နှိမ့်ချခြင်းသဏ္ဌာန်
ရှင်ပြန်ထမြောက်ခြင်း အီစတာကာလ အတောအတွင်း ကျွန်တော်တို့ဇနီးမောင်နှံသည် အသင်းတော်တစ်ခု၌ သွားရောက်ဝတ်ပြုရာ၊ ထို အသင်းတော်၌ ပါဝင်သူများက ကားတင်သတ်ခြင်း မခံရမီညက သခင်ယေရှုနှင့် တပည့်တော်များ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ကြိုးစား သရုပ်ဖော်ကြသည်ကို မြင်တွေ့ခဲ့ရသည်။ ဝတ်ပြု စည်းဝေးနေစဉ်အတွင်း အသင်းတော်လူကြီးများက အသင်းတော်၌ လုပ်အားပေးပါဝင်သူများ၏ခြေကို ဆေးပေးကြသည်။ ကျွန်တော်တို့ခေတ်တွင် အခြားသူ၏ ခြေကိုဆေးပေးခြင်းနှင့် မိမိခြေကို ဆေးခွင့်ပေးခြင်းတွင် မည်သည်က ပို၍ နှိမ့်ချခြင်း သဘောဆောင်သနည်းဟု ကျွန်တော် အတွေးဝင် မိသည်။ အစေခံသူရော၊ အပြုစုခံသူရော နှစ်ဦး စလုံးသည် နှိမ့်ချခြင်း သဏ္ဌာန်ကို ထင်ရှားစွာပြသနေသည်။
ယေရှုနှင့်တပည့်တော်များ (နောက်ဆုံးညစာ) ပသခါပွဲခံစဉ် သခင်က နှိမ့်ချသော အစေခံသဏ္ဌာန်ဆောင်ကာ တပည့်တော်များ၏ခြေကို ဆေးခဲ့သည်။ (ယော ၁၃း၁-၂၀)။ သို့သော် ပေတရုက ငြင်းပြီး`ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်း ဆေးတော်မမူရ´ ဟုလျှောက်၏။…
ဘဝ၏ အမှောင်မိုက်ဆုံးအချိန်များ ၃ရာ ၁၉း၁-၈
ချားလ်စ် ဝစ်တယ်စီ သည် သူရဲကောင်းတို့၏ သူရဲထိပ်ခေါင်ဖြစ်သည်။ ပထမ ကမ္ဘာစစ်အတွင်းက `Lost Battalion´ ဟု ခေါ်သည့်တပ်ကို သူဦးဆောင်ခဲ့ရပြီးတိုက်ပွဲ တစ်ခု၌ ၎င်း၏တပ်ဖွဲ့မှာ ရန်သူနယ်၌ပိတ်မိ ကျန်ရစ်ခဲ့သည်။ ၎င်းတိုက်ပွဲ၌ ထူးချွန်ပြောင်မြောက်စွာ တိုက်ခိုက် နိုင်ခဲ့၍ ဂုဏ်ထူးဆောင် သူရဘွဲ့တံဆိပ်ချီးမြှင့်ခံခဲ့ ရသည်။ အညတရ စစ်သည်တော်များ၏ စစ်သင်္ချိုင်းကို ဖွင့်လှစ်သောအခါ ထိုသင်္ချိုင်း၌ ပထမဆုံး မြှုပ်နှံသည့် စစ်သည်၏ခေါင်းတလားကို ထမ်းရန် ချားလ်စ် ရွေးချယ်ခံခဲ့ရသည်။ နှစ်ပတ်ကြာ ပြီးနောက် သူသည် စစ်သင်္ဘောတစ်စီးပေါ်မှ သမုဒ္ဒရာထဲ ခုန်ဆင်းပြီး သူ့ကိုယ်သူအဆုံးစီရင်ကာ သူ့ဘဝကို အဆုံးသတ်ခဲ့သည်ဟု ယူဆကြသည်။
ပရောဖက် ဧလိယနည်းတူ ချားလ်စ် သည် လူရှေ့၌ ကြံ့ခိုင်သည့်ပုံပေါ်သော် လည်း ဆိတ်ငြိမ်ရာ လူ့မြင်ကွင်းနောက်ကွယ်၌ စိတ်ပျက်အားလျော့မှုကို ခံစားနေရသည်။ ယနေ့ မျက်မှောက်ခေတ်တွင် လူတို့သည် မိမိတို့ဘာသာရင်ဆိုင်ဖြေရှင်းနိုင်သည်ထက် ကြီးမား…
ဝိညာဉ်ရေး လမ်းခရီး
Dava Sobel ရေးသားသည့်
Longitude - လောင်ဂျီတွဒ် ဟူသည့် စာပေဆုရ စာအုပ်တွင် ရှေးကနဦးခေတ်က သင်္ဘောသားတို့ ကြုံရသည့် အခက်ပြဿနာများကို ရေးသားထား သည်။ ရေကြောင်း ခရီးသွားစဉ် နေ့တာအရှည်နှင့် နေအမြင့်ကိုကြည့်ပြီး အီကွေတာ၏ မြောက် လတ္တီတွဒ် (သို့) တောင်လတ္တီတွဒ်ကို သတ်မှတ် သိရှိနိုင်သည်။ သို့သော် နာရီပြုလုပ်သူ အင်္ဂလိပ်လူမျိုး ဂျွန် ဟာရီစင် မှ ခရိုနိုမီတာ ရေကြောင်းပြကိရိယာကို မတီထွင်မီအထိ အရှေ့ အနောက် လောင်ဂျီတွဒ်များ တွက်ချက်ရာ၌ ရှုတ်ထွေးပြီး စိတ်မချရပါ။ ဆိပ်ကမ်းမှသင်္ဘော ရောက်ရှိနေသည့်နေရာ မည်မျှပင် ဝေးလံစေဦး တော့ ခရိုနိုမီတာ ကိရိယာက ထွက်ခွာလာသည့်ဆိပ်ကမ်း၏အချိန်မှန်ကို ပြသနေမည် ဖြစ်သည်။ ဤသို့ဖြင့် လောင်ဂျီတွဒ်ကို တွက်ချက် သိနိုင်တော့သည်။
ဘဝပင်လယ်၌ ခရီးသွားလာရာတွင် ကျွန်ုပ်တို့စိတ်ချယုံကြည်ရသည့် ဝိညာဉ်ရေး လမ်းညွှန်-…
စောင့်နေရုံမျှမက
သင်တို့၏အရပ်ဒေသ၌ ဘယ်လိုမျိုး ဆိုသည်ကို ကျွန်မ မသိပါ။ သို့သော် ကျွန်မတို့ဒေသ၌ ပစ္စည်းတစ်ခုပြုပြင်ရန် ကုမ္ပဏီကို ဖုန်းဆက် အကြောင်းကြားလျှင် "စက်ပြင်ဆရာက နေ့ခင်း ၁း၀၀ နဲ့ ၅း၀၀ နာရီကြားမှာ ရောက်လာပါမယ်" ဟု ဖြေကြားသည်။ စက်ပြင်ဆရာ ရောက်လာ မည့်အချိန်ကို အတိအကျမသိရ၍ စောင့်ဆိုင်းရုံသာ ရှိတော့သည်။
သခင်ယေရှုက သူ့နောက်လိုက်များကို မကြာမြင့်မီတွင် သူတို့ကို ထားခဲ့မည်။ သူတို့က လည်း သခင့်ပြန်အလာကို "တစ်ခဏ" စောင့်ဆိုင်းရန် လိုကြောင်း မိန့်ကြားခဲ့သည် (ယော ၁၆း၁၆)။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူ့နောက်လိုက် များက သခင့်ကို တစ်ဖန် မြင်ရကြပြီး လောက၌ နိုင်ငံတော်တည်ထောင်မည်ဟု ထိုအချိန်က သူတို့ မျှော်လင့်ထားခဲ့သည်။ သို့သော် သခင်ဘုရားက "ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော် မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ" ဟုမိန့်ကြားခဲ့သည် (တ…
မှတ်ဉာဏ်ဆုံးရှုံးခြင်း
တစ်ခါတစ်ရံ အခက်ပြဿနာကြုံရ ချိန်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိမှတ်ဉာဏ် ပျောက်ဆုံးပြီး ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို မေ့လျော့တတ်သည်။ သို့သော် ကျေးဇူးတင်တတ် သောစိတ်ကို ပြန်လည်ရရှိရန် အကောင်းဆုံး နည်းလမ်းမှာ အာရုံလွှဲ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ကာ ယခင်က ဘုရားသခင်၏မစ ပေးသနားမှုများကို အချိန်ယူ ပြန်လည်ဆင်ခြင် သတိရပြီး ကျေးဇူးတော်ချီးမွမ်းရန်ပင်ဖြစ်သည်။
မိမိတို့သည် ပူပြင်းခြောက်သွေ့သည့် သဲကန္တာရထဲ ရောက်ရှိနေကြောင်း ဣသရေလ လူတို့ သိရှိလိုက်ရသောအခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးပြုခဲ့ခြင်းကို သတိမရ၊ မေ့နေသည်။ အဲဂုတ္တု ပြည်သို့ပြန်ကာ ထိုပြည်၏ အစားအသောက်များကို စားသောက်ရလျှင် ကောင်းလေစွဟု တောင့်တသည် (ထွ ၁၆း၂-၃)။ တစ်ဖန် ရေမရှိ၍ မြည်တွန် ညည်းညူပြန်သည်(၁၇း၂)။ ကျွန်ဘဝမှ လွတ်မြောက်စေခဲ့သည့် ဘုရားသခင်၏ ကြီးမားသော လုပ်ဆောင်ပေးမှုတို့ကို မေ့လျော့သည်။ စည်းစိမ်ပစ္စည်းဥစ္စာများနှင့် ကိုယ်တော် မည်ကဲ့သို့…
အမိုက်မှောင်ကို တားဆီးကာကွယ်
J.R.R Tolkien ရေးသားသော " The Hobbit" စာအုပ်တွင် မှော်ဆရာကြီးဂန်းဒေါ့ဖ်က ရန်သူလူဆိုးများကို တိုက်ခိုက်ရာတွင် လူပုများနှင့် အဖော်ပြုလိုက်ပါရန် ဒဏ္ဍာရီလူပု ဘေးဘို ကို ရွေးချယ်ရသည့်အကြောင်းကို ရှင်းပြသည်။ "အမှောင်လောကကို ကြီးမားတဲ့တန်ခိုးအစွမ်း ကသာ ထိန်းချုပ်တားဆီးနိုင်တယ်လို့ စာရုမင်းက ယုံကြည်ပေမယ့် ကျုပ်တွေ့လာတာကတော့ ရိုးရိုး သာမန်လူသားတွေ နေ့ရက်စဉ်တိုင်းမှာပြုတဲ့ သနားကရုဏာမေတ္တာ အမှုလေးတွေက အမှောင် လောကကို တားဆီးကာကွယ်နိုင်တယ်ဆိုတာပဲ။" ဟု သူပြောခဲ့သည်။
၎င်းကို သခင်ယေရှုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်ပင်။ မှောင်မိုက်သောခေတ်ကာလ တွင် ကျွန်ုပ်တို့ ရှင်သန်လှုပ်ရှားရမည့်အကြောင်း သတိပေးလျက် ယေရှုအားဖြင့် ကျွန်ုပ်တို့သည် "လောက၏အလင်း" ဖြစ်ကြောင်းကို အမှတ်ရစေ သည် (မ ၅း၁၄)။ ထို့အပြင် ကျွန်ုပ်တို့၏ ကောင်းသောအကျင့်များမှာ အမှောင်ကို တွန်းလှန် နိုင်သောအစွမ်းတန်ခိုးဖြစ်ပြီး ဘုရား၏ ဘုန်းတော်ထင်ရှားမည်ဖြစ်သည်(း၁၆)။ ပြင်းစွာ…
ချစ်မေတ္တာဖြင့် နေထိုင်သက်ရှင်ပါ
ကျွန်ုပ်၏ မိတ်ဆွေ ရော့ဇန်(Roxanne) နေထိုင်သော အာဖရိက၌ ရေသည် အလွန်အဖိုး တန်သည်။ မသန့်စင်သော ချောင်းငယ်လေးမှ ရေကိုရရှိရန် လူတို့ခရီးဝေးနှင်ကြရသည်။ ထိုရေကို သောက်သုံးပြီး ကျန်းမာရေးထိခိုက်သည်။ အသက် ဆုံးရှုံးရသည်။ ရေမရှိသဖြင့်၊ ရေရှားသဖြင့် မိဘမဲ့ ဂေဟာများ၊ အသင်းတော်များကဲ့သို့သော အဖွဲ့ အစည်းများအတွက် အစေခံလုပ်ငန်း လုပ်ဆောင် ရန် ခက်ခဲလှသည်။ သို့သော်လည်း ယင်းအခြေ အနေက စတင်ပြောင်းလဲလာပါပြီ။
ရော့ဇန် ကမကထပြုပြီးအသင်းတော်မှ နှစ်လိုဖွယ်ကောင်းသူများ၏ ကိုယ်ကျိုးမငဲ့သော မေတ္တာပြအကူငွေများဖြင့် သန့်စင်ကြည်လင်သော ရေတွင်းရေကန်များ တူးပေးနိုင်ခဲ့သည်။ ယခုတွင် အနည်းဆုံး ရေတွင်း ခြောက် တွင်းမှ ရေကို ထုတ်ယူ သုံးစွဲလာနိုင်ပြီး အသင်းတော်များသည်လည်း မျှော်လင့်ခြင်းကိုပေးသော၊ အားပေးမစသည့်အချက်အခြာနေရာများ ဖြစ်လာသည်။ ထိုသို့ ရေရရှိလာ၍၊ ကျန်းမာရေးစင်တာတစ်ခုနှင့် မိဘမဲ့ကလေးပေါင်း ၇၀၀ အတွက် ခိုလှုံရာ ဂေဟာတစ်ခုကိုလည်း…
လှုပ်ရှားရုန်းကန်နေသူအတွက် စကားတစ်ခွန်း
`သင်ဝါးနိုင်သည်ထက်ပိုပြီး ပါးစပ်ထဲ မထည့်ပါနှင့်´ ဟုဆိုသော ရှေးဆိုရိုးတစ်ခုရှိသည်။ မိမိ ကိုင်တွယ်နိုင်သည်ထက်ပိုပြီး တာဝန်မယူခြင်း က ပညာရှိပေသည်။ သို့သော် တစ်ခါ တစ်ရံ၌ မိမိ ဆောင်ရွက်မည်ဟု သဘောတူ လက်ခံလိုက်သည့် အလုပ်က တာဝန်ကြီးပြီး၊ ခက်ခဲကြောင်း ခံစားရ ချက်များ လွှမ်းမိုးနေတတ်သည်။
ခရစ်တော်နှင့်အတူ လျှောက်လှမ်း သော ယုံကြည်ခြင်း လမ်းခရီး၌ပင် ဘုရားသခင်ထံ ဆက်ကပ်ထားမှုက ထမ်းရွက်ရန်ကြီးမားလွန်းသည့် ဝန်ဟုထင်မြင်မိသည့် အဖြစ်မျိုးကြုံဆုံနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ရဲရင့်စိတ်၊ စိတ်ချမှုတို့ယိမ်းယိုင် သွားချိန်တွင် ဘုရားသခင်က ကျွန်ုပ်တို့ အတွက် အားပေးစကားဆိုပါသည်။
ဟေဗြဲသြဝါဒစာရေးသူက ယုံကြည်သူများအား သူတို့၏ ယုံကြည်စကာလ အချိန်က ပြခဲ့သော ရဲရင့်ခြင်းသတ္တိကို ပြန်လည်သတိရ အောက်မေ့ရန် တိုက်တွန်းသည်။ (၁၀း၃၂-၃၃)။ အများ၏ပြစ်တင်ကဲ့ရဲ့မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကိုမမှုဘဲ အကျဉ်းကျ သော ယုံကြည်သူများကို သူတို့ကူညီခဲ့သည်။ သူတို့အပိုင်ပစ္စည်းများ သိမ်းပိုက်လုယူ…
ကျွန်ုပ်တို့၏ အုတ်မြစ်
ဂျာမဏီနိုင်ငံ နော်လင်ဂျန် မြို့တော် သည် တစ်မူထူးခြားသည်။ ၎င်းသည် `ရိုင်း ကရေတာ´ ခေါ် ရှေးပဝေသဏီကပင် ကြီးမားသော ဥက္ကာခဲ၏ဖိအားကြောင့် ဖြစ်ပေါ်လာ သော ကြီးမားသော ချိုင့်ခွက်ဝိုင်းကြီးပေါ် တည်ရှိ သည်။ ထိုချိုင့်ခွက်တွင် အလွန်ကြီးမားသောဖိအား ကြောင့် ထူးခြားသော ကျောက်သလင်းနှင့် သေးနုပ်သော စိန်ပွင့်သန်းပေါင်းများစွာ ပေါ်ထွက်ခဲ့ သည်။ ၁၃ ရာစုနှစ်က ဤအစက်အပြောက် ပါသောကျောက်များဖြင့် စိန့်ဂျော့ဂျက် ဘုရားဝတ်ပြု ကျောင်းကို ဆောက်လုပ်ခဲ့သည်။ လာရောက် လည်ပတ်သူများသည် လှပသောကျောက်သလင်း များနှင့်စိန်ပွင့်များကို ဘုရားကျောင်း၏အုတ်မြစ်နှင့် နံရံများတွင် တွေ့နိုင်သည်။ အချို့က ၎င်းကို ကောင်းကင်ဘုံ၏ အုတ်မြစ်ဟု ပင်ဆိုကြပေမည်။
သမ္မာကျမ်းစာ၌ အခြားသောကောင်းကင်ဘုံအုတ်မြစ်အကြောင်းကို ဖော်ပြ ထားသည်။ သခင်ယေရှုသည် ကောင်းကင်မှကမ္ဘာလောကသို့ ကြွဆင်းတော်မူ၏ (ယော ၃း၁၃)။ ကိုယ်တော်အသေခံပြီးရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပြန်ကြွတော်မူသောအခါ…
သခင့်နောက်လိုက်ခြင်း
ကျွန်မအိမ်အနီးဝန်းကျင်၌ ခွေးပြပွဲ တစ်ခုကျင်းပရာ ခွေးလေးထရီဗာ၏ တင်ဆက်မှုကို ကြည့်ခဲ့ရသည်။ သူ့သခင်အမိန့်ပေးလျှင် ကိုက် အတော် ဝေးဝေးပြေးပြီး ချက်ချင်းပြန်လာသည်။ စည်းရိုးများကို ခုန်ကျော်သည်။ အနံ့ခံ၍ အရာဝတ္ထု များကို ခွဲခြားပြသည်။ လေ့ကျင့်ခန်းတစ်ခုစီ ပြီးဆုံး သွားသောအခါ သခင့်ခြေရင်းတွင်ထိုင်ကာ ဘာ ထပ်ခိုင်း ဦးမလဲဟု စောင့်ဆိုင်းနေသည်။
သခင်၏ညွှန်ကြားချက်ကို `ထရီဗာ´ အလေးထား ဂရုစိုက်သကဲ့သို့ ဣသရေလလူတို့ တော၌ လှည့်လည်ရစဉ် ထိုကဲ့သို့ အလေးထား နာခံမှုမျိုးကို ဘုရားသခင် လိုလားခဲ့ကြောင်း ကျွန်မ သတိရမိသည်။ ကိုယ်တော်က သူမတူအောင် ၎င်းတို့ကို ဦးဆောင်ခဲ့သည်။ သူရှိခြင်းကို မိုးတိမ် အားဖြင့် ထင်ရှားစေသည်။ မိုးတိမ်အပေါ်သို့ ကြွလျှင် အခြားတစ်နေရာသို့ သွားရန်ဖြစ်ပြီး၊ မိုးတိမ်သက်ဆင်းတည်နေလျှင် ရောက်သည့်နေရာ၌ အခြေချရပ်တန့်ရန်ဖြစ်သည်။ `ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရားအမိန့်တော် အတိုင်းလည်း ခရီးသွား…