အမျိုးအစား  |  odb

မိမိနှင့် တန်တာထက်မက ကိုယ်တော်ပေး၏

တစ်ခါတစ်ရံ ကျွန်တော့်ကို `နေကောင်းလား၊ ဘယ်လိုနေလဲ´ဟု မေးလျှင် `ကိုယ်နဲ့တန်တာထက်   ပိုလို့တောင်ကောင်းပါ့ဗျား´ ဟု ဖြေမိသည်။ ထိုအခါ မိတ်ဆွေတစ်ဦးက `ဂျိုးရာ ကောင်းတဲ့အရာအများကြီး မင်းနဲ့ တန်ပါ တယ်´ ဟု အဓိပ္ပာယ်ပါပါ ပြောခဲ့သည်ကိုလည်း မှတ်မိပါသေးသည်။ `မဟုတ်ပါဘူးကွာ´ ဟု ကျွန်တော် ပြန်ပြောလိုက်သေးသည်။ စင်စစ် ကျွန်တော်နှင့်တန်သည့် ဘုရားသခင်၏စီရင်ခြင်း အကြောင်းကို စဉ်းစားမိပါသည်။
ဘဝရှင်သန်လှုပ်ရှားနေစဉ် မိမိသည် အပြစ်ရှိကြောင်းကို ကျွန်ုပ်တို့အလွယ်တကူ မေ့သွားတတ်သည်။ မိမိကိုယ်ကို ထင်သင့်သည် ထက် ပိုအထင်ကြီးခြင်းက ဘုရား၏ကရုဏာ ကျေးဇူးအတွက် ကျေးဇူးတင်သည့် စိတ်ကိုမှေးမှိန်သွားစေပါသည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် ပေးဆပ်ခဲ့ရသည့် အဖိုးအခ/ တန်ဖိုးကို လျော့သွားစေသည်။
လက်တွေ့ဘဝအသက်တာကို ဆန်းစစ်ရန် အချိန်တန်ပြီ။ ဆာလံဆရာ သတိပေးသကဲ့သို့ ဘုရားသခင်သည် `ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါ့တို့၌ပြုတော် မမူတတ်၊ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်´…

နားထောင်ပေးခြင်း

ဂျွိုက်စ် အဂ္ဂါ ရေးသားသည့် Listening to Others စာအုပ်တွင် နားထောင်ပေးတတ်ရန် အတွက် သင်ယူခြင်းသည် အရေးကြီးကြောင်းနှင့် ခက်ခဲသောအခြေအနေအတွင်း ထိရောက်စွာ တုံ့ပြန်တတ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ သူမ၏ အတွေ့အကြုံအရ ရောဂါဝေဒနာ ခံစားနေရ သူများအား သူတို့ ပြောပြသမျှ နားထောင်ပေးခြင်း ကြောင့် ၄င်းတို့ အထူးကျေးဇူးတင်ရှိကြောင်း ပြောပြ သည်။ “ကျွန်မအနေနှင့် ဘာမှလုပ်မပေးရပါ။ သူတို့စကား နားထောင်ပေးရုံသာ ဖြစ်သည်”ဟု ရေးသားခဲ့သည်။ နားထောင်ပေးခြင်းသည် အကူအညီ လိုအပ်နေသူများအတွက် အထိရောက် ဆုံးသောအရာ ဖြစ်သည်ဟု ကျွန်မ ကောက်ချက်ချမိပါသည်။
သူ့မိတ်ဆွေများသူ့ကို ထိုသို့နားထောင်ပေးရန် ယောဘမျှော်လင့်ခဲ့သည်။ မိတ်ဆွေများက ယောဘသည် ပြင်းစွာသောဆင်းရဲခြင်း ဝေဒနာခံစားနေရကြောင်း သူတို့ တွေ့သောကြောင့် ခုနှစ်ရက်ပတ်လုံး မြေပေါ်ထိုင်ပြီး တိတ်ဆိတ်စွာနေခဲ့သည်။ ထို့နောက် ယောဘစပြီး စကားပြောလည်း သူတို့နားမထောင်၊ သူ့ကို…

မုန်တိုင်းထဲမှ ကျောက်ဆူးများ

စဲန္ဒီ ဟာရီကိန်း မုန်တိုင်းကြားတွင် မက် နှင့် ဂျက်စီကာတို့သည် ဖလော်ရီဒါ မြစ်လက်တက်ထဲဝင်ရန် ကြိုးစားရင်း ၄င်းတို့၏ ရွက်လှေမှာ သောင်တင်သွားသည်။ လှိုင်းလုံးများ ရိုက်ခတ်နေသောကြောင့် သူတို့ ကျောက်ဆူးကို အလျင်အမြန်ချလိုက်သည်။ ထို့ကြောင့် အကူအညီ ရောက်လာချိန်အထိ ရွက်လှေမှာ သူ့နေရာအတိုင်း တည်ရှိနေသည်။ “ကျောက်ဆူးမချခဲ့ဘူးဆိုရင် လှေကို ဆုံးရှုံးလိုက်ရမှာ အသေအချာပဲ”ဟု သူတို့ဆို သည်။ ကျောက်ဆူးမရှိလျှင် ပြင်းထန်သော လှိုင်း လုံးကြီးများက လှေကိုတစ်စစီခြေမွပစ်မည်ပင်။
ထိုနည်းတူ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာခိုင်မြဲစေရေးအတွက်လည်း ကျောက်ဆူးလိုအပ်ပါသည်။ မောရှေသေဆုံးပြီး  ယောရှုအား လူမျိုးတော်ကို ဦးဆောင်ရန် ဘုရားသခင်မိန့်ကြားစဉ် ဆင်းရဲဒုက္ခရောက်ချိန် များ၌ သူအမှီပြုအားထားနိုင်သည့် ကတိတော်ကျောက်ဆူးများကိုလည်း ပေးခဲ့သည်။ “သင်နှင့်အတူငါရှိလိမ့်မည်။ ငါသည်သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။ …သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏” (ယောရှု ၁း၅၊၉)။ ထို့ပြင် သူ့လူများ နာခံစောင့်ထိန်းရမည့်…

တစ်ခါတုန်းက

လူအချို့ကသမ္မာကျမ်းစာကို ပုံပြင်များ စုစည်းထားသော စာအုပ်ဟုဆိုကြသည်။လူငယ် လေးတစ်ဦးက လူသန်ကြီးတစ်ဦးကိုလောက်လွှဲနှင့် ပစ်သတ်ခြင်း၊ လူတစ်ဦးကို ငါးကြီးမျိုခြင်း၊ နောဧ သင်္ဘောဆောက်ခြင်းစသည့် အဖြစ်အပျက်များ ပါရှိသည်။ ဘာသာရေးကိုင်းရှိုင်းသောလူအချို့ပင် ဤအဖြစ်အပျက်များကို စာရိတ္တကောင်းမွန်စေရန် သင်ခန်းစာပေးသော ပုံပြင်များအဖြစ်သာ ယူဆကြ သည်။
သို့သော် သခင်ယေရှုကိုယ်တိုင် ယောန နှင့်ငါးကြီးအကြောင်း၊ နောဧနှင့် ရေလွှမ်းမိုးခြင်း အကြောင်းများကို တကယ့်အဖြစ်မှန်များ ဟုပြောဆို ခဲ့သည်။ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောသို့ဝင်သောနေ့တိုင်အောင် လူများတို့ သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်” (မ ၂၄း၃၇-၃၉)။ ကျွန်ုပ်တို့ မထင်မှတ်သော အချိန်နာရီ၌ ကိုယ်တော်ပြန်ကြွလာမည်ဖြစ်သည်။
ယောန ငါးကြီးဝမ်းထဲ၌ ၃ ရက်နေရခြင်းကို သခင်ယေရှုက သူရှင်ပြန်…

ကြားဖြတ်နှောင့်ယှက်မှုများ

အားလပ်ရက်၌ တိုင်ဝမ်သို့ သွားလည် ရန်  ကျွန်မတို့ညီအစ်မ မျှော်လင့်ထားသည်။ လေယာဉ်လက်မှတ်များကိုဝယ်ယူပြီး၊ ဟိုတယ်ခန်း များကို ကြိုတင်မှာထားပြီးပြီ။ သို့သော် ခရီးမထွက်မီ နှစ်ပတ်အလိုတွင် အစ်မက အရေးပေါ်ကိစ္စတစ်ခု ဖြေရှင်းရန်အတွက် စင်္ကာပူ၌ရှိနေရန် အကြောင်း ပေါ်လာသည်။ ကျွန်မတို့၏ အစီအစဉ်မှာ ကြားဖြတ် နှောင့်ယှက်ခံရသဖြင့် ကျွန်မတို့ စိတ်ပျက်မိသည်။
သခင်ယေရှု၏ တပည့်တော်များသည် ကိုယ်တော်အားခြံရံလျက် အရေးတကြီး ခရီးပြု နေခိုက် သူတို့၏ခရီးစဉ် ကြားဖြတ်နှောင့်ယှက်ခံရ သည် (မာ ၅း၂၁-၄၂)။ တရားဇရပ်မှူး ယာဣရု၏ သမီးမှာ သေအံ့ဆဲဆဲဖြစ်နေသည်။ အချိန်က အရေးကြီးနေပြီး ယာဣရု၏အိမ်သို့ သခင်ယေရှု သွားနေခြင်းဖြစ်သည်။ ရုတ်တရက် သခင်ယေရှုရပ်လိုက်ပြီး “ငါ့အဝတ်ကို အဘယ်သူ တို့သနည်း”  (း၃၀) ဟုမေးလိုက်သည်။
ထိုအခါတပည့်တော်များစိတ်ခုသွားပုံရပြီး “လူအစုအဝေးသည် ကိုယ်တော် အား ထိခိုက်ကြသည်ကိုမြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်…

လုပ်ဆောင်ရမည့်စာရင်းသစ်

မကြာသေးမီက ကျွန်ုပ်၏သူငယ်ချင်း တစ်ဦးက  သူ့ညီမနှင့် ဥရောပသို့ အလည်ခရီးထွက် ခဲ့ပြီးနောက် သူ၏  “လုပ်ရမည့်အရာများစာရင်း”ထဲမှ အလုပ်တစ်ခုကို ဆောင်ရွက်ပြီးပြီ ဟုပြောပြသည်။ သူက ဥရောပသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူး သော်လည်း သူ၏ညီမမှာ တစ်ခါမျှမရောက်ဖူးသေး ပေ။ သူ“လုပ်ရမည့်အရာများစာရင်း” ၌  သူ့အရေး ထက် ညီမအရေးကို ထည့်သွင်းစဉ်းစားပေးကာ တစ်ကိုယ်ကောင်းမဆန်သော စိတ်သဘောရှိခြင်း ကို ကျွန်ုပ်ခံစားရသည်။ ထို့နောက် ကျွန်ုပ်၏ အိပ်မက်များနှင့် ရည်မှန်းချက်များတွင် မိမိ အတွက်ထက် အခြားသူအတွက် မည်မျှအာရုံစိုက် ဦးစားပေးသနည်းဟု အတွေးဝင်မိသည်။
ရောမ ၁၂း၆-၂၁ တွင် ခရစ်တော်၏ အင်္ဂါချင်းများဖြစ်သည့် ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများကို နေ့စဉ်အသက်တာတွင် မည်ကဲ့သို့ အသုံးပြုသင့်ကြောင်းပြောထားရာ၊ ၄င်းတို့သည် မိမိကိုယ်ထက် အခြားသူအပေါ် အာရုံစိုက်ထားသည်။ ဥပမာ- ဆုံးမသြဝါဒပေးခြင်းသည် ဆုံးမသြဝါဒပေးသူ၏ဆရာလုပ်ချင်စိတ်ကို ဖြည့်ဆည်းရန်ထက် အခြားသူများ၏အကျိုး…

ရေမျက်နှာပြင်ပေါ်တွင်

မြင်ရသောသဘာဝနှင့် မမြင်ရသော သဘာဝလွန် လောကနှစ်ခုကြားတွင် လူသားများ ရှင်သန်ကြသည်။ နယူးဇီလန် ကမ်းရိုးတန်း၌ ဝေလငါးများကို သွားရောက်ကြည့်ရှုရင်းမှ ဤ အကြောင်းကို ကျွန်ုပ်စဉ်းစားမိသည်။ ဝေလငါးများ သည် ရေမျက်နှာပြင်ပေါ်တွင် တစ်ခဏအနားယူ ကြပြီး အတန်ကြာမျှ အသက်ရှူသွင်းကြသည်။ တစ်မိုင်အနက်ရှိသော ရေအောက်သို့ ပြန်မငုပ် လျှိုးမီ ၎င်းတို့၏အသက်ရှူထုတ်ခြင်းက ရင်သပ် ရှုမောဖွယ် ရေပန်းပွားကို ဖြစ်ပေါ်စေသည်။
ရေအောက်သတ္တဝါများနှင့် အပင်များ ရှိသည့် ၎င်းတို့ရှင်သန်နေထိုင်ရာ ပင်လယ် စားကျက်ရှိသော်လည်း အောက်စီဂျင်ရရန်   ဝေလငါးများသည် ရေမျက်နှာပြင်ပေါ်သို့ အခါ အားလျော်စွာ တက်လာကြရသည်။ သို့မဟုတ်ပါက ၎င်းတို့ သေဆုံးသွားကြမည် ဖြစ် သည်။ ရေမျက်နှာပြင်ရှိ လောကအကြောင်းကို ၎င်းတို့ အနည်းငယ်သာသိသော်လည်း အသက်ရှင်သန်ရန်အတွက် ထိုလောကနှင့် ဆက်သွယ်ရန် မဖြစ်မနေလိုအပ်သည်။
ကျွန်ုပ်လည်း ရှင်သန်ရန်အတွက် ဝိညာဉ်ရေးရာလေကို ပုံမှန်ရှူရှိုက်ရ သဖြင့် ထိုဝေလငါးနှင့်တူသည်ဟု…

အကြံပေးသူများစွာ

၁၅ ရာစုဓမ္မပညာရှင် သောမစ်  အေ ကမ်းပစ် က “အရာအားလုံးကို ပြည့်စုံစွာသိနားလည်လောက် အောင်ပညာရှိသူမရှိ။ ထို့ကြောင့် မိမိ၏ကိုယ်ပိုင် အမြင်ကို အလွန်အမင်း မယုံကြည်ဘဲ အခြားသူများ ၏အမြင်များကို ကြားနာရန် အဆင်သင့်ရှိပါ။ မိမိ၏ကိုယ်ပိုင်အမြင်မှာ ကောင်းနိုင်သော်လည်း ဘုရားသခင်၏မေတ္တာကိုထောက်ပြီး အခြားအကြံ ကောင်းကို လိုက်နာပါက အကျိုးအမြတ်ပိုရနိုင် သည်” ဟု ပြောခဲ့သည်။ ဘဝအတွက် အစီအမံများ ချမှတ်ရာတွင် ယုံကြည်စိတ်ချရသည့် အကြံပေးသူ များ၏အမြင်များကို ရှာဖွေရယူခြင်းသည် အရေး ကြီးကြောင်း သောမစ် အသိအမှတ်ပြုသည်။
ဘုရားသခင်အလိုရှိသော ဘဝလမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရန် ပညာရှိသူသည် မြောက်မြား စွာသော အကြံဉာဏ်များကို ကြားနာခံယူသင့်သည်။ ၎င်းတို့မှတစ်ဆင့် ဘုရားသခင် သည် သူ၏ဉာဏ်ပညာတော်အားဖြင့် လမ်းပြလိမ့်မည်။ အခြားသူ၏ အမြော်အမြင်နှင့် ပြည့်စုံသောအကြံဉာဏ်ကို တောင်းယူသူသည် မိမိဆုံးဖြတ်ချက်ချရာတွင် အရေးကြီး သောအချက်များကို သူသတိမမူဘဲ…

နှေးကွေးသော အနာပျောက်သည့်ဖြစ်စဉ်

အမေရိကန်တပ်မတော်သို့ကျွန်တော့် သား ‘မာ့ခ်’ ဝင်ရောက်ပြီး ၄ ပတ် အကြာတွင် သင်တန်းလေ့ကျင့်ရင်း ဒူး၌ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် သူ့ကိုတပ်မှ အနားပေး ခဲ့သည်။ သူ့အသက်  ၁၉ နှစ်သာရှိသေးသည်။ ထိုအရွယ်၌ ဟိုနားဒီနား သွားလာရန် လမ်းလျှောက် ကြိမ်တုတ်ကို အတန်ကြာသုံးခဲ့ရသည်။
ဒဏ်ရာပြင်းထန်မှုကြောင့် အနာ ပျောက်ရန် ၂ နှစ်မျှ အနားယူလိုက်၊ လေ့ကျင့်ခန်း ယူလိုက်နှင့် အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင် ဒဏ်ရာရချိန်မှစ၍ တပ်ဆင်ထားရသည့် ဒူးထိန်း ကိရိယာကို ဖြုတ်ခွင့်ရခဲ့သည်။ အနည်းအကျဉ်း နာကျင်မှုကို ခံစားရဆဲဖြစ်သော်လည်း နှေးကွေး ကြာရှည်စွာ ဒဏ်ရာပျောက်အောင် အချိန်ယူခဲ့ခြင်း ကြောင့် သူ့ခြေကို အကောင်းပကတိ နဂိုအတိုင်း ပြန်လည်အသုံးပြုနိုင်ခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများ ပျောက်ကင်းရေးက မကြာခဏဆိုသလို ကျွန်ုပ်တို့ ထင်သည်ထက်ပို၍ နှေးကွေးကြာတတ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ဒဏ်ရာသည်လည်း…

ကြည့်ကောင်းသည်

ကျွန်မဆံပင်ကို ပြုပြင်အလှဆင်ပေး သူက ဆံပင်ညှပ်ပေးပြီးနောက် “ရှင့်ဆံပင်က တကယ် ကျန်းမာသန်စွမ်းတယ်” ကျွန်မတို့ဆိုင်က ထုတ်တဲ့ပစ္စည်းတွေသုံးလို့ မဟုတ်လား” ဟုဆိုရာ၊ “မဟုတ်ပါဘူး၊ ကျွန်မက ဈေးချိုပြီး အနံ့သင်းတဲ့ ဘယ်ပစ္စည်းမဆိုကိုပဲ သုံးတာပါ။ အင်း… ဒါပေမယ့်… ကျွန်မက အစာ ကောင်းကောင်းစားတယ်။ အဲဒါက ထူးခြားချက်ကို ဖြစ်စေတာလို့ ကျွန်မထင်တယ်”ဟု ပြန်ဖြေလိုက်သည်။
မိမိရုပ်ရည်၊ မိမိကိုယ်ကိုကြည့်ကောင်း အောင် ကျွန်မတို့ ပြင်ဆင်လုပ်ဆောင်မှုများကို တွေးရင်း၊ ဝိညာဉ်ရေးရာ၌လည်း ကြည့်ကောင်းအောင် ကျွန်မတို့လုပ်နေသည့် အရာ များကို သတိချပ်မိသည်။ ဤအကြောင်းကို သခင်ယေရှုက ယေရုရှလင်ရှိဘာသာရေး ခေါင်းဆောင်များအား မိန့်ကြားခဲ့သည် (မ ၂၃)။ ၎င်းတို့သည် ဘုရားသခင်ပေးသည့် ပညတ်များအပြင် ၎င်းတို့တိုးချဲ့ပြင်ဆင်မွမ်းမံထားသည့် ထုံးတမ်းဓလေ့စည်းမျဉ်းများ ကိုပါ ကျင့်ဆောင်ကြသည်။ ၎င်းတို့ အချင်းချင်းရှေ့၌ ကြည့်ကောင်းပုံပေါ်အောင်၊ သူတို့ အခြားသူများထက်သာပုံပေါ်အောင် ကြိုးစားကျင့်ကြံကြသည်။ သို့သော်၎င်းတို့၏…