ဖြစ်စဉ်၌ အာရုံစိုက်ပါ
ဝီလျံ ဇင်ဆာ ရေးသားသော ` On Writing Well´ စာအုပ်တွင် စာရေးဆရာများသည် ၄င်းတို့ထုတ်ဝေမည့် စာအုပ်နှင့်စပ်လျဉ်း၍နှိပ်စက် ဖိစီးမှုကို ခံစားရကြောင်း ပြောထားသည်။ ၄င်းတို့ လုပ်နေသည့်အလုပ်နှင့်စပ်လျဉ်း၍ အတွေး၊ အယူအဆ၊ ပြင်ဆင်မှု၊ စီမံကွပ်ကဲမှု စသည်တို့ကို လျစ်လျူရှုပြီး စာအုပ်အရောင်းသွက်ရေးကိုသာ ပူပန်နေကြသည်။ `စာရေးသူက ပန်းတိုင်ကိုသာ ကြည့်ပြီး၊ မည်သို့မည်ပုံပြိုင်ရမည်ကို မစဉ်းစားဘဲ နေသော အခါ၊ အကြောင်းအရာ ရောပြွမ်းနေ သည့် စာမူကိုသာရရှိလိမ့်မည်´ဟု ဇင်ဆာ က ယုံကြည်သည်။
စာရေးဆရာနှင့် ဓမ္မဆရာဖြစ်သူ အေဒဗျူ တိုဇာ က ထိုနိယာမသဘောကို ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ အသက်တာအတွက် လက်တွေ့သွန်သင်ခဲ့သည်။ သူရေးသား သည့် `The Root of the Righteous´ စာအုပ်တွင် ကျွန်ုပ်တို့သည် ရရှိလာမည့် အသီးအပွင့်ကိုသာ အာရုံစိုက်ပြီး၊ ထိုအသီးအပွင့်ကို…
ဆွဲဆောင်မှုရှိစေသား
ပုံပြင်လေးက ရှေးယခင်က လူစီး ရထားတွဲပေါ်တွင် ပန်းသီးရောင်းပြီး ငွေရှာသည့် သူငယ်လေးတစ်ဦး အကြောင်းဖြစ်သည်။ `ပန်းသီး တွေရမယ်၊ ပန်းသီးဝယ်ကြဦးမလား´ဟု သူအော် ရောင်းသော်လည်း ရထားတွဲနောက်နားရောက် သည်အထိ ပန်းသီးတစ်လုံးမျှ မရောင်းရပါ။
လူကြီးလူကောင်းတစ်ဦးက သူ၏ အရောင်းထိုင်းနေမှုကို သတိပြုမိကာ၊ ချာတိတ် လေးကို သူ့အနားသို့ခေါ်လိုက်ပြီး ပန်းသီးပြပါဦး ဟု ဆိုလိုက်သည်။ ထို့နောက် တွဲအရှေ့ဘက်သို့ ပြန်သွားပြီး၊ ပန်းသီးကို လက်ကိုင်ပဝါဖြင့် ပြောင်လက်နေအောင်သုတ်ကာ စင်္ကြံတစ်လျှောက် လျှောက်လာပြီး ပန်းသီးက အလွန်ချိုပြီးအရသာ ရှိကြောင်း၊ သန့်ရှင်းလတ်ဆတ်ကြောင်းပြောရင်းနှင့် စားပြနေတော့သည်။ ဝယ်သူများ စားချင်အောင်၊ ဝယ်ချင်အောင် ပန်းသီးကို ဆွဲဆောင်မှုရှိအောင် လုပ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူငယ်လေးအား ထိုသို့စမ်းလုပ်ရန် ပြောလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ပန်းသီးများအားလုံး ရောင်းထွက်သွားသည်။
ခရစ်တော်၏သတင်းစကားကို တစ်ပါးသူတို့အား ကျွန်ုပ်တို့ဝေငှရာတွင် စိတ်ဝင်စားစရာကောင်းအောင် လုပ်ဆောင်ရန်၊ ထိုသတင်းကောင်းသည် မိမိ၏…
မည်သည့်ထိခိုက်နစ်နာမှုကိုမျှ မပြုရ
ရှေးဂရိသမားတော်ကြီး ဟစ်ပိုကရေး တီးစ် အား လူများစွာတို့က အနောက်တိုင်း ဆေးပညာ၏ ဖခင်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဆေးကုသရာ၌ အကျင့်တရားကောင်းမွန်ရန် အရေးကြီးကြောင်း သူသိနားလည်သည်။ ထို့ကြောင့် ယနေ့ မျက်မှောက်ခေတ်ထိတိုင် ဆရာဝန်များ၏ ကျင့်ဝတ်လမ်းညွှန်အဖြစ် ကိုင်စွဲ အသုံးပြုနေရသည့် `ဟစ်ပိုကရေးတီးစ် အဓိဋ္ဌာန်´ ကို ရေးသားခဲ့ခြင်းကြောင့် ချီးကျူးလေးစားခံရသူ ဖြစ်သည်။ ထိုသစ္စာအဓိဋ္ဌာန်၏ အဓိကသော့ချက် တစ်ချက်မှာ `မည်သည့် ထိခိုက်နစ်နာမှုကိုမျှ မပြုရန်´ ဖြစ်သည်။ ဆိုလိုရင်းမှာ သမားတော် တစ်ယောက်သည် လူနာအကျိုးရှိမည့်အရာကိုသာ လုပ်ဆောင် ရန်ဖြစ်သည်။
ကျွန်ုပ်တို့ အခြားသူများနှင့် ပတ်သက်ဆက်ဆံနေရသော နေ့စဉ်အသက်တာ များတွင်လည်း ထိုနိယာမသည် သက်ရောက်အကျုံးဝင်သည်။ ဓမ္မသစ်ကျမ်းတွင် သွန်သင် ထားသော အချင်းချင်းချစ်ရမည်ဆိုသော ပညတ်တော်၏အဓိကအချက်မှာ စေတနာ မေတ္တာဖြစ်သည်။ ဘုရားသခင်၏နည်းဥပဒေသများကို ဆင်ခြင်သော် ကျမ်းစာပါမိန့်မှာချက် များ၏နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ချစ်ခြင်းမေတ္တာပင်ဖြစ်ကြောင်း ရှင်ပေါလု…
လမ်းဘေးတစ်နေရာမှ အကူအညီ ရခဲ့ခြင်း
ကျွန်တော့် အသိတစ်ဦးသည် အင်္ဂလန် ဘုရင်မကြီး၏မြို့ပြင်နန်းစံရာ ဘာမော်ရယ် ခြံမြေ အနီး၌ သူ့မိတ်ဆွေများနှင့် အမဲလိုက်ထွက်ခဲ့သည်။ လမ်းလျှောက်ရင်းနှင့် သူ့ခြေကျင်းဝတ်ပြင်းထန်စွာ ခေါက်သွားပြီး မည်သို့မျှ ဆက်မသွားနိုင်တော့ပါ။ ထို့ကြောင့် သူ့မိတ်ဆွေများကို ဆက်သွားကြရန်၊ သူကမူ ကားလမ်းဘေးတွင် သူတို့အပြန်ကို စောင့်နေမည်ဟု ပြောလိုက်သည်။
ထိုနေရာတွင် ထိုင်နေစဉ် ကားတစ်စီး ရောက်လာကာ အရှိန်လျော့ရပ်လိုက်ပြီး ကား မောင်းသူ အမျိုးသမီးက အကျိုးအကြောင်းမေး သည်။ သူက အကြောင်းစုံရှင်းပြပြီး မိတ်ဆွေများ အပြန်ကို စောင့်နေကြောင်းပြောရာ သူမက `ကားပေါ် တက်ပါ၊ ရှင်တည်းတဲ့နေရာအထိ ကျွန်မ ပြန်ပို့ပေးမယ်´ ဟု ခေါ်လိုက်သည်။ သူက ထော့နဲ့ထော့နဲ့နှင့် ထသွားပြီး၊ ကားတံခါးကို ဖွင့်လိုက်မှ ထိုအမျိုးသမီးသည် ဘုရင်မကြီး အဲလစ်ဇဘတ်ဖြစ်ကြောင်း သိလိုက်ရသည်။
အင်္ဂလန်ဘုရင်မကြီးထံမှ အကူအညီရလိုက်၍ ထိတ်လန့်သွားသကဲ့သို့၊ ကျွန်ုပ်တို့ကို အကူအညီပေးရန် ကမ်းလှမ်းနေသူရှိနေခြင်းက…
အထက်မှလာသောပညာ
“ကီရာဝီမော့” တစ်ယောက် သိပ္ပံ လက်တွေ့စမ်းသပ်မှုကို သိပ္ပံခန်းထဲ၌သာ ပြုလုပ် ခဲ့ပါလျှင် အဆင့် အေ ရကောင်းရလိမ့်မည်။ ယခုတွင် ပေါက်ကွဲမှုကို ဖြစ်စေခြင်းအတွက် အရေးယူ ခံလိုက်ရသည်။ ဆရာမထံမှ ခွင့်ပြုချက် တောင်းခံရန် စီစဉ်ခဲ့သော်လည်း သူမ၏ အတန်း
ဖော်များက အတန်းအပြင်ဘက်၌ လုပ်ပြရန် သွေးဆောင်ခဲ့၍၊ သူက ပလတ်စတစ်ပုလင်းထဲသို့ ဓာတုပစ္စည်းများရောစပ်ထည့်လိုက်ရာ ဓာတ်ပြု ပေါက်ကွဲပြီး ကျောင်းသား အချို့ကို အထိတ်တလန့် ဖြစ်စေခဲ့တော့သည်။
ဓမ္မဟောင်းကျမ်းတွင်လည်း ထိုကဲ့သို့ အပေါင်းအဖော်များ၏ ဖိအားပေးမှုမျိုးကို ဖော်ပြ သည့် ဇာတ်လမ်းရှိသည်။ ဒါဝိဒ်နှင့်သူ့လူများက ရှောလု၏ရန်မှလွတ်အောင် ဂူအတွင်း ပုန်းအောင်းနေစဉ် ရှောလု ဂူအတွင်းဝင်လာသည် (၁ရာ ၂၄)။ ထိုအခါ ဒါဝိဒ်၏လူများက ဘုရားသခင်သည် ရှောလုကို သူတို့လက်ထဲသို့အပ်ပြီဟုပြောကာ ရှောလုကိုသတ်ရန် သူ့ကို တိုက်တွန်းခဲ့သည် (း၎၊ ၁၀)။…
ရွှေအမျှင်အစလေးများ
အင်္ဂလန်နိုင်ငံရှိ သာယာလှပသော “ကော့စ်ဝိုး” ဒေသသို့ အလည်အပတ်ရောက်ခဲ့စဉ် တရုတ်ကြွေခွက်အချို့ကို အမှတ်တရအဖြစ် ဝယ် ယူခဲ့သည်။ ထိုခွက်များကို ကျွန်မ ဂရုတစိုက် အသုံးပြုပါသော်လည်း ခွက်တစ်ခွက်မှာပြုတ်ကျပြီး ကွဲသွားသည်။ မကြာမီက ခန်ဇုဂျီ ဂျပန်လက်မှု အနုပညာကို သင်ယူရာ ထိုခွက်အကြောင်းကို ပြန် သတိရတွေးမိသည်။
အများအားဖြင့် တစ်စုံတစ်ရာကွဲကျ ပျက်စီးသွားလျှင် ပြန်သုံးနိုင်အောင် ကျွန်မတို့ ပြုပြင် ကြသည်။ သို့သော် လွန်လေသော ရာစုနှစ်ပေါင်း များစွာက ဂျပန်အနုပညာရှင်တစ်ဦးသည် တရုတ် ကြွေထည် အကျိုးအပဲ့များကို လှပအောင်ဖန်တီး ခဲ့သည်။ သူသည် ရွှေရောင်သစ်စေးများသုံးပြီး ကြွေထည်အကွဲ အစအနများကို ပြန်ဆက်သည်။ သူ့နည်းဖြင့် ပြန်ပြင်ဆက်ထားသော ကြွေထည် များတွင် ရှုပ်ထွေးသော ရွှေအမျှင်အစလေးများနှင့် အနုစိတ်လှသည်။
လူ့သမိုင်းအစတွင် အပြစ်တရားဝင်ရောက်လာခဲ့သည် (က ၃)။ ကျမ်းတတ် ပုဂ္ဂိုလ်များက ထိုအပြစ်ကိုလူသား၏ကျဆင်းခြင်း The…
သခင်က ပြန်လည်ပြုပြင် ထိန်းသိမ်းပေးခြင်း
ရာစုနှစ်များ တစ်လျှောက်လုံး၌ အနုပညာလက်ရာမြောက်သော ပန်းချီကားများ အချိန်ကာလ ကြာညောင်း၍ပျက်စီးခြင်း၊ တစ်စုံ တစ်ရာကြောင့် ပျက်စီးခြင်းများကို ပြန်လည် ထိန်းသိမ်းရန် ကြိုးပမ်းမှုများစွာ ရှိခဲ့သည်။ အချို့သော ကြိုးပမ်းမှုများက မူလပကတိအတိုင်း ပန်းချီကားကို ပြန်လည်ထိန်းသိမ်းနိုင်သော်လည်း အချို့ကြိုးပမ်းမှုများမှာ ရှေးဟောင်းဂရိရုပ်တုများ၊ ဒါဗင်ချီ၏ပန်းချီကား နှစ်ချပ် အပါအဝင် မူရင်း လက်ရာများစွာကို ပျက်စီးစေခဲ့သည်။
ကောလောသဲရှိ ခရစ်ယာန်များထံ ရှင်ပေါလုပေးပို့သောစာတွင် ဘုရားသားသမီးများ အား ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး တည်စေမည့် ဖြစ်စဉ်ကို ရေးသားပေးခဲ့သည်။ ထိုဖြစ်စဉ်ကို အနုပညာထိန်းသိမ်းခြင်းပညာတွင် မတွေ့ရှိနိုင်ပါ။ ရှင်ပေါလုက`သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင် ဝတ်ဆောင် သောသူဖြစ်ကြ၏´(ကော ၃း၁၀) ဟု ရေးသားခဲ့သည်။ ၄င်းသည် လုံးဝပျက်စီး သွားသည့် ပန်းချီကားကို ပြန်လည်ပြုပြင်ရန် ကြိုးပမ်းမှုမျိုး မဟုတ်ပါ။ ၄င်းသည်…
သခင်ယေရှုနှင့် အဖေ တွေ့သောနေ့
ကျွန်တော့်အဘိုး၊ အဖေနှင့် အဖေ့ ညီအစ်ကိုတို့သည် ယောက်ျားဘသား မာန်ပြည့် သူများဖြစ်ကြပြီး၊ ယုံကြည်ခြင်းအကြောင်း ပြောပြကြသူတို့ကို သဘောမကျပါ။ အဖေ၌ ကြောက်စရာ ကင်ဆာရောဂါ စွဲကပ်လာသော အခါ၊ သူ့ကို အခွင့်အရေးရလျှင်ရသလို သခင် ယေရှု၏မေတ္တာအကြောင်းကို ကျွန်တော်ပြောပြ ရာ၊ အဖေက`ငါသိဖို့ လိုအပ်တဲ့အကြောင်းတွေကို ငါသိပါတယ်´ ဟု လေသံမာမာနှင့် ပြေပြစ်စွာ အဆုံးသတ်ပြောလေ့ရှိသည်။
သို့နှင့် အဖေ့ကို ထပ်မပြောရန် ကျွန်တော်ဆုံးဖြတ်လိုက်ပြီး၊ သူဖတ်ချင်သော အချိန်၌ ဖတ်နိုင်အောင်၊ ဘုရားသခင်ခွင့်လွှတ်ခြင်း ပေးလိုကြောင်းရေးထားသည့် ကတ်ပြား အတွဲလိုက်ကို ပေးထားလိုက်သည်။ အဖေ့၏ ကယ်တင်ခြင်း အတွက် ဘုရားသခင်လက်ထဲ ပုံအပ်လိုက်ပြီး ဆုသာတောင်းပေးတော့ သည်။ ကျွန်တော့်မိတ်ဆွေတစ်ဦးကလည်း ယေရှုကို အဖေသိရှိ ယုံကြည်ချိန်အထိ အသက်ရှင်ခွင့်ပေးရန် ဆုတောင်းပေးခဲ့သည်။
တစ်နေ့ နေ့လယ်ခင်းတွင် အဖေဆုံးသွားပြီဟု ဖုန်းဝင်လာသည်။ ကျွန်တော် လေယာဉ်နှင့်လိုက်သွားပြီး ကျွန်တော့်ညီ…
ကမ္ဘာ့အမြန်ဆုံး လမ်းလျှောက်သူများ
နိုင်ငံပေါင်း ၃၂ နိုင်ငံရှိ မြို့ကြီးများတွင် ဘဝအသက်ရှင်မှု အမြန်နှုန်းထားများကို တိုင်းတာ လေ့လာကြရာ အလျင်လိုဆုံးသောလူများသည် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြကြောင်းတွေ့ရသည်။ စင်္ကာပူနိုင်ငံသားများက ပေ ၆၀ ခရီးကို ၁၀း ၅၅
စက္ကန့်၊ နယူးယော့မှ လူများက ၁၂ စက္ကန့်၊ အာဖရိက
နိုင်ငံ မာလာဝီရှိ ဘလန့်တိုင် မြို့သားများက
၃၁း ၆၀ စက္ကန့် စသည်ဖြင့် လှမ်းသွားနေကြသည်။
သို့သော် သင်မည်သည့်နေရာတွင်ရှိရှိ ထိုလေ့လာချက်အရ လမ်းလျှောက်နှုန်းသည် လွန်ခဲ့သောအနှစ် ၂၀ ကထက် ၁၀% ပိုမြန်လာ ကြောင်းပြနေသည်။ ဤလမ်းလျှောက်အမြန်နှုန်းက ဘဝ၏အမြန်နှုန်းကို ပြသည်ဆိုပါလျှင် ကျွန်ုပ်တို့ သည် ယခင်ကထက် ပို၍ပင် အလုပ်ရှုပ်လာသည့်သဘောပင်။
ဘဝအသက်တာ၏ပျားပန်းခပ်နေသောအချိန်ဇယားအတွင်း သင်ပိတ်မိနေ ပါသလား။ ခဏနားပြီး မာသအား သခင်ယေရှု ပြောသည့်စကားကို ဆင်ခြင်လိုက်ပါ။…
မေ့သွားသည့်အမှတ်တရများ
လူငယ်ဘဝက ခင်မင်ခဲ့သည့် သူငယ်ချင်းတစ်ဦးက ကျွန်တော်တို့ ဂျူနီယာ အထက်တန်း ကျောင်းသားဘဝက ပါဝင်ခဲ့သည့် ပြေးခုန်ပစ်အဖွဲ့ ဓာတ်ပုံကို အီးမေးလ်မှ ပို့ပေး လာသည်။ အဖြူအမဲဓာတ်ပုံထဲမှ နည်းပြနှစ်ဦးနှင့် အဖွဲ့ဝင်များကို ရေးရေးသာ မှတ်မိတော့သည်။ ချက်ချင်းဆိုသလို၊ မိုင်ဝက်ခရီး၊ တစ်မိုင်ခရီး တာဝေးပြေးခဲ့ပုံများ၊ ပျော်ရွှင်ခဲ့ပုံများကို ပြန် မြင်ယောင်လာသည်။ ထိုအချိန်များကို ပြန်တွေး ရင်း၊ အောက်မေ့သတိရရင်း ကြည်နူးရပါ သော်လည်း ၄င်းတို့ကို အလွယ်တကူ မေ့ပျောက် ကာ အခြားအရာများကို ဆက်လုပ်သွားမိခဲ့ကြောင်း ကျွန်တော် စဉ်းစားမိလျက်သားဖြစ်ခဲ့သည်။
ဘဝခရီးနှင်ရင်း သွားခဲ့သည့်နေရာ၊ ကြုံခဲ့ရသည့်လူအမျိုးမျိုး၊ အဖြစ်အပျက်များစသည့် အရေးပါခဲ့သည့်အရာတို့ကို မေ့လိုက် ရန် လွယ်ပါသည်။ အချိန်ကုန်လွန်သွားသည်နှင့်အမျှ အတိတ်အကြောင်းတို့ မှေးမှိန် လျက်၊ လတ်တလော ပူစရာသောကများကသာ လွှမ်းမိုးနေသည်။ ထိုသို့ဖြစ်လာလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် မည်မျှကောင်းကြောင်းကိုပါ မေ့သွားနိုင်သည်။ ထို့ကြောင့်…