ခြံစည်းရိုးမကြိုက်သည့် အိမ်နီးချင်း
ကျွန်မတို့ အိမ်ခြံစည်းရိုးမှာ ဟောင်းနွမ်းယိုင်နဲ့နေပြီဖြစ်၍ ခြံစည်းရိုးမပြိုမီ ဖြိုချ လိုက်ရန် ကျွန်မတို့ဆုံးဖြတ်ခဲ့သည်။ အလွယ်တကူ ဖြိုဖျက်နိုင်ခဲ့၍ တစ်နေ့ခင်းနှင့်ပင် အလုပ်ပြီးသွား သည်။ နောက်ရက်သတ္တပတ် အတန်ကြာတွင် ကျွန်မခင်ပွန်း ကားလ်က ခြံရှင်းနေစဉ် တစ်ဖက်ခြံမှ အမျိုးသမီးသည် ခွေးကျောင်းရင်း ရောက်လာကာ “ခြံစည်းရိုးမရှိမှ ရှင်တို့ခြံက ပိုကြည့်ကောင်းနေတယ်။ ကျွန်မက ခြံစည်းရိုး ကာတာတွေဘာတွေ သဘောမကျပေါင်” ဟု သူ့အယူအဆကို ပြောလာသည်။ လူလူချင်း ကြား၌ ဘာအတားအဆီးမှ ရှိမနေဘဲ ပေါင်းသင်း ဆက်ဆံကြခြင်းကို သူသဘောကျကြောင်းလည်း ရှင်းပြသည်။
ခြံစည်းရိုး အရံအတားအဆီးများ ရှိသင့်ကြောင်း အကြောင်းပြချက်ခိုင်လုံစွာ ရှိနေလည်း မိမိနှင့်စပ်ဆိုင်သူအိမ်နီးချင်းများနှင့်ခွဲခြားကွဲကွာစေရန် ဟူသည့်အချက်ဆိုလျှင် အကြောင်းပြချက်ကောင်း မဟုတ်တန်ရာ။ ကျွန်မ၏အိမ်နီးချင်း အမျိုးသမီး၏ ရပ်ရွာ အပေါ်ထားသော သူ့စေတနာကို နားလည်မိပါသည်။ ကျွန်မတက်ရောက်သော အသင်းတော်၌ ရပ်ကွက်ထဲမှလူများနှင့် တစ်ပတ်တစ်ကြိမ် မိတ်ဖွဲ့သည်။ ဘုရားသခင်နှင့်…
ခရီးစပြီ
လွန်ခဲ့သော ၈၁ နှစ်၊ ဇန်နဝါရီလ (၁၁) ရက်တွင် ၉ နှစ်အရွယ် သူငယ်လေးတစ်ယောက် သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် အသက်တာ၌ ယုံကြည်လက်ခံခဲ့သည်။ သူ့မိခင်က “ယနေ့တွင် ကလဲသည် ဘဝသစ်စပြီ” ဟု သူ့ မှတ်တမ်းစာအုပ်၌ ရေးခဲ့သည်။
ကျွန်မ၏ဖခင် မစ္စတာကလဲသည် ခရစ်တော်နှင့်အတူ ဘဝခရီးနှင်ခဲ့ရာ နှစ်ပေါင်း(၈၉) နှစ် ရှိခဲ့ပါပြီ။ ခရစ်တော်နောက်လိုက်ရန် ခရီး အစပြုခြင်း ဟု ထိုနေ့ကို အဖေက မှတ်သားခဲ့သည်။ ဝိညာဉ်ရေး၌ ကြီးထွားခြင်းသည် တစ်ချိန်တည်းနှင့် ပြီးသွားသည့် ကိစ္စမဟုတ်ဘဲ တစ်သက်တာလုံး ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ဖြစ်သည်။
ထို့ကြောင့် ယုံကြည်သူတစ်ဦးသည် သူ့ ယုံကြည်ခြင်းကို မည်သို့ပြုစုပျိုးထောင်ကာ ကြီးရင့် စေမည်နည်း။ အောက်ပါအချက်များက အဖေ၏ အသက်တာ၌ ကျွန်မတွေ့ရှိ မှတ်သားမိသောအချက်များဖြစ်ပါသည်။
ဘုရားသခင်ကို ပိုတိုးသိကျွမ်းနားလည်လာအောင် မှန်မှန်ကျမ်းစာဖတ်သည်။ ဆုတောင်းခြင်းက…
ရေရှည်အကျိုးအတွက်
၂၀၀၆ ခုနှစ်၌ အရွယ်ရောက်ပြီးသူ လူတစ်ထောင်ကျော်ကို ဆန်းစစ်လေ့လာချက်အရ လူအများစုသည် တန်းစီစောင့်ဆိုင်းရစဉ် ပျှမ်းမျှ အချိန် ၁၇ မိနစ်အထိသာ သည်းခံနိုင်ကြပြီး၊ ဖုန်း ခေါ်ပြီး စောင့်ဆိုင်းရချိန်ကို ၉ မိနစ်အထိမျှသာ သည်းခံနိုင်ကြကြောင်းတွေ့ရသည်။ စိတ်မရှည် သည်းမခံနိုင်ခြင်းသည် အများဆုံးတွေ့ရသော လက္ခဏာတစ်ခုဖြစ်နေပါ၏။
သခင်ယေရှု တဖန်ကြွလာခြင်းကို စောင့်မျှော်ပြီး စိတ်မရှည်နိုင်ဖြစ်ရသည့် ယုံကြည်သူ တစ်စုထံ ရှင်ယာကုပ် စာရေးသားခဲ့သည်(ယာ ၅း၇)။ သူတို့သည် စွန့်စားမှုများနှင့် စိတ်ဆင်းရဲ ရသော အချိန်များ၌ နေထိုင်ကြရသဖြင့် သူတို့၏ ရေရှည်အကျိုးအတွက် “စိတ်ထားတတ်အောင်/စိတ်ကိုချိန်ညှိတတ်ရန်” ရှင်ယာကုပ်က အားပေးခဲ့ပါသည်။ ရှင်ယာကုပ်သည် ဤယုံကြည်သူများကို ဆင်းရဲဒုက္ခများကြားမှ သည်းခံတတ်ရန် စိန်ခေါ်ထားပြီး ထိုသူတို့အား ကြံ့ကြံ့ခံရပ်တည်ရန်နှင့် သခင်ဘုရား တစ်ဖန်ပြန်ကြွလာပြီး မှားယွင်းနေသောအရာများကို အမှန်ပြန်ပြုပြင်ပေးမည့်အချိန်ထိ စွန့်လွှတ်ပူဇော်၍ အသက်ရှင်နေထိုင်ရန် ကြိုးစားတိုက်တွန်းခဲ့ပါသည်။ “ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသော အချိန်ရောက်လုနီးပြီ”ဟု…
မြေပြင်မှာလို ထက်ရပ်တွင်လည်း
သခင်ယေရှုခေတ်က ရုပ်တုကိုးကွယ်သော ရောမတို့၏အယူဝါဒအရ ကောင်းကင်ရှိနတ်ဘုရား များ လှုပ်ရှားလျှင် ကမ္ဘာကြီး၌ သက်ရောက်မှုရှိသည် ဟုသွန်သင်ကြသည်။ ဥပမာ- ဇူးစ်နတ်ဘုရား စိတ်ဆိုးလျှင် မိုးကြိုးပစ်လွှတ်သည်။“ထက်ရပ်မှာ လို၊ အောက်မြေ၌လည်း” ဟု ရှေးစာဆိုရှိခဲ့သည်။
သို့သော် ယေရှုက တစ်ခါတစ်ရံ “မြေပြင်မှာလို၊ ကောင်းကင်၌လည်း” ဟု ထိုစကား ကို ပြောင်းပြန်သွန်သင်သည်။ ယုံကြည်သူတစ်ဦး ဆုတောင်းလျှင် ကောင်းကင်က အဖြေပေးသည်။ အပြစ်သားတစ်ဦး နောင်တရလျှင် ကောင်းကင် တမန်များ ဝမ်းမြောက်သည်။ သာသနာလုပ်ငန်း တစ်ခုအောင်မြင်လျှင် ဘုရားဘုန်းတော်ထင်ရှား ပြီး၊ ယုံကြည်သူတစ်ဦး နာခံမှုမရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော် ကြေကွဲနာကျင်ရသည်။
ဤအရာများကို ကျွန်တော်ယုံကြည်သော်လည်း မေ့မေ့ပျောက်ပျောက်သာ ရှိနေတတ်၏။ ကျွန်တော့် ဆုတောင်းချက်များသည် ဘုရားသခင်အတွက် အရေးပါကြောင်း မေ့သည်။ ယနေ့ပြုသော ကျွန်တော့်၏လုပ်ရပ် ရွေးချယ်မှုက စကြဝဠာ အရှင်သခင်အား ဝမ်းမြောက်စေကြောင်း၊ သို့မဟုတ်…
ဝှက်ထားသောဘဝအသက်တာ
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်တော်သည် ကဗျာဆရာဂျော့ဂ်ျ မက်ဒေါနယ်၏ “The Hidden Life” ကဗျာကို အမှတ်မထင် ဖတ်ခဲ့ရသည်။ ထိုကဗျာမှာ ပညာတတ် ပါရမီရှင် စကော့လူငယ်လေးတစ်ယောက်သည် ဖခင်အိုနှင့် မိသားစုလယ်လုပ်ငန်းကို လုပ်ကိုင်ရန် ဂုဏ်ရှိ သည့် ပညာတတ်အလုပ်ကို ကျောခိုင်းစွန့်ခဲ့သည့် အကြောင်းဖြစ်သည်။သူသည် သာမညအလုပ်များ နှင့် ရိုးရိုးရှင်းရှင်း တတ်နိုင်သရွေ့ ကူညီလုပ်ကိုင် ပေးရင်း မအားနိုင် ဖြစ်နေသည်။ မိတ်ဆွေများက သူ့ကိုကြည့်ပြီး ၎င်းသည် သူ့အရည်အချင်းများကို ဖြုန်းတီးရာရောက်သည်ဟု ဝမ်းနည်းကြသည်။
သင်လည်း လူသူမသိ အသိအမှတ်ပြု မခံရသောနေရာ၌ အစေခံရင်း သာမညအလုပ်ကို လုပ်ကောင်းလုပ်နေမည်။ အခြားသူက အချည်းနှီး ဟု မြင်ကောင်းမြင်မည်။ သို့သော် ဘုရားသခင်၌ မည်သည့်အရာမျှ အချည်းနှီးမဖြစ်ပါ။ ဘုရားသခင်ကို ထောက်ထားပြီး ချစ်ခြင်းမေတ္တာဖြင့် ပြုသောအမှုတိုင်းသည် မှတ်တမ်းတင်ခံရပြီး ထာဝရအကျိုးသက်ရောက်မည်။ မည်မျှပင် နုံချာသောနေရာဖြစ်စေ…
အနာငြိမ်းစေသောစကားလုံးများ
၁၈၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ ပင်ဆာဗေးနီးယားပြည်နယ်၊ ဂတ်တီးဘတ်ဒေသရှိ နိုင်ငံတော်စစ်သင်္ချိုင်းဖွင့်ပွဲ ဂုဏ်ပြုအခမ်းအနား၌ နာမည်ကျော်ပုဂ္ဂိုလ်နှစ်ဦး မိန့်ခွန်းပြောကြားခဲ့သည်။ အထူးပင်တိုင်မိန့်ခွန်းရှင် အက်ဒဝပ် အဲဗာရက်သည် အထက်လွှတ်တော်အမတ်ဟောင်း၊ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ဟားဗတ်တက္ကသိုလ်ကြီး၏ ဥက္ကဌ လည်း ဖြစ်သည်။ သူ့ခေတ် သူ့အချိန်က အဟော အပြောအကောင်းဆုံး လူများအနက် တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး သူသည် ၂ နာရီကြာမျှ ခမ်းနားစွာ မိန့်ခွန်းခြွေခဲ့၏။ သူ့နောက်တွင် သမ္မတ အာဗြံဟံ လင်ကွန်း က အချိန် နှစ်မိနစ်ကြာသော မိန့်ခွန်းကို ပြောခဲ့ပါသည်။
သမ္မတလင်ကွန်း၏ဂတ်တီးဘတ်မိန့်ခွန်းမှာ ယနေ့ခေတ်ထိ လူသိများလျက် ကိုးကားကြသော်လည်း မစ္စတာ အဲဗာရက်၏စကားများကို လူတို့မေ့နေသလောက် ရှိနေ၏။ ဤသို့ ဖြစ်ရခြင်းမှာ သမ္မတလင်ကွန်း၏စကားလုံးများက ကျစ်ကျစ်လစ်လစ်နှင့် အဟောအပြောကောင်းခြင်းကြောင့် မဟုတ်ပေ။ ထိုနေ့၌ ဖော်ပြခဲ့သော သူ့စကားလုံး များက…
ပရိသတ်တစ်ဦးမျှ မလာသည့်ည
ဆောင်းတစ်ညတွင် တေးရေး ဂျိုဟန် စဘက်ရှင် ဘက်ခ်ျ က ဘုရားကျောင်းတစ်ခု၌ သီချင်းသစ်ကို ပွဲဦးထွက်တီးခတ်ပြရန် စီစဉ်ခဲ့သည်။ ဘုရားကျောင်းအပြည့် ပရိသတ်များရောက်လာ လိမ့်မည်ဟု သူမျှော်လင့်ထားခဲ့၏။ သို့သော် မည်သူမျှ ထိုညပွဲသို့ရောက်မလာခဲ့ပါ။ စီစဉ်ထားမှု များ တစ်ချက်မျှမပျက်စေရဘဲ ဘက်ခ်ျ က သူ့ဂီတအဖွဲ့ဝင်များအား တင်ဆက်မှုကို စီစဉ်ထား သည့်အတိုင်း ဆက်၍ပြုလုပ်မည်ဟု ပြောခဲ့သည်။ သူတို့အသီးသီး နေရာယူကာ ဘက်ခ်ျ က အချက်ပြတုတ်ကို မြှောက်လိုက်သည်တွင် ဘုရား ကျောင်းဆောင် အလွတ်တစ်ခုလုံးထဲ၌ အံ့မခန်း သည့် ဂီတသံသာများဖြင့် ပြည့်လျှံသွားခဲ့သည်။
ဤအဖြစ်အပျက်က ကျွန်မ၏အတွင်းစိတ်ဓာတ်ကို ပြန်ဆန်းစစ်စေခဲ့ပါသည်။ ဘုရားသခင်သည်သာ ကျွန်မ၏တစ်ဦးတည်းသောပရိသတ်ဖြစ်ခဲ့ပါက ဤစာများကို ကျွန်မ ရေးသားပါမည်လား။ ကျွန်မ၏အရေးအသားတို့ မည်သို့ ကွာခြားမည်နည်း။
စာရေးသားရာ၌ မိမိရေးပေးသည့်ပရိသတ်ကို အာရုံပြုမြင်ယောင်၍ ရေးသားရန် ကလောင်သစ်များကို မကြာခဏ တိုက်တွန်းကြသည်။ ဝတ်ပြုခြင်းဆိုင်ရာ…
ရွေးကောက် မွေးစားခြင်း
ဇနီးဖြစ်သူ မာလင်းနှင့် ကျွန်တော် လက်ထပ်ခဲ့သည်မှာ ၃၅ နှစ်ကျော်ပင် ရှိခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ဦး ပထမဆုံးချိန်းတွေ့စဉ်က ပြော ခဲ့သည့် အကြောင်းများကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်ပါ။ သူမက ခြောက်လသမီးအရွယ်တွင် မွေးစားခံခဲ့ရကြောင်း ပြောပြသဖြင့် ကျွန်တော်က မိဘအရင်းများကို သိလိုစိတ်ဖြစ်မိသလားဟု မေးရာ၊ သူမက “ကျွန်မဖေဖေနဲ့ မေမေက အဲဒီနေ့မှာ တခြားကလေးတွေကို ရွေးချယ်လို့ရနိုင်တာပဲ၊ ဒါပေမယ့် ကျွန်မကို သူတို့ ရွေးချယ်လက်ခံပြီး မွေးစားခဲ့တယ်၊ ဒီမိဘတွေက ကျွန်မရဲ့မိဘအရင်း (အစစ်အမှန်)ပါပဲ”ဟု တုံ့ပြန် ဖြေကြားခဲ့ပါသည်။
မွေးစားမိဘတို့၏ကျေးဇူးကို ခံစားချက် အပြည့်နှင့် အလေးအနက်ဖော်ပြသည့် သူမ၏ ကျေးဇူးသိတတ်မှုမျိုးကို ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ပတ်သက်ဆက်နွယ်မှုသဘော၌လည်း ထင်ရှားပေါ်လွင်စေသင့်သည်။ ခရစ်တော်၏ နောက်လိုက်များအနေနှင့် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထက်ရပ်ကောင်းကင်ဘုံမှ မွေးဖွားလာသူများဖြစ်ကြပြီး ဘုရားသခင်၏ မိသားစုတွင် မွေးစားခြင်း ခံကြရသည်။
ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့်…
မီးစင်ကြည့် ကပါ
ပထမကမ္ဘာစစ်အတွင်းက မိန်းဒေသ ပထမဆုံးတိုက်ပွဲ၌ ပြင်သစ် ဒုတိယဗိုလ်ချုပ်ကြီး ဖာဒီနန် ဖော့ခ်ျက “ငါ့ရဲ့ ပင်မစခန်းကျတော့မယ်၊ ညာလက်ရုံးတပ်က နောက်ကြောင်းပြန်ဆုတ်နေပြီ။ ရှိတဲ့အခြေအနေထဲမှာ အကောင်းဆုံးလှုပ်ရှားပါ။ ငါဘက်က ထိုးစစ်စပြီ” ဟု သတင်းထုတ်ပြန်ခဲ့သည်။ အခက်အခဲများကြား၌ မျှော်လင့်ချက်ထားရှိခဲ့ခြင်း ကြောင့် သူ့စိတ်ဓာတ်ဆန္ဒက သူ့တပ်ဖွဲ့ဝင်များကို အောင်ပွဲဆီသို့ အဆုံးတွင် ပို့ဆောင်သွားခဲ့သည်။
တစ်ခါတစ်ရံ ဘဝတိုက်ပွဲများ၌ ဘက်ပေါင်းစုံမှ ဆုံးရှုံးနေသကဲ့သို့ ကျွန်ုပ်တို့ခံစားရ တတ်သည်။ မိသားစုတွင်း သဘောထားကွဲလွဲမှု၊ လုပ်ငန်းတွင် အနှောင့်အယှက်ကြောင့် ဆိုင်းငံ့ရမှု များ၊ ငွေကြေးကိစ္စ၊ သောကပူပန်စရာများ၊ ကျန်းမာရေးကျဆင်းမှု စသည်တို့က ဘဝကို အဆိုးမြင်စေ၏။ သို့သော် ခရစ်တော်၌ ယုံကြည်သူတစ်ဦးသည် “ရှိသည့်အခြေအနေ၌ အကောင်းဆုံးလှုပ်ရှားပါ” ဟုပြောနိုင်မည့် နည်းလမ်းတစ်ခုကို အမြဲပင် ရှာတွေ့နိုင်ပါသည်။
ရှင်ပေါလုကိုကြည့်ပါ။ ဧဝံဂေလိတရားဟောပြောမှုကြောင့် ချုပ်နှောင်ခံရချိန် တွင် သူ့၌ တစ်မူထူးခြားသည့် စိတ်လှုပ်ရှားမှုရှိနေခဲ့သည်။ ဖိလိပ္ပိအသင်းတော်သို့…
ဘုရား၏ဝိညာဉ်တော် မစမှု
ကျွန်ုပ်တို့အများစုသည် နှစ်ဦးနှစ်သစ် အထိမ်းအမှတ်အဖြစ် ယခင်ကထက် ပို၍ စုစု ဆောင်းဆောင်းနေမည်၊ လေ့ကျင့်ခန်း ပိုလုပ်မည်၊ အင်တာနက်သုံးချိန်လျှော့မည် စသည်ဖြင့် မိမိ ဖာသာ ကတိကဝတ်ပြု တတ်ကြသည်။ ဦးတည်ချက် ကောင်းများဖြင့် နှစ်သစ်ကို အစပြုကြသော်လည်း အချိန်ကြာကြာမခံပါ။ အကျင့်ဟောင်းများကဒုံရင်း လမ်းဟောင်းအတိုင်း ပြန်လုပ်အောင် သွေးဆောင် လာသည်။ သို့နှင့် တစ်ခါတစ်ရံ လမ်းမတည့် တော၊့ ထိုမှ တစ်ဆင့်တက်ကာ မကြာခဏ ပို၍ လမ်းလွဲလာပြီး၊ နောင်တွင် တစ်ချိန်လုံးလိုလို လမ်းလွဲတော့သည်။ နောက်ဆုံးတွင် တစ်ခါမျှပင် ဆုံးဖြတ်ချက်မချခဲ့ဘိသို့ပင် ဖြစ်သွားသည်။
မိမိတစ်ကိုယ်ရေ တိုးတက်ရေးအတွက် မိမိဖာသာ ပန်းတိုင်ချမှတ် ရွေးချယ်ခြင်းထက် ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ကြည့်ခြင်းက ပို၍ ကောင်းသောနည်းလမ်းဖြစ်မည်။ “ကျွန်တော်/ကျွန်မကို ဘုရားသခင်က ဘာလုပ်စေချင် တာလဲ”ဟု မိမိဖာသာပြန်မေးကြည့်ပါ။ မှန်သောအရာကို လုပ်ဆောင်ရန်၊ ကရုဏာတရား ရှိရန်နှင့် စိတ်နှလုံးနှိမ့်ချလျက်…