သေခြင်းကို အောင်ပြီ
မကြာမီကကြည့်ရှုခဲ့သည့် ရှေးဟောင်း ပန်းချီကားတစ်ချပ်ကို ကျွန်တော် အလွန်စိတ်တွေ့ခဲ့ သည်။ ပန်းချီကား၏အမည်က “Anastasis” ဖြစ်ပြီး၊ အဓိပ္ပာယ်မှာ “ထမြောက်ရှင်ပြန်ခြင်း” ဖြစ်သည်။ သခင်ယေရှု သေခြင်းကိုအောင်ကြောင်း တစ်မူထူးခြားစွာ ဆွဲထားသည်။ သခင်ယေရှုသည် သင်္ချိုင်းမှထွက်လာသည်တွင် အာဒံနှင့်ဧဝကို ခေါင်း တလားထဲမှဆွဲထုတ်လျက် ထာဝရအသက်သို့ ဝင်စားစေသည့်ပုံ ဖြစ်သည်။ ဤပန်းချီကားတွင် မနာခံမှုကြောင့် ရုပ်ပိုင်း၊ ဝိညာဉ်ပိုင်း သေဆုံးရခြင်း ကို ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည့် သဘောတရားကို ဖော်ကျူးထားခြင်း ဖြစ်၍ အလွန်ထူးခြားပေစွ။
ကားတိုင်ပေါ် အသေမခံမီတွင် သခင်ယေရှုက ယုံကြည်သူများအား အသစ် သော ဘုန်းအသရေနှင့် ပြည့်စုံသောအဖြစ်သို့ ခေါ်ယူမည်ဟု အနာဂတ္တိစကားကို မိန့်ကြား ခဲ့သည်။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့” (ယော ၅း၂၈-၂၉)။
ခရစ်တော်သေခြင်းကိုအောင်ခြင်းကြောင့် သင်္ချိုင်းသည်နောက်ဆုံးအဆုံးသတ် မဟုတ်ပြီ။ မိမိချစ်ခင်ရသူများဆုံးပါးသွားပြီး၊…
နေ့ရက်တိုင်းသည် အီစတာပါ
ကျွန်မ၏သူငယ်ချင်း မူကြိုဆရာမက သူ့ကျောင်းသားလေးများ၏ စိတ်ဝင်စားဖွယ် အချီ အချ စကားပြောသံကို ကြားခဲ့သည်။ မာရီယာလေး က “ဘယ်သူဘုရားသခင်ကို ချစ်လဲ” ဟု မေးရာ၊ အခြားကလေးအားလုံးက “ငါချစ်တယ်”၊ “ငါလည်း ချစ်တယ်” စသည်ဖြင့် ပြန်ဖြေကြသည်။ ဘီလီ လေးက “ငါက သခင်ယေရှုကို ချစ်တယ်” ဟု ပြော ရာ၊ ကယ်လီက “သူသေသွားပြီလေ” ဟု အတွန့် တက်သည်။ “ဟုတ်တယ်၊ ဒါပေမယ့် ထမြောက်ရာ အီစတာနေ့ရောက်တိုင်း၊ ကိုယ်တော် သေခြင်းက ထမြောက်တယ်” ဟု ဘီလီ ပြန်ဖြေသည်။
အီစတာ ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပာယ်ကို ဘီလီလေး အကြွင်းမဲ့နားလည် သဘောပေါက်ရန် လိုပါသေးသည်။ သခင်ယေရှုသည် ကျွန်မတို့အားလုံးအတွက် တစ်ကြိမ်တည်း အသေခံခဲ့ပြီး (ရော ၆း၁၀၊ ဟေဗြဲ ၁၀း၁၂)၊ သေခြင်းမှ တစ်ကြိမ်တည်း…
ပရိသတ်အာရုံ
၁၉၉၃ ခုနှစ် အီစတာ တနင်္ဂနွေနေ့၌ ဘန်းဟဒ် လန်းဂါးသည် မာစတာ ဂေါက်ရိုက် ပြိုင်ပွဲ၌ အနိုင်ရခဲ့သည်။ ထိုနေ့ကို ကျွန်တော် မမေ့နိုင်ပြီ။ ဂေါက်ရိုက်သမားများအလိုချင်ဆုံး ဆုများအနက် တစ်ခုဖြစ်သည့် green jacket ဆုကိုရယူရန် ကွင်းအမှတ် ၁၈ သို့ လှမ်းသွားစဉ် သတင်းထောက်တစ်ဦးက “ဒီနေ့ဟာ မင်းအတွက် အကြီးမြတ်ဆုံးနေ့ဖြစ်မှာဘဲ” ဟု ပြောလိုက်ရာ၊ သူက တုံ့ဆိုင်းမှုမရှိဘဲ “ကမ္ဘာ့အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးပြိုင်ပွဲကို အနိုင်ရတာ ကြည်နူးစရာ ပေါ့။ ဒါပေမယ့် အီစတာနေ့မှာ အနိုင်ရလိုက်ခြင်းက ပိုပြီးလေးနက်ပါတယ်။ ကျွန်တော့်သခင်၊ကျွန်တော့် ကယ်တင်ရှင်ရဲ့ ထမြောက်ခြင်းကို ဆင်နွှဲရမှာ ဖြစ်တယ်” ဟု လန်းဂါး ပြန်လည်ပြောကြားခဲ့သည်။
သူ့ကိုယ်သူ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိငြားလည်း၊ လန်းဂါးသည် ပရိသတ်အာရုံကို ယေရှုခရစ်တော်ထံသို့သာ တည်ပေးခဲ့သည်။ ယင်းသည် ရှင်ပေါလု ပြောသောစကားနှင့် တစ်ထပ်တည်းပင်။ ရှင်ပေါလုက “ထိုမျှမက၊…
ကျွန်ုပ် အသက်ရှင်၏
၂၀၁၁ ခုနှစ်က သက်ဆိုင်ရာအစိုးရဌာန မှ မှားပြီး အသက် ၅၂ နှစ်အရွယ် သားသမီးနှစ်ဦး၏ မိခင် လောရာ ဘရွတ် အပါအဝင် လူ ၁၄၀၀၀ တို့ကို သေစာရင်းသွင်းခဲ့သည်။ ထိုကိစ္စကိုလောရာ ဘရွတ်ခမျာ ဘာမှမသိရှာပါ။ သူရနေကျ မသန်စွမ်း ထောက်ပံ့ငွေလည်းမရ၊ ချေးငွေပြန်ဆပ်ခြင်း၊ အိမ်ငှားခပေးချေခြင်းကိုလည်း ဘဏ်က လက်မခံ သောအခါ ဘာဖြစ်လို့ဘာလိမ့်ဟု သူတွေးမိသည်။ ဘဏ်သို့ သွားရောက်စုံစမ်းကြည့်မှ သူသေဆုံး သွားပြီဖြစ်၍ သူ့စာရင်းကို ပိတ်လိုက်ပြီ ဟု ဘဏ် ကိုယ်စားလှယ်က ပြောလိုက်သည်။ ၎င်းတို့ အမှား လုပ်မိသည်မှာ သေချာပါသည်။
ဧဖက်မြို့မှ ယုံကြည်သူများ၏ ဝိညာဉ်ရေးအသက်တာသည် သေနေကြောင်း ပြောသည့် ရှင်ပေါလု၏စကားမှာမူ အမှားမရှိပါ။ ဘုရားသခင်နှင့်ကွဲကွာခြင်း၊ အပြစ်၏ ကျေးကျွန်ဖြစ်ကာ (ဧ၂း၅)၊ ဘုရားသခင်၏အမျက်တော်ခံရခြင်း စသည့်အချက်များ ကြောင့် သေပြီဆိုသည့် စကားက…
အကူညီမျိုးစုံ
ကွန်နက်တီကတ်ပြည်နယ်၊ နယူး ထောင်းရှိ မူလတန်းကျောင်း၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကူအညီပေးရန် လူများစွာတို့ရင်၌ လှုံ့ဆော်ခံခဲ့ရသည်။ အချို့က ဒဏ်ရာရသူများ အတွက် သွေးလှူကြသည်။ အချို့က သူတို့၏ စားသောက်ဆိုင်၌ အလုပ်သမားများအတွက် နေ့လည်စာနှင့် ကော်ဖီတို့ အခမဲ့ကျွေးမွေးသည်။ အချို့က နှစ်သိမ့်အားပေးစာများ ပေးပို့သည်။ ပွေ့ဖက်နှစ်သိမ့် မေတ္တာပြကြသည်။ အချို့က ကလေးများအတွက် မုန့်ဖိုးနှင့် ဝက်ဝံရုပ်လေးများ ပို့ပေးသည်။ အချို့မှာမူ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းများ လုပ်ပေးသည်။ လူများသည် သူတို့၏အစွမ်းအစ၊ အရည်အချင်းနှင့် သူတို့၌ ရှိနေသောအရာများဖြင့် အစေခံရန် နည်းလမ်း ရှာကြံလုပ်ဆောင်ကြသည်။
သမ္မာကျမ်းစာထဲမှ ယောသပ်ဇာတ်လမ်းသည် သူ့အစွမ်းရှိသမျှ အရေးကြီးသော အခန်းကဏ္ဍမှ အကူအညီပေးခြင်းအကြောင်းဖြစ်သည် (က ၄၁း ၅၃-၅၄)။ ခက်ခဲခေါင်းပါးသည့်အချိန် ရောက်လာမည်ကို သူသိထား၍ သူ့အနေနှင့် ဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်။ အဲဂုတ္တုဘုရင် ဖာရောမင်းအား အစာရေစာ…
မိသားစုဝင်ဖြစ်ရခြင်း
မောရစ် ဂရစ်ဖင်းသည် ကျွေးမွေး စောင့်ရှောက်ခံ ကလေးအဖြစ် လီဇာနှင့် ချားလ်စ် ဂေါ့ရိုးတို့ နှင့် နှစ်ပေါင်း ၂၀ ကြာ အတူနေထိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည်အရွယ်ရောက်ပြီး မိမိ ဖာသာ သီးခြားနေထိုင်နေသော်လည်း မိသားစုဝင် အဖြစ် တရားဝင်မွေးစားခံရရန် သူအစဉ်တောင့်တ မျှော်လင့်ခဲ့သည်။ ယခု အသက် ၃၂ နှစ်တွင် သူတို့ အားလုံး ပြန်လည်ဆုံစည်းပြီး တရားဝင်မွေးစားခြင်း ကိစ္စအတည်ပြုခဲ့ပြီးဖြစ်၍ မောရစ် က “ကျွန်တော့် ဘဝမှာ ဒီအချိန်က တကယ့်အပျော်ဆုံး အချိန်ပါပဲ၊ အိမ်ကို ပြန်လာရလို့ ဝမ်းသာတယ်” ဟုဆိုသည်။
ဘုရားသခင်၏ မိသားစုဝင်ဖြစ်လာချိန်၌ ကျွန်ုပ်တို့လည်း ထိုအချိန်ကို ဘဝ၌အပျော်ဆုံးအချိန်အဖြစ် ရည်ညွှန်းကြမည်ပင်။ ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားသောအခါ ဘုရားသားသမီး ဖြစ်လာပြီး ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ အဖခမည်းတော်ဖြစ်လာသည်။ “သင်တို့ အပေါင်းသည်…
သကြားချိုချို
သူ့ကို လိုအပ်ချိန်၌ မေရီပေါ့ပင်း ဘယ် ရောက်နေပါလိမ့်။ ကလေးထိန်း နာနီ မေရီပေါ့ပင်း ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျပါ။ သို့သော် ကြည့်ရသည်မှာ ပျော်ရွှင်စရာကောင်း သည်။ သူရှိနေ၍ ကလေးများကို သွန်သင်ကြည့်ရှု ရန် ကိစ္စပူစရာမလိုပြီ။ ထိုသို့ အဆင်ပြေမှုများ ဆောင်ကြဉ်းပေးသူကို တောင့်တခြင်းက အရင်က ခေတ်ကောင်းကို တောင့်တနေသကဲ့သို့ ဖြစ်နေပုံ ပေါ်ပါသည်။ စင်စစ် ကျွန်မအမှန် တောင့်တမျှော်လင့် သည်က လက်တွေ့ကျပြီး အကောင်းမြင်တတ်သူ၊ အနာဂတ်အတွက် ရူပါရုံရှိသည့် လူသားများကိုပါ။ အဆိုးဖက်မှ ကျွန်မတို့မြင်သမျှကို အကောင်းမြင် တတ်အောင် ပြသပေးနိုင်သူ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ဆန်းသစ်နိုင်စွမ်းရှိသူ၊ “သကြားချိုချိုဖြင့် ဆေးခါးမျို နိုင်ကြောင်း” သတိပေးမည့်သူကို ကျွန်မအလွန်လိုအပ်ပါသည်။
အလားတူ အမှန်တရားကို ဖော်ကျူးလျက် ဒါဝိဒ်က “ထာဝရဘုရား၏ စီရင် တော်မူချက်တို့သည် …ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏” ဟု…
အထင်မှားခံရသည်
ကျွန်တော့်ညီထွေး စကော့ မွေးဖွား လာချိန်တွင် ကျွန်တော်က အထက်တန်းကျောင်း ဒုတိယနှစ်ကိုပင် တက်ရောက်နေပါပြီ။ ဤသို့ အသက်ကွာမှုကြောင့် ညီလေးကောလိပ် စတက် ချိန်တွင် စိတ်ဝင်စားဖွယ် အခြေအနေဖြစ်ပေါ်ခဲ့၏။ သူ ပထမဆုံး ကောလိပ်တက်သည့်နေ့တွင် ကျောင်းပရိဝုဏ်သို့ ညီလေးနှင့်အတူ အမေနှင့် ကျွန်တော်လည်း လိုက်သွားသည်။ လူအများက ကျွန်တော်တို့အား စကော့ ခရောက်ဒယ်၏ အဖေနှင့်အဖွားဟု ထင်မှတ်ကြသည်။ ထို အထင်မှားမှုကို ပြင်မရခဲ့ပါ။ ကျွန်တော်တို့ ဘာပဲ ပြောပြော၊ ဘာပဲလုပ်လုပ်၊ ဤသို့အထင်မှားခံရ သည့် ရယ်စရာတော်စပ်မှုက အတည်ဖြစ်ပြီး အမှန်တကယ် ညီအစ်ကိုတော်စပ်မှုကို လူတို့မယုံ၊ အမှန်တကယ်တော်စပ်မှုက ပျောက်သွားသည်။
သခင်ယေရှုက သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဖာရိရှဲတို့အား မေးမြန်း ခဲ့သည်။ “သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင် ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြ၏”…
ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်
စစ်ဘေးခံရသောနိုင်ငံမှ ရွှေ့ပြောင်းလာ သော စစ်ပြေးဒုက္ခသည်များ၏ ရင်နင့်ဖွယ်အခက် အခဲအကြောင်း တင်ပြထားသည့် ရုပ်မြင်သံကြား သတင်းမှ ၁၀ နှစ်အရွယ် စစ်ပြေးသမီးငယ်လေး တစ်ဦး၏စကားကြောင့် ကျွန်တော် ရင်နင့်ခံစားသွား ရသည်။ သူတို့၏ မွေးရပ်ဇာတိသို့ ပြန်ရန် ဖြစ်နိုင်ချေ မရှိသလောက်ဖြစ်သော်လည်း သူ့စကားက သူ၏ ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်ကို ပြနေသည်။ “သမီး တို့တွေ အိမ်ပြန်ရရင် အိမ်နီးချင်းတွေဆီ သွားလည် မယ်။ သူငယ်ချင်းတွေနဲ့လည်း ကစားမယ်”။ “သမီး တို့မှာ အိမ်မရှိတော့ဘူးလို့ အဖေက ပြောတယ်။ အဲဒီတော့ သမီးက ပြန်ဆောက်ကြမှာပေါ့လို့ ပြော လိုက်တယ်”ဟု ခိုင်မာပြတ်သားစွာ ပြောခဲ့သည်။
အထူးသဖြင့် ဘဝ၌ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တစ်ပါးသူကို ချစ်ခြင်းစိတ်တို့ဖြင့် အမြစ်စွဲတည်နေလျှင် ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေနိုင်မည့် နေရာတစ်နေရာစာ ရှိပါသည်။ ရုသဝတ္ထုကို ကြေကွဲဝမ်းနည်းခံစားနေရသည့်…
အသစ်တစ်ဖန်အစပြုခြင်းများ
ဘဝသစ်တစ်ဖန်အစပြုခြင်းမှာ အမှန် ဖြစ်နိုင်ပါသည်။ အလယ်တန်းကျောင်းတက်နေစဉ် ၌ပင် လူဆိုးဂိုဏ်းဝင်ဖြစ်သွားသော ဘရိုင်းယန် ဆိုသူ ချာတိတ်လေးကို မေးကြည့်လိုက်ပါ။ သူသည် အသက် ၁၂ နှစ်တွင် အိမ်မှ ထွက်ပြေးပြီး ၃ နှစ်မျှ လူဆိုးဂိုဏ်းနှင့် မူးယစ်ဆေး၏ ကျေးကျွန်ဖြစ်ခဲ့ သည်။ ထို့နောက် လူဆိုးဂိုဏ်းမှထွက်ပြီး အိမ်ပြန် ရောက်ခဲ့သော်လည်း မူးယစ်ဆေးရောင်းဝယ်မှုဖြင့် ကျောင်းထုတ်ခံရပြန်၍ ဘဝရှင်သန်ရန် အတော် ခက်ခဲသွားသည်။ အခြားကျောင်း၌ ကျောင်းပြန် တက်ရာ ဆရာမတစ်ဦးက စရိုက်ဟောင်း၌ ထပ်မံကျင်လည်မည့်အစား သူ့အတွေ့အကြုံများ ကို ရေးသားရန် သူ့ကိုစိတ်ခွန်အားပေးတိုက်တွန်း ခဲ့သည်။ ထိုစိန်ခေါ်မှုကိုရင်ဝယ်ပိုက်ရင်း ယခုအချိန်တွင် လန်းဆန်း တက်ကြွသော ဘဝသစ်ကို ဘရိုင်းယန် ခံစားနေပါပြီ။
တိုင်းတစ်ပါးသို့ ကျွန်ပြုခေါ်ဆောင်ခံရသော ယုဒလူများအား ဘဝသစ်တစ်ဖန် အစပြုခြင်းအကြောင်း ဆင်ခြင်စဉ်စားရန် ပရောဖက်ဟေရှာယမှတစ်ဆင့် ဘုရားသခင် အားပေးခဲ့သည်။ ဘုရားသခင်က “ဖြစ်ဘူးသောအမှုတို့ကို…