အမျိုးအစား  |  odb

ကျွန်ုပ်ကို သီချင်းဆိုခွင့်ပေးပါ

ကျွန်တော့် သူငယ်ချင်းကို သူ့မိခင် နေကောင်းရဲ့လားဟုမေးရာ သူက မိခင်ကြီးမှာ ဦးနှောက်ထိခိုက်မှုဒဏ်ကြောင့် နာမည်များစွာနှင့် အတိတ်မှ ဖြစ်ရပ်တို့ကို မေ့ကုန်ကြောင်း၊ “ဒါပေမဲ့ စန္ဒရားရှေ့ထိုင်ပြီး ဂီတသံပုံစာရွက်မပါဘဲ ဓမ္မတေး သီချင်းတွေကို ကောင်းကောင်း အလွတ်တီးနိုင်တုန်းပဲ” ဟုဆက်ပြောသည်။
လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)က ပလေတို နှင့် အရစ်စတိုတယ် တို့က နှစ်သိမ့်စောင်မမှု ဖြစ်စေသော၊ ရောဂါသက်သာ ပျောက်ကင်းစေသော ဂီတအစွမ်းအကြောင်းကို ရေးသားခဲ့သည်။ သို့သော် ဂီတအစွမ်းအကြောင်း ပလေတိုတို့၏ မရေးသားမီ ရာစုနှစ်များစွာကတည်း ကပင် သမ္မာကျမ်းစာမှတ်တမ်းက သီချင်းများဖြင့် စီးဝင် ပျော်ဝင်ပြီးသားပါ။
ရှေးဦးစွာ “စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သူအပေါင်းတို့၏အဘ ဆရာယုဗလ” (က ၄း၂၁)ဟုဖော်ပြချက်မှအစ “ဘုရားသခင်၏ ကျွန်မောရှေ၏သီချင်းနှင့် သိုးသူငယ်၏ သီချင်းကိုသီဆိုသူ ” တို့အထိ (ဗျာ ၁၅း၃)၊ သမ္မာကျမ်းစာ၏ စာမျက်နှာများမှာ ဂီတသံများဖြင့် မြည်ဟီးနေသည်။ ဆာလံကျမ်းကို…

ကိုယ်တော်နှင့်အတူထာဝရ

(၁၈၅၉)ခုနှစ် အခြေအနေ ရှုပ်ထွေးကာ သဘောထား ကွဲလွဲနေချိန် အမေရိကန် ပြည်တွင်း စစ်ကြိုကာလအတွင်း  သမ္မတ အေဘရာဟံ လင်ကွန်း မှာ ၀စ်ကွန်စင်ပြည်နယ် မီလ်ဝါးကီမြို့ရှိ တောင်သူလယ်သမားများအား မိန့်ခွန်းပြောကြား ရန် အခွင့်အရေး ရခဲ့သည်။ မိန့်ခွန်းပြောကြားရာ၌ သမ္မတကြီးက “အခြေအနေတိုင်း၌ အမြဲတမ်း မှန်ကန်ပြီး သင့်လျော်အဆင်ပြေမည့် ၀ါကျ တစ်ကြောင်း” လိုက်ရှာသည့် ရှေးမင်းမျိုးမင်းနွယ် တစ်ဦးအကြောင်း ပုံပြင်ကိုပြောပြခဲ့သည်။ သူ၏ ပညာရှိများက ဤခေါင်းစားလှသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပြီး အဆုံး၌ “ဤအရာသည်လည်း လွန်သွား ကွယ်ပျောက်လိမ့်မည် ” ဟူသောဝါကျကို ပေးခဲ့သည်။ တရွေ့ရွေ့နှင့် ဆိုးသထက်ဆိုးလာ သည့် လက်ရှိကျွန်ုပ်တို့၏ကမ္ဘာကြီး၌ ဤအချက်က အကြွင်းမဲ့မှန်ကန်ပေ၏။ ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာကြီးတွင်သာမက ရေတွက်သတ်မှတ်ပြီးသားဖြစ်သည့် ကျွန်ုပ်တို့၏ ဘ၀တွင်လည်း ဤအမှန်တရားကို တွေ့ကြုံရသည်။ ရှင်ယာကုပ်က “သင်တို့ အသက်သည်…

ဟောင်သောခြင်္သေ့

တိရိစ္ဆာန်ရုံရှိ “အာဖရိက ခြင်္သေ့” က မဟိန်းဘဲ ဟောင်နေခြင်းကြောင့် သွားရောက် ကြည့်ရှုလည်ပတ်သူများ အလွန်အံ့သြသွားသည်။ တိရိစ္ဆာန်ရုံဝန်ထမ်းများက  ခြင်္သေ့အစစ်ကို မ၀ယ် နိုင်၍ တိဗက်ခွေး အကောင်ကြီးမျိုးကို ခြင်္သေ့ ကဲ့သို့ ရုပ်ဖျက်ထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ပြောနေစရာပင်မလို၊ တိရိစ္ဆာန်ရုံ၏နံမည်ပျက်မည် မလွဲပါ။ တိရိစ္ဆာန်ရုံသို့ သွားလည်သင့် မသင့် လူတို့ အကြိမ်ကြိမ် စဉ်းစားကြမည်ပင်။
ဂုဏ်အသရေ ဆိုသည်က ထိခိုက် ပျက်စီးလွယ်သည်။ တစ်ကြိမ်နံမည်ပျက်ဖူးလျှင် ပြန်ကောင်းလာရန် ခဲယဉ်းသည်။ တန်ခိုးအာဏာ၊ အဆင့်အတန်း၊ အကျိုးအမြတ် စသည့်ပလ္လင်ထက်တွင် မိမိ၏ကောင်းသတင်းအသရေကို လူတို့စတေးကြခြင်းက အဆန်းမဟုတ်တော့ပါ။ ကျွန်ုပ်တို့၏သမိုင်းလည်း ထိုသို့ဖြစ်နိုင် သည်။ “ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏” ဟု ကျမ်းစာက တိုက်တွန်းထားသည် (သု ၂၂း၁)။ မိမိ၏ပိုင်ဆိုင်မှုစည်းစိမ်အားဖြင့် မဟုတ်ဘဲ၊ မိမိသည် မည်ကဲ့သို့သောသူဖြစ်သည်ဟူသည့်  မိမိ၏ဖြစ်တည်မှုအပေါ်၌သာ စစ်မှန်သောတန်ဖိုးကို ထားရှိရမည်ဟု…

ရှေ့ဆက်သွားရန် မျှော်လင့်ခြင်း

ဆိုလာစွမ်းအင်သုံး လေယာဉ်ပျံသည်  လောင်စာစက်သုံးဆီ မလိုဘဲ နေ့ရော ညပါ ပျံသန်း နိုင်သည်။ တီထွင်သူ ဘာထြန် ပိကာ့ဒ် (Bertrand Piccard)နှင့် အင်ဒရီ ဘော့ခ်ျဘာ့ဂ် (Andre Borschberg)တို့က ၂၀၁၅ ခုနှစ်တွင် ကမ္ဘာကို ပတ်၍ ပျံသန်းနိုင်မည်ဟု  မျှော်လင့်ထားကြသည်။ နေရောင်ခြည်စွမ်းအားဖြင့် တစ်နေကုန်လေယာဉ် ပျံသန်းစဉ် ညအချိန်၌ ပျံသန်းရန် လိုအပ်သော စွမ်းအင်ကို တစ်ချိန်တည်းမှာ လုံလောက်စွာ စုဆောင်းပေးသွားသည်။ “နောက်တစ်နေ့ နေထွက်ချိန်မှာ ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ခြင်း ယူဆောင်လာပေးတယ်” ဟု ပိကာ့ဒ် ကပြောသည်။
နေထွက်လာချိန်တွင်  မျှော်လင့်ခြင်း ယူဆောင်လာပေးသည် ဆိုသောအချက်က ယနေ့ ဖတ်ရန် ကျမ်းပိုဒ်ဖြစ်သော ယေရမိမြည်တမ်း စကား (၃) ကို ဆင်ခြင်မိစေသည်။ “အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရား သည်…

အသိအမှတ်လေးပင် မပြု

ယာဉ်ကြောက ကြပ်လွန်းလှသည်။ နေ့လည်ခင်း အပူရှိန်ကြောင့် လူတိုင်း စိတ်မရှည် နိုင်ဖြစ်နေသည်။  စားသောက်ဆိုင် ယာဉ်ကြောမှ လူငယ်နှစ်ဦးပါသည့်ကားက လမ်းမကြီးထဲဝင်ရန် စောင့်ဆိုင်းနေသည်။ ကျွန်တော့်အရှေ့ရှိ ကားက ထိုလူငယ်တို့၏ကားကို ယာဉ်ကြောပေးလိုက်သည့် အတွက် “ကောင်းလိုက်တာ” ဟု တွေးမိသည်။
သို့သော် ထို “သဘောကောင်းသည့် ယာဉ်မောင်း”က ခေါင်းညိတ်လက်ပြပြီး အသိမှတ်ပြု မခံရသည့်အခါ ရုပ်ဆိုး အကျည်းတန်သည့်ဖက်သို့ ပြောင်းသွားသည်။ ပထမတွင် ကားပြတင်းမှန်ချကာ သူလမ်းပေးလိုက်သည့်ကားကို လှမ်းအော်သည်။ ထို့နောက် သူ့ကားကို အရှိန်အမြင့်ဆုံးတင်ပြီး ထို ကားကို ၀င်ကြုံးမည့်အလား တစ်ရှိန်ထိုးမောင်းကာ  ဟွန်းတီးရင်း အော်ဟစ်ကြိမ်းမောင်းရင်း သူ့ဒေါသကို တရစပ်သွန်ချလိုက်သည်။
မည်သူက “ပိုပြီးမှား” သနည်း။ ကျေးဇူးကိုမသိတတ်သည့် လူငယ်များကြောင့် သဘောကောင်းသည့် ယာဉ်မောင်းက ဒေါသဖြင့်တုံ့ပြန်မိသည်ဟု စောဒကတတ်ရမည် လား။ သူ့ကိုကျေးဇူးတင်သင့်ပါသလား။
သခင်ယေရှု ပျောက်ကင်းချမ်းသာပေးလိုက်သည့် လူနူ(၁၀)ဦးမှာ ကိုယ်တော့်ကို…

ကျွန်ုပ်ကို မမေ့လျော့ပါ

ဘယ်အချိန်မဆို စောင့်ဆိုင်းရသည့် အမှုမှာ ခက်ခဲပါသည်။  နေ့လရက်တို့ ကုန်လွန် သွားသည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းများလည်း အဖြေမရ၊ ဘုရားသခင် ကျွန်ုပ်တို့ကို မေ့လျော့ သွားပြီဟု လွယ်လင့်တကူ ခံစားရတတ်သည်။ နေ့အချိန်ကိုဖြင့် လုပ်စရာများလုပ်ရင်း ရုန်းကန် ကျော်ဖြတ်သွားနိုင်သော်လည်း ညအချိန်၌ပူပန်စရာ အတွေးများနှင့် ရင်ဆိုင်ရသည်မှာ နှစ်ဆခက်သည်။  စိုးရိမ်ပူပန်စရာများ ကြီးမားလှပြီး ညအမှောင် ကလည်း မဆုံးနိုင်တော့ပြီ။ လုံးဝပူပန်နေခြင်းက  နေ့သစ်ကို ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင်ပြီဟု အတွေးဝင်စေသည်။
ဆာလံဆရာလည်း စောင့်ဆိုင်းရင်း ပူပင်စရာများ များလာသည် (ဆာ ၁၃း၁)။ သူ့ ရန်သူများက အထက်စီးမှအနိုင်ရနေသယောင် (း၂)။ ခက်ခဲသည့် အခြေအနေများကို ဖြေရှင်းပေးရန် (သို့) ထပ်တလဲလဲ တောင်းလျှောက်နေသည့် ဆုတောင်းချက်အဖြေရရန် ဘုရားသခင်ကို စောင့်ဆိုင်းနေရစဉ် အလွယ်တကူပင် စိတ်အားလျော့တတ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို မေ့လျော့သွားပြီ။ စိုးရိမ်ပူပန်စရာများလည်း ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်…

ကျွန်ုပ်ကို မမေ့လျော့ပါ

ဘယ်အချိန်မဆို စောင့်ဆိုင်းရသည့် အမှုမှာ ခက်ခဲပါသည်။  နေ့လရက်တို့ ကုန်လွန် သွားသည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းများလည်း အဖြေမရ၊ ဘုရားသခင် ကျွန်ုပ်တို့ကို မေ့လျော့ သွားပြီဟု လွယ်လင့်တကူ ခံစားရတတ်သည်။ နေ့အချိန်ကိုဖြင့် လုပ်စရာများလုပ်ရင်း ရုန်းကန် ကျော်ဖြတ်သွားနိုင်သော်လည်း ညအချိန်၌ပူပန်စရာ အတွေးများနှင့် ရင်ဆိုင်ရသည်မှာ နှစ်ဆခက်သည်။  စိုးရိမ်ပူပန်စရာများ ကြီးမားလှပြီး ညအမှောင် ကလည်း မဆုံးနိုင်တော့ပြီ။ လုံးဝပူပန်နေခြင်းက  နေ့သစ်ကို ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင်ပြီဟု အတွေးဝင်စေသည်။
ဆာလံဆရာလည်း စောင့်ဆိုင်းရင်း ပူပင်စရာများ များလာသည် (ဆာ ၁၃း၁)။ သူ့ ရန်သူများက အထက်စီးမှအနိုင်ရနေသယောင် (း၂)။ ခက်ခဲသည့် အခြေအနေများကို ဖြေရှင်းပေးရန် (သို့) ထပ်တလဲလဲ တောင်းလျှောက်နေသည့် ဆုတောင်းချက်အဖြေရရန် ဘုရားသခင်ကို စောင့်ဆိုင်းနေရစဉ် အလွယ်တကူပင် စိတ်အားလျော့တတ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို မေ့လျော့သွားပြီ။ စိုးရိမ်ပူပန်စရာများလည်း ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်…

အဆုံးစွန် စွန့်လွှတ်ပေးဆပ်မှု

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ  Sunshui မြစ်ထဲ၌ လူများအသက်လုကူးခပ်နေရသည်ကို Deng Jinjie တွေ့သောအခါ သူကျော်မသွားပါ။ သူရဲကောင်းဆန်ဆန် ရေထဲခုန်ချပြီး မိသားစုဝင် လေးဦးကို ကယ်တင်ခဲ့သည်။ သို့သော် သူရေထဲ၌ ကျန်နေဆဲမှာ ထိုမိသားစုက ထွက်ခွာသွားသည်။ ခြေကုန်လက်ပန်းကျပြီး မောနေသည့် Jinjie မှာ ရေစီး၌ မျောပါသွားကာ ဝမ်းနည်းဖွယ် ရေနစ် သေဆုံးသွားသည်။
အပြစ်ဒုစရိုက်၌ ကျွန်ုပ်တို့ နစ်မြုပ်နေစဉ် ယေရှုခရစ်တော်က ကယ်မကယ်တင်ရန် အသက် ပေးခဲ့သည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် သူဆင်းကြွ လာခြင်းဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်ကာ ကျွန်ုပ်တို့ကို လုံခြုံရာသို့ ပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ပြစ်မှားလွန်ကျူးမှုများအတွက် အပြစ်ဒဏ်စီရင်ခြင်း ကို ခံယူကာ ကားတိုင်ပေါ်၌ အသေခံခဲ့သည် (၁ပေ ၂း၂၄)။ ထို့နောက် သုံးရက်မြောက်နေ့၌ ထမြောက်ရှင်ပြန်ခဲ့သည်။ ကျမ်းစာမှလည်း `ခရစ်တော်သည် ငါတို့အဘို့အလိုငှာ အသက်တော်ကို…

ဝင်ရောက်ဖြေရှင်းခြင်း

ကျွန်တော်တို့၏ ကားဂိုဒေါင် အနားကွပ်များကို ရှဥ့်လေးတစ်ကောင်က လာ ကိုက်ဖြတ်ဖျက်ဆီးသဖြင့် ၎င်းကို အရှင်ဖမ်းရန် ထောင်ချောက်တစ်ခုဝယ်လိုက်သည်။ မိလျှင် ၎င်းကို ပန်းခြံထဲသွားလွှတ်ရန် စိတ်ကူးလျက် ထောင်ချောက်ထဲအစာများထည့်ပြီး ထောင်လိုက် သည်။ နောက်တစ်နေ့မနက်တွင် သတ္တဝါလေး တစ်ကောင်မိနေသည်။ သို့သော် ရှဥ့်မဟုတ်ဘဲ ရန်သူကိုတွေ့လျှင် အနံ့ဆိုးများပန်းထုတ်သည့် နံစော်ဖျံအကောင်ဖြစ်နေသည်။
ဤတွင် အနံ့ဆိုးများ မိမိအပေါ်  မကျဘဲ ၎င်းကို ပြန်လွှတ်ရန် နည်းလမ်းများကို အွန်လိုင်းမှ ရှာကြည့်ရာ  မိမိကိုယ်ကို ကာကွယ် ထားရမည့် သတိပေးချက်များက လွန်လွန်းသည်။ ပလတ်စတစ်အိတ်၊ လက်အိတ်၊ အမိုးအကာ ဖျင်ထည်၊ စောင်၊ ရေမဝင်မျက်မှန်တို့ လိုအပ်သည်။ အန္တရာယ်များပြီး မလွယ်ပါ။
သို့သော် ကျွန်တော့်သားမက် Ewing က ဝင်ရောက်ဖြေရှင်းပေးသည်။ သူက ထောင်ချောက်တံခါးကို ဖွင့်ပေးလိုက်ပြီး ထွက်လာသော နံစော်ဖျံကို ပန်းရေလောင်းသည့် ရေပိုက်မှတစ်ဆင့် ရေဖြန်းပြီး…

ဝန်ဆောင်မှုသဘောတူညီချက်

သင် ကျွန်ုပ်နှင့်တူလျှင် အွန်လိုင်းမှ ပေးသော ဝန်ဆောင်မှု နှစ်ဦးနှစ်ဖက် သဘောတူ ညီချက် အပြည့်အစုံကို သင်မဖတ်ဘဲ သဘောတူ ကြောင်း ပြောလိုက်မည်။ စာမျက်နှာများစွာနှင့် ရေးသားထားပြီး ဥပဒေစကားအသုံးအနှုန်းများကို ကျွန်မလို  သာမန်လူများ နားမလည်နိုင်ပါ။
ထို့ကြောင့် အာဖရိကမှ မိတ်ဆွေတစ်ဦး က အွန်လိုင်းဆော့ဖ်ဝဲ ဝန်ဆောင်မှုတစ်ခုအကြောင်း အသိပေးလာ၍ ကျွန်မ  အံ့ဩသွားရသည်။ ထို ဝန်ဆောင်မှုသဘောတူညီချက်တွင် စာများစွာ ရေးပြီး တားမြစ်ထားသော အချက်အလက်များ ရေးသားထားခြင်း မဟုတ်ဘဲ ကောင်းကျိုးအလို့ငှာ ဆော့ဖ်ဝဲကိုအသုံးပြုရန် လူတို့ကို ကောင်းချီးမင်္ဂလာ တစ်ခုဖြင့် တိုက်တွန်းကာ အသုံးပြုခွင့် ပေးထားသည်။
`ဆိုးညစ်တာမလုပ်ဘဲ ကောင်းတာ လုပ်နိုင်ပါစေ။ မိမိကိုယ်တိုင်ခွင့်လွှတ်ခံရပြီး သူတစ်ပါးကို ခွင့်လွှတ်ကြပါ။ အချည်အနှောင်မပါဘဲ ပေးကမ်းမျှဝေပါ။ သင်ပေးတာထက် ပိုပြီး ပြန်မယူပါနှင့်´ဟု ရေးသားထားသည်။
ပထမတော့ အံ့သြသွားသည်။`ဝန်ဆောင်မှုသဘောတူညီချက်များကို တရားဝင်မှတ်တမ်းမှတ်ရာများအဖြစ် မဟုတ်ဘဲ…