ညှိနှိုင်းမှု အတွက် လမ်းလျှောက်နေသောဆိုင်းဘုတ်´ဟု တင်စားခေါ်ဆိုသည်။ စစ်အကျဉ်းသားဘဝမှ နာကြည်းမှုကြောင့် အမျက်ဒေါသဖြင့် ဘဝကို မရှင်သန်ရန် ဘုရားသခင် သူ့ကိုကယ်ပြီး အသက်ရှင်ခွင့်ပေးခြင်းဖြစ်ကြောင်း သူယုံသည်။ ထို့ကြောင့် ကျန်ရှိသောအသက်တာနှင့် ရရှိသောလုပ်ပိုင်ခွင့်ရာထူးကို အသုံးခံလျက် ဗီယက်နမ်ရှိ ကလေးများ၏ဘဝများ ပို၍ လုံခြုံမှုရှိစေရေးအတွက် သူဆောင်ရွက်ခဲ့သည်။
အခြားနိုင်ငံတွင် မိမိနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းသည် ကြီးမားသော တာဝန်ဖြစ်ပြီး ဂုဏ်ယူစရာကောင်းသည်။ ခရစ်တော်နောက်လိုက် ကျွန်ုပ်တို့ သည်လည်း `ခရစ်တော်၏ သံတမန်များ´ ဖြစ်သည် (၂ကော ၅း၂၀)။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို…
မျှော်လင့်ချက်ရှိလား
ကျွန်မဖခင်၏ အုတ်ဂူအနီးတွင် တိတ်ဆိတ်စွာထိုင်ရင်း မိခင်၏ဈာပန အခမ်းအနား အစပြုရန် မိသားစုများ စောင့်ဆိုင်းနေကြသည်။ နာရေး စီစဉ်သူမှ မိခင်၏ပြာအိုးကို သယ်ဆောင်လာ သည်။ ကျွန်မနှလုံးသားနာကျင်လျက် အသိစိတ်တို့ ဝေဝါးထိုင်းမှိုင်းနေသည်။ မိခင်နှင့်ဖခင်နှစ်ဦးစလုံး ကို ၃လအတွင်း ဆုံးရှုံးလိုက်ရ၍ ထိုဝမ်းနည်းမှုကို မည်သို့ကိုင်တွယ်နိုင်ပါမည်နည်း။ သူတို့မရှိတော့ ခြင်းကြောင့် ဆုံးရှုံးမှုနှင့် အထီးကျန်လျက် မျှော်လင့် ချက်မဲ့သကဲ့သို့ ခံစားရသည်။ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်နည်း။
ထို့နောက် သင်းအုပ်ဆရာက အခြား သင်္ချိုင်းဂူတစ်ခုအကြောင်းကို ဖတ်ကြားဆင်ခြင် သည်။ ရက်သတ္တပတ်၏ပထမဆုံးနေ့ မနက်စောစောတွင် အမျိုးသမီးတို့သည် ခန္ဓာတော်ကို လိမ်းကျံရန် နံ့သာဆီကို ယူဆောင်လျက် သခင်ယေရှု၏ဂူသင်္ချိုင်းသို့ သွားလေ၏ (မ ၂၈း၁၊ လု ၂၄း၁) ။ သို့သော် ပွင့်နေသည့် ဘာမှမရှိသည့် သင်္ချိုင်းတွင်းကို တွေ့ရသဖြင့် အံ့ဩကြသည်။ ကောင်းကင်တမန်က`မကြောက်နှင့်´ဟုဆိုသည် (မ ၂၈း၅)။…
အဆိပ်ဆူး၏ ပုံဆောင်ချက်
လွန်ခဲ့သော နှစ်(၅၀)ခန့်က ကျွန်တော့် ကို ပျားအုပ်လိုက်တုပ်သဖြင့် သူငယ်ချင်း`ဂျေး အယ်လီယော့´ ၏ အိမ်ရှေ့ တံခါးမှ ဖြတ်ပြေးဝင်ခဲ့သည်။ ထိုစဉ်က ဂျေး၏ အထိတ်တလန့်မျက်နှာကို ယနေ့တိုင် မြင်ယောင် ဆဲပါ။ သူ့အိမ်နောက်တံခါးမှ ထွက်ပြေးခဲ့၍ပျားများ လိုက်မလာတော့ပါ။ သို့သော် ဂျေး၏ အိမ်ထဲ၌ ပျားများကိုချန်ထားသကဲ့သို့ ဖြစ်သွားပြီး ခဏ အကြာတွင် ဂျေးလည်း အနောက်တံခါးမှပြေး ထွက်လာသည်။ ကျွန်တော်ခေါ်လာသည့်ပျားများ က သူ့ကိုလိုက်တုပ်လေပြီ။
ကျွန်တော်က ဆယ်ချက်ကျော်မျှ ပျားတုပ်ခံရပြီး ဘာမှမဖြစ်၊ အဆိပ်အနည်းငယ်သာ တက်သည်။ ဂျေးမှာမူ တစ်ချက်နှစ်ချက်မျှသာ အတုပ်ခံရသော်လည်း ဓာတ်မတည့်မှုကြောင့် မျက်လုံးနှင့်လည်ချောင်းတို့ ရောင်ရမ်းလာသည်။ ကျွန်တော့်ကြောင့် သူငယ်ချင်းမှာ ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားခဲ့ရသည်။
၎င်းသည် ကျွန်ုပ်တို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး၏ ပြယုဂ်ဖြစ်သည်။ မိမိ၏အပြုအမူသည် သခင်ခရစ်တော်ကဲ့သို့ မဟုတ်သောအခါ တစ်ပါးသူကို နာကျင်…
အသက်ဆက်မိုးရေ
၁၈၉၁ ခုနှစ်၏ ပူပြင်းသော ဩဂုတ်လတွင် အာ ဂျီ ဒိုရမ်ဖို့်ဒ် သည် တက္ကဆက်ပြည်နယ် မဒ်လဲန်ဒေသသို့ရောက်ရှိ ခဲ့ပြီး ကောင်းကင်မှ မိုးသည်းထန်စွာရွာစေမည် ဟုအဓိဋ္ဌာန်ပြုခဲ့သည်။ သူသည် `အလန့်တကြား ဖြစ်စေသူ´ ဟုနာမည်ကြီးခဲ့ပြီး၊ သူနှင့်သူ၏ အဖွဲ့သားများက ပေါက်ကွဲစေသည့် ဓာတ်ငွေ့များ ထည့်ထားသည့် ဘောလုံးကြီးများ၊ မီးကျည် အမြောက်မြား၊ ဒိုင်းနမိုက်အပုံလိုက်ကို မြေပြင်၌ ဖောက်ခွဲခဲ့ရာ၊ မြေပြင်နှင့်ကောင်းကင်ကြီး သိမ့်သိမ့် တုန်သွားသည်။ သူ့လုပ်ရပ်ကြောင့် မိုးအနည်းငယ် ရွာခဲ့သည်ဟု အချို့က ထင်ကြသည်။ သို့သော် လူအများစုက ဆူညံမှုကိုသာဖြစ်စေခဲ့သည်ဟု ဆိုကြသည်။ ပေါက်ကွဲမှုက အံ့မခန်း ဖြစ်သော်လည်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။
ရှေးကနဦး အသင်းတော်၌ သင်းထောက်များကို လိုအပ်ခဲ့ရာ စွမ်းရည်ရှိသူ များကို ရှာဖွေခဲ့ရသည်။ ထို့နောက် အစားအသောက်များကို စီမံခွဲဝေပေးရန် `ဝိညာဉ်တော် နှင့်၎င်း၊ ပညာနှင့်၎င်း ပြည်စုံလျက်…
အားဖြစ်စေသော စံနမူနာ
လွန်ခဲ့သော ၁၈ ရာစုနှစ် နှောင်းပိုင်းက ဥရောပနိုင်ငံသား သင်းအုပ်ဆရာများသည် မက်စဲချူးစက် ပြည်နယ်၌ ဆရာကြီး ဒီ အယ် မူးဒီ ၏ သမ္မာကျမ်းစာညီလာခံသို့ တတ်ရောက်ခဲ့ကြ သည်။ ဥရောပသားတို့၏ ထုံးစံအရ ၎င်းတို့အိပ်ယာ မဝင်မီ ၎င်းတို့၏ဖိနပ်များကို အခန်းအပြင်သို့ထုတ် ထားပြီး ဟိုတယ်ဝန်ထမ်းများက သန့်စင်ပေးရန် ဖြစ်သည်။ ထိုအခြင်းအရာကို ဆရာကြီးတွေ့ပြီး ထိုထုံးစံကိုသိသောကြောင့် အခြားသူများကို ပြော ပြသည်။ သို့သော် မည်သူမျှမတုံ့ပြန်ဘဲ ငြိမ်နေကြ သည်။ သို့နှင့် ဆရာကြီးက ဖိနပ်များကို သူ့အခန်းသို့ ယူသွားပြီး သန့်စင်ပေးခဲ့သည်။ သူ့အခန်းသို့ မမျှော်လင့်ဘဲ သူငယ်ချင်းတစ်ဦးက ရောက်လာ သဖြင့် ဖြစ်ကြောင်းကုန်စင်သိလိုက်ရသည်။ ထို အကြောင်းက သတင်းပျံ့သွား၍ နောက်ညများတွင် အလှည့်ကျ ဖိနပ်တိုက်ကြတော့သည်။
ဆရာကြီး မူးဒီ ၏ နှိမ့်ချခြင်းပုံစံနှင့် ခေါင်းဆောင်မှုသည် အခြားသူများအတွက်…
ရိုးစင်းမှု၏ တန်ခိုး
အမေရိကန်နိုင်ငံ ပြည်တွင်း အကောက်ခွန်ဌာန၏ ဝင်ငွေခွန် ဥပဒေစည်းမျဉ်း များကို မဆိုစလောက် လူအချို့သာ လေ့လာကြ သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းပြချက်ကောင်း ရှိသည်။ `ဖိုးဘီးစ်´မဂ္ဂဇင်းမှ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်တွင် အခွန်စည်းမျဉ်းဥပဒေပါ စာလုံးရေ လေးသန်းကျော်မျှပင် ရှိသည်။ အခွန် ဥပဒေများက ရှုပ်ထွေးလွန်းခြင်းကြောင့် ကျွမ်းကျင်သူများပင် အခက်ကြုံရသည်။ ရှုပ်ထွေးမှုက ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်နေတော့သည်။
ရှေးဣသရေလ ဘာသာရေး ခေါင်းဆောင်များသည်လည်း ဘုရားသခင်နှင့် မိတ်သဟာယ ပြုရာတွင်လည်း အလားတူပင် ဖြစ်ခဲ့ ကြသည်။ ၎င်းတို့က ပညတ်သတ်မှတ်ချက်များဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန်အရေးကို ရှုပ်ထွေးအောင်လုပ်ခဲ့ကြသည်။ မောရှေ၏ ပညတ္တိကျမ်းကို ကျွမ်းကျင်သူပင် ၎င်းပညတ်ချက်တို့ကို နားလည်အောင် ကြိုးစားခဲ့ရသည်။ ဘာသာရေးဆရာ အကြီးအကဲတစ်ဦးက ကိုယ်တော်အား အဘယ်မည်သောပညတ်သည် အမြတ်ဆုံးဖြစ်သနည်းဟု မေးလျှောက်ရာ သခင်ယေရှုက`သင်၏ဘုရားသခင်ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်၊ရှိသမျှ၊…
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း
`ပျော်ရွှင်နေဆဲမှာ အချိန်မြန်စွာ ကုန်လွန်သွားတာ´ ဆိုသော လက်သုံးစကား၌ အကြောင်းပြချက်ခိုင်လုံမှု မရှိပါ။ သို့သော် အတွေ့ အကြုံများ အရ ထိုအယူအဆက မှန်နေသယောင်။ ဘဝ၏သာယာပျော်ရွှင်ချိန်များက ရေရှည်မခံ။ တိုတောင်းလွန်းသည်။ မိမိလုပ်ချင် သောအလုပ် လုပ်နေရလျှင်၊ မိမိချစ်ရသူနှင့်အတူ ရှိနေရလျှင်၊ အချိန်ကုန်လို့ ကုန်မှန်းပင် မသိပါ။
ထိုအဖြစ်မှန်နှင့် ပတ်သက်၍ကျွန်မ အတွေ့အကြုံက ဗျာဒိတ်ကျမ်းအခန်းကြီး (၄) မှ မြင်ကွင်းကို အမြင်သစ်ဖြင့် နားလည်စေခဲ့သည်။ ဘုရားသခင်၏ပလ္လင်တော်အနီး၌ အသက်ရှင်သည့် သတ္တဝါလေးပါးသည် သန့်ရှင်း ဟူသည့်စကားဖြင့် ဘုရားသခင်ကို ထပ်ခါတလဲလဲချီးမွမ်းရာ ယခင်က `တော်တော်ပျင်းစရာ´ ဟု ကျွန်မတွေးခဲ့မိသည်။
ယခုတော့ ထိုသို့မတွေးတော့ပါ။ ထိုသတ္တဝါလေးပါး၏မြောက်မြားစွာသော မျက်လုံးများနှင့် မျက်မြင်တွေ့ရသည့်မြင်ကွင်း၊ ဘုရားသခင်၏ပလ္လင်တော်ဝန်းကျင်၌ ရှိနေရသည့် ၎င်းတို့၏အနေအထားမှအမြင်တို့ကို ဆင်ခြင်မိသည်။ အစဉ်လမ်းလွဲသည့် မြေကြီးသားများအတွက် ချစ်ခြင်းမေတ္တာနှင့်ဉာဏ်တော်ဖြင့် ကြံစည်ပြုပေးသည့်အမှုကို ၎င်းတို့မျက်မြင်တွေ့ရ၍…
လမ်းခရီးတော်ကို ရှာခြင်း
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်လျက် မြေအောက်လိုဏ်ဂူဖောက်လုပ်ရန် နပိုလီယံ၏ အင်ဂျင်နီယာ အဲလ်ဘတ် မာသီယူက(၁၈၀၂)ခုနှစ် တွင် ပထမဦးဆုံးအဆိုပြုခဲ့ပြီးနောက် နှစ်ပေါင်း (၂၀၀) နီးပါးအကြာ ၁၉၉၄ ခုနှစ်၊ မေလ(၆) ရက်တွင် ၎င်းလိုဏ်ဂူကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ အင်္ဂလန်နှင့်ပြင်သစ် နှစ်နိုင်ငံကို ဆက်သွယ်ရန် ဖောက်ထားသော ယခုအခါ (၃၁)မိုင် ရှည်လျား သည့် အဆိုပါလိုဏ်ဂူ၌လူထောင်ပေါင်း များစွာ သည် ကားများ၊ ကုန်တင်ယာဉ်များ၊ မြေအောက် ရထားတို့ဖြင့် နေ့စဉ်ကူးလူးသွားလာလျက်ရှိသည်။ ထိုအံ့ဖွယ်လမ်းသစ် ဖောက်လုပ်မပြီးစီးမီက ရာစုနှစ်များစွာ သင်္ဘောဖြင့်သာ ခရီးသွား ခဲ့ရသည်။
ဘုရားသခင်သည်လည်း သူ့လူမျိုးတော်အတွက် မမျှော်လင့်သော အံ့ဖွယ် လမ်းသစ်တစ်ခုကို ပြင်ဆင်ပေးခဲ့သည် (ထွ ၁၄း၁၀-၂၂)။ ဣသရေလလူတို့မှာ ဖာရော ဘုရင်၏စစ်တပ်လက်ချက်နှင့်သေမလား၊ ပင်လယ်၌ နစ်မြုပ်သေမလား။ ဘေး အန္တရာယ်နှစ်ခုကြား သေမှာ သေချာနေ၍ အလွန်ထိတ်လန့်တုန်လှုပ်ကာ ဆောက်တည်ရာ မရဖြစ်နေကြသည်။…
ဖြောင့်မတ်သောလက်မ
အာဖရိက ရိုးရာပုံပြင်တစ်ပုဒ်တွင် လက်ဖဝါးတစ်ဖက်၌ လက်လေးချောင်းနှင့်လက်မ တစ်ချောင်းတို့သည် အတူတကွနေထိုင်ကြပြီး ၎င်းတို့သည် ခွဲမရသောမိတ်ဆွေများဖြစ်သည်။ တစ်နေ့တွင် ရွှေလက်စွပ်တစ်ကွင်း ကျနေရာ လက်စွပ်ခိုးရန် ပူးပေါင်းကြံစည်ကြ၏။ လက်မက ၎င်းသည် မမှန်သောလုပ်ရပ်ဖြစ်၍ သူတို့ကို တားသော်လည်း ကျန်လက်လေးချောင်းက လက်မသည် သူ့ကိုယ်သူ ဖြောင့်မတ်သည်ဟု ထင်ကာ သတ္တိကြောင်သူ ဟုဆို၍ မိတ်ဆွေအဖြစ်မှ ရပ်စဲခဲ့သည်။ သူတို့၏မကောင်းမှုနှင့် မပတ်သက် လိုသော လက်မက မမှုပါ။ ထို့ကြောင့် လက်ဖဝါးတစ်ဖက်စီ၌ လက်မသည် ယနေ့တိုင် အခြားလက်ချောင်းများမှခွာ၍ တသီးတခြားတည်ရှိသည်ဟု ဒဏ္ဍာရီက ဆိုသည်။
တစ်ခါတစ်ရံ မကောင်းမှုဒုစရိုက်များ ဝန်းရံလျက်ရှိသောနေရာတွင် အသက်ရှင် နေထိုင်ရစဉ် မိမိတစ်ဦးတည်းသာ သီးခြားရပ်တည်နေသည်ဟု ခံစားရနိုင်ကြောင်း ဤပုံပြင်က သတိပေး၏။ နောဧလက်ထက်၌ ကမ္ဘာမြေသည် ဘုရားသခင်၏ ရှေ့တော်၌ ပုပ်စပ်လျက် အဓမ္မအမှုနှင့်ပြည့်ဝကာ လူတို့သည် ဘုရားသခင်အား ပြစ်မှား၍ စိတ်နှလုံး…
ပေါင်းရခက်သူများ
`God in the Dock´ စာအုပ်တွင် စာရေးဆရာကြီး စီ အက်စ် လူးဝစ် က ကျွန်တော် တို့၏ ပေါင်းသင်း ဆက်ဆံရေးတွင် ကြုံတွေ့ရသော ပေါင်းရခက်သည့် လူများအကြောင်း ရေးသားထား သည်။ တစ်ကိုယ်ကောင်းစိတ်၊ ဒေါသစိတ်၊ မနာလို ဝန်တိုစိတ်နှင့် နားလည်ရခက်သောစိတ်ထားများ ကြောင့် ပေါင်းသင်းဆက်ဆံရေး၌ အဟန့်အတား ဖြစ်စေသည်။ `ဒီလို ပေါင်းသင်းရခက်တဲ့လူတွေနဲ့ မပတ်သက်၊ မဆက်ဆံရရင် ဘဝက ပိုအဆင်ပြေ မှာ´ ဟုရံဖန်ရံခါ ကျွန်တော်တို့ တွေးမိသည်။
ထိုမှတစ်ဖန် ၎င်းစိတ်ပျက်စရာ များသည် ဘုရားက ကျွန်တော်တို့ကို နေ့စဉ် သည်းခံရသည့် အရာများဖြစ်ကြောင်း ဆရာက ပြန်ထောက်ပြသည်။ `ခင်ဗျားတို့လည်း ဒီလို လူစားမျိုးတွေပါပဲ။ ခင်ဗျားတို့ဆီမှာလည်း ဒီလို ဆိုးတဲ့အပြစ်တွေ၊ အားနည်းချက်တွေ ရှိနေတာပဲ။ အခြားသူတွေရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေက ခင်ဗျားတို့ကြောင့် …