အမျိုးအစား  |  odb

ဖြောင့်မတ်သောလက်မ

အာဖရိက ရိုးရာပုံပြင်တစ်ပုဒ်တွင် လက်ဖဝါးတစ်ဖက်၌ လက်လေးချောင်းနှင့်လက်မ တစ်ချောင်းတို့သည် အတူတကွနေထိုင်ကြပြီး ၎င်းတို့သည် ခွဲမရသောမိတ်ဆွေများဖြစ်သည်။ တစ်နေ့တွင်   ရွှေလက်စွပ်တစ်ကွင်း ကျနေရာ လက်စွပ်ခိုးရန် ပူးပေါင်းကြံစည်ကြ၏။ လက်မက ၎င်းသည် မမှန်သောလုပ်ရပ်ဖြစ်၍ သူတို့ကို တားသော်လည်း ကျန်လက်လေးချောင်းက လက်မသည် သူ့ကိုယ်သူ ဖြောင့်မတ်သည်ဟု ထင်ကာ သတ္တိကြောင်သူ ဟုဆို၍ မိတ်ဆွေအဖြစ်မှ ရပ်စဲခဲ့သည်။ သူတို့၏မကောင်းမှုနှင့် မပတ်သက် လိုသော လက်မက မမှုပါ။ ထို့ကြောင့် လက်ဖဝါးတစ်ဖက်စီ၌ လက်မသည် ယနေ့တိုင် အခြားလက်ချောင်းများမှခွာ၍ တသီးတခြားတည်ရှိသည်ဟု ဒဏ္ဍာရီက ဆိုသည်။
တစ်ခါတစ်ရံ မကောင်းမှုဒုစရိုက်များ ဝန်းရံလျက်ရှိသောနေရာတွင် အသက်ရှင် နေထိုင်ရစဉ် မိမိတစ်ဦးတည်းသာ သီးခြားရပ်တည်နေသည်ဟု ခံစားရနိုင်ကြောင်း ဤပုံပြင်က သတိပေး၏။  နောဧလက်ထက်၌ ကမ္ဘာမြေသည် ဘုရားသခင်၏ ရှေ့တော်၌ ပုပ်စပ်လျက် အဓမ္မအမှုနှင့်ပြည့်ဝကာ လူတို့သည် ဘုရားသခင်အား ပြစ်မှား၍ စိတ်နှလုံး…

ပေါင်းရခက်သူများ

`God in the Dock´ စာအုပ်တွင် စာရေးဆရာကြီး စီ အက်စ် လူးဝစ် က ကျွန်တော် တို့၏ ပေါင်းသင်း ဆက်ဆံရေးတွင် ကြုံတွေ့ရသော ပေါင်းရခက်သည့် လူများအကြောင်း ရေးသားထား သည်။ တစ်ကိုယ်ကောင်းစိတ်၊ ဒေါသစိတ်၊ မနာလို ဝန်တိုစိတ်နှင့် နားလည်ရခက်သောစိတ်ထားများ ကြောင့် ပေါင်းသင်းဆက်ဆံရေး၌ အဟန့်အတား ဖြစ်စေသည်။ `ဒီလို ပေါင်းသင်းရခက်တဲ့လူတွေနဲ့ မပတ်သက်၊ မဆက်ဆံရရင် ဘဝက ပိုအဆင်ပြေ မှာ´ ဟုရံဖန်ရံခါ ကျွန်တော်တို့ တွေးမိသည်။
ထိုမှတစ်ဖန် ၎င်းစိတ်ပျက်စရာ များသည် ဘုရားက ကျွန်တော်တို့ကို နေ့စဉ် သည်းခံရသည့် အရာများဖြစ်ကြောင်း ဆရာက  ပြန်ထောက်ပြသည်။ `ခင်ဗျားတို့လည်း ဒီလို လူစားမျိုးတွေပါပဲ။ ခင်ဗျားတို့ဆီမှာလည်း ဒီလို ဆိုးတဲ့အပြစ်တွေ၊ အားနည်းချက်တွေ ရှိနေတာပဲ။ အခြားသူတွေရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေက ခင်ဗျားတို့ကြောင့် …

တစ်စုံတစ်ယောက် သီချင်းဆိုနေလား

ကမ္ဘာမြေပြင်အထက် မိုင်(၂၀၀) အကွာရှိ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ  အာကာသစခန်း စီမံကွပ်ကဲသူ ကနေဒါ လူမျိုး  အာကာသယာဉ်မှူး ခရစ်ဟတ်ဖီးသည် မြေပြင်ရှိ စတူဒီယိုခန်းတွင် ကျောင်းသူကျောင်းသားတစ်စု တို့နှင့်အတူ သီချင်းဆိုခဲ့သည်။ ဟတ်ဖီးနှင့် အက်ဒ် ရောဘတ်ဆန် တို့ပူးတွဲ ရေးသားသည့် `Is Somebody Singing´ သီချင်းကို အတူဆိုကြခြင်းပါ။
`ဤအထက်မိုးမြင့်မှပင် နယ်စည်းများ မခြားနိုင်´ ဟူသည့် သီချင်းစာသားကို ကျွန်မသတိပြု မိသည်။ နိုင်ငံလိုက်၊ လူမျိုးလိုက်၊ အတွေးအခေါ် လိုက်၍ တစ်ဦးနှင့်တစ်ဦးကြား ခွဲခြားကာ စည်း ဘောင်ခတ်ကြလည်း ဘုရားသခင်က  ထိုကွဲပြားမှု ကို မကြည့်မမြင်ကြောင်း ထိုသီချင်းက သတိပေး သည်။ ဘုရားသခင်အတွက် အရေးကြီးသော အချက်မှာ ကိုယ်တော်ကိုချစ်ရန်နှင့် အချင်းချင်း မေတ္တာထားရန်သာဖြစ်သည် (မာ ၁၂း၃၀-၃၁)။
ကိုယ်တော်သည် ချစ်သောအဘကဲ့သို့ မိသားစု တစ်လုံးတစ်စည်းတည်း ဖြစ်ရေးကို…

ကျိုးပဲ့သော်လည်း လှပေ၏

မကြာမီက သမီးသည် သူစုဆောင်း ထားသော ပင်လယ်အလှဖန်ထည်ပစ္စည်းလေး များကို ကျွန်မအားပြခဲ့သည်။ အရောင်သွေး စုံလင်ပြီး လှပသောထိုပစ္စည်းလေးများကို ပင်လယ် ကမ်းခြေမှ ကောက်ယူစုဆောင်းထားခြင်း ဖြစ်သည်။   ဖန်အိုး၊ ဖန်ပုလင်းကွဲ အပိုင်းအစများမှာ  အမျိုးအစားပေါင်း စုံလင်လှသည်။ ထိုပစ္စည်းများ သည် ယခင်က အသုံးဝင်ခဲ့မည်ဖြစ်သော်လည်း နောက်ပိုင်း အသုံးမလိုတော့၍ စွန့်ပစ်ခံရသော ကြောင့် ကျိုးပဲ့ပျက်စီးသွားခြင်းဖြစ်မည်။
ထိုဖန်ထည် အကျိုးအပဲ့များကို  ပင်လယ်တွင်း စွန့်ပစ်သော် ၎င်းတို့၏ခရီးစဉ် အစပြုခြင်းသာဖြစ်၏။ ၎င်းတို့သည် ကြမ်းတမ်းသော ရေစီးကြောင်းများနှင့် ဒီရေလှိုင်းလုံးများကြောင့် အရှိန်နှင့်မျောပါစဉ် သဲနှင့်လှိုင်းလုံးများ၏ ရိုက်ခတ်တိုက်စားမှုတို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့၏အချွန်အထက်များက ညီညာချောမွတ်လုံးဝန်း လှပသောပစ္စည်းလေးများဖြစ်လာ သည်။ ပင်လယ်ရတနာကဲ့သို့ အသွင်သစ်၊ ပုံစံသစ်ဖြင့် လှပနေသော ထိုဖန်ထည်ပစ္စည်းများ ကို ပစ္စည်းစုဆောင်းသူများနှင့်လက်မှုပညာရှင်များက အမြတ်တနိုးတန်ဖိုးထားကြသည်။
ထိုကဲ့သို့ပင် ကျိုးပဲ့ကြေမွနေသော ဘဝအသက်တာတစ်ခုသည် ဘုရားသခင်၏ မေတ္တာနှင့်ကရုဏာအားဖြင့် တို့ထိခံရပါက…

ချည်နှောင်မှုမှ လွတ်မြောက်ခြင်း

ကုန်းနေသတ္တဝါများတွင် ဆင်သည် အကြီးဆုံးနှင့်အားအကြီးဆုံးဖြစ်သည်။ သို့ရာတွင် ဆင်တစ်ကောင် ယဉ်ပါးအောင် ထိန်းချုပ်ရန် ခိုင်ခံ့သော ကြိုးတစ်ချောင်းသာလိုသည်။ မည်သို့ နည်းဟူမူကား ဆင်ပေါက်လေးအရွယ်၌ ၎င်းကို သစ်ပင်ကြီးတစ်ပင်တွင် ကြိုးဖြင့် ခိုင်ခိုင်ချည်ထား ရမည်။  ၎င်းသည် လွတ်မြောက်ရန် သီတင်းပတ် ပေါင်းများစွာ အကြိမ်ကြိမ် ကြိုးစားရုန်းကန်မည်။  သို့သော် မရ။  နောက်ဆုံး မလွတ်နိုင်မှန်းသိ၍  ဆင်ကလေး တဖြည်းဖြည်း လက်လျှော့သွားမည်။
ထိုဆင်ပေါက်လေး   အရွယ်ရောက်လာ သောအခါ ထိုချည်နှောင်မှုမှ လွတ်အောင် မကြိုးစား တော့ပါ။  ကြိုးစားကြည့်စဉ် အဟန့်အတားကြောင့် လက်လျော့လိုက်ခြင်းဖြစ်သည်။ သူသည်တုပ်နှောင် ခံရဆဲ၊ ထိုအခြေအနေမှ လွတ်အောင် မဖောက်ထွက်နိုင်၊ မရုန်းနိုင်ဟု ထင်မှတ်နေဆဲပါ။
စာတန်သည်လည်း  ကျွန်ုပ်တို့ကို အပြစ်တရားအောက်၌ ဆက်လက် ဖမ်းချုပ် ထားရန်  အလားတူ လှည့်စားနိုင်သည်။ `ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်း မကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည်…

ကျွန်ုပ်တို့သိသင့်သမျှ

အဆိုတော်  ဖာနန်ဒို အော်တီဂါက `ရှိသည့်အတိုင်း ကုသိုလ်မရှိ´ ဟူသည့် ဓမ္မတေး သီဆိုနေစဉ် နာမည်ကျော်သာသနာပြု ဆရာကြီး ဘီလီဂရေဟမ်၏ နောက်ခံစကားပြောသံကိုကြားရ ပါသည်။ ဆရာကြီးက ယခင်က သူသည် ပြင်းထန်စွာ နေမကောင်းဖြစ်ခဲ့ပြီး သူသေတော့မည်ဟုပင် ထင်ခဲ့ ကြောင်း၊ ထိုအချိန်တွင် သူ့ဘဝအသက်တာကို ပြန်ပြောင်းစဉ်းစားရာ သူသည် အပြစ်များသူဖြစ်ပြီး ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို နေ့စဉ်လိုအပ် ကြောင်း သိခဲ့ရသည် ဟုဆိုသည်။
ဘုရားသခင်နှင့် ဝေးကွာနေလည်း ဘဝက အဆင်ပြေပါသည်ဟူသော ခံယူချက်ကို ဆရာကြီး ဘီလီဂရေဟမ် က  အဆုံးသတ်လိုက်ခြင်း တည်း။ မိမိကိုယ်ကို အဆင်ပြေသည်ဟု ခံစားရသည်တွင် ကျွန်ုပ်တို့သည် သားကောင်း သမီးကောင်းများ ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ (ရော ၇း၁၈) အလွန်အချစ်ခံရသည့် ဘုရားသားသမီးများဖြစ်ခြင်းကြောင့် (ယော ၃း၁၆) ထိုသို့ စိတ်ချမှုရှိခြင်းသာဖြစ်သင့်သည်။
ခရစ်တော်၏…

အတူခံစားရသော ချစ်ခင်ရင်းနှီးမှု

ကျွန်တော့်ဖို့ဒ်ကား တံခါးသော့ပျက်ပြီး ဖွင့်မရသောကြောင့် သော့ပြင်ဆရာခေါ်ပြင်ရာ  အံ့ဩဝမ်းသာစရာ အဖြစ်တစ်ခုကို ကျွန်တော် ကြုံတွေ့ခဲ့သည်။ သော့ပြင်ဆရာက ကားတံခါး ပြန်ပြင်ပေးခဲ့ပြီးနောက် သူနှင့်ထွေရာလေးပါး စကားစမြည်ပြောဆိုကြရာ သူ၏နွေးထွေးဖော်ရွေ သော စကားပြောဆိုဟန်ကို ကျွန်တော် ရင်းရင်း နှီးနှီး သတိပြုမိခဲ့သည်။
ကျွန်တော့်ကို ကူညီခဲ့သည့်သော့ပြင် ဆရာသည် ကျွန်တော် မကြာခဏ သွားရောက် လေ့ရှိပြီး ကျွန်တော် နှစ်သက်သဘောကျသော ဂျမေးကား နိုင်ငံမှဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် စိတ်ညစ်စရာအဖြစ်က စိတ်ပျော်စရာ အခြေအနေသို့ ပြောင်းသွားသည်။ ကျွန်တော်တို့နှစ်ဦး၌ ထိုလှပသော ကျွန်းနိုင်ငံလေးကို ချစ်မြတ်နိုးစိတ်ရှိနေပုံ တူသောကြောင့် အတူခံစားရရှိသော ချစ်ခင်ရင်းနှီးမှုရှိသွားသည်။
တစ်စုံတစ်ယောက်နှင့် စတင်ရင်းနှီးခွင့်ရပြီး သူသည် ခရစ်တော်ကို ယုံကြည်သူ ဖြစ်ကြောင်းသိရပါက ယုံကြည်သူချင်း ထိုသို့ခင်မင်ရင်းနှီးခွင့်ရ၍ ဝမ်းမြောက်မှုခံစား ရကြောင်း ထိုအတွေ့အကြုံက ကျွန်တော့်အတွက် သတိပေးချက်ဖြစ်သည်။
ယုံကြည်သူအများအပြားရှိသည့် နေရာ၌ ဤကဲ့သို့သော…

ကျေးဇူးတော်ကြွယ်ဝသည့်နေရာ

အမေရိကန်ပြည်ထောင်စု၊ တန်နက်စီ ပြည်နယ်၊ မန်မ်ဖစ်ဒေသရှိ ကျေးဇူးတော်ကြွယ်ဝ သည့် စံအိမ်ကြီး (The Graceland Mansion) သည် လူအများလာရောက်လည်ပတ်ကြည့်ရှုသည့် နေရာတစ်နေရာဖြစ်သည်။ ၎င်းကို ၁၉၃၀ ပြည့်လွန် နှစ်များတွင် တည်ဆောက်ခဲ့ပြီး မူလပိုင်ရှင်၏ အဒေါ်ဖြစ်သူ ဂရေ့စ်၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ သည့်နောက်တွင် ၎င်းသည် ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ် ပရက်စလေ ၏ အိမ်အဖြစ် ထင်ရှားခဲ့သည်။
ကျေးဇူးတော် ကြွယ်ဝသည့်နေရာ (Graceland) ဟူသောအမည်ကို ကျွန်တော် နှစ်သက်သည်။ ဘုရားသခင်သည် ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပြီး ကိုယ်တော်နှင့် ဆိုင်သူအဖြစ် ကျွန်တော့်ကို ရွေးနုတ်လျက် ထိုအံ့ဖွယ်နေရာသို့ ပို့ဆောင်ပေးသည်။  ကိုယ်တော်သည် ကျွန်တော့်ကို အပြစ်ဒုစရိုက်အမှောင်ထုမှ ထုတ်ဆောင်ခဲ့ပြီး သူ၏ ကျေးဇူးကရုဏာ ကြွယ်ဝသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ရှင်ပေါလုက `တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ကျေးဇူးတော်၏အကျိုးသည် လူများတို့၌…

ခိုလှုံရာမြို့

ဩစတြေးလျနိုင်ငံရှိ မြို့တစ်မြို့သို့ ကျွန်တော်တို့ရောက်ရှိလာစဉ် မြို့အဝင်၌` ခိုလှုံခွင့် ရှာနေသူအားလုံးကို ကျွန်ုပ်တို့မြို့မှ ကြိုဆိုပါ၏´ ဟု ရေးသားထားသော ဆိုင်းဘုတ်က ဆီးကြိုနေ၏။ ထိုသို့ရေးထားပုံက ဓမ္မဟောင်းကျမ်းတွင် ဖော်ပြ ထားသော ခိုလှုံရာမြို့များနှင့် ဆင်တူနေသည်။ ဓမ္မဟောင်းခေတ်တွင် မရည်ရွယ်ဘဲ မတော်တဆ လူသတ်မှုကျူးလွန်မိသူများအား နေထိုင်ခိုလှုံခွင့် ပေးရန်နှင့် အကာအကွယ်ပေးရန် ခိုလှုံရာမြို့များ တည်ဆောက်ခဲ့ကြသည်။ ထိုသို့ မှီခိုရာမြို့များ တည်ဆောက်ရန် ဘုရားသခင်က မိမိလူများကို စေခိုင်းခဲ့သည် (တော ၃၅း၆)။
သို့သော် ထိုအယူအဆက ရှေးခေတ် ဣသရေလလူတို့အတွက် သာမန်ကျင့်ဝတ်မျှသာ မဟုတ်ပါ။ ထိုမှီခိုရာမြို့များသည် လူသားများ အတွက် ဘုရားသခင်၏နှလုံးသားကို ထင်ဟပ် ဖော်ပြခဲ့သည်။ ဘဝ၏ဆုံးရှုံးမှုများ၊ နှလုံးသား နာကျင်ကြေကွဲမှုများနှင့် အရှုံးများ ခံစားရစဉ် ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့ ပြေးဝင်ခိုလှုံရာ ငြိမ်ဝပ်ရာနေရာဖြစ်လိုသည်။ `အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်း…

ရှိသည့်အတိုင်းပင်

ဂီတပဒေသာပွဲတွင် အဖွဲ့ခေါင်းဆောင် က သူတို့တင်ဆက်မည့်သီချင်း `Just As I Am´ ကို မိတ်ဆက်ပေးရာ ကျွန်မအတွေး၌ အမှတ်တရ ချိုချိုများပြည့်လျှံသွားသည်။ လွန်ခဲ့သောနှစ်များစွာ က ကျွန်မတို့၏သင်းအုပ်ဆရာက တရားဟော အပြီး၊ ကျွန်မတို့က ဤတေးသီချင်းကို သီဆို နေစဉ် ဆရာက မိမိတို့ကျူးလွန်သော အပြစ်များ အတွက် ခရစ်တော်ပေးသော ခွင့်လွှတ်ခြင်းကို လက်ခံယူလိုကြောင်း ပြသသည့်အနေဖြင့် ရှေ့သို့ ထွက်လာရန် လူများကို ဖိတ်ခေါ်စမြဲဖြစ်သည်။
သို့သော် ယခုတွင် တေးဂီတအဖွဲ့ ခေါင်းဆောင်က ကျွန်မတို့ ဤတေးကိုသီဆိုရန် သင့်လျော်သော အခြားအချိန်တစ်ချိန် အကြောင်း ကို ဆင်ခြင်စရာအချက်တစ်ချက်အဖြစ် အကြံပြု ဝေငှသည်။ သူ့အနေနှင့် တစ်နေ့တွင်  သူကွယ်လွန်ပြီး သခင့်ကို ဖူးတွေ့ရချိန်တွင် ကိုယ်တော့်ကို ကျေးဇူးတင်လျက် ဤသီချင်းကို ချီးမွမ်းသီဆိုလိုကြောင်းဆိုသည်။

`ရှိသည့်အတိုင်း ကုသိုလ်မရှိ၊ ပြစ်မှားသူဖို့ သွေးတော်သွန်းပြီ။…