အမျိုးအစား  |  odb

သစ္စာရှိသော မစသူ

ကျွန်မ၏ဖခင်သည် ငယ်စဉ်က သူကြီးပြင်းခဲ့ရသည့် ယာတော၌ ဆာလောင် နေသည့် ဝက်များအတွက် ဝက်စာများသယ်လာပြီး ကျွေးရသည်။ ဤအလုပ်ကို သူမနှစ်မြို့ပါ။ ဝက်ခြံထဲ
ဝင်လိုက်သည်နှင့် ဝက်များက သူလဲကျအောင် သူ့ကို တိုးတိုက်သည်။ သူ့နောက်သစ္စာရှိစွာ လိုက်ပါကူညီပေးသည့် ရှုးဂါးဘယ် ခေါ် ဂျာမန် သိုးထိန်းခွေးသာမရှိလျှင် ဤအလုပ်ကို အဖေ လုပ်နိုင်မည် မထင်ပါ။ အဖေ ဝက်စာများ လောင်းချ
ပြီးသည်အထိ သူက အဖေနှင့်ဝက်များကြား နေရာယူပြီး ဝက်များကို တားထားပေးသည်။
ပရောဖက် ယေရမိသည်လည်း ဣသရေလလူတို့အား ဘုရားသခင်၏စကားတော်ကို ကြားပြောရသည့် ခက်ခဲသော အလုပ်ကိုလုပ်ရသည်။ ဤအလုပ်ကြောင့် ခန္ဓာညှင်းပန်းနှိပ်စက်ခြင်း၊ နှုတ်ဖြင့် ထိုးနှက်ခြင်း၊
အကျဉ်းကျချုပ်နှောင်ခံရခြင်း၊ အထီးကျန်ခြင်း စသည့်ဒဏ်များကို ကြံ့ကြံ့ခံသည်။ ယေရမိသည် ထိုသို့ စိတ်ပျက်စရာများနှင့် ရုန်းကန်နေရသော်လည်း အခက်အခဲများ တစ်လျှောက် သူ့ကိုကူညီမစသူတစ်ဦးရှိခဲ့သည်။ “သင့်ကို ကယ်နုတ်ခြင်းငှာ…

ပန်းရောင်သိုးများ

စကော့တလန်နိုင်ငံရှိ ဂလပ်စကို မြို့မှ အီဒင်ဘတ် မြို့သို့ခရီးထွက်စဉ် ကျေးလက် ဒေသ၏သာယာဖွယ်ရှုခင်းကို နှစ်သက်ခံစားရင်းမှ အလွန် ရယ်စရာကောင်းသောမြင်ကွင်းက ကျွန်ုပ် အာရုံကို ဖမ်းစားခဲ့သည်။ တောင်ကုန်းငယ် တစ်ခုထိပ်၌ ပန်းရောင်သိုးအုပ်ကြီးတစ်အုပ်ကို မြင်လိုက်ရခြင်းကြောင့်ပါ။
သိုးပိုင်ရှင်များက သိုးများကို စပရေး မှုတ်ဆေးဖြင့်ခြယ်၍ အမှတ်အသားပြုကြကြောင်း ကို ကျွန်တော်သိပါသည်။ သို့သော် ဤသိုးများက အင်မတန်သိသာ ထင်ရှားလွန်းနေသည်။ ပိုင်ရှင်က
သိုးတစ်ကိုယ်လုံးပန်းရောင်ဖြစ်အောင် ဆေးမှုတ် ထားခြင်းဖြစ်သည်။ လူတိုင်းက ထိုသိုးများကို မည်သူပိုင်သည်ကို တန်းသိကြသည်။
ကျမ်းစာထဲတွင်လည်း ခရစ်တော်နောက်လိုက်များကို သိုးများဟုခေါ်ဆိုပြီး၊ သူတို့၌ ပြိုင်စံရှား သိသာထင်ရှားသော အမှတ်အသားများရှိသည်။ ခရစ်တော် နောက်လိုက်
တစ်ဦး၏ဘ၀တွင် မည်သည့်အရာက “ပန်းရောင်အမှတ်အသား” ဖြစ်မည်နည်း။ တစ်စုံ တစ်ယောက်ကို သခင်ယေရှု ပိုင်ဆိုင်သောသူဟု မည်သို့သိရှိနိုင်မည်နည်း။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ကောင်းသောသိုးထိန်းကြီးဖြစ်သော ယေရှုက ချစ်ခြင်းမေတ္တာသည် သိသာထင်ရှားသော အမှတ်လက္ခဏာဖြစ်ကြောင်း…

တစ်ခါသုံး အလေ့အထ

တစ်ခါသုံးအလေ့အထတွင် ကျွန်ုပ်တို့ ပို၍ပို၍ ကျင်လည်နေကြသည်။ တစ်မိနစ်ခန့် အချိန်ယူကာ တစ်ခါသုံးပြီး လွှင့်ပစ်ရသည့်ပစ္စည်း များကို စဉ်းစားကြည့်ပါ။ “တစ်ခါသုံး မုတ်ဆိတ် ရိတ်တံ၊ ရေဘူး၊ မီးခြစ်၊ စက္ကူပန်းကန်၊ ပလတ်စတစ် ဇွန်းခက်ရင်း” ထိုပစ္စည်းများကို သုံးပြီးလျှင် လွှင့်ပစ် သည်။ တစ်ဖန် ပစ္စည်းအသစ်နှင့် အစားထိုးသည်။
ထိုသို့ တစ်ခဏတာ အသုံးပြုခြင်း သဘောက ပို၍ အဓိပ္ပါယ်ရှိသောအရာများကိုလည်း ထင်ဟပ်ဖော်ပြနေသည်။ ပေါင်းသင်းဆက်ဆံမှု၌ ဝန်ခံကတိကဝတ်ပြုခြင်း၊ ဆက်ကပ်အပ်နှံခြင်းကို ရွေးချယ်စရာတစ်ခုအဖြစ်သာ ရှုမြင်လာကြသည်။ အိမ်ထောင်များမပြိုကွဲဘဲ ခိုင်မြဲအောင်ရုန်းကန် နေရသည်။ နှစ်ရှည်လများလုပ်ကိုင်ခဲ့သောအလုပ်သမားများကိုလည်း ပင်စင်မယူမီလေး
(ခံစားခွင့်မပေးရအောင်) ပိုမိုသက်သာသောသူများနှင့်အစားထိုးရန် အလုပ်မှထုတ်ပစ် သည်။ အလွန်လေးစားခံရသည့်အားကစားသမားကလည်း မိမိအသင်းကို စွန့်ခွာ၍ အခြား အသင်းသို့ ပြောင်းသွားသည်။ ဘယ်အရာမှ မတည်မြဲသကဲ့သို့ ထင်ရပါသည်။
သို့သော် မပြောင်းလဲသော ဘုရားသခင်က သူ့မေတ္တာကရုဏာသည် အစဉ်အမြဲတည်ကြောင်း…

ထိုးဖောက်ဝင်ရောက်လာသော အလင်း

ကိုလိုရာဒို စပရင်း ဒေသမှ ပန်းချီဆရာ ဘော့ဆင်းပိခ်ျ ရေးဆွဲသော A Trail of Light” “အလင်းတန်း” ပန်းချီကားတွင် မိုးရာသီ နေရောင်ခြည်ကြောင့် ရွှေဝါရောင်သစ်ရွက်များနှင့် အက်စပင် (aspen) သစ်တောအုပ်ကို ရေးဆွဲ ထားသည်။ ထိပ်ပိုင်းရှိ သစ်ရွက်များက ရွှေဝါရောင် ပြိုးပြိုးပြက်ပြက် လှပနေချိန်တွင် အပင်ခြေရင်းပိုင်း များတွင် နေရောင်နှင့်အရိပ်တို့ ရောယှက်နေသည်။ ပန်းချီဆရာက ဤခြားနားမှုနှင့် စပ်လျဉ်း၍ “သစ်တောအုပ်ခြေရင်းထိ ထိုးဖောက်ဝင်ရောက် လာတဲ့ အလင်းတန်းကို မခံစားဘဲမနေနိုင်ပါ။ ထူးဆန်းစွာ စီရင်ထားတဲ့ အံ့ဖွယ်ရာပဲ” ဟုဆိုသည်။
တမန်တော်ရှင်ပေါလုသည် ကောရိနသု အသင်းသားများထံ “မှောင်မိုက်ထဲက အလင်း ထွန်းလင်းမည်အကြောင်း မိန့်တော်မူသော ဘုရား သခင်သည် ယေရှုခရစ်၏မျက်နှာ၌ ထွန်းလင်း သော
ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကိုပေးလိုသောငှာ ငါတို့ စိတ်နှလုံး
ထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏”…

မုန်တိုင်းကြားမှာ

မုန်တိုင်းက ကမ်းရိုးတန်းတစ်လျှောက်၌ သာမက သူငယ်ချင်းတစ်ဦး၏အိမ်၌ပါ တိုက်ခတ် နေသည်။ “ကျွန်မ ဟောင်ကောင် ရောက်တော့ မိုးလေဝသဌာနက မုန်တိုင်းကျမယ်လို့ ကြေညာခဲ့ တယ်။ ပြူတင်းပေါက်အပြင်မှာ တိုက်ခတ်နေတဲ့ မုန်တိုင်းထက် အိမ်မှာတိုက်နေတဲ့မုန်တိုင်းက ပိုပြင်း တယ်။ ကျွန်မအဖေ ဆေးရုံတက်ရလို့ မိသားစုဝင် တွေ အိမ်နဲ့ဆေးရုံ ခေါက်တုံ့ခေါက်ပြန်ပြေးရင်း အိမ် အလုပ်တစ်ဖက်၊ ရုံးအလုပ်တစ်ဖက်နဲ့ ဟန်ချက် ညီအောင် လုပ်နေရတယ်။ တစ်မိသားစုလုံး စိတ်ရော ကိုယ်ပါ လုံးပါးပါးနေပြီ။ ပင်ပန်းလွန်းလို့ သည်းမခံနိုင်တော့ဘူး။ အိမ်အခြေအနေကဖိစီးမှုနဲ့ ပြင်းထန်လှတယ်” ဟု သူငယ်ချင်းက ပြောပြသည်။
ဘဝအသက်တာသည်လည်း မုန်တိုင်းရိုက်ခတ်သကဲ့သို့ပင် မမျှော်လင့်သော အရာ၊ ဝမ်းနည်းပူဆွေးမှု၊ စိတ်ပင်ပန်းဖိစီးမှုများဖြင့် ရိုက်ခတ်နေသည်။ ထိုအခြေအနေ မျိုးတွင် ကျွန်ုပ်တို့ဘယ်အရပ်သို့ ဦးတည်မည်နည်း။ သခင်ယေရှု၏တပည့်တော်တို့မှာ မုန်တိုင်းနှင့်ရင်ဆိုင်ရချိန်တွင် သခင်သူတို့ကို ကြည့်ရှုဂရုပြုပါသလားဟု သိချင်ကြ သော်လည်း သူတို့မည်သူ့ထံ…

အလေ့အထဖြစ်နေခြင်း၏ အားသာချက်

ကျွန်မ ကြီးပြင်းလာသည့် ဘဝ တစ်လျှောက် ကျွန်မတို့အိမ်၏စည်းကမ်းတစ်ခုမှာ ဒေါသစိတ်နှင့် အိပ်ရာမဝင်ရခြင်းပါ (ဧ ၄း၂၆)။ ရန်ဖြစ်ထားသမျှ၊ စိတ်ထားမတိုက်ဆိုင်ကွဲပြားမှု မှန်သမျှကို ဖြေရှင်းရသည်။ ဤအိပ်ရာဝင် စည်းကမ်းနှင့်အတူပါလာသည့် အလေ့အထမှာ အမေနှင့်အဖေက ကျွန်မတို့မောင်နှမကို “ကောင်းသောညပါ၊ မင်းတို့ကို ချစ်တယ်” ဟု နှုတ်ဆက်ပြီး ကျွန်မတို့ကလည်း `ကောင်းသော ညပါ။ အဖေနဲ့အမေတို့ကိုလည်း ချစ်ပါတယ်´ဟု ပြန်နှုတ်ဆက်ရသည်။
ဤမိသားစုထုံးစံ အလေ့အထလေး၏ ကျွန်မအပေါ်သက်ရောက်မှုကို မကြာမီက ပြန်လည်
ခံစားခဲ့ရသည်။ အမေက ဆေးရုံ၌ အဆုတ်ကင်ဆာဝေဒနာဖြင့် အိပ်ရာထဲလဲနေချိန် အမေ့အခြေအနေက တစ်နေ့တခြား တုံ့ပြန်မှုနည်းနည်းလာသည်။ သို့သော် ညစဉ်
သူ့အနီးမှ ထွက်ခွာတိုင်း “အမေ့ကိုချစ်တယ်” ဟုပြောတိုင်း၊ အမေက တခြားစကား
မပြောနိုင်လည်း “မင်းကိုလည်း အမေချစ်ပါတယ်” ဟုပြန်ပြောသည်။ နှစ်ပေါင်းများစွာကြာမှ ဤအလေ့အကျင့်လေးက အလွန်ကောင်းသော လက်ဆောင်မွန်ဖြစ်ကြောင်း ကျွန်မ ကြီးပြင်းခဲ့စဉ်တစ်လျှောက်…

အသစ်သော စတင်မှု

တိုင်းနိုင်ငံများစွာတွင် မွေ့ယာဟောင်း များ ပြန်လည်အသုံးပြုခြင်းများကို ကျန်းမာရေး ဆိုင်ရာ ဥပဒေများအရ တားမြစ်ထားသည်။ ၎င်းတို့ကို ဖို့မြေအဖြစ်သာ အသုံးပြုသည်။ တင်းမ် ကီနန် က ၎င်းပြဿနာ ကို ဖြေရှင်းပေးခဲ့သည်။ မွေ့ယာဟောင်းများမှ သံထည်၊ အ၀တ်ထည်၊ ရေမြှုပ် စသည့် ပစ္စည်းများကို တစ်စချင်းစီ ဖြုတ်ပြီး ပြန်လည်ပြုပြင်အသုံးပြုသည့် လုပ်ငန်းအားဖြင့် လူအချို့ကို အလုပ်ပေးနိုင်ခဲ့သည်။ သို့သော် ၎င်းသည် ဇာတ်လမ်း၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ဂျာနယ်လစ် ဘီလ် ဗော့ဂရင်းက “ကီနန်၏ပစ္စည်းများ ပြန်လည်ပြုပြင် အသုံးပြုခြင်း များအနက် ...လူကို အသုံးချခြင်းက အကြီးမားဆုံး အောင်မြင်မှုဖြစ်သည်” ဟု ကိုလိုရာဒို စပရင်း ဒေသထုတ် The Gazette သတင်းစာ၌ ရေးသားခဲ့သည်။ ကီနန်က အိမ်ရာမဲ့သူ၊ နေရာမရှိသူများကို ငှားပြီး အလုပ်ပေးကာ ဒုတိယအခွင့်အရေး ပေးခဲ့သည်။ “မည်သူမျှ…

အံ့သြဖွယ် ကျေးဇူးတော်

ဂျွန် နယူတန် သည် တော်ဝင်ရေတပ် စခန်းတွင် တာဝန်ထမ်းဆောင်စဉ် အမိန့်အာဏာ ဖီဆန်မှုဖြင့် အလုပ်ထုတ်ခံရပြီး ကျွန်ကုန်ကူးသည့် အလုပ်ဖက်သို့ ပြောင်းသွားသည်။ ဘုရားတရားမဲ့သူ၊ ရိုင်းစိုင်းသူအဖြစ် နံမည်ဆိုးနှင့် နယူတန် သည် အတ္တလန္တိတ် သမုဒ္ဒရာတစ်လျှောက် ကူးသန်း သွားလာသည့် ကျွန်ကုန်ကူးသည့်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရာမှ ကပ္ပတိန်ဖြစ်လာသည်။
ပင်လယ်ပြင်၌ သူ့အသက်တာက မယုံနိုင်စရာ ပြောင်းလဲခဲ့ပြီး သူ့ကို ကျေးဇူးတော် လမ်းသို့ ပို့ဆောင်ခဲ့သည်။ သူရရှိသည့် အသက်တာ သစ်သည် သူနှင့်မထိုက်တန်ဟု သူအမြဲခံစားရသည်။ ထို့နောက် သူသည် ဧ၀ံဂေလိ တရားဟောဆရာဖြစ်လာပြီး တဖြည်းဖြည်းနှင့် ကျွန်ကုန်ကူးသည့်စနစ် ပပျောက်ရေး လှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ကြောက်မက်ဖွယ်ကောင်းပြီး လူသားမဆန်သော ကျွန်ကုန်ကူးမှုနှင့် စပ်လျဉ်း၍ မငြင်းပယ်နိုင်လောက်အောင် မျက်မြင် သက်သေ အထောက်အထားများကို နယူတန်သည် ပါလီမန်သို့ တင်ပြခဲ့သည်။ အချိန်မရွေး ကျွန်ုပ်တို့…

အခက်အခဲတစ်ခုစီတိုင်းသည်

အခြားမြို့များနည်းတူ အယ်လ်ဘားမား ပြည်နယ်ရှိ အင်တာပရိုက်စ် မြို့တွင် ထင်ရှားသော အထိမ်းအမှတ် ကျောက်တိုင်တစ်တိုင်ရှိသည်။ သို့သော် ၎င်းသည် ထင်ရှားသော ပြည်သူ့ ခေါင်းဆောင်တစ်ဦးဦးကို ဂုဏ်ပြုခြင်း မဟုတ်ဘဲ ချေးထိုးပိုးကောင်ကို ဂုဏ်ပြုထားခြင်းဖြစ်သည်။ ၁၉ ရာစု အစောပိုင်းတွင် မက္ကစီကိုမှ အမေရိကန် တောင်ပိုင်းအထိတိုင် ထိုသီးနှံဖျက်ပိုးများကျပြီး၊ နှစ်အနည်းငယ်အတွင်း ဒေသ၏အဓိကစိုက်ပျိုး သီးနှံဖြစ်သည့် ဝါပင်များကို လုံးဝဖျက်ဆီးပစ်သည်။ မျှော်လင့်ချက်မဲ့ စိတ်ပျက်မှုကြားတွင် တောင်သူ လယ်သမားများက မြေပဲကိုစတင်စိုက်ပျိုးကြသည်။
ဤတွင် လယ်သမားများက သီးနှံတစ်မျိုးတည်းကိုသာ ယခင်က အားထားခဲ့ကြ သော်လည်း
ယခုအခါ သီးနှံမျိုးစုံစိုက်ပျိုးရန်ကို သူတို့ကို အားပေးခဲ့ပြီး သူတို့ကိုပို၍ကြွယ်ဝချမ်းသာ စေခဲ့သည့် ချေးထိုးပိုးကောင်များကို ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ဘဝထဲဝင်လာပြီး မိမိလုပ်ဆောင် အားထုတ်မှုများကို ဖျက်ဆီးသည့် အရာများသည် ထိုသီးနှံဖျက်ပိုးနှင့် တူသည်။ တစ်ခါတစ်ရံ ငွေရေးကြေးရေး၊ စိတ်ပိုင်း
ဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ…

နောက်ဆုံးပြန်လည် ပေါင်းစည်းခြင်း

ကျွန်ုပ်၏ဖခင် ထာဝရဘုန်းတော် မဝင်စားမီ နောက်ဆုံးရက်အနည်းငယ်အတွင်း သူ့ကုတင်ဘေးတွင် ကျွန်ုပ်ထိုင်၍ စောင့်ရှောက် ရချိန်ကို ဘယ်သောအခါမျှ မမေ့ပြီ။ သူကွယ်လွန် သွားသည့် အခိုက်အတန့်သည် ယနေ့အထိ ကျွန်ုပ် အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ရိုက်ခတ် ဆဲပါ။ အဖေသည် ကျွန်ုပ်အတွက် အမြဲအသင့်ရှိခဲ့ သည်။ ဆွေးနွေးတိုင်ပင်လိုသည့်အချိန်တိုင်း သူ့ကို
ဖုန်းဆက်နိုင်သည်။ ကျွန်ုပ်တို့အတူငါးမျှားခဲ့သည့်
အချိန်က နှစ်လိုဖွယ် အမှတ်တရများပါ။ ထိုအချိန် များတွင် ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ဆွေးနွေးခဲ့ကြသည့်အပြင် အဖေ၏ငယ်စဉ်ဘဝ လယ်တောမှ ဟာသအဖြစ်အပျက်များကို ပြောရန် ကျွန်ုပ်တိုက်တွန်းခဲ့သည်။
သို့သော် အဖေ၏ နောက်ဆုံး အချိန်တွင် နောက်ပြန်လှည့်၍မရသော သေခြင်း တရားကို ကျွန်ုပ်သတိပြုမိခဲ့သည်။ သူဤလောကမှ ထွက်သွားပြီ။ ကျွန်ုပ်နှလုံးသား၌ ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့သည်။
ဆုံးရှုံးခြင်း၊ ဝမ်းနည်းပူဆွေးခြင်းသောကများခံစားရစဉ်ပင် ဘုရား၏ နှုတ်ကပတ်တော်က ဟာတာတာဖြစ်နေမှုကို ခွန်အားပေးသည်။ တမန်တော်…