ယုံကြည်ကိုးစားမှုနှင့် စပ်လျဉ်း၍ ...
အောက်ပိုင်းသေနေသော အမျိုးသမီး တစ်ဦးဖြစ်သည့် ပါစကယ် ဟိုနော သည် ဘီးတပ် ကုလားထိုင်ပေါ်၌ (၁၈)နှစ်လုံးလုံးရှိနေရာမှ ရေလွှာ လျှောစီးခြင်းအကြောင်း သြစတြေးလျသတင်းစာ တွင် ဖော်ပြထားသည်။ မည်သို့ လျှောစီးသနည်း။
တိုင်စွမ်း ခေါ် ရေလွှာလျှောစီး လူငယ် တစ်ဦးက သူ့ကျောတွင် သူမကို တိပ်ပြားဖြင့် ရစ်ပတ်ကာ ဟန်ချက်ညီအောင်ထိန်းပြီးနောက် ပါစကယ် လှိုင်းစီးရန်နှင့် ရေလွှာလျှောစီးခြင်း အရသာကို မြည်းစမ်းနိုင်အောင် ပင်လယ်ထဲကူး သွားသည်။ ဤသို့လုပ်ဆောင်ရာ၌ အမှားအယွင်း များစွာ ဖြစ်သွားနိုင်သောကြောင့် ယုံကြည်စိတ်ချမှု ရှိရန် အလွန်လိုအပ်သည်။ အန္တရာယ်ရှိငြားလည်း တိုင် အပေါ် ယုံကြည်မှုကြောင့် ပါစကယ် သည် သူ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ပြီး သူခံစား ပျော်ရွှင်ခဲ့ရသည်။
ခရစ်တော်နောက်လိုက်များအတွက် ဘ၀သည် ထိုကဲ့သို့ပင်ဖြစ်သည်။ ကြိုတင် မခန့်မှန်းနိုင်သော စိန်ခေါ်မှုများနှင့် မမြင်မတွေ့ရသော အန္တရာယ်များနှင့်ပြည့်နှက်သော လောကတွင် ကျွန်ုပ်တို့…
ပညာရှိဇီးကွက်
လွန်ခဲ့သော နှစ်ပေါင်းများစွာက အမည်မသိ စာရေးဆရာတစ်ဦးသည် ပြောစကား များ၏ ကောင်းကျိုးကို တိုင်းတာပေးသော ကဗျာတိုတစ်ပုဒ်ကို စပ်ဆိုခဲ့သည်။ “၀က်သစ်ချပင် ပေါ်ထက် ပညာရှိဇီးကွက် အတွေ့အစမ်းများလျက် နှုတ်နည်းစကားမထွက်၊ စကားနည်းလေလေ အကြားအမြင်များလေမို့ ဘာကြောင့် ပညာရှိ ဇီးကွက်နှင့် ကျွန်ုပ်တို့ မတူနိုင်သနည်း”
ပညာဉာဏ် အသိရှိခြင်းနှင့် မိမိ ပြောစကားကို ချုပ်ထိန်းခြင်းသဘောတို့သည် ဆက်စပ်မှုရှိသည်။ “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူ မူကား ပညာရှိ၏” (သုတ္တံ ၁၀း၁၉)။
ကျွန်ုပ်တို့စကားပြောရာတွင် ပညာသတိရှိရမည်ဖြစ်ပြီး အခြေအနေတစ်ခုတွင် ကျွန်ုပ်တို့ မည်သည့်အတိုင်းအတာထိ ပြောမည်ကို ဆင်ခြင်ရပါမည်။ ဒေါသထွက်ချိန်တွင် နှုတ်ကိုထိန်းချုပ်ခြင်းက အဓိပ္ပာယ်ရှိသည်။ ရှင်ယာကုပ်က ယုံကြည်သူနောက်လိုက်များ အား “နားကြားခြင်းငှာ လျင်မြန်စေ၊ အမျက်ထွက်ခြင်းငှာ နှေးကြစေ” ဟူ၍ တိုက်တွန်း နှိုးဆော်ထားသည် (ယာကုပ် ၁း၁၉)။ မိမိပြောသောစကားကို ချုပ်ထိန်းခြင်းသည်…
လေချွန်ခြင်း ဘာသာစကား
ကဲန်နရီ ကျွန်းစု၏ အသေးဆုံးကျွန်း တစ်ကျွန်းဖြစ်သည့် ‘လာဂိုမာရာ’ ကျွန်းပေါ်တွင် ငှက်ကလေး၏ တေးကျူးသံနှင့်တူသောဘာသာ စကားသည် ပြန်လည်ဆန်းသစ် ပေါ်ပေါက်လာ သည်။ နက်နဲသောချိုင့်ဝှမ်းနှင့် မတ်စောက်သော လျိုမြောင်များတွင် တစ်ချိန်က ၂မိုင်ခန့်ကွာဝေး သော ခရီးကို လေချွန်၍ ဆက်သွယ်ခဲ့ကြပုံကို ကျောင်းသားလူငယ်နှင့် ကမ္ဘာလှည့်ခရီးသည်များ ကသင်ယူကြသည်။ ဆိတ်ကျောင်းသားတစ် ယောက် ကလည်း ဤရှေးကျသော လေချွန်သံ ဖြင့် သူ၏ဆိတ်အုပ်ကို ဆက်သွယ်သည်။ “ဆိတ် တွေက ကျွန်တော့်အသံ ကို မှတ်မိသလိုမျိုး လေချွန်သံကို မှတ်မိကြတယ်” ဟုဆိုသည်။
လေချွန်ခြင်း ဓလေ့ကို သမ္မာကျမ်းစာ တွင်လည်း တွေ့ရသည်။ ဘုရားသခင်ကို သိုးထိန်းနှင့်တင်စားကာ သူ့သိုးများကို လေချွန်ပြီး စုရုံးခဲ့ကြောင်း သရုပ်ဖော်ထားသည်။ တစ်နေ့တွင် ဘုရားသခင်သည် လေလွင့် ကွဲပြားနေသူများကိုလည်း ပြန်လည်ဆောင်ယူရန် လေချွန်ခေါ်ယူမည့် အတိတ်နိမိတ်ကို ပရောဖက်ကြီး မြင်ယောင်ထားပုံရသည်(ဇာ ၁၀း၈)။
နှစ်ပေါင်းများကြာပြီးနောက်…
စိတ်ဝိညာဉ်၏ အရေးပေါ် အခြေအနေ
၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်ရှိ ရွာများနှင့် မြို့များကို ရိုက်ခတ်ပျက်စီးစေပြီး၊ အသက်ပေါင်း ၁၆,၀၀၀ ကျော်ကို ၀ါးမြိုခဲ့သော၊ ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်ပေါ်စေခဲ့သော ဆူနာမီဒီလှိုင်း ရိုက်ခတ်ခဲ့သည်။ စာရေးဆရာနှင့်ကဗျာဆရာ ဂရီတယ် အာလစ်ခ်ျ သည် ထိခိုက်ပျက်စီးမှုများကို ကိုယ်တိုင်ကြည့်ပြီး မှတ်တမ်းတင်ရန် ဂျပန်သို့သွားခဲ့သည်။ သူမ မြင်တွေ့ခဲ့သည့် မြင်ကွင်းက ဆိုးရွားလွန်း၍ စကားလုံးဖြင့်ဖော်ပြရန် မလုံလောက်၊ ထိုကြောင့် ကဗျာတစ်ပုဒ်ကို သူစပ်ဆိုခဲ့သည်။ PBS New Hours အင်တာဗျုးတွင် သူမက “ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်မရဲ့သူငယ်ချင်း ကဗျာဆရာ ၀ီလျံ စတတ်ဖို့ဒ်က “ကဗျာဆိုတာ စိတ်ဝိညာဉ်ရဲ့ အရေးပေါ်အခြေအနေဖြစ်တယ်။” လို့ ပြောခဲ့တယ်” ဟု ပြောပြသည်။ သမ္မာကျမ်းစာတွင် ခံစားချက်များ၊ ၀မ်းမြောက်စရာမှအစ ဝေဒနာပြင်းပြစွာ ခံစားရသည့် ဆုံးရှုံးမှုများကို ဖော်ပြရန် ကဗျာအင်္လကာများဖြင့် ဖော်ကျူးကြကြောင်း…
အထပ်ထပ် သတိပေးမှုများ
လေယာဉ်ကွင်းရှိ အော်တိုရွှေ့လျား လမ်းလျှောက်စက်ကို အသုံးပြုဖူးပါက `သတိ၊ ရွေ့လျားလျှောက်လမ်း ဆုံးတော့မည်´ ဟူသည့် သတိပေးကြေငြာသံကို ထပ်ခါထပ်ခါ ကြားရမည်။
ထိုအချက်ပေးသတိပေးမှုကို အဘယ် ကြောင့် ထပ်ခါထပ်ခါ ကြေငြာသနည်း။ ခရီးသည်၏ လုံခြုံမှုအတွက်ဖြစ်ပြီး သတိပေးပါလျက်နှင့် တစ်စုံ တစ်ယောက်သည် အနာတရဖြစ်ခဲ့ပါလျှင် တာဝန် ကင်းကြောင်း ကာကွယ်ရန်ဖြစ်သည်။
အထပ်ထပ် သတိပေးမှုများသည် စိတ်အနှောင့်အယှက် ဖြစ်နိုင်ဖွယ်ရှိသော်လည်း ၎င်းသည် တန်ဖိုးရှိသည်။ တိတိကျကျဆိုရလျှင် အထပ်ထပ်သတိပေးမှုသည် အရေးကြီးကြောင်း ရှင်ပေါလု သိနားလည်ခြင်းကြောင့် ဂလာတိ
သြ၀ါဒစာတွင် အထပ်ထပ် သတိပေးရေးသား ခဲ့သည်။ ရှင်ပေါလု၏ သတိပေးစာက လေယာဉ်ကွင်းရှိ ခလုတ်တိုက်လဲမည့် အန္တရာယ်သတိပေးချက်ထက် များစွာသာလွန် တန်ဖိုးရှိသည်။ ရှင်ပေါလုက ဂလာတိအသင်းသားများအား “သင်တို့အား ငါဟောပြော သော ဧ၀ံဂေလိတရားမှတစ်ပါး အခြားသောဧ၀ံဂေလိတရားကို ငါတို့သည် ဟောပြော သော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်…
အစာပြေ နေ့လည်စာ
မကြာသေးမီ အချိန်က ကျွန်တော် သက်လတ်ပိုင်းအရွယ် လူတို့အတွက် ကျင်းပသော ကွန်ဖရင့်တစ်ခုသို့ တက်ရောက်ခဲ့သည်။ ဟောပြော ပွဲတစ်ခုတွင် အဆာပြေစားရန် အစားအသောက် များကို ကျွန်တော်တို့ပြင်ဆင်ကြသည်။ ယိုပြုလုပ်ရန် သစ်ကြံပိုးနှင့် သစ်သီးကိုရော၍ ဆုံထဲထည့်ပြီး ကျည်ပွေ့ နှင့်ထောင်းသည်။ ကျွန်ုပ်တို့ လိမ္မော်ခွံကို ပျားရည်၊ ဂျင်းတို့နှင့်ရောကင်ပြီး အချိုပွဲလုပ်သည်။ ဗာဒံသီးကို ရေနှင့်ရော၊ ထုချေပြီး အခြားပါဝင်သော အမည်များထည့်ပြီး ဗာဒံနို့ဖျော်ရည်လုပ်သည်။ နောက်ဆုံး အနေဖြင့် ကြက်ကောင်လုံးဟင်းလျာကို အဓိကဟင်းလျာအဖြစ် ထမင်းနှင့်စားရန် ပြင်ဆင်ခဲ့ကြသည်။ ထိုဟင်းလျာများကို ကျွန်တော်တို့ မြည်းကြည့်ပြီး အရသာကို နှစ်ခြိုက်ခဲ့ကြသည်။
ကျွန်ုပ်တို့၏ အသက်ဝိညာဉ်အတွက် လိုအပ်သော ၀ိညာဉ်အစာအဖို့ အလိုငှာ လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ တမြုံ့ မြုံ့ အရသာခံပြီး စားနိုင်သော ဟင်းအမည်ပေါင်း များစွာကို ပြင်ဆင်ပေးထားသည်။ ကျွန်ုပ်တို့ မြည်းစမ်းစားသုံးလျှင် အားပြည့်…
အမြစ်စွဲနေခြင်း
ယောရှမင်းသည် အဖွားဖြစ်သူ မိဖုရား အာသလိ၏ မကောင်းမှုလုပ်ရပ်များကို သိရသော အခါ စိတ်ရှုတ်ထွေးပြီး တုန်လှုပ်သွားမည် မလွဲပါ။ ယုဒထီးနန်းကို ဆက်ခံရန် ဖွားတော်က သူ့ ညီအစ်ကိုများကို သတ်ဖြတ်ခဲ့သည်။ လသားအရွယ် ယောရှလေးကိုမူ အဒေါ်နှင့်ဦးရီးတော်တို့က ၆ နှစ်တိုင် လုံခြုံစွာ ၀ှက်ထားခဲ့သည်။ သူငယ် ယောရှလေးသည် သူ့ကို ပြုစုစောင့်ရှောက်သူများ ၏မေတ္တာနှင့်သွန်သင်ဆုံးမမှုကို ခံယူခဲ့ရသည်။ ယောရှ ၇ နှစ်အရွယ်သာရှိချိန်တွင် သူ့ကို လျှို့ဝှက်စွာ ဘုရင်မြှောက်ပြီး သူ့အဖွားကို ဖယ်ရှား နန်းချခဲ့သည် (း၂၃း၁၂-၁၅)။
ဘုရင်ငယ်လေး ယောရှအနီး၌ ပညာနှင့် ပြည့်စုံသော အကြံပေး ဦးရီးတော်ယောယဒရှိသည်(၆ရာ ၂၂-၂၅)။ ယောရှမင်းသည် ရှားရှားပါးပါး ယုဒမင်းကောင်းများအနက်တစ်ပါးဖြစ်ပြီး သူ့ဦးရီးတော် အသက်ရှင်သမျှ ကာလပတ်လုံး တရားသောအမှုကိုပြုခြင်းဖြင့် ထာဝရဘုရားကို နာခံခဲ့သည်(၂၄း၂)။ သို့သော် သွန်သင်ဆုံးမသူ၊ လက်တွေ့ဦးဆောင်ပြသခဲ့သူ ဦးရီးတော် မရှိတော့သည့်နောက် တွင်…
သိမှတ်ခံရခြင်း
မိမိကို လူသိထင်ပေါ်လိုသောစိတ်နှင့် လူသိမည်ကို စိုးကြောက်သော စိတ်နှစ်ခုတို့မှာ ကျွန်ုပ်တို့၏ အကြီးမားဆုံးသော အတွင်းပဋိပက္ခ ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းခံရသော သတ္တ၀ါများအဖြစ် ကျွန်ုပ်တို့ကို ဘုရားသခင်သိသည်၊ အခြားသူများ လည်း သိသည်။ ကျွန်ုပ်တို့ လူသိခံရမည်။ သို့သော် လည်း ကျဆုံးပျက်စီးသော ဇာတိသဘောကြောင့် ကျွန်ုပ်တို့အားလုံးတွင် အပြစ်နှင့်အားနည်းချက်များ ရှိသည်။ ထိုအရာများကို လူသိမခံဝံ့ပါ။ ထို့ကြောင့် `ဘ၀၏အမှောင်ခြမ်း´ ဟူသည့် ဝေါဟာရကိုသုံးပြီး မိမိဘ၀ရှိ လျှို့ဝှက်ထားသောအရာများကို ၀ှက်ထား သည်။ တစ်ဖန် `အကောင်းဆုံးခြေလှမ်း လှမ်းပြပါ´ ဟူသည့် ဆောင်ပုဒ်ဖြင့် အခြားသူများအား သူတို့၏ အကောင်းဆုံးဖက်ကိုပြရန် အားပေးသည်။
လူသိမခံဝံ့ဖြစ်ရခြင်း အကြောင်းရင်းမှာ ငြင်းပယ်ခံရမှာ၊ ကဲ့ရဲ့ခံရမှာကို စိုးသောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို သိသည်၊ ချစ်သည်၊ အဆိုးဝါးဆုံး ပြစ်မှားမှု…
ကိုယ်တော့်အကြောင်း ပြောလိုလှ
နာမည်ရစာရေးဆရာ စတပ် တာကယ် က သူနောက်ရေးမည့်စာအုပ်အတွက် ခေါင်းစဉ် ရှာနေစဉ် သူ့မိတ်ဆွေတစ်ဦးက `သေခြင်း´ အကြောင်းကို အကြံပြုခဲ့သည်။ အစတွင် သူက တုံ့ဆိုင်းနေငြားလည်း တဖြည်းဖြည်းနှင့်အတွေးက အကောင်အထည် ပေါ်လာသည်။ နောက်ဆုံး အသက်ခြောက်ဆယ်အရွယ် သူ့ဇနီး ကွယ်လွန် သွားသောအခါ ပို၍ပင်အဓိပ္ပာယ် ရှိလာသည်။ ထို စာအုပ်မှာ ရှေ့မှာ ဘာဖြစ် လာမည်ကို သိလိုစိတ်၊ သူ ချစ်ရသူ မည်သည့် နေရာသို့ ရောက်ရှိသွားသည်ကို သိလိုစိတ်ဖြင့် ကိုယ်တိုင်စူးစမ်း ရှာဖွေထားသော စာအုပ် ဖြစ်သည်။ စာမျက်နှာတိုင်းက ယေရှုကို မိမိ ကိုယ်တိုင်ရှာဖွေမှု၊ ယုံကြည်ခြင်းခရီးကို လျှောက် လှမ်းစဉ် ကျွန်ုပ်တို့၌ရှိသည့် ထာဝရကာလနှင့်ဆိုင် သည့် မေးခွန်းများ၊ စိုးရိမ်မှုများကို သတိပေးလာ သည်။
ယေရှုကို ယုံကြည်လျှင် အပြစ်များ ခွင့်လွှတ်ပြီး၊ သေဆုံးပြီးနောက် ကိုယ်တော် နှင့်အတူ…
ဘုရားထံ အပ်နှံခြင်း
ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း မွေးဖွားသော မျိုးဆက်သစ်အတွက် အမျိုးသမီး သူရဲကောင်း ကော်ရီ တန်းဘွန်းက ဘုရားတရား ကြည်ညိုခြင်း၊ ဥာဏ်ရည်မြင့်မားခြင်း အမွေအနှစ် ကို ချန်ထားခဲ့ပါသည်။ သူသည် နယ်သာလန်ကို သိမ်းပိုက်ထားသော နာဇီတပ်၏ သားကောင်ဖြစ်ခဲ့ရ ပြီး ကြောက်မက်ဖွယ် နှိပ်စက်ခံရသည့်ကာလ၌ သူမ၏ ယုံကြည်ခြင်းနှင့် ဘုရားကိုအားကိုးခြင်း အကြောင်းကို ပြောပြရန် အလို့ငှာ အသက်ရှင်ကျန် ခဲ့သူဖြစ်သည်။
“ကျွန်မလက်ထဲမှာ အရာများစွာကို ကျွန်မ ဆုပ်ကိုင်ထားပြီး အားလုံးကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ဘုရားလက်ထဲ ထားခဲ့တဲ့အရာကိုတော့ ယနေ့ ထိတိုင် ပိုင်ဆိုင်ရဆဲ”ဟု ကော်ရီပြောခဲ့ဖူးသည်။
ကော်ရီသည် ဆုံးရှုံးမှုများနှင့် အကျွမ်းဝင်သူဖြစ်သည်။ မိသားစုကို ဆုံးရှုံးခဲ့ရ သည်။ ဥစ္စာပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။ မုန်းစရာကောင်းသူများကို မုန်းတီးခဲ့သည့် အချိန်များအားဖြင့် သူ့ဘ၀အချိန်နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ဘုရား၏ လက်တော်သို့ အရာခပ်သိမ်းကို…