အမျိုးအစား  |  odb

သခင်အလိုတော်ရှိလျှင်

မော်လီသည် ဖခင်၏ အကူအညီရယူလို ပါသော်လည်း အကူအညီတောင်းရန် ကြောက်နေ သည်။ သူ့ဖခင်က ကွန်ပျူတာဖြင့် အလုပ်လုပ်နေ စဉ် အနှောင့်အယှက်ပေးခြင်းကို မကြိုက်သော ကြောင့်ပါ။ “အဖေ ငါ့ကို စိတ်ဆိုးလိမ့်မယ်”ဟု တွေး ကာ အဖေ့ထံမှ အကူအညီမတောင်းတော့ပါ။
သခင်ယေရှုထံ တိုးဝင်ချဉ်းကပ်ရာ၌ ထိုကဲ့သို့ ကြောက်ရွံ့စိုးရိမ်စရာမလိုပါ။ (မ ၈း၁-၄) တွင် နူနာစွဲသူတစ်ဦးသည် သူလိုအပ်သောအရာ အတွက် တွန့်ဆုတ်ဆိုင်းငံ့မနေဘဲ သခင်ယေရှုထံ တိုးဝင်တောင်းလျှောက်ခဲ့သည်။ သူ့ရောဂါကြောင့် သူစိတ်ပျက်အားလျော့နေသည်။ ထို့ပြင် လူ့အသိုင်း အဝိုင်းမှ ဖယ်ကြဉ်ခံရ၍ စိတ်ဒဏ်ရာရပြီး သောကရောက်နေသည်။ သခင်ယေရှုက မြောက်မြားစွာသောလူအုပ်ကြား၌ အလုပ်များနေရာ၊ ထိုလူနူသည် လူအုပ်ကြားမှသခင့်ထံ အရောက်သွားခဲ့ပြီး မိမိပြောလိုသောအရာကို တောင်းလျှောက်ခဲ့သည်။
ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ထိုလူနူသည် သခင့်ထံသွား၍ ပျပ်ဝပ်ကိုးကွယ်ခဲ့ ကြောင်း ဖော်ပြထားသည်။ သခင်၏အစွမ်းတန်ခိုးကို ယုံကြည်လျက်၊ မစတာ၊ မမစတာ…

နောက်ကျသွားပြီ

စာသင်နှစ်တိုင်းလိုလို ဖြစ်နေကျ ကိစ္စ တစ်ခု။ မောင်မယ်သစ်လွင် ပထမနှစ်ကျောင်းသား များအား စာအရေးအသား ဘာသာရပ်အတွက် စာရေးတင်ရမည့်စာစဉ်(assignment)များပြီးမှသာ အတန်းအောင်မည်ဟု ကျွန်တော် မကြာခဏ ပြောပါသော်လည်း၊ အချို့က ကျွန်တော့်စကားကို မယုံ၊ စာသင်နှစ် နောက်ဆုံးရက်ရောက်မှ စာမပြီးသည့်အကြောင်းပြချက်မျိုးစုံနှင့် ကသုတ်ကရက် ထိတ်ပြာစွာ အီးမေးပို့လာကြသည်။ “ဆောရီး ပဲကွယ်၊ နောက်ကျသွားပါပြီ၊ မင်းစာမေးပွဲ ကျပါတယ်” ဟု မပြောချင်သော်လည်း ထိုစကားကို ပြောရပါတော့သည်။
ပထမနှစ် ကျောင်းသားများအတွက် ကျောင်းလခ ဒေါ်လာနှစ်ထောင် အလကားဖြစ် သွားပြီဟု သဘောပေါက်လိုက်ရခြင်းက ဆိုးပါသည်။ သို့သော် ဘဝ၏နောက်ဆုံးသော၊ နောက်ဆုံးအချိန်၌ ရောက်ရှိလာမည့် အပြစ်ဒုစရိုက်နှင့် စပ်လျဉ်း၍ ဘုရားနှင့်ဆိုင်သောအမှုကို အလေးမထားခြင်းက ပို၍အရေးကြီးပါသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် မယုံကြည် မလက်ခံဘဲ သေဆုံးသွားသူသည် သခင်မပါသော ထာဝရကာလကို ရင်ဆိုင်ရမည်။
“သင်တို့ကို ငါအလျှင်းမသိ၊…

မုန်တိုင်းကြားက ခရစ်တော်ရှင်

အသက် ၂၇ နှစ်တွင် ပန်းချီဆရာ ‘ရမ်းဘရန့်’က (မာကု ၄)မှ အဖြစ်အပျက်ကို အခြေခံပြီး “ဂါလိလဲ မုန်တိုင်းထဲမှ ခရစ်တော်” ဟူသည့် ပန်းချီကားကို ရေးဆွဲခဲ့သည်။ သူ၏ တစ်မူထူးသည့် အလင်းအမှောင်အယူအဆနှင့် စုတ်ချက်လက်ရာက ပြင်းထန်သောမုန်တိုင်းကြား ပျက်စီးခြင်းဘေး ရောက်တော့မည့် လှေငယ်လေး သဏ္ဌာန်က အထင်းသားပေါ်လွင်နေသည်။ တပည့်တော်များက လှိုင်းလေကြား ရုန်းကန်နေ ရပြီး သခင်ယေရှုကမူ ဘာမှမဖြစ် အေးဆေးပင်။ ထိုလှေ၌ (၁၃) ယောက်မြောက် တပည့်တော် တစ်ဦး ပါဝင်နေပြီး အနုပညာ ကျွမ်းကျင်သူ ပညာရှင်များက ၎င်းသည် ‘ရမ်းဘရန့်’နှင့် ဆင်တူ သည်ဟု ဆိုကြသည်။
တပည့်တော်များသည် ယေရှုမည်သူဖြစ်သည်၊ သူဘာပြုနိုင်သည်ကို ကောင်းကောင်း သဘောပေါက်သွားသည်ဟု ရှင်မာကုခရစ်ဝင်ကျမ်း၌ ဖော်ပြထားသည်။ နစ်မြုပ်လုနီးပါး လှေငယ်လေးကို ၎င်းတို့ ထိတ်ပြာစွာနှင့် ကြိုးစားထိန်းနေကြစဉ် ယေရှုက အိပ်ပျော်နေသည်။…

သံသယမေးခွန်းများ

အမေရိကန်ပြည်တွင်းစစ် ပြီးသည့် နောက်တွင် ယူနီယံတပ်မှဗိုလ်ချုပ် လျူ ဝေါလစ် သည် ရထားဖြင့်ခရီးသွားစဉ် ဗိုလ်ကြီး ရောဘတ် အင်ဂါစောလ် ဆိုသည့်ပုဂ္ဂိုလ်နှင့် ဆုံခဲ့ရသည်။ ဗိုလ်ကြီး အင်ဂါစောလ်သည် ၁၉ ရာစုခေတ် ၏ ထင်ရှားသော ဘုရားရှိလား၊ မရှိလား သံသယရှိသူဖြစ်ပြီး၊ ဗိုလ်ချုပ် ဝေါလစ်  မှာမူ ယုံကြည်သူ ဖြစ်သည်။ ၎င်းတို့နှစ်ဦး စကားစမြည် ပြောကြရင်း ၎င်းတို့၏ ယုံကြည်ခံယူချက် ခြားနား သည့် အကြောင်းရောက်လာသည်။ ဗိုလ်ကြီး မေးလာသည့် မေးခွန်းများ၊ သံသယဖြစ်ဖွယ် အချက်များကို ဗိုလ်ချုပ်က သူ မဖြေနိုင်ကြောင်း သိ သည်။ မိမိ၏ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ သေချာ ဂဃနဏမသိသည့် သူ့အဖြစ်ကို အရှက်ရပြီး ဗိုလ်ချုပ် ဝေါလစ်  သည် နှုတ်ကပတ်ကျမ်းစာကို မွှေနှောက်စူးစမ်းပါတော့သည်။ နောက်ဆုံးရလဒ်ကား သမိုင်းတွင်ခဲ့သော “ဘင်ဟား—ခရစ်တော်အကြောင်း ဇာတ်လမ်း”…

ချစ်တတ်အောင်သင်ယူပါ

၁၇၂၁ ခုနှစ်က ဂရင်းလဲန်း ဒေသသို့ သာသနာပြုအဖြစ် ‘ဟဲန်စ် အက်ဂ်ျ’ သွားရောက် ခဲ့စဉ်က “Inuit” ဘာသာစကားကို သူနားမလည် ခဲ့ပါ။ သူ့စိတ်ထားက ဗိုလ်ကျခြယ်လှယ်တတ်သူ ဖြစ်ပြီး လူတို့အပေါ် အကြင်နာ ကရုဏာပြနိုင်ရန် အလွန်ကြိုးစားခဲ့ရသည်။
၁၇၃၃ တွင် ဂရင်းလဲန်း  တစ်ခုလုံး ကျောက်ရောဂါကပ်ဆိုက်ရာ “Inuit” လူမျိုးသုံးပုံ နှစ်ပုံခန့် သေကြေပျက်စီးခဲ့ပြီး၊ ‘အက်ဂ်ျ´ ၏ ဇနီး မှာလည်း အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည်။ ဤသို့ ရောဂါဝေဒနာကို မျှဝေခံစားခဲ့ရ၍ ‘အက်ဂ်ျ’၏ သရဲသဘက်ကဲ့သို့သော စိတ်ထားက အရည်ပျော်ပြောင်းလဲခဲ့ပြီး၊ ထိုလူမျိုးစုတို့အား မမောနိုင်မပန်းနိုင် ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးပိုင်းဆိုင်ရာ မစလျက် အစေခံအမှုဆောင် တော့သည်။ ယခုတွင် သူ့အသက်တာက သူဝေငှပြောပြသည့် ဘုရားမေတ္တာအကြောင်း ကို ပို၍ထင်ရှားကောင်းမွန်စွာဖော်ကျူးခဲ့ပြီး၊ ဘုရားသခင်က သူတို့ကိုလည်း  ချစ်ကြောင်း “Inuit” လူမျိုးစုတို့ သဘောပေါက်ခဲ့သည်။…

အောက်ဆင်းလာပါ

ဗီဒီယိုရိုက်ကွက်လေးတွင် ခွေးမလေး ‘ဒေစီ’ က လှေကားထိပ်မှအောက်သို့ မဆင်းရဲပါ။ အောက်မှလူများက အားပေးရင်း ဆင်းလာရန် အော်ခေါ်နေကြသော်လည်း ‘ဒေစီ’  မရဲပါ။ တကယ်ဆင်းချင်ရှာသော်လည်း ကြောက်စိတ်နှင့် တွန့်နေရှာသည်။ သို့နှင့် အကောင်ကြီးသည့် ခွေးလေး ‘စိုင်မွန်’ က လှေကားထိပ်သို့ တက်သွားပြီး ပြန်ဆင်းပြကာ ဘာမှမခက်ဟု သင်ပြသည်။ ‘ဒေစီ’ မရဲသေးပါ။ ‘စိုင်မွန်’ ထပ်လုပ်ပြသည်။ ဤတစ်ကြိမ်တွင်မူ သူဖြည်းဖြည်းဆင်းပြသည်။ သို့သော် ‘ဒေစီ’  ကြောက်နေဆဲပါ။ တတိယအကြိမ် ‘စိုင်မွန်’ သင်ပြပေးပြန်သည်။ နောက်ဆုံးတွင် ‘ဒေစီ’သည် ခြေတစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ ဆင်းလာသည်။  ‘စိုင်မွန်’ က နောက်မှကပ်ပြီး လိုက်ဆင်းသည်။ ‘ဒေစီ’ လှေကားအောက်သို့ ရောက်သွားချိန်တွင် အားလုံးဝိုင်း၍ သြဘာပေးကြလေသည်။
တပည့်တော်ဖြစ်ခြင်း သဘောတရားကို ဖော်ကျူးနေသည့် ပြကွက်လေး ဖြစ်ပါသည်။ အခြားသူများကို အပေါ်တက်တတ်အောင် ကျွန်မတို့ အချိန်ကုန်ခံ…

ကြောက်နေသည့် ငါးလေး

ရေငံငါးမွေးကန်တစ်ခုကို စီမံကြည့်ရှု ရခြင်းက မလွယ်ကြောင်း ကျွန်တော်သိလိုက်ရပါပြီ။ နိုက်ထရိတ်နှင့် အမိုးနီးယားပါဝင်မှုပမာဏကို သိရှိနိုင်ရန် အသေးစားဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်ရ သည်။ ဗိုက်တာမင်နှင့် ပဋိဇီဝဆေးများ၊ ဆာလဖာ နှင့် အင်ဇိုင်းများထည့်ပေးရသည်။ ကြည်လင်သော ဖိုင်ဘာနှင့် မီးသွေးကို ဖြတ်စီးသည့် ရေထည့်ပေးရ သည်။
ကျွန်တော့်ငါးက သိပ်ကျေးဇူးတင်မည် ဟု သင်ထင်မည်။ လုံးဝမဟုတ်ပါ။ အစာကျွေးရန် ငါးကန်အနီးကပ်သွားလျှင် ငါးကန်ထဲ ကျွန်တော့် အရိပ်ထိုးကျသော် အနီးဆုံးခရုခွံထဲ ၎င်းတို့ ဝင်ပြေး ပုန်းကြသည်။ ၎င်းတို့အတွက် ကျွန်တော်က အလွန်ကြီးမားသော လူသတ္တဝါ ဖြစ်နေပြီး ကျွန်တော့်အပြုအမူကို ၎င်းတို့နားမလည်ပါ။ ကျွန်တော်က ကရုဏာနှင့် ပြုမူနေကြောင်း ၎င်းတို့မသိပါ။ ၎င်းတို့၏ အသိအမြင်ကို ပြောင်းလဲပစ်ရန် ကျွန်တော်က ပုံစံပြောင်းရန်လို သည်။ ကျွန်တော် ငါးအဖြစ်ပုံစံပြောင်းပြီး၊ ၎င်းတို့နားလည်နိုင်မည့် ဘာသာစကားကို ပြောရမည်။ ထိုသို့ပြုရန် မဖြစ်နိုင်ပါ။…

ဘယ်တော့မှ စိတ်မပျက်စေရာ

ကျွန်တော်ငယ်စဉ်က အိမ်အနီးပန်းခြံ၌ လျှောစီးကစားခြင်းကို အလွန်နှစ်သက်ပြီး မမေ့ နိုင်ပါ။ ကလေးနှစ်ဦးက သစ်သားပြား တစ်ဖက်စီ၌ ထိုင်ရင်း တစ်ယောက်တစ်လှည့် တစ်ဦးကိုတစ်ဦး ကန်တင်ရသည်။ တစ်ခါတစ်ရံ အကျဘက်၌ရှိသူက ပြန်မကန်တင်ပဲထိုင်နေ၍၊ အပေါ်၌ရှိသူက ပြန်ချ ပေးရန် အော်ဟစ်နေတတ်သည်။ အဆိုးဆုံးက အပေါ်ဘက်၌ရှိသူက အသာအယာပြန်မချဘဲ မိမိ ရှိသည့်နေရာမှ ခုန်ထွက်လိုက်လျှင် တစ်ဘက်လူ အကျနာလေပြီ။
တစ်ခါတစ်ရံ သခင်ယေရှုသည် ကျွန်တော်တို့ကို ထိုသို့ပြုသည်ဟု ခံစားကောင်း ခံစားရမည်။ ဘဝအတက်အကျများ တစ်လျှောက် ကိုယ်တော်အား မိမိနှင့်အတူ ရှိစေလိုသော်လည်း ဘဝတစ်ဆစ်ချိုး အကွေ့အကောက်၊ အပြောင်း အလဲများတွင် ကိုယ်တော်သည် ကျွန်တော်တို့ကို ချန်ရစ်ပြီး၊ မိမိဖာသာ နာကျင်ခံစားစေသည်၊ လဲပြို စေသည်ဟု ခံစားကောင်းခံစားရသည်။
သို့သော် ယေရမိမြည်တမ်းစကား အခန်းကြီး (၃)တွင် “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည်…

ဟာလေလုယ ကြွေးကြော်ကြ

လွန်ခဲ့သော ရက်အတန်ကြာက ကျွန်တော့် မိတ်ဆွေ ‘ဘော့’ သည် ရပ်ကွက်အနီး ဝန်းကျင်ရှိ အားကစားခန်းမ၌ အားသွန်ခွန်စိုက် စက်ဘီးနင်း လေ့ကျင့်ခန်းယူပြီး သူ့လက်မှ သွေး ပေါင်ချိန်တိုင်းကိရိယာကို စူးစိုက်ကြည့်နေသည်ကို တွေ့ခဲ့ရသည်။
‘ဘာလုပ်နေတာလဲ’၊ ‘ငါအသက်ရှိ သေးလားဆိုတာ ကြည့်နေတာလေ’။
‘မင်းသေပြီလို့ မင်းသိရင် မင်းဘာ လုပ်မှာမို့လို့လဲ’၊ ‘ဟာလေလုယာလို့ ကြွေးကြော် မှာပေါ့’ ဟု တောက်ပသောအပြုံးနှင့် သူပြန်ဖြေ လိုက်သည်။
ဤနှစ်ကာလများတစ်လျှောက် ‘ဘော့’၏ ကြီးမားသော အတွင်းစိတ်ဓာတ် ခွန်အားကို ကျွန်တော်တွေ့ရသည်။ ခန္ဓာပိုင်း ကျဆင်းယိုယွင်းပြီး သက်သောင့်သက်သာ မရှိသောအခြေအနေကို ရင်ဆိုင်ရင်း ကြံ့ကြံ့ခံနေသည့် ရောဂါသည် တစ်ဦးအနေဖြင့် ဘဝ၏နောက်ဆုံးနေဝင်ချိန်ကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းဖြင့် အသက်ရှင်သည်။ မျှော်လင့်ခြင်းကို သူတွေ့ရှိသည်သာမက သေခြင်းက သူ့ကို လွှမ်းမိုးခြောက်လှန့်ရန် မစွမ်းနိုင်ပြီ။
သေဆုံးရတော့မည့်အခြေအနေတွင် ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းသာမက ဝမ်းမြောက်ခြင်းကို…

ကြင်နာသောအပြုအမူ

မိတ်ဆွေအချို့နှင့် ခရီးတစ်ခုသွားခဲ့ရာ ဆီကုန်သွား၍  လမ်းခုလတ်၌ သောင်တင်နေသည့် မိသားစုတစ်ခုနှင့် ဆုံခဲ့သည်။ ကျွန်တော့် မိတ်ဆွေက ချက်ခြင်းပင် ကူညီရန်ကမ်းလှမ်းပြီး၊ ထိုမိသားစုမှ မိခင်ဖခင်တို့နှင့်တိုင်ပင်ကာ ဓာတ်ဆီ
ဝယ်ထည့်ရန် ငွေအချို့ကူညီခဲ့သည်။ မိခင်ဖြစ်သူက
အဖန်တလဲလဲ ကျေးဇူးတင်စကား ဆိုနေ၍ “အခုလို ကူညီရတာကိုပဲ ကျွန်တော်တို့ ဝမ်းသာ ပါတယ်။ ယေရှုနာမ၌ ကူညီတာပါဗျာ” ဟု ပြန်ပြောကြသည်။ ကျွန်တော်တို့လည်း ခရီးဆက်ပြီး ဤမိတ်ဆွေများသည် လိုအပ်သူများကိုကူညီရင်း၊ ၎င်းတို့၏ ရက်ရောသောစေတနာစိတ်သည် သခင် ဘုရားထံမှ အရင်းခံထွက်ပေါ်ခြင်းဖြစ်ကြောင်း ဝန်ခံခြင်းက ဟန်ဆောင်မှုမပါပါ။
ယေရုရှလင်ဗိမာန်တော်၌  တောင်းရမ်း စားသောက်သည့် ခြေဆွံ့သူတစ်ဦးအားရှင်ပေတရု နှင့် ရှင်ယောဟန်တို့က အနာငြိမ်းစေသောအခါ၌လည်း ထိုသို့သော ဝမ်းမြောက်သော စေတနာစိတ်ကိုဖော်ပြကြသည် (တ ၃း၁-၁၀)။ ထိုသို့ ကူညီခြင်းကြောင့် အဖမ်းခံရပြီး ရုံးရောက်ဂတ်ရောက်ရတော့သည်။ “သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့်…