ရှရက်ခ်
ရှရက်ခ် သည် သင်းကွဲသိုးတစ်ကောင် ဖြစ်သည်။ သိုးအုပ်စုမှ ၆ နှစ်တိုင် ပျောက်ဆုံးသွား ခဲ့သည်။ နယူးဇီလန်၏ မြင့်မား၍ ကျောက်ထူထပ် ကြမ်းတမ်းသော နေရာရှိ ဂူတစ်ခု၌ သူ့ကို ပြန်တွေ့ ရာ သူ့ကိုသိုးဟုပင်မထင်။ `ကျမ်းစာထဲမှာပါတဲ့ ထူးဆန်းတဲ့အကောင်နဲ့တူတယ်´ ဟု သူ့ကို တွေ့ရှိခဲ့ သူက ပြောသည်။ တကယ်လည်းမှန်နေသည်။ ရှရက်ခ် ကိုကြည့်ပြီး သိုးထိန်းနှင့် ကွဲသွားသည့် သိုးသည် မည်သို့ဖြစ်သွားသည်ကို သိနိုင်သည်။
သူ့အမွေးများက (ပေါင် ၆၀/၂၇ ကီလို) လေးသောကြောင့် သူ့ကိုယ်သူ မသယ်နိုင်၊ တောင်ပေါ်မှသူ့ကို သယ်ချရသည်။ သိုးမွေးညှပ်ရန် သူ့ကို မထိခိုက်မိအောင်၊ သူငြိမ်နေအောင် သူ့ကို ပက်လက်လှန်ထားရသည်။
ရှရက်ခ် ၏အဖြစ်မှ သခင်ယေရှုက သူ့ကိုယ်သူ ကောင်းသောသိုးထိန်းဟု ခေါ်ဆိုခြင်း (ယော ၁၀း၁၁)၊ ဘုရားသခင်က သူ့လူများကို သိုးစုဟုရည်ညွှန်းခြင်း၊…
ပြုံးပါ
မကြာမီက ကျွန်တော်ဖတ်ခဲ့ရသည့် လေ့လာချက်တစ်ခုတွင် အပြုံးသည် ကျန်းမာရေး အတွက်ကောင်းကြောင်း ကောက်ချက်ချထား သည်။ သုတေသနပြုချက်များအရ ပြုံးခြင်းဖြင့် နှလုံးခုန်မှုအရှိန်ကို လျော့စေပြီး ဖိစီးမှုများကို လျော့ကျစေကြောင်းဖော်ပြသည်။
အပြုံးက မိမိအတွက်သာကောင်းသည် မဟုတ်၊ စစ်မှန်ဖြူစင်သော အပြုံးဆိုလျှင် ခံယူရသူ အဖို့လည်း ကောင်းသည်။ မင်္ဂလာရှိသည်။ စကား တစ်လုံးမျှမပြောဘဲ တစ်ပါးသူတို့အား သူတို့ကို နှစ်သက်ကြောင်း၊ သူတို့အပေါ် ကျေနပ်လိုလားမှု ရှိကြောင်းပြနေသည်။ တစ်စုံတစ်ယောက်အား မထိတွေ့ရပါပဲနှင့် မေတ္တာအပြုံးတစ်စက သူ့ကို လွှမ်းခြုံ ပွေ့ပိုက်သွားနိုင်သည်။
ဘဝအသက်ရှင်သန်ရာ၌ ကျွန်ုပ်တို့အစဉ် အမြဲမပြုံးနိုင်ပါ။ ကလေးငယ်တစ်ဦး၏ နှစ်နှစ်ကာကာအပြုံး၊ ပါးရေတွန့်နေသည့် အသက်ကြီးသူတစ်ဦး၏ ရင်တွင်းဖြစ်အပြုံးကို မြင်ရလျှင် ကျွန်ုပ်တို့စိတ်တက်ကြွလန်းဆန်းရသည်။
အပြုံးသည် ကျွန်ုပ်တို့အတွင်း၌ကျိန်းဝပ်သော ဘုရား၏သဏ္ဌာန်တော်ကို အရိပ်အမြွက်ဖော်ပြနေသည်။ ရှေးပဝေသဏီက ကောင်းချီးမင်္ဂလာများ ရေးမှတ်ထား သည့် တောလည်ရာကျမ်းတွင် ဘုရားသခင် “ပြုံးရယ်တော်မူကြောင်း” ဖော်ပြပါရှိသည်။ “ထာဝရဘုရားသည်…
သိုးသူငယ်၏အလင်းတော်
မရေတွက်နိုင်သော မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်သည် နေ့နှင့်ညအတွက် အလင်းရရန် နေနှင့်လကို အမှီသဟဲပြုရသည်။ လမ်းခရီးအတွက် ဖြစ်စေ၊ ကျွန်ုပ်တို့ခန္ဓာအတွက် လိုအပ်သော အစာ အာဟာရကိုဖြစ်စေသည့် ကောက်ပဲသီးနှံများ ဖြစ်ထွန်း အောင်မြင်စေရေးအတွက် ဖြစ်စေ၊ လိုအပ် သော အလင်းနှင့်ရောင်ခြည်ရရန် နေနှင့်လသည် ဘုရားသခင်၏ အံ့ဖွယ်ပြင်ဆင်ပေးသနားမှုတည်း။ ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ အတွက် နေ့ကိုအုပ်စိုးရသည့် အလင်းအိမ်ကြီး တစ်လုံး၊ ညကိုအုပ်စိုးရသော အလင်းအိမ်ငယ် တစ်လုံးပေးခဲ့သည်ဟု ဖော်ပြထားသည်(က၁း၁၆)။
ထို့ပြင် ဘုရားသခင်သည် တစ်နေ့သော အခါတွင် အခြားသော အလင်းတစ်မျိုးကို ပေး သနားဦးမည်။ ထာဝရကောင်းကင်နိုင်ငံတော်တွင် “နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။ အကြောင်းမူကား ဘုရားသခင်၏ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသူငယ် သည်လည်း ထိုမြို့၏ဆီမီး ဖြစ်၏” (ဗျာ ၂၁း၂၃)။ ဤကျမ်းပိုဒ်တွင် အလင်းကို ဆီမီးဟု ဘာသာပြန်ဆိုထားခြင်းက…
ကမ္ဘာတစ်ဝှမ်းရှိကလေးများ
အထက်တန်း ကျောင်းသားတစ်စုသည် သာသနာခရီးစဉ်တစ်ခုတွင် မိဘမဲ့ဂေဟာသို့ သွားရောက်ခဲ့ပြီးနောက် ကျောင်းသားတစ်ဦးမှ သိသိသာသာ ဝမ်းနည်းနေပုံပေါက်နေ၍ မေးမြန်း ကြည့်ရာ၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က သူ့အဖြစ်ကို ပြန်ပြောင်းသတိရခြင်းဖြစ်ကြောင်း ပြောပြသည်။
ထိုကျောင်းသားလူငယ်လေးမှာ အခြား နိုင်ငံတစ်ခုရှိ မိဘမဲ့ဂေဟာ၌ နေထိုင်ခဲ့ရသူဖြစ် သည်။ ၎င်းတို့ မိဘမဲ့ဂေဟာသို့သွားရောက်သည့် နည်းတူ၊ သူနေထိုင်ခဲ့သည့် ဂေဟာသို့လည်း လူများ လာရောက်ကြပြီး ပြန်သွားကြသည်။ မကြာခဏ ဆိုသလို လူတစ်ယောက်ပြန်လာပြီး ကလေး တစ်ယောက်ကို ခေါ်ယူမွေးစားလိုက်သည်။ သူ့ကို မခေါ်ဘဲ သူကျန်ရစ်ခဲ့ရသည့်အခါတိုင်း “ငါက ဘာဖြစ်နေလို့လဲ”ဟု တွေးမိသည်။
မိဘမဲ့ဂေဟာတစ်ခုခုသို့သွားပြီး ပြန်လာကြသောအခါတိုင်း ထိုခံစားချက်က ပြန်လည်သက်ဝင်လာသည်။ ထို့ကြောင့် ၎င်းတို့အဖွဲ့မှ သူ့အတွက် ဝိုင်းဆုတောင်းပေး ကြသည်။ တစ်နေ့တွင် (ယခုသူ့မိခင်ဖြစ်သည့်) အမျိုးသမီးတစ်ဦးရောက်လာကာ သူ့ကို သားအဖြစ်ရွေးချယ်မွေးစားခဲ့ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းကြသည်။ လူငယ်လေး တစ်ဦးအတွက် မျှော်လင့်ခြင်းကိုပေးသည့်…
စံနမူနာပြသွန်သင်ခြင်း
မျက်လုံးစစ်ဆေးရန် ဆေးခန်း၌ စောင့်ဆိုင်းနေစဉ် “ကလေးများသည် အသက် ၁၂ နှစ်အထိ မျက်လုံးအမြင်ဖြင့် ၈၀ % မျှ လေ့လာသင်ယူကြသည်” ဟူသော စာသားကို တွေ့လိုက်ရသည်။ သို့နှင့် ကလေးများ၏အမြင်ဖြင့် သင်ယူမှုများကို ကျွန်မစဉ်းစားတွေးမိသည်။ စာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ၎င်းတို့ မြင်တွေ့ရသည့် အဖြစ်အပျက်နှင့် ပတ်ဝန်းကျင်မှ၊ တစ်ပါးသူတို့ထံမှ အထူးသဖြင့် မိသားစုဝင်တို့၏ အပြုအမူ စသည်တို့မှ ကလေးများ သင်ယူနေကြသည်။ ယနေ့ ဖခင်များနေ့တွင် ကျွန်ုပ်တို့သည် ဖခင်၏ သြဇာလွှမ်းမိုးမှုအကြောင်း မကြာခဏတွေးမိ ကြသည်။
ရှင်ပေါလုက ဖခင်များအား ၄င်းတို့၏ သားသမီးများကို စိတ်ဆိုးအောင်၊ စိတ်ဓာတ်ကျ အောင်မပြုဘဲ၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ ညင်သာစွာ ဆုံးမသွန်သင်ရမည် အကြောင်း နှိုးဆော်ခဲ့သည် (ဧ ၆း၎)။ ဖခင်၏ အပြုအမူ၊ အပြောနှင့်အလုပ်ညီမှု စသည်တို့က လွှမ်းမိုးထိရောက်မှုရှိသည့်…
ကျောက်သားပကတိ
၂၀၀၃ ခုနှစ် မေလအတွင်း ဝမ်းနည်းဖွယ် နေ့တစ်နေ့ ဖြစ်ပေါ်ခဲ့သည်။ သဘာဝတရား၏ ထုဆစ်မှုဖြင့် တည်ရှိဖြစ်ပေါ်ခဲ့သည့် ပေ၄၀ အမြင့် ရှိသည့် အဘိုးအိုမျက်နှာပုံ ကျောက်စိုင်ခဲကြီး သည် တောင်ဘေးသို့ ပဲ့ကျသွားသည်။ ၄င်းသည် နယူးဟမ်ရှိုင်းရှိ ဝှိုက်မောင်းထိန်း သဘာဝ ဥယျာဉ်တွင် တည်ရှိပြီး၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သော၊ ဒေသခံ ပြည်သူများအတွက် ခိုင်မြဲသော ပြည်နယ်၏အမှတ်အသားတစ်ခု ဖြစ်သည်။ ဤအကြောင်းကို နသဲနီးယား ဟောသွန်း က သူ၏ ဝတ္ထုတိုစာပေ- The Great Stone Face ၌ရေးသားခဲ့သည်။ ထိုကျောက်စိုင်ကြီး ပြိုကျသွားသည်တွင် အနီး ဝန်းကျင်မှလူများမှာ စိတ်ညှိုးငယ်လစ်ဟာစွာ ခံစားကြရသည်။ အမျိုးသမီးတစ်ဦးက “ကျွန်မဘဝတစ်လျှောက်မှာ တစ်ယောက်ယောက်က ကျွန်မကိုကြည့်နေတယ်လို့ ခံစားပြီး ကြီးပြင်းလာခဲ့တယ်၊ အခုတော့ စောင့်ကြည့်ခံရတဲ့ခံစားချက် လျော့သွားသလိုပဲ”ဟု ဆိုသည်။…
လုံခြုံစွာရှိနေ၏
အမေရိကန်ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ်ရှိ ဖော့နော့စ် ရွှေငွေထိန်းသိမ်းရေးဌာန တွင် ဗဟိုအစိုးရထံ တာဝန်လွှဲစိတ်ချအပ်နှံ ထားသည့် အလေးချိန်တန် ၅၀၀၀ ရှိ ရွှေတုံးငွေတုံးများနှင့်အခြားအဖိုးတန်ပစ္စည်းများကို ခေတ်မီသော လုံခြုံမှုစနစ် အကွယ်အကာများနှင့်သိမ်းဆည်းထား သည်။ ဖော့နော့စ် တွင် ၂၂ တန် ထုထည်ရှိသည့် တံခါးကြီးတပ်ဆင်ထားပြီး၊ အချက်ပေးစက်၊ ဗီဒီယို ကင်မရာ၊ မိုင်းဗုံး၊ လျှပ်စစ်စည်းရိုး၊ ဘလိတ်ဓား၊ ဆူးထစ်ပါသောဝါယာ၊ လက်နက်ကိုင် အစောင့် အကြပ်များ၊ လျှို့ဝှက်ရဟတ်ယာဉ်များ စသည့် လုံခြုံရေးစနစ် အထပ်ထပ်ဖြင့် ကာကွယ်ထားသဖြင့် ၄င်းသည် ကမ္ဘာ့အလုံခြုံဆုံးနေရာများအနက် တစ်ခု အပါအဝင် ဖြစ်သည်။
ဖော့နော့စ် ကဲ့သို့ လုံခြုံစိတ်ချရသော နေရာ နောက်တစ်နေရာရှိပြီး ထိုနေရာ၌ ရွှေထက် သာ၍ အဖိုးထိုက်သောအရာများ အပြည့်ရှိသည်။ ထိုနေရာမှာ ကောင်းကင်နိုင်ငံဖြစ်ပြီး၊ ထာဝရအသက်ဟူသော လက်ဆောင်ကို သိမ်းဆည်း ထားသည်။ ရှင်ပေတရုက …
စိတ်အေးအေးထားပြီး ဆက်လုပ်ပါ
“စိတ်အေးအေးထားပြီး အမေ့ကိုခေါ် လိုက်”၊ “စိတ်အေးအေးထားပြီး အသားကင် စားဦး”၊ “စိတ်အေးအေးထားပြီး ရေနွေးတည်ပါ” စသည့် စကားစုများမှာ “စိတ်အေးအေးထားပြီး ဆက်လုပ်” ဟူသည့် ဆိုရိုးစကားမှ ဖြစ်ပေါ်လာသည်။ ဤ စကားစုသည် ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ် စတင်ချိန်၌ ဗြိတိန်နိုင်ငံမှ ပထမဦးဆုံးစတင် ပေါ်ပေါက်ခဲ့သည်။ စစ်အတွင်း ပြည်သူလူထုတို့ စိုးရိမ်ကြောင့်ကြပြီး စိတ်ဓာတ်ကျခြင်းဘေးမှ ကင်းဝေးအောင် ဗြိတိန်စစ်အရာရှိများက ထို စာသားပါသော ပိုစတာများကို ထုတ်ဝေခဲ့သည်။ ကျွန်ခံရာဘဝမှ ဣသရေလပြည်သို့ ပြန်ရောက်လာသည့် ဣသရေလလူတို့သည် ဗိမာန်တော်ကို ပြန်တည်ကြသည် (ဧဇ ၃း၃)။ ရန်သူများ၏နှောင့်ယှက်မှု၊ ၄င်းတို့၏စိုးရိမ်ကြောက်ရွံ့စိတ်များကို အောင်မြင် ကျော်လွှားရန်လိုအပ်နေသည်။ ဗိမာန်တော်၏အုတ်မြစ်တည်ဆောက်ပြီးနောက် ရန်သူ
များက အကြံပေးသူများကို ငှားရမ်းကာ၊ သူတို့၏အကြံရည်ရွယ်ချက်တို့ကို ဖျက်ဆီးရန် အစိုးရမင်းအရာရှိများထံသို့ စွဲချက်တင်စာများရေးပို့သည် (၄း၅)။ ရန်သူတို့ အကြံအောင်ပြီး…
ရိုးသားဖြောင့်မတ်သော နှလုံးသား
တစ်နေ့တွင် ကျွန်ုပ်သည် သင်္ချိုင်းတစ်ခု၌ ‘ဂျေဟိုးဂိတ် - ရိုးသားဖြောင့်မတ်သောပုဂ္ဂိုလ်´ဟု ရေးထိုးထားသည့် ကမ္ဗည်းစာကို အုတ်ဂူတစ်ခု၌ တွေ့ခဲ့သည်။
‘ဟိုးဂိတ်’အကြောင်း ကျွန်ုပ်ဘာမျှမသိပါ။ သို့သော်လည်း သူ့ကမ္ဗည်းကျောက်စာကို မွမ်းမံ ထားပုံက သူသည် ချမ်းသာကြွယ်ဝကြောင်း ဖော်ပြ နေသည်။ သူ့ဘဝတစ်လျှောက်လုံး သူဘာဘဲ လုပ်ခဲ့လုပ်ခဲ့၊ အဘယ်မျှ အောင်မြင်ခဲ့ပါစေ၊ သူ့ကို ‘ရိုးသားဖြောင့်မတ်သူ’ဟူ၍သာ သတိရစေသည်။
ဂရိအတွေးအခေါ်ပညာရှင် ဒီအိုဂျင်းသည် ရိုးသားဖြောင့်မတ်မှုကို ရှာဖွေရင်း ဘဝအချိန်များ ကုန်လွန်ခဲ့ပြီး၊ ရိုးသားဖြောင့်မတ်သူကို ဘယ်မှာမှ ရှာဖွေ၍ မတွေ့ကြောင်း ကောက်ချက်ချခဲ့သည်။ မည်သည့်ခေတ်မဆို ရိုးသားဖြောင့်မတ်သူများကို တွေ့ရခဲပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလွန်အရေးကြီးသောအချက်ပါ။ ၄င်းသည် အကောင်းဆုံးမူဝါဒဖြစ်ခြင်းထက် လက်ကိုင်ထားရမည့် တစ်ခုတည်းသော ဆောင်ပုဒ်ပင်ဖြစ်သည်။ ၄င်းသည် ဘုရားမျက်မှောက်တော်၌ အသက်ရှင်သူ လူယောက်ျား၊ မိန်းမတိုင်း၏အမှတ်လက္ခဏာ တစ်ခုအပါအဝင်ဖြစ်သည်။ ဒါဝိဒ်က “အိုထာဝရဘုရား၊ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်း..…
ဂုဏ်ပြု သရဖူများ
ရတနာဖြင့် စီခြယ်ထားသည့် အင်္ဂလန် နိုင်ငံ၏သရဖူများကို လန်ဒန်မျှော်စင်တွင် ၂၄နာရီ အစောင့်အကြပ်ဖြင့် လုံခြုံစွာ စောင့်ရှောက်ထား သည်။ ထိုကျောက်မျက်တန်ဆာများကို နှစ်စဉ် လူသန်းပေါင်းများစွာတို့ လာရောက်ကြည့်ရှုကြပြီး အံ့ဩမှင်တက်ခံစားကြရသည်။ ထိုအဖိုးတန် ရတနာသရဖူများက နိုင်ငံ၏တန်ခိုးအာဏာ ကြီးခဲ့ပုံနှင့် သူရဖူဆောင်းခဲ့သည့် ဘုရင်တို့၏ ဂုဏ်ရှိန်ဩဇာကို ဖော်ပြနေသည်။
ရတနာသရဖူများမှာ သူ့အလှနှင့် သူဖြစ်သည်။ ထိုမျှော်စင်တွင် ရတနာသရဖူသုံးမျိုး တွေ့နိုင်သည်။ ဘုရင်ရာထူးကို ဆက်ခံသည့်အခါ ဆောင်းသည့် ဘိသိက်သရဖူ၊ အခမ်းအနား အမျိုးမျိုးအတွက် ဦးသျှောင်သရဖူ (သို့) အလှသရဖူနှင့် တိုင်းပြည်ကို အုပ်ချုပ်သည့် ဘုရင်၏ မိဖုရားဆောင်းသည့် ကြင်ရာတော်သရဖူတို့ဖြစ်သည်။ မတူညီသည့်သရဖူများက ကွဲပြားသလို အသုံးပြုသည့် ရည်ရွယ်ချက်လည်း ကွဲပြားသည်။
အမြင့်ဆုံးဂုဏ်ပြုခြင်းကိုခံထိုက်ပြီး အကြီးမြတ်ဆုံးသရဖူကိုဆောင်းထိုက် သည့် ကောင်းကင်ဘုံရှင်ဘုရင်သည် တစ်မူထူးလျက်ကွဲပြားခြားနားသော သရဖူတစ်မျိုး ကို ဆောင်းခဲ့သည်။ ကားစင်တင်မခံရမီ အရှက်ခွဲခြင်းနှင့်ဝေဒနာကို ခံစားနေရသည့် အချိန်တွင်…