ဘုရားသခင်သည် တန်ခိုးမကြီးပေဘူးလား
တစ်ရက်တွင် ကျွန်တော့်၏ ၃ နှစ်အရွယ် မြေးမလေး ကေတီ က “မေမေနဲ့ဖေဖေ နှစ်ယောက် စလုံးရဲ့ ညီမတွေ ဆုံးသွားပြီ။ ဘုရားသခင်က သူနဲ့ အတူရှိနေဖို့ သူတို့တွေကို ကောင်းကင်ကိုခေါ် ဆောင်သွားတယ်။ ဘုရားသခင်ဟာ တန်ခိုးမကြီးပေ ဘူးလား”ဟု ဓမ္မအတွေးဆန်သည့် စကားဆိုသဖြင့် သူ့မိဘများ အံ့သြသွားရသည်။
ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော် သည် ဆန်းကြယ်လှသော်လည်း ကလေးငယ် တစ်ဦး နားလည်နိုင်အောင် ရိုးစင်းလှပေသည်။ ကေတီ၏အတွေးနုနုတွင် ဘုရားသခင်က အံ့ဖွယ် နိမိတ်တစ်ခု ပြုလုပ်ခြင်းသည် သူတန်ခိုးကြီးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ အသေးစိတ်ကို နားမလည်ငြားလည်း ဘုရားသခင် သည် သူ့အဒေါ်နှစ်ဦးကို ကောင်းကင်သို့ခေါ်ဆောင် သွားခြင်းက အံ့သြဖွယ်ကိုပြုနေခြင်းဟု သူနားလည်ထားသည်။
ခေတ်မီတိုးတက်သောကမ္ဘာကြီးထဲ၌ အေးဆေးစွာအချိန်ယူပြီး “ဘုရားသခင် တန်ခိုးကြီးလိုက်တာ”ဟူ၍ ဘယ်နှစ်ကြိမ်အံ့သြမိန်းမောဖူးသနည်း။ ခဏခဏ အံ့သြ ခံစားမည် မထင်ပါ။…
ဘယ်မောင်း
အမေရိကန်နိုင်ငံ၌ ကြီးပြင်းလာသူ အနေဖြင့် အချို့သော နိုင်ငံများတွင် ယာဉ်ကြောမှာ ညာမောင်းမဟုတ်ဘဲ ဘယ်မောင်းဖြစ်နေခြင်းက ကျွန်တော့်အတွက် စိတ်ဝင်စားစရာပါ။ အင်္ဂလန် နိုင်ငံသို့ ကျွန်တော်ရောက်ခဲ့စဉ်က ဧည့်လမ်းညွှန် တစ်ဦးက ဤဥပဒေနှင့် ပတ်သက်၍ ဖြစ်နိုင်ချေ အကြောင်းပြချက်တစ်ခုကို ရှင်းပြပါသည်။ “၁၈၀၀ ခုနှစ်များအတွင်းက လမ်းလျှောက်သူများ၊ မြင်းစီး သူများ၊ လှည်းများမှာ အတူတကွ တစ်လမ်းထဲ သွား ကြသဖြင့် လှည်းတစ်စီးက လမ်း၏ညာဖက်တွင်ရှိ နေပါလျှင် လှည်းမောင်းသူ၏ ကြာပွတ်က တစ်ခါ တစ်ရံ ဘေးမှဖြတ်သွားသူကို ထိမိလေ့ရှိသည်။ ဤအဖြစ်မျိုးကို ရှောင်ရှားရန်အတွက် ခြေလျင် လျှောက်သူများ မထိခိုက်စေရေး လှည်းများကို လမ်း၏ ဘယ်ဖက်မှကပ်၍သွားရန် ဥပဒေ ထုတ်ပြန်ခဲ့သည်။
လမ်းစည်းကမ်းသည် ကျွန်ုပ်တို့၏အကျိုး၊ ကျွန်ုပ်တို့ကို ကာကွယ်ရန်ဖြစ် သကဲ့သို့ ဘုရားသခင်၏ ပညတ်တော်သည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ကိုယ်တော် က ကျွန်ုပ်တို့ကို…
သူတစ်ထူးကို ချစ်ရန် အချစ်ခံရခြင်း
ဟစ်တလာ အာဏာလွှမ်းသော ဂျာမနီပြည်၌ ဆရာ ဒေးထြစ် ဘွန်ဟော့ဖာ၏ ဘဝမှာ နေ့စဉ်နှင့်အမျှ အန္တရာယ်ကြီးလှလည်း သူနေခဲ့သည်။တမန်တော်ရှင်ပေါလု ခံယူသကဲ့သို့ သေလျှင်မူကား သာ၍ အကျိုးရှိမည့် ကောင်းကင် နိုင်ငံတွင် သူနေလိုပါသည်။ သို့သော် သူ့ကို လိုအပ် သည့် နေရာတွင် ရှိနေရခြင်းသည် လတ်တလော ဘုရား၏အကြံအစည်ဖြစ်ခြင်းကြောင့် (ဖိ ၁း၂၁)၊ သူက သင်းအုပ်အဖြစ်နေထိုင်ကာ လျှို့ဝှက်ဝတ်ပြု စည်းဝေးများ ပြုလုပ်ပြီး ဟစ်တလာ၏ ဆိုးဝါးသော စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သည်။
နေ့စဉ်အန္တရာယ်ကြားထဲ အသက်ရှင်ရ လည်း ဆရာဘွန်ဟော့ဖာသည် Life Together ဟူသည့် ဧည့်သည်ဝတ်ပြုခြင်း သာသနာ အကြောင်း စာအုပ်ထုတ်ဝေရေးသားခဲ့သည်။ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လုပ်ကိုင်စဉ်၊ ထောင်တွင်းအကျဉ်းကျခံရစဉ်အတွင်း သူ့ရေးသားချက်အတိုင်း စမ်းသပ်စစ်ကြောခံရလျက် နေထိုင်အသက်ရှင်ခဲ့သည်။ စိတ်ပျက်စရာ၊ စိတ်ဖိစီးပင်ပန်း ရသည့် အခြေအနေဖြစ်လင့်ကစား စားသောက်ရာ၌ဖြစ်စေ၊ ခိုင်းစေသောအလုပ်များ လုပ်ဆောင်ရာ၌ဖြစ်စေ၊…
မိမိ၏ပကတိဖြစ်တည်မှုထက် သာလွန်၍ …
ကျွန်တော့်မှာ သူငယ်ချင်းတစ်ဦးရှိပြီး အဖက်ဖက်မှာ သူက ကျွန်တော့်ထက်သာသည်ဟု ခံစားရသည်။ သူက ပိုစမတ်ကျသည်။ ပိုပြီးနက်နဲ စွာ စဉ်းစားတတ်သည်။ ဘယ်နေရာမှာ ဖတ်စရာ စာအုပ်ကောင်းများရှိလဲ၊ သူသိသည်။ ဂေါက်ရိုက် လည်း ပိုတော်သည်။ သူနှင့်အတူရှိနေလျှင် ပို တော်သူ၊ ပိုစဉ်းစားတတ်သူဖြစ်လာရန် ကျွန်တော့် အတွက် စိန်ခေါ်မှုဖြစ်သည်။ တော်သော၊ ကောင်း သော သူ့စံချိန်က ကျွန်တော့်ကို ပိုကြီးမြတ်သော အရာများကို ရယူရန် တွန်းအားပေးသည်။
ထိုအဖြစ်က ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အချိန်ယူရန်အရေးကြီးကြောင်း၊ သို့မှသာ ခရစ်တော်တည်းဟူသော ပုဂ္ဂိုလ်နှင့် ချိတ်ဆက်နေမည်ဟူသည့် ဝိညာဉ်ရေးရာနိယာမတစ်ရပ်ကိုလည်းမီးမောင်းထိုးပြနေသည်။ ယေရှု၏ တစ်ဖက်သတ်မေတ္တာ၊ တုနှိုင်းမရသောမေတ္တာ၏ ရိုက်ခတ်မှုကြောင့် ကျွန်တော်လည်း ပြောစရာမလို ဘဲ ချစ်တတ်သွားသည်။ မထိုက်တန်ဆုံးသော သူများအတွက်ဖြစ်သော ကရုဏာတော်နှင့်ကျေးဇူးတော်က ခွင့်လွှတ်ခြင်းမရှိဘဲ ကလဲ့စားချေရန် ရှာကြံသော မိမိကိုယ်ကို မိမိရှက်မိစေ၏။
ရှက်ဖွယ်အရှုံးများသည့်တိုင် ကိုယ်တော်က…
စတော်ဘယ်ရီအမှိုက်
ကျွန်မတို့ဇနီးမောင်နှံ အိမ်ပြောင်းလာ သည်မှာ မကြာသေးပါ။ တစ်နေ့က ကျွန်မတို့၏ အိမ်ရှေ့လျှောက်လမ်းပေါ်တွင် လူတစ်ဦးက စတော်ဘယ်ရီ သေတ္တာကြီးတစ်လုံးချခဲ့ပြီး အိမ်နီး ချင်းများနှင့်လည်း ဝေမျှစားပါဟု စာရေးခဲ့သည်။ သူ့စေတနာကောင်းသော်လည်း ကလေးအချို့က အရင်ဦးအောင်တွေ့ပြီး ကျွန်မတို့အိမ်ဖြူဖြူလေးကို စတော်ဘယ်ရီ ပစ်တမ်းကစားကြတော့သည်။ ကျွန်မတို့ ပြန်ရောက်လာသောအခါ ခြံစည်းရိုး နောက်ကွယ်မှ သူတို့ချောင်းနေကြကြောင်း ကျွန်မတို့ သိသည်။ သူတို့ “အပြစ်လုပ်ထားသည့် နေရာသို့ပြန်လာကာ” စတော်ဘယ်ရီ အရှုပ်ထုတ် ကို ကျွန်မတို့ မည်သို့ရှင်းမည်ကို သူတို့ သိချင် ကြသည်။ ကျွန်မတို့ဖာသာ အမှိုက်များရှင်းလိုက်လျှင်ရသော်လည်း ဆက်ဆံရေး မပျက်အောင် သူတို့နှင့် စကားပြောရန်လိုကြောင်း၊ အရေးကြီးကြောင်း ခံစားရသဖြင့် ပေကျံနေသော အိမ်ကို အတူကူညီ၍ သန့်ရှင်းရေးလုပ်ပေးရန် တောင်းဆိုလိုက်သည်။
ဆက်ဆံရေးမပျက်အောင် ကြိုးစားသည်းခံ ရုန်းကန်ရင်းမှ ဘဝရှင်သန်မှုက ဗြောင်းဆန်နေတတ်သည်။ ဖိလိပ္ပိအသင်းတော်၌ ထိုသို့ဖြစ်ခဲ့သည်။ ဧဝေါဒိနှင့် သုန္တုတ်တည်းဟူသော…
အသက်ကိုရွေးချယ်ပါ
ကျွန်မအသက်တာအတွက် ဘုရား၏ အလိုတော် မည်သို့ရှိသနည်း။ ထိုမေးခွန်းက ကျွန်မ ကြီးပြင်းလာသည့် ဘဝတစ်လျှောက် ခြောက်လှန့် ခဲ့သည်။ အလိုတော်ကိုမသိပါက ဘာဖြစ်မည်နည်း။ သိပြီး မဝန်ခံနိုင်ပါက ဘာဖြစ်မည်နည်း။ ဘုရား အလိုတော်ကိုရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာ သကဲ့သို့ ခက်ပါဘိ၊ ဟိုဟာလိုလို ဒီဟာလိုလိုနှင့် မသဲကွဲ၊ အတုအယောင်ကလည်း များမှများ။
သို့သော် ဘုရားသခင်အပေါ် ကျွန်မ၏ အမြင်မှားနေခြင်းကြောင့် ဘုရားအလိုတော်နှင့် ပတ်သက်၍ ကျွန်မ၏အမြင် မှားယွင်းခဲ့ခြင်းပါ။ ကျွန်မတို့ လမ်းပျောက်၍ စမ်းတဝါးဝါးရှာဖွေနေခြင်း ကို ကိုယ်တော် မမြင်လိုပါ။ သူ့အလိုတော်ကို သိစေလိုသည်။ သိအောင်လည်း ရိုးစင်းရှင်းလင်းစွာ ချပြသည်။ ရွေးစရာအများထဲမှ ရွေးချယ်စေခြင်းမျိုး မဟုတ်ဘဲ နှစ်ခုထဲမှတစ်ခုကိုသာ ရွေးစေသည်။ “အသက်ရှင်ခြင်းချမ်းသာ” နှင့် “သေခြင်းဆင်းရဲ” နှစ်မျိုးသာရှိသည် (၃၀း၁၅)။ သည့်တိုင် အကောင်းဆုံးကို မရွေးတတ်ခဲ့သော် “အသက် တရားကို…
လုပ်အားခတွက်ခြင်းမဟုတ်ပါ။
“အမားဒီးယာစ်” ပြဇာတ်သည် ၁၈ ရာစုနှစ်က ဘုရားသခင်၏ စိတ်နှလုံးသဘောကို နားလည်ရန် ကြိုးစားသော ပြဇာတ်ဆရာတစ်ဦး အကြောင်း ဖြစ်သည်။ ဘုရားတရား ကြည်ညိုသူ ‘အန်တိုနီယို စလေရယ်’သည် ဓမ္မတေးသွားများ ဖန်တီးလိုသောဆန္ဒ ပြင်းပြသူ ဖြစ်သော်လည်း သူ၌ ဂီတပါရမီအထုံ မရှိပါ။ သို့သော် ဘုရားသခင်က ဘာမဟုတ်သည့် “ဝုဖ်ဂိုင်း အမားဒီးယာစ် မိုဇတ်” အား အကောင်းဆုံးသော ဂီတစွမ်းရည်ပါရမီကို ကြွယ်ဝစွာပေးသနား၍ သူအလွန် စိတ်ဆိုးခဲ့သည်။
ယောဘဝတ္ထုရေးသားသူက ဘုရား သခင်သည် “ကမ္ဘာပေါ်၌ အဖြောင့်မတ်ဆုံးသူကို အဘယ်ကြောင့် ဒဏ်ခတ်သနည်း”ဟု မေးသည်။ “အမားဒီးယာစ်” ပြဇာတ်တွင် ဘုရားက လုံးဝ မထိုက်တန်သူကို ဘာကြောင့် ဆုချသနည်းဟု မေးသည်။ မေးခွန်းပြောင်းပြန် ဖြစ်ငြား လည်း တစ်သဘောတည်း ဖြစ်သည်။
သခင်ယေရှုမိန့်ကြားသည့် လုပ်အားခ မမျှမတရရှိသည့် အလုပ်သမားများ အကြောင်း…
ဆီကိုစစ်ဆေးပါ
ကျွန်တော့်သမီးများကို ကားမောင်း သင်ပေးစဉ်က အခြေခံကားပြုပြင်ထိန်းသိမ်းနည်း ကိုလည်း အနည်းအကျဉ်း သင်ပေးသည်။ ရပ်ကွက် ဓာတ်ဆီဆိုင်၌ ဆီသွားဖြည့်တိုင်း သူတို့ကို ဆီစစ် ခိုင်းသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယခု တွင် သူတို့က ကျွန်တော်ပြောခဲ့သည့် စကား ဆောင်ပုဒ်ကို ပြန်၍သတိပေးပြောကြသည်။ “ဆီ က ဈေးသက်သာတယ်၊ အင်ဂျင်က ဈေးကြီးတယ်။ ဆီတစ်ပိုင်းလောက် ဖြည့်လိုက်ရတာဟာ အင်ဂျင် လဲလိုက်ရတာနဲ့စာရင် ဘာမှမဖြစ်စလောက်ပါ။”
ကျွန်တော်တို့၏ ဝိညာဉ်အသက်တာ တွင်လည်း ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း သဘောကအရေးကြီးပါသည်။ နေ့ရက်အစဉ် သမ္မာကျမ်းစာဖတ်ရန် အချိန်ယူခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းသည် အရှုံးများကို ရှောင်ရှားနိုင်သော အဓိကသော့ချက် ဖြစ်သည်။ ဆာလံ (၅) တွင် ဒါဝိဒ် က “အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍…
နာမည်တစ်ခု၌ ပါရှိသော
ကျွန်မ မိတ်ဆွေတစ်ဦးက မွေးကင်းစ သူ့သားငယ်လေးထံ စာရေးသည်။ သူကြီးလာလျှင် ဖတ်ဖို့ဖြစ်သည်။ “သားငယ်လေး၊ ဖေဖေနဲ့မေမေက မင်းကို အလင်းသို့ဦးတည်နေစေချင်ပါတယ်။ မင်းရဲ့တရုတ်နာမည်က `ရှင့်ရွှမ်း´ဖြစ်တယ်။ ရှင့်
ရဲ့အဓိပ္ပာယ်က သစ္စာရှိခြင်း၊ ရောင့်ရဲခြင်းနဲ့ ရိုးသား ခြင်း ဖြစ်တယ်။ ရွှမ်း ကတော့ နွေးထွေးခြင်းနဲ့ အလင်းကို ပုံဆောင်တယ်။” သားငယ်၌ ထားသော ၎င်းတို့၏ မျှော်လင့်ချက်အပေါ်အခြေပြုပြီး နာမည်ကို သေချာစွာ ရွေးချယ်မှည့်ခေါ်သည်။
ယေရှုက ရှိမုန်ကို ပေတရု/ကေဖ (ယော ၁း၄၂)ဟု အမည်ပေးသောအခါ အဓိပ္ပာယ်မဲ့ ရွေးချယ်ပေးခြင်း မဟုတ်ပါ။ ပေတရု၏အဓိပ္ပာယ်မှာ `ကျောက်´ဖြစ်သည်။ သို့သော် သူ၏အမည်အတိုင်း ဖြစ်တည်လာအောင် သူအချိန်ယူ ခဲ့ရသည်။ သူ့ဘဝမှတ်တမ်းများအရ သူသည် တံငါသည်ဖြစ်ပြီး၊ စိတ်မြန်ကိုယ်မြန် ကြမ်းတမ်းသူ၊ သဲကဲ့သို့ ရေစီး၌ပါသွားတတ်သည့် မတည်ငြိမ်သည့်လူစားဖြစ်သည်။ ယေရှုနှင့်လည်း အတိုက်အခံလုပ်သည် (မ ၁၆း၂၂-၂၃)။…
မိတ်ဆွေရပြီ
လူမှုရေးမီဒီယာ ကြီးထွားလွှမ်းမိုးလာမှု ၏ ဖြစ်ရိုးဖြစ်စဉ်ရလဒ်မှာ အများအားဖြင့် မိမိ ကိုယ်တိုင် အထီးကျန်ခံစားရခြင်းဖြစ်သည်။ အွန်လိုင်းဆောင်းပါး တစ်ခုတွင် “အွန်လိုင်းကို
အဓိကသီးသန့်သုံးပြီး (အွန်လိုင်းမှ မိတ်ဆွေနီးပါး ရင်းချာသော်လည်း) မိတ်ဆွေမဟုတ်သော မိတ်ဆွေများနှင့် ဘဝရှင်သန်မှုကို အစားထိုးရန် မဖြစ်နိုင်၊ ထိုသို့အစားထိုးသူများသည် ပို၍ အထီးကျန်ဆန်လာပြီး၊ ယခင်ကထက်ပို၍ စိတ် ဖိစီးမှု ခံစားရသည်”ဟု သတိပေးရေးသားခဲ့သည်။
နည်းပညာများကို အသာထားဦး၊ ကျွန်ုပ်တို့အသီးသီးသည် အချိန်အခါလိုက်၍ အထီးကျန်ဝေဒနာ ခံစားရတတ်သည်။ မိမိ၏ လေးလံသော ဝန်ဖိစီးမှု၊ ရုန်းကန်ရမှုများကို မည်သူသိပါသနည်း။ မည်သူနားလည် ပါသနည်းဟု တွေးမိသည်။ သို့သော် ခရစ်တော်နောက်လိုက်များ၏ နွမ်းလျနှလုံးသား အတွက် နှစ်သိမ့်မှုခံစားရရန် သေချာသည်။ ကယ်တင်ရှင်အတူရှိနေခြင်းက နှစ်သိမ့်မှုကို ဖြစ်စေကြောင်း ကတိစကားကို မည်သူမျှ မငြင်းနိုင်ပါ။ ဆာလံဆရာ ဒါဝိဒ်က “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း…