ကြောက်စိတ်များ အဘယ်မှာနည်း
ကျွန်ုပ်တို့၏ အိမ်ထောင်သက် ၁၂ နှစ် ရှိသည့်တိုင် ကလေးမရ၊ ကလေးရရန် ကြိုးစား သော်လည်း (ကျွန်ုပ်တို့၏စိတ်ခံစားမှုများမှာ) ရိုလာကိုစတာ စီးနေရသကဲ့သို့ မျှော်လင့်ချက်များ မြင့်လိုက်၊ တဟုန်ထိုးကျသွားလိုက်နှင့် စိတ်ပျက် အားလျော့ရသည်။ သူငယ်ချင်းတစ်ဦးက “မင်း ဖခင်ကောင်း မဖြစ်နိုင်ဘူးဆိုတာ ဘုရားသိလို့ အချိန်ယူပြီး စဉ်းစားနေတာ ဖြစ်မယ်” ဟု ပြောသည်။ ကျွန်ုပ်မိခင်မှာ ဆိုးဆိုးဝါးဝါး စိတ်ကြီး၊ ဒေါသကြီးသူ ဖြစ်ကြောင်း သူ သိသည်။
ထို့နောက် ၁၉၈၈ ခရစ္စမတ်တွင် သားဦးကိုယ်ဝန်တည်လာသည်။ ယခုတစ်ဖန် ရင်သွေးလေးအား မေတ္တာမပြနိုင်မှာကိုလည်း စိုးရိမ် မိပြန်သည်။
နောက်နှစ် သြဂုတ်တွင် ကျွန်ုပ်တို့မိသားစုထဲ ကက်သရင်း ရောက်လာသည်။ သူနာပြုများနှင့် ဆရာဝန်များ ဇနီးသည်အား ပြုစုစောင့်ရှောက်စဉ် ကက်သရင်းမှာ ငိုနေ၍ သူမကို ပွတ်သပ်ချော့မော့သောအခါ သူမ၏ လက်ချောင်းသေးသေးလေးများနှင့် ကျွန်ုပ် လက်ချောင်းကို…
ဂီတစွမ်းအား
ဝေလနယ်တွင် အမျိုးသား တေးသံစုံသံပြိုင် သီချင်းများမှာ လူကြိုက်များ ရေပန်းစားသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ဝေလနယ် အမျိုးသား တေးသံစုံနှင့် ဂျာမန်အမျိုးသား တေးသံစုံအဖွဲ့တို့ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်ရေး တေးဂီတပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ သို့သော် စစ်ပွဲအတွင်းနှင့် စစ်ပွဲအပြီးတွင်မူ ထိုအဖွဲ့ (၂) ဖွဲ့၏ နှစ်ဦးနှစ်ဖက် ရင်းနှီးချစ်ကြည်ရေး ပျက်ပြားသွားခဲ့ရပြီး၊ တစ်ဖက် နှင့်တစ်ဖက် ပြင်းထန်စွာ ရန်လိုမုန်းတီးခဲ့ကြသည်။ သို့သော် ချစ်ကြည်ရေးပြိုင်ပွဲ၌ အတူပူးတွဲလက်ခံရရှိ ခဲ့သည့်ဆုဖလားပေါ်မှ “ငါနဲ့စကားပြောပါကွာ၊မင်းက ငါ့ရဲ့မိတ်ဆွေပါ။ ငါနဲ့အတူသီချင်းဆိုပါ။ မင်းဟာ ငါ့ရဲ့ ညီအစ်ကိုပါ”ဟူသော စာသားလေးအားဖြင့် ၎င်းတို့ ကြား တင်းမာမှုများသည် အဆုံး၌ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားတော့သည်။
ကုသမှုနှင့် မစမှုပေးနိုင်စွမ်းသော တေးဂီတ၏စွမ်းအားသည် ဘုရားသခင်ထံမှ လာသော ဆုကျေးဇူးဖြစ်ပြီး လူများစွာတို့အား နှစ်သိမ့်သက်သာမှုကို ပေးသည်။ ထို့ကြောင့် ဆာလံကျမ်းများက ကျွန်ုပ်တို့ကို လေးနက်စွာ…
စည်းလုံးမှုကို ထိန်းသိမ်းပါ
ပျောက်နေသော ရေဘေးဒုက္ခသည် တစ်ဦးကို နောက်ဆုံး၌ ကယ်ဆယ်ရေးသမား များက ကျွန်းတစ်ကျွန်းပေါ်၌ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ခဲ့သည်။ ထိုနေရာ၌ တဲသုံးလုံး တွေ့သဖြင့် သူ့ကို မေးရာ သူက “ဒီတဲကကျွန်တော့်တဲ၊ ဟို ဘက်က ကျွန်တော့်အသင်းတော်၊ တတိယမြောက် တဲကတော့ ကျွန်တော့်ရဲ့ အရင်အသင်းတော်ပါ”ဟု ဖြေသည်။ဤအဖြစ်အပျက်ကိုကြားပြီး ကျွန်တော်တို့ ရယ်မိ ပြုံးမိကြမည်။ သို့သော် ၎င်းသည် ယုံကြည်သူများကြား၌ စည်းလုံးညီညွတ်မှုသည် အရေးကြီးကြောင်း အလေးပေးဖော်ပြနေသည်။
တမန်တော်ရှင်ပေါလုခေတ်က ဧဖက် အသင်းတော်၌ ဆင်းရဲချို့တဲ့သူ၊ ချမ်းသာသူ၊ ဂျူးနှင့် တစ်ပါးအမျိုးသားများ၊ ယောက်ျား၊ မိန်းမ၊ သခင်နှင့် ကျွန်အစေခံလူတန်းစား စသည်ဖြင့် လူတန်းစားပေါင်းစုံ ပါဝင်သည်။ ထိုသို့ မတူညီသော လူတန်းစားများကြား၌ အချင်းချင်း သဘောကွဲလွဲကာ မသင့်မြတ်မှုများလည်း ရှိသည်။ ယုံကြည်သူများကြား စည်းလုံးမှုမရှိသည့် စိုးရိမ်ဖွယ်ပြဿနာကို ရှင်ပေါလုက (ဧဖက် ၄း၃)…
မရည်ရွယ်သော
ကျွန်တော်တို့ထံ အလည်လာသည့် မြေး အဲလက်စ်ကို သူ့မိဘများထံပြန်ပို့ရာ၊ ကားလမ်း ပိတ်သဖြင့် နောက်ဆုံးမတတ်သာတော့ဘဲ ယာဉ် ဖြတ်သန်းခကြိုတင်ပေးဆောင်ရသည့် သီးသန့်လမ်း မှ ကျွန်တော် ဖြတ်မောင်းသွားလိုက်သည်။ စင်စစ် ကျွန်တော့်ကားက ကြိုတင်ငွေမဆောင်ထား၍ မောင်းခွင့်မရှိပါ။ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ကြောင့် ကျွန်တော့် ကားနံပါတ်ကို ဓာတ်ပုံရိုက် ထားပြီး ဒဏ်ငွေဆောင်ရန် အကြောင်းကြားစာကို ပို့လိမ့်မည်ဟု မြေးက ပြောသည်။ မလွှဲသာသည့် အခြေအနေကြောင့် ယာဉ်စည်းကမ်းဖောက်ဖျက် မိခြင်းဖြစ်သော်လည်း ဒဏ်ငွေဆောင်ရမည်ဖြစ်၍ ကျွန်တော် စိတ်ညစ်သွားသည်။
ရှေးခေတ် ဂျူးလူမျိုးများသည် ဘုရား၏ ပညတ်တော်ကို မရည်ရွယ်ဘဲ အမှတ်တမဲ့ ကျူးလွန်မိလျှင် အလွန်ကြီးလေးသော အပြစ်ဒဏ် စီရင်ခြင်းကို ခံရသည်။ ထိုကဲ့သို့ ပြစ်မှားကျူးလွန် ခဲ့မိသောအပြစ်များအတွက် ဘုရားသခင်က သီးသန့်အပြစ်ဖြေရာယဇ်များကို ပြင်ဆင်ပေး ခဲ့သည်။ “ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင် .... အပြစ်ဖြေရာယဇ်ဘို့…
လူစွမ်းကောင်း ဘယ်သူလဲ
ခွန်အားကြီးစစ်သူရဲများနှင့် အထင်ကရ တိုက်ပွဲများအကြောင်း မှတ်တမ်းတင်ထားသည့် တရားသူကြီးမှတ်စာကို ဖတ်လျှင် ပြောင်မြောက် သော သူရဲကောင်းများအကြောင်း ကာတွန်း ဖတ်ရ သကဲ့သို့ ခံစားရသည်။ ဒေဗောရ၊ ဗာရက်၊ ဂိဒေါင်၊ ရှံဆုန်စသည့် တရားသူကြီး (လူစွမ်းကောင်း) များ အပြင် သြသံယေလ အကြောင်းလည်း ပါသည်။
သြသံယေလအကြောင်းကို အကျဉ်းချုပ် လိုရင်းတိုရှင်း ဖော်ပြထားသော်ငြားလည်း (သူကြီး ၃း၇-၁၁) သူ့အားဖြင့် ဘုရားသခင်ပြုသည့်အမှုကို တွေ့ရသည်။“ထာဝရဘုရားသခင်သည် ကယ်တင် သောသခင်ကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏” (း၉)။ “ထာဝရဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့် (း၁၀) မေသော ပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ အပ်တော်မူ၏” (း၁၀)။
သြသံယေလအကြောင်းမှ ဘုရားသခင်၏လှုပ်ရှားလုပ်ဆောင်မှုများက ပဓာန အကျဆုံးဖြစ်ကြောင်း ညွှန်ပြသည်။ စိတ်ဝင်စားဖွယ်အဖြစ်အပျက်နှင့် ကျော်ကြားသော ပုဂ္ဂိုလ်များအကြောင်း ဖတ်ရှုရာတွင် ထိုအရေးကြီးအချက်ကို…
မကြုံရမီနှင့် ကြုံရပြီးနောက်
ဂျမေးကား နိုင်ငံသားတစ်ဦးသည် မိသားစုကို အန္တရာယ်ပြု တိုက်ခိုက်နေသည့် ရန်သူ များကို ကာကွယ်ရန် ကြိုးစားရင်း ၁၈ နှစ်အရွယ် သူ့ သမီးကို မတော်တဆပစ်မိပြီး သမီး သေဆုံး သွားသည်။ ထိုကြေကွဲဖွယ် သတင်းကိုဖတ်ရင်း ယုံကြည်သူ၏ အသက်တာ၌ ရက်စက်ကြမ်းတမ်း သည့် စစ်ကြောမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ဘာများ ပြောင်းလဲသွားသလဲဟု ကျွန်တော်စဉ်းစားမိသည်။
ထိုသို့ ဖြစ်ပျက်ပြီးနောက် သူသည် ပုံမှန်ဘုရားကျောင်း တက်မြဲဖြစ်သည်။ သောက အပူမီး တောက်လောင်စဉ်မှာပင် ဘုရား၏ အားပေး မစမှုကို ဆက်လက်ရှာဖွေသည်။ ယခင်က ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းကြောင့် သူ့ကို ကိုယ်တော် မစ လမ်းပြသည့်အတိုင်း ယခု၌လည်း သူ့ကိုဆက်၍ ရှင်သန်စေမည်ကို သူသိသည်။
ကျွန်တော်ကိုယ်တိုင်လည်း ဆယ်ကျော်သက်သမီးငယ်ကို ဆုံးရှုံးခဲ့ဖူး၍ မိမိကိုယ်နှင့်ယှဉ်ပြီး ပြန်ဆင်ခြင်မိသည်။ မဲလီဆာမဆုံးမီက ကျွန်တော့်၏ ဘဝအမြင်၊ ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍…
လိပ်ပြာမလုံတဲ့ စိတ်
မကြာမီက အလွတ်စုံထောက်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖတ်ခဲ့ရာ၊ အမှုစစ်က ပြစ်မှုအတွက် သံသယရှိသူကို သွားတွေ့သည်။ သူ့တံဆိပ်ကိုပြပြီး “ဘာလို့လာတာလဲဆိုတာ ရှင်းပြဖို့ မလိုဘူးထင်တယ်” ဟု ပြောလိုက်သည်။ အကြိမ်ကြိမ် သွားတွေ့ပြီးစစ်သည်။ နောက်ဆုံး ထိုသူသည် လိပ်ပြာမလုံဖြစ်ကာ တဖြည်းဖြည်း ချောက်ချားလာပြီး “ဘယ်လိုသိခဲ့တာလဲ” ဟုဆိုကာ သူကျူးလွန်ခဲ့သည့်ပြစ်မှုကို ဝန်ခံတော့သည်။ ၎င်း သည် လူ၏ပင်ကိုယ်စိတ်အတွင်းမှ မိမိကိုယ်ကို အပြစ်တင်သည့် လိပ်ပြာမလုံသော စိတ်တံခါးကို ပွင့်စေသည့် တုန့်ပြန်မှုတစ်ရပ်ဟု ရွန် ရိုစန်ဘောမ် က စမစ်သ်ဆိုနီးယား မဂ္ဂဇင်း၌ ရေးသားခဲ့သည်။
ဘဝ၌ မည်သူမျှမသိသည့် မိမိပြစ်မှားခဲ့ မိသည့် အပြစ်များ၊ မှားယွင်းမှုများကို ကိုယ်တိုင်သာ အသိဆုံးပါ။ ဘုရားထံအပြစ်ဝန်ချ တောင်းပန်ပြီး ခွင့်လွှတ်မှုကိုရရှိခဲ့ပြီးဖြစ်လည်း အပြစ်မကင်းသည့်စိတ်က ထပ်တလဲလဲ ပြန်ပေါ်လာကာ ကိုယ့်ကိုယ်ကို အပြစ်တင်သည်။ ယေရှုချစ်သောတပည့်တော် ယောဟန် က (၁…
အကြီးမြတ်ဆုံးပညတ်တော်
ကျမ်းပြုဆရာတစ်ယောက်က ပညတ် အားလုံး၌ မည်သည့်ပညတ်သည် အကြီးမြတ်ဆုံး ဖြစ်သနည်းဟု မေးလျှောက်ရာ သခင်ယေရှုက “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့” (မာ ၁၂း၃၀) ဟု ပြန်ဖြေခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အမျှော်လင့်ဆုံး၊ အလို ချင်ဆုံးအရာကို သခင်ယေရှုက အကျဉ်းချုပ်၍ ဖော်ပြခြင်းဖြစ်သည်။
ကျွန်ုပ်လည်း ဘုရားသခင်ကိုစိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့်ချစ်ရန် ဖြစ်နိုင်ပါ့မလား ဟူ၍ တွေးမိသည်။ ဆရာ နီးလ် ပလန်တင်ဂါ က ဓမ္မသစ်ကျမ်း၌ ထိုပညတ်တော်သည် မသိမသာ ပြောင်းလဲသွားကြောင်း မှတ်ချက်ပေးသည်။ (တရား ၆း၅)၌ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန် ပညတ်သည်။ သို့သော် ယေရှုက “ဉာဏ်ရှိသမျှ” ဟူသော စကားကို ထည့်သွင်းထားရာတွင် ပလန်တင်ဂါ က “ထာဝရဘုရားကို မိမိရှိသမျှ ဖြစ်သမျှအတိုင်း…
ခိုင်မာသည့် စိတ်ဆုံးဖြတ်ချက်
ကျွန်မသည် ၁၉၇၅ ခုနှစ်မှစ၍ နှစ်သစ် ဆုံးဖြတ်ချက်မချတော့ပါ။ ကျွန်မ၏ နေ့တဓူဝပုံမှန် အလုပ်များဖြစ်သည့် နေ့စဉ်မှတ်တမ်းရေးခြင်း၊ ပုံမှန်ကျမ်းစာဖတ်၊ ဆုတောင်းမပျက်အောင် ကြိုးစား လုပ်ဆောင်ခြင်း၊ နေ့စဉ်အချိန်ဇယားအတိုင်း သတ်မှတ်ဆောင်ရွက်ခြင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ခြင်း စသည့်ကိစ္စများကို ယခုတိုင် ဆောင်ရွက် နေရဆဲဖြစ်သောကြောင့် နောက်ထပ် ဘာဆုံးဖြတ် ချက်မှချရန် မလိုအပ်တော့၍ ဖြစ်သည်။
သို့သော် ရှင်ပေါလု၏ ရောမအသင်း သားများထံသို့ ရေးသားခဲ့သောစာ၌ “ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြ ကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍လဲစရာ အခွင့်၊ မှားယွင်း စရာအခွင့်မရှိစေမည်အကြောင်း သာ၍စီရင်ကြကုန်အံ့” (ရော ၁၄း၁၃) ဟူသော ကျမ်းချက်ကြောင့် ယခုနှစ်သစ်၌ လုပ်ဆောင်မည့် နောက်ထပ်ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်လိုက်သည်။
ထိုသွန်သင်ချက်က နှစ်ပေါင်း ၂၀၀၀ ခန့်ကြာမြင်ခဲ့ပြီးဖြစ်သော်လည်း ကျွန်မတို့ နှစ်စဉ် အသစ်ဖြစ်စေသင့်သည်။ ရာစုနှစ်ပေါင်းများစွာက…
လမ်းပြမှု လိုအပ်သည်
အိုင်ယာလန်နိုင်ငံ ဂယ်လ်ဝေး ပြည်နယ်ရှိ ရှေးဟောင်း စိန့် နီကိုလတ်စ် ဘုရားကျောင်းကြီးတွင် ရှည်လျားသည့် အတိတ် သမိုင်းကြောင်းရှိပြီး လက်ရှိပစ္စုပ္ပန်၌လည်း သက်ဝင်ရှင်သန်ဆဲဖြစ်သည်။ ၎င်းသည် အိုင်ယာလန်၌ သက်တမ်း အရှည်ကြာဆုံး သမိုင်းဝင် ဘုရားကျောင်းကြီးဖြစ်ပြီး ယနေ့ထိတိုင် လက်တွေ့ကျကျ လမ်းညွှန်မှု ပေးနေ၏။ ဘုရားကျောင်း၏ ထင်ရှားမြင့်မားစွာ ရှိနေသော မိုးထိခေါင်မိုးချွန်က မြို့ကိုမိုးထားပြီး၊ ၎င်းသည် သင်္ဘောများ ဂယ်လ်ဝေးပင်လယ်အော် အတွင်းသို့ ဘေးကင်းလုံခြုံစွာ ဆိုက်ရောက်ကြောင်း သင်္ဘောသားများ သိရှိနိုင်သည့်အမှတ်အသား တစ်ခုလည်းဖြစ်သည်။ ရာစုနှစ်များစွာသင်္ဘောသား များအား စိတ်ချစရာ အိမ်ပြန်ခရီးကို ညွှန်ပြနေ၏။
စင်စစ် သခင်ယေရှုသည် ပဿခါပွဲခံစဉ်၌ တပည့်တော်များအား အလွန်အရေးကြီးသည့် လိုအပ်မှုတစ်ခုအကြောင်း မိန့်ကြားခဲ့သည်။ ယေရှုက မိမိကောင်းကင်ဘုံသို့ပြန်ကြွပြီး သည့်နောက်တွင် ခမည်းတော်မှစေလွှတ်မည့် ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများ၏အသက်တာ၌ အလွန်အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လာမည်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည်...သမ္မာတရားကို…