ဆုတောင်းလိုသော စိတ်နှလုံးသား
လေယာဉ်ခရီးသွားစဉ် မိခင်ငယ်တစ်ဦးမှာ အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်အောင် သူ၏ ၄ နှစ်အရွယ်နှင့် ၂ နှစ်အရွယ် သမီးနှစ်ဦးကို ထိန်းရင်း အလုပ်ရှုတ်နေသည်။ ထိုစဉ် အင်တာကွန်းမှတဆင့် လေယာဉ်မှူး၏ အသံပေါ်လာရာ အငယ်မလေး ကက်သရင်းက ဆော့နေရင်းမှ ခေါင်းကိုအောက်သို့ ငိုက်ချလိုက် သည်။ လေယာဉ်မှူး၏အသံဆုံးသွားသောအခါ သူမက ‘အာမင်’ ဟု တိုးတိုးလေး ရေရွတ်လိုက် သည်။ မကြာမီက သဘာဝဘေးဒဏ်နှင့် ကြုံခဲ့ရခြင်း ကြောင့် လေယာဉ်မှူး ဆုတောင်းနေခြင်းဟု သူ ထင်သွားသည်။
ထိုကလေးမကဲ့သို့ပင် ကျွန်မအတွေး
များကို ဆုတောင်းခြင်းသို့ ဦးတည်စေသော နှလုံးသားကို လိုချင်မိသည်။ ဆာလံဆရာဒါဝိဒ်၌ ထိုနှလုံးသားမျိုးရှိခဲ့ကြောင်း ကျွန်မစဉ်းစားမိသည်။ ဆာလံ ၂၇ မှ အချက်များအရ ခက်ခဲသောရန်သူများကို ရင်ဆိုင်ရသောအခါ သူက “ကိုယ်တော်၏မျက်နှာတော်ကို ကျွန်ုပ်ရှာဖွေပါမည်” (း၈)ဟုဆိုသည်။ အချို့က…
အပြစ်တင်တမ်း ကစားပွဲ
ဂျင်းနီ၏ ခင်ပွန်းက သူ့ကိုစွန့်ပြီး နောက်အိမ်ထောင်ပြုသွားရာ၊ ထို နောက်မိန်းမနှင့် ဘယ်တော့မှမတွေ့ရန် ဂျင်းနီ စိတ်ဖြတ်ထားသည်။ သို့သော် သူခံစားရသော ခါးသည်းမှုကြောင့် သား သမီးနှင့်ဖခင်တို့၏ဆက်ဆံရေး ထိခိုက်ပျက်စီးစေ သဖြင့် သူမပြောင်းလဲနိုင်သော အခြေအနေ၊ ခါးသည်းမှုကို အောင်နိုင်ရေး ပထမခြေလှမ်း လှမ်း နိုင်အောင် ဘုရားသခင်ထံမှမစမှု တောင်းခံခဲ့သည်။
ကမ္ဘာဦးကျမ်း ၁၀ တွင် ဘုရားသခင်က သားပေးမည်ဟု ကတိပေးထားသည့် ဇနီးမောင်နှံ အကြောင်း ဖော်ပြထားသည်။ စာရဲက ဘုရားသခင် ကတိထားသောသားကို ရမည်ဟု စိတ်နှလုံး အကြွင်းမဲ့မယုံသဖြင့် အာဗြံကို သူ့ကျွန်မဟာဂရနှင့် သားသမီးယူရန် အကြံပေးခဲ့သည်။ ကလေးမွေးလာ သောအခါ ဟာဂရက စာရဲကို မထီမဲ့မြင်ပြုသဖြင့် (က ၁၆း၃-၄) နာကျင် ခါးသည်းမှုကို စာရဲခံစားရတော့သည် (း၅-၆)။
ဟာဂရက ကျွန်မဖြစ်၍ မည်သည့်အခွင့်အရေးကိုမှ ရပိုင်ခွင့်မရှိသော်လည်း ရုပ်ခြည်းပင်…
သိမ်မွေ့နူးညံ့သောယေရှု
ဆရာကြီး ချားလ်စ် ၀က်စလီ (၁၇၀၇-၁၇၈၈)သည် မက်သဒစ် ဧ၀ံဂေလိဆရာတစ်ဦး ဖြစ်ပြီး ဓမ္မသီချင်းပေါင်း ၉၀၀၀ ကျော်နှင့် ကဗျာများ ရေးစပ်ခဲ့သည်။ “နှုတ်လျှာတစ်ထောင်ဖြင့် ချီးမွမ်း ခြင်းကျူး — O For a Thousand Tongues to Sing” ဓမ္မတေးမှာ အံ့မခန်းသော ချီးမွမ်းသီချင်းဖြစ်သည်။ သို့သော် ၁၇၄၂ ခုနှစ်က ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေ သည့် “နူးညံ့သိမ်မွေ့နှိမ့်ချသည့် ယေရှု — Gentle Jesus, Meek and Mild” ကဗျာမှာ ကလေးငယ်တစ်ဦး၏ တိတ်ဆိတ်သော ပဌာနာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အရိုးခံစိတ်၊ သာမန် ယုံကြည်ခြင်းလေးဖြင့် ကိုယ်တော်ကို မည်သို့ရှာဖွေ ရမည်ကို ရေးသားစပ်ဆိုထားသည်။
ချစ်မြတ်နိုးဖွယ်ယေရှု၊ သိမ်မွေ့သောသိုးငယ်၊
ကိုယ်တော်၏ကရုဏာ လက်တော်၌ ကျွန်ုပ်ရှိပေ။
ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း အကျွန်ုပ်ကို…
လုံးဝမစဉ်းစားတော့ပါ
ခရစ်တော်ကို ယုံကြည်ခါစက ကျွန်တော့်အသက်တာမှာ ကြိုတင်တွေးဆမှုများဖြင့် ၀န်လေးခဲ့သည်။ သခင်ယေရှု ပြန်လာသောအခါ ကျွန်တော့် အပြစ်များအားလုံးကို လူတိုင်းမြင်အောင် ပိတ်ကားကြီးပေါ် ထိုးပြမည်ဟု ထင်ခဲ့သည်။
သို့သော် ဘုရားသခင်က ကျွန်တော် အပြစ်များ တစ်ခုမကျန်ကို သတိမရကြောင်း ယခု ကျွန်တော်သိပြီ။ အပြစ်များအားလုံးကို အနက်ဆုံး ပင်လယ်ထဲ မြှုပ်နှံခဲ့ပြီး ဘယ်တော့မှ ပြန်လည် ဖော်ထုတ်စစ်ဆေးမှု မရှိတော့ပါ။
ဆရာမ အေမီကာ မိုက်ကယ်က ဤသို့ ရေးသားခဲ့သည်။ “မနေ့တစ်နေ့က ကျွန်မ၏အတိတ် အကြောင်းကို ၀မ်းနည်းစွာ ပြန်တွေးမိသည်။ အပြစ်များ၊ ပျက်ကွက်မှုများ၊ မဖြည့်ဆည်းနိုင်မှုများ စသည်ဖြင့် အကြောင်းမျိုးစုံလှသည်။ ဟေရှာ ၄၃း၂၄ကို ဖတ်ပြီး မိမိကိုယ်ကို မြင်လာသည်။ ‘သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကိုအမှုထမ်းစေပြီတကား၊ အဓမ္မမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။’ (း၂၄ -၂၅) တွင် မည့်သည့်ကွက်လပ်မှမရှိ တဆက်တည်း ဖြစ်ကြောင်းကို…
သူရဲကောင်းငယ်
ထောင်ထောင် မောင်းမောင်းနှင့် ရန်သူ ကြီးက ဧလာချိုင့်ဝှမ်းသို့ ဟန်ပါပါ လျှောက်လာ သည်။ အရပ်(၉)ပေမြင့်ပြီး သတ္တုစများစွာဖြင့် ပြုလုပ်ထားသော သူ့သံချပ်ကာအင်္ကျီက နေရောင် အောက်၌ တလက်လက် တောက်ပနေသည်။ သူ့လှံအရိုးတွင် ကြိုးတပ်ထားပြီး လေထဲ မြှောက်ကာ ပိုဝေးသော ပစ်မှတ်ကို ထိအောင် ပစ်နိုင်သည်။ ဂေါလျက်ကြီး မအောင်မြင် မနှိမ်နင်း နိုင်သည့်အရာ ရှိပုံမပေါ်။
သို့သော် ဒါဝိဒ်က ပိုကောင်းသော အရာကို သိထားသည်။ ဂေါလျက်က သူရဲကောင်း ပုံပေါက်ပြီး သူရဲကောင်းကဲ့သို့ ပြုမူစေကာမူ ဘုရားသခင်နှင့် နှိုင်းဆကြည့်ပါက သူသည် အသေးအမွှားသာဖြစ်သည်။ ဒါဝိဒ်သည် ဘုရားသခင်ကို မှန်ကန်စွာမြင်သောကြောင့် အခြေအနေမှန်ကို ပိုင်းခြားသိမြင်ခဲ့သည်။ သူသည် ဂေါလျက်အား ဘုရားသခင်၏ဗိုလ်ခြေတပ်ကို အံတုကြိမ်းမောင်းနေသူ အဖြစ်သာ မြင်သည် (၁ရာ ၁၇း၂၆)။ သူသည် သိုးထိန်းဝတ်စုံ၊ သိုးထိန်းတောင်ဝှေး၊ ကျောက်ခဲငါးလုံး၊ လောက်လွဲတစ်ခုဖြင့်သာ…
ကယ်တင်ရန် မွေးဖွားခြင်း
နယူးယော့ မြို့တော်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီး အမွှာမျှော်စင် ပြိုကျပျက်စီး ခဲ့ပြီးနောက် စင်သီယာ အော်တိုသည် ရှာဖွေ ကယ်ဆယ်ခြင်း လုပ်ငန်းအတွက် ခွေးများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူမသည် ခွေးစင်တာတစ်ခု ထူထောင်ပြီး ကပ်ဘေးအန္တရာယ်ကြုံရသည့် ဓားစာခံများကိုကူညီရန် ခွေးများကို အထူးလေ့ကျင့် သင်တန်းပေး ပြင်ဆင်သည်။
ဤကယ်ဆယ်ရေး သတ္တ၀ါလေးများနှင့် စပ်လျဉ်း၍ အော်တိုက “ယခုအခါ ခွေးများကို အသုံးချနိုင်သည့် ကိစ္စများစွာရှိနေပါပြီ။ ... သူတို့က အသက်ကယ်နိုင်ပါပြီ” ဟု မှတ်ချက်ပေးသည်။ တစ်နေ့တစ်ချိန်တွင် ဤခွေးများသည် အသက် အန္တရာယ်ကို ခြိမ်းခြောက်သောအခြေအနေကိုကြုံရသူများအတွက် ကြီးမားအရေးပါသော အထောက်အကူ ဖြစ်လာမည်ဟုဆိုသည်။ ၎င်းတို့သည် သူတစ်ပါးကို ကူညီကယ်တင်ရန် မွေးဖွားလာကြသည်။
မေရှိယသည် အပြစ်စီရင်ခြင်းဒဏ်မှ ကျွန်ုပ်တို့ကို ကယ်တင်ရန် လူ့ဇာတိခံ၍ မွေးဖွားလာသည်ဟု သမ္မာကျမ်းစာက…
အံ့ဖွယ်ပေးစာတစ်စောင်
တစ်ခါတစ်ရံတွင် ကျွန်တော်တို့ဇနီး မောင်နှံသည် စာတိုက်ပုံးမှ စာတစ်လုံးတစ်ပါဒမှ ရေးမထားသောစာကို လက်ခံရရှိသည်။ စာအိတ် ထဲရှိစာတွင် အရောင်စုံ ရေးခြစ်ထားသော ခြစ်ရာ များမှလွဲ၍ မည်သည့်စာလုံးမှမပါပါ။ ထိုစာက အခြား ပြည်နယ်တစ်ခု၌ နေထိုင်သောမူကြိုအရွယ် မြေးမလေးကေတီ ပို့လိုက်သောစာဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့၏ နှလုံးသားကို နွေးထွေးစေသည်။ စာတစ်လုံးမှ ရေးမထားသော်လည်း သူ ကျွန်တော် တို့ကိုချစ်ကြောင်း ကျွန်တော်တို့အကြောင်းတွေးပြီး သတိရနေကြောင်း ဤစာများက ပြောနေပါသည်။
ကျွန်ုပ်တို့ချစ်သောသူ၊ ကျွန်ုပ်တို့ကို ချစ်သောသူများထံမှ စာများကို ကျွန်ုပ်တို့ အားလုံး နှစ်သက်ကြသည်။ ထိုကြောင့် ကောင်းကင်ဘုံရှင်အဖ ခမည်းတော်က သမ္မာကျမ်းစာဟု ခေါ်သော စာတစ်စောင်ရေးပေးသည့်အတွက် ပို၍ အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ သမ္မာကျမ်းစာ၏တန်ဖိုးမှာ စာထဲမှစကားလုံးများ၏ တန်ခိုး၊ စိန်ခေါ်မှု၊ ဥာဏ်ပညာထက် သာလွန်ပါသည်။ အကြောင်းအရာ အဖြစ်အပျက်များ၊ သွန်သင်မှုများ၊ လမ်းညွှန်မှုများအလယ်တွင် ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်ကြောင်း၊…
ပိုစမ်ဝက်ဝံလေး၏ ဟန်ဆောင်မှု
ပိုစမ် ၀က်ဝံလေးများသည် သေချင် ယောင်ဆောင်တတ်သည်ဟု ကျော်ကြားသည်။ ထိုသို့ သေချင်ယောင်ဆောင်စဉ် ၎င်း၏ခန္ဓာ ကိုယ်မှာ ပျော့ခွေသွားကာ လျှာထွက်လာပြီး နှလုံးခုန်နှုန်း နှေးသွားသည်။ (၁၅)မိနစ်ခန့် အကြာတွင် ထိုအကောင်လေးက ပြန်ရှင်ကာ ထလာတော့သည်။ စိတ်ဝင်စားဖွယ်ပင်။ ပိုစမ် ၀က်ဝံများသည် သားရဲတိရိ စ္ဆာန်ကြီးများ၏ ရန်ကို ရှောင်တိမ်းရန် တမင် သေချင်ယောင်ဆောင်ကြ ခြင်းဖြစ်သည်ဟု တိရိ စ္ဆာန်အကြောင်း ကျွမ်းကျင်သူ များက လက်မခံပါ။ ၎င်းတို့သည် အလွန်အမင်း စိတ်လှုပ်ရှားပြီး စိုးရိမ်တုန်လှုပ်ခြောက်ခြားပါက အလိုလိုသတိမေ့သွားသည်။
ရှောလုမင်းသည်လည်း သူ၏ဘုရင့်သက်တမ်းကုန်ခါနီးအချိန်တွင် အန္တရာယ် ကြုံရသောအခါ ထိုနည်းတူတုံ့ပြန်ခဲ့သည်။ “ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲ နေ၍ ... အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့်တစ်ညဥ့်လုံး အဘယ်အစာကိုမျှမစားဘဲ နေသောကြောင့် အားကုန်ပြီ” (၁ ရာ ၂၈း၂၀)။ နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့ ဣသရေလ တို့ကို…
ဘာကို စိုက်မလဲ
ကျွန်မတက်ခဲ့သော တက္ကသိုလ်၏ နာရီစင်ထိပ်တွင် “မျိုးကြဲသူ ” ဟု ကမ္ဗည်းထိုးထား သော အနုပညာလက်ရာမြောက်သည့် ရုပ်တုတစ်ခု ရှိသည်။ ရုပ်ထုအောက်ခြေတွင် ဂလာတိ ၆း၇ မှ “လူသည် မျိုးစေ့ကြဲသည်အတိုင်း ” ဟူသည့် ကျမ်းစာသားကို ရေးထိုးထားသည်။ မီရှီဂန် ပြည်နယ်တက္ကသိုလ်မှာ စိုက်ပျိုးရေး သုတေသန လုပ်ငန်း၌ ထိပ်ဆုံးတွင် ဦးဆောင်နေသော်လည်း၊ လယ်ယာစိုက်ပျိုးရေး နည်းပညာနှင့် ကောက်နှံ ထုတ်လုပ်မှုတို့ မည်မျှပင် ဖွံ့ဖြိုးတိုးတက်နေလည်း “ပြောင်းစေ့မှပဲများသီးအောင်မလုပ်နိုင်သေးပါ”။
ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ပြောကြားရှင်းပြရာတွင် သခင်ယေရှု သည် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဥပမာအလင်္ကာများစွာကို အသုံးပြုခဲ့သည်။ မျိုးကြဲသူ ဥပမာတွင် (မာ ၄) ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကွဲပြားသောမြေ အမျိုးမျိုးပေါ်သို့ ကျသောမျိုးစေ့နှင့် ခိုင်းနှိုင်းထားပါသည်။ ပုံဥပမာတွင် ဖော်ပြထားသည့် အတိုင်း မျိုးကြဲသူက အပင်ပေါက်လာမည်မဟုတ်သည့် မြေပေါ်သို့ အစေ့အချို့ကျမည်ကို သိထားနှင့်လည်း…
သခင်၌ ဘုန်းတော်တိုးစေ ကျွန်ုပ်၌ နည်းစေ
အသင်းတော်တစ်ခု၏ သင်းအုပ်အဖြစ် စပြီး အမှုတော်ထမ်းဆောင်စက သမီးဖြစ်သူ လစ်ဘီက ကျွန်တော့်အား “ဖေဖေ သမီးတို့တွေက နာမည်ကျော်တွေလား ” ဟုမေးခဲ့သည်။ ကျွန်တော် က “နာမည်ကျော်တွေမဟုတ်ပါဘူး” ဟုပြန်ဖြေ သော် သူက ခဏလေး စဉ်းစားလိုက်ပြီးမှ “ဒါဆို သမီးတို့အကြောင်းကို လူတွေပို ပိုသိလာရင် ကျော်ကြားမှာပေါ့” ဟု မကျေမနပ်ပြောခဲ့ပါသည်။
သနားစရာ လစ်ဘီလေးပါ။ ခုနှစ်နှစ် အရွယ်မျှသာရှိသေးသော်လည်း မည်သူက ကျွန်ုပ် တို့ကို အသိအမှတ်ပြုလဲ၊ ကိုယ်ရထိုက်သည်ဟု တွေးထားသည့် အသိအမှတ်ပြုမှုကို ကျွန်ုပ်တို့ရပြီလား စသည်ဖြင့် ဘ၀တစ်လျှောက် လူအများစုက ရုန်းကန် ရင်ဆိုင်ရသည့်အမှုနှင့် သူလည်း ရုန်းကန် ရပြီ။
ကျွန်ုပ်တို့ အဓိက အာရုံပြုရမည့် သခင် ယေရှုနေရာကို အသိအမှတ်ပြုခံလိုသည့်ဆန္ဒဖြင့် အစားထိုးခြင်းမဟုတ်ပါက ပြဿနာ မရှိပါ။ သို့သော် မိမိ၏အမှုအရာ၌သာ စီးမျောအာရုံစိုက်နေခြင်းက ကိုယ်တော်ကို အဓိကနေရာမှ ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
အသက်တာ၌…