အမျိုးအစား  |  odb

ခံတွင်းပျက်နေသည်

မကြာသေးမီက ကျွန်မ ဆိုးဆိုးဝါးဝါး အအေးမိပြီး အလူးအလဲဝေဒနာခံရကာ စားချင် သောက်ချင်စိတ် မရှိ၊ ခံတွင်း ပျက်ခဲ့သည်။ အစာများများ မစားဘဲနှင့် ရေသောက်ရုံဖြင့်ပင် တစ်နေ့လုံး နေနိုင်သည်။ သို့သော် ရေတစ်မျိုးတည်း နှင့် ကြာရှည်မဖြစ်နိုင်။ ခန္ဓာကိုယ် အာဟာရအတွက်   ခံတွင်း ပြန်ကောင်းဖို့လိုပါသည်။
ဣသရေလလူမျိုးများ ကျွန်ခံရာ ဗာဗုလုန်မှ ပြန်ရောက်လာသောအခါ ဝိညာဉ်ရေးရာ အာသီသ အားနည်းနေခဲ့ပါ၏။ သူတို့သည် ဘုရားသခင်ထံမှ၊ တရားတော်လမ်းများမှ သွေဖည် နေခဲ့သည်။ ထိုသူတို့အား ဝိညာဉ်ပိုင်း ပြန်လည် ကျန်းမာလာစေရန် နေဟမိသည် သမ္မာကျမ်းစာ ဖတ်ရှုဆွေးနွေးပွဲတစ်ခုကို ကမကထပြု စီစဉ်ပေးပြီး ကျမ်းတတ်ဆရာ ဧဇရက ကျမ်းစာသင်ကြားပေးခဲ့လေသည်။
ဧဇရသည် မောရှေ၏ပညတ္တိကျမ်းကို နံနက်အချိန်မှစ၍ မွန်းတည့်တိုင်အောင် ဖတ်ရွတ်ပြီး လူအပေါင်းတို့အား ဘုရား၏သမ္မာတရားအာဟာရဖြင့် ကျွေးမွေးပြုစုသည် (နေ ၈း၃)။ ထိုသူတို့သည် စိတ်ဝင်စားစွာ နားထောင်နေကြ၏။ …

ကျေးဇူးတင်စရာ ၃၁ ရက်တာ

အမေရိကန်ပြည်ထောင်စု၏ ပြက္ခဒိန် အများစုတွင် ဇန်နဝါရီလသည် တစ်နိုင်ငံလုံး အတိုင်း အတာနှင့်ဆိုရလျှင် ကျေးဇူးတော်ချီးမွမ်းခြင်းလ ဖြစ်သည်။ နေရာမရွေး လွယ်ကူစွာ လွှဲပြောင်း လုပ်ဆောင်နိုင်သဖြင့် ဤလကို ကမ္ဘာလုံးဆိုင်ရာ  ကျေးဇူးတော် ချီးမွမ်းရာလ ဟုပင် ဆိုသင့်ပါသည်။
အကောင်းဆုံး ကျေးဇူးတော်ချီးမွမ်း နိုင်ရေး ကျေးဇူးတင်ခြင်းနှင့်ဆိုင်သော သမ္မာကျမ်း ဖော်ပြချက်တို့ကို ကြည့်ကြပါစို့။  ၁၃၆ခုမြောက်သော ဆာလံ၏ အဖွင့်နှင့်အပိတ်တို့တွင် “ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့” (း၁၊ ၂၆)ဟု ပါရှိသည်။ “ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍”ဟူ သည့်အသုံးကို ဤကျမ်း အခန်းကြီးတစ်ခုလုံးတွင် ဖော်ပြထားပြီး ၎င်းသည် ကြီးမြတ်လှသော ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းရသည့် တစ်ခုတည်းသော ပဓာနကျအရေးပါသည့် အကြောင်းရင်းဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးလာသည်။ ၁၃၆ ခု မြောက်သော ဆာလံ မှ ကျေးဇူးတင် သိတတ်သော သဘောကို…

ကိုယ်တော်၏ ကိုင်ဖမ်းမှု

ပျားပန်းခပ် ရှုပ်ထွေးသောလမ်းကို ကလေးငယ်များနှင့် ဖြတ်ကူးချိန်ဆိုလျှင် ကျွန်တော်  တို့က လက်ကိုကမ်းပေးပြီး “မြဲမြဲကိုင်ထားနော်”ဟု ပြောလျှင် ကလေးများကလည်း သူတို့အားလေးနှင့်    တင်းတင်းဆုပ်ကိုင်ထားသည်။ သို့သော် ၎င်းတို့၏ ဆုပ်ကိုင်ထားမှုကို စိတ်ချထား၍မရပါ။ ၎င်းတို့၏ လက်ကို ပြန်လည်ကိုင်ထားမှ ၎င်းတို့အန္တရာယ်မဖြစ် အောင် စောင့်ရှောက်နိုင်မည်။ သို့ဖြစ်၍ ရှင်ပေါလုက “ခရစ်တော်သည် ငါ့ကို ကိုင်ဖမ်းတော်မူ၏”ဟု ဆိုခဲ့သည် (ဖိ ၃း၁၂)။ တိတိကျကျ ဆိုရလျှင် “ခရစ်တော်  ကျွန်ုပ်ကို ဆုပ်ကိုင်ထား၏။”
သေချာသည်က ဘုရားသခင်ကို ကျွန်ုပ်တို့ ဆုပ်ကိုင်ထားခြင်းကြောင့် မဟုတ်ဘဲ၊ သခင်ယေရှု၏တန်ခိုးနှင့်ပြည့်သော ဆုပ်ကိုင်ထားမှုကြောင့်သာ ကျွန်ုပ်တို့ ဘေးကင်းလုံခြုံ ရသည်။ ကိုယ်တော်၏ဆုပ်ကိုင်ထားသောလက်တော်မှ မည်သူကမှ ဆွဲထုတ်မသွား နိုင်ပါ။ မကောင်းဆိုးဝါးများလည်း မထုတ်နိုင်၊ မိမိကိုယ်ကိုလည်း မဆွဲထုတ်နိုင်ပါ။ ကိုယ်တော်၏လက်ထဲ ကျွန်ုပ်တို့ တစ်ကြိမ်ရောက်ရှိသွားပါက သူလက်မလွတ်တော့ပါ။
“ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည်…

ခံစားချက်ပေါင်းစုံ

မာလင်းနှင့်ကျွန်တော့်အဖို့ “ခံစားချက် ပေါင်းစုံ”ဆိုသော စကားစုက ကျွန်တော်တို့၏ မင်္ဂလာပွဲကို အတိအကျ ညွှန်းပြနေသည်။ တလွဲ  မထင်လိုက်ပါနှင့်။  မင်္ဂလာနှစ်ပတ်လည်ကို ၃၅ နှစ်မျှ ဝမ်းမြောက်စွာ ဆင်နွှဲခဲ့ရပါပြီ။ သို့သော် ထိုစဉ်က မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုတွင် မာလင်း၏မိခင်ကြီးမှာ ကင်ဆာရောဂါနှင့်ကွယ်လွန် သွား၍ မင်္ဂလာပွဲမှာ တက်တက်ကြွကြွ မဖြစ်ခဲ့ပေ။ မာလင်း၏အဒေါ်က “သတို့သမီးမိခင်”နေရာတွင် အစားထိုးရပ်ပေးခဲ့လည်း ပျော်ရွှင်မှုအလယ်တွင် တစ်ခုခုမှားနေသည်က အထင်အရှားပါ။ မိခင်ကြီး ပျောက်နေသည်။ ထိုအရာက အရာခပ်သိမ်းကို ထိခိုက်စေခဲ့သည်။
ထိုအတွေ့အကြုံက ပြိုပျက်နေသော ကမ္ဘာလောကကြီးထဲ ဘဝအသက်ရှင်ရ ခြင်းကို ရိုးရိုးလေးဖော်ပြနေသည်။ လောက၌ကြုံရသော အတွေ့အကြုံများက အကောင်း နှင့်အဆိုး၊ ဝမ်းမြောက်မှုနှင့် နာကျင်မှုတို့ ရောမွှေထည့်ထားသော အိတ်ကြီးပမာဖြစ်သည်။ ထိုအမှန်တရားကို ရှောလမုန်က “လူသည်ရယ်စဉ်အခါပင် ဝမ်းနည်းသောစိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏” (သု ၁၄း၁၃)ဟု ဆိုခဲ့သည်။ ရွှင်လန်းသောနှလုံးသားမှာ…

သူငယ်တစ်ဦးထံပေးစာ

ဆရာကြီး စီ အက်စ် လူးဝစ်သည် သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် ယုံကြည်သူ ကလေးငယ်များ၏ဝိညာဉ်ရေးကို ပျိုးထောင်ပြုစုရန် စိတ်ဝင်စားကြောင်း ပြခဲ့သည်။ နာမကျန်း ဖြစ်နေ သော်လည်း ဖိလစ်အမည်ရှိ ကလေးတစ်ဦး၏ စာကို အချိန်ယူ စာပြန်ခဲ့သည်။ သူငယ်လေး၏ စာအရေးအသား ညက်ညောမှုကို ချီးမွမ်းရင်း နာနီရာ ရာဇဝင် ဇာတ်လမ်းထဲမှ ခြင်္သေ့ကြီးသည် ယေရှုခရစ်ကို ကိုယ်စားပြုကြောင်း ဖိလစ်လေးက နားလည်သဘောပေါက်ခြင်းကြောင့် သူအားရ ဝမ်းသာပါကြောင်း စာပြန်ခဲ့သည်။ နောက် တစ်နေ့ အင်္ဂလန်နိုင်ငံ၊ အော့စဖို့ဒ်ရှိ ကေးန်စ်မြို့နေအိမ်တွင် ဆရာကြီး ကွယ်လွန်ခဲ့သည်။
တမန်တော်ရှင်ယောဟန်သည်လည်း သူ၏နောက်ဆုံးနေ့ရက်များတွင် သူ၏ ဝိညာဉ်သားသမီးများထံ စာရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင်  ငယ်ရွယ်သော သူ၏ ဝိညာဉ်ရေး တပည့်များအား သမ္မာတရားလမ်းတွင် ကျင်လည်ရန်၊ ခရစ်တော်နောက်လိုက် ရန် တိုက်တွန်းအားပေးနေသည့် ရင့်ကျက်သောယုံကြည်သူကြီး၏ဝမ်းမြောက်မှုကို တွေ့ရ သည်။
“ငါ၏သားသမီးတို့သည်…

ဆက်သ တင်ဆက်မှု

ကျွန်တော့်ဇနီး မာတီသည် အချက်အပြုတ် ကောင်းသူဖြစ်သည်။ တစ်နေ့တာ ကုန်ဆုံးချိန်တွင် အရသာရှိလှသည့် ထမင်းဝိုင်းမှ မွှေးကြိုင်နေသောရနံ့ကို ရှုရှိုက်လိုက်ရဖို့ ကျွန်ုပ် မျှော်လင့်တောင့်တမိသည်။ အစားအသောက်ကို ချက်ပြုတ်တတ်သည်သာမက  စားပွဲပြင်တည်ခင်းရာ တွင်လည်း သူက ဆရာတစ်ဆူပင်။ အသားဟင်း၊ ဖြူစင်းအိသောထမင်းနှင့် ဟင်းသီးဟင်းရွက်တို့က ပန်းကန်ပြား၌ အရောင်စုံစွာ လှပစွာ တည်ခင်းထား ခြင်းက ကုလားထိုင်ကိုဆွဲပြီး သူ့လက်ရာကို ကြည်နူးစွာ စားလိုက်ရန် လက်ယပ်ခေါ်နေသည်။ သို့သော် သားငါးဟင်းသီးဟင်းရွက်များက သူ မကိုင်မီ အထိ ဆွဲဆောင်မှု မရှိပါ။ အစိမ်းအတိုင်း ပျော့စိစိ၊ ဆန်က မာတောင့်ကျွတ်ဆတ်၊ ဟင်းသီး ဟင်းရွက်များကိုလည်း ဆေးကြောသန့်စင်ပြီးလှီးသင်ရန် လိုသည်။
ယင်းက ကျွန်တော့်အတွက် သခင်ယေရှုဆောင်ရွက်ပေးသော ရက်ရောလှ သည့် အမှုကိုပြန်ပြီး အမှတ်ရစေသည်။ အပြစ်နှင့် ပတ်သက်လာလျှင် အားနည်းပြီး ယိမ်းယိုင်လွယ်သည့် ကျွန်တော့်အကြောင်းကို ကိုယ်တော် ကောင်းကောင်းသိသည်။…

ချုပ်နှောင်ခံဘဝ၏ စိန်ခေါ်မှု

ထောင်သာသနာလုပ်ငန်း၌ အနှစ် ၃၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်သူ ကန်ဒီးလ်သည် အသက် (၈၆) နှစ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေး၌ နောက်ဆုံးဒေသနာကို ဝေငှပြီး တာဝန်မှအနားယူခဲ့သည်။ သူက အကျဉ်းကျသူများ အား အကျဉ်းကျကာလအတွင်း သခင့်အတွက် အစေခံရန်ဝေငှပြီး၊ ထောင်သားများနှင့်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ခံရသူအချို့၏ သက်သေခံချက် များကို ပြောပြသည်။  ထောင်ကဲ့သို့သော နေရာက မည်သူမျှမနေလို၊ လူတိုင်း ထွက်ခွာသွားလိုသည်။ သူက အကျဉ်းသားများအား လိမ္မာရင့်ကျက်ရန်၊ အခြားသူကို ယေရှုခရစ်တော်၏ သတင်းကောင်း ဝေငှ ပြောကြားရန် အားပေးတိုက်တွန်းခဲ့သည်။
ဘုရားကို မနာခံခြင်းကြောင့် ယုဒလူတို့ကို နေဗုခဒ်နေဇာမင်းက ဗာဗုလုန်သို့ ကျွန်ပြုခေါ်ဆောင်သွားပြီးနောက် ပရောဖက်ယေရမိက ဘုရားသခင်ထံမှလာသော သတင်းစကားကို သူတို့ထံပို့ပေးခဲ့သည်။ “အိမ်တို့ကို စောင့်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌…

အတူရှိနေပါ

ကွန်နက်တီကက်ဒေသရှိကျောင်းတွင် ကလေး ၂၀ ဦးနှင့် ကျောင်းဝန်ထမ်း ၆ ဦးတို့ အသတ်ခံရပြီးနောက် ထိုဆိုးဝါးထိတ်လန့်ဖွယ် ဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရသည်။ လူတိုင်းက ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ဤကိစ္စကို မည်သူက ဘာ့ကြောင့် လုပ်သနည်း။ နောက်ထပ်မဖြစ်အောင် မည်သို့ ကြိုတင်ကာကွယ် တားဆီးမည်နည်း။ အသက်ရှင် ကျန်ရစ်သူများကို မည်သို့ ကူညီမစနိုင်မည်နည်း စသည့်မေးခွန်းများ ကိုသာ အာရုံစိုက်နေသည်။ ဤသို့ ကမောက်ကမ ဖြစ်နေချိန်အတွင်း  မျှော်လင့်မထားသော အဖွဲ့ တစ်ဖွဲ့ ရောက်လာပြီး ထူးခြားမှုကို ဖြစ်စေခဲ့သည်။
ရှီကာဂိုမှ အထူးလေ့ကျင့် ပေးထား သော၊ တစ်ပါးသူကို ဂရုစိုက်တတ်သော ရွှေရောင် အမဲလိုက်ခွေးများ ရောက်လာခြင်းပါ။ ခွေးများသည် စကားမပြောပါ။ ရိုးရိုးလေး အတူရှိနေပေးသည်။ မျက်စိရှေ့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် စိတ်ဒဏ်ရာရသွားသည့် ကလေးများသည် လူကြီးများကို မဖော်ပြ သည့်…

ခရစ်တင်းဂေးလ်

ချက်ဒ်ပြည်ထောင်စု သမ္မတနိုင်ငံနှင့် အခြားသော နေရာဒေသများတွင် ခရစ်စမတ်ပွဲ ကျင်းပရာ၌ ခရစ်စတင်းဂဲလ်(Christingles)  လိမ္မော်သီးပါဝင်ပြီး ၎င်းသည် ကမ္ဘာကြီးကို ကိုယ်စားပြုသည်။ လိမ္မော်သီးပေါ်၌် ဖယောင်းတိုင် တစ်တိုင် ထွန်းထားပြီး လောက၏ အလင်း ဖြစ်သည့်  ခရစ်တော်ကို ပုံဆောင်သည်။ အနီရောင်ဖဲကြိုးဖြင့် လိမ္မော်သီးကို ပတ်ချည်ထားခြင်းက သခင်ယေရှု၏ အသွေးတော် ပုံဆောင်ချက်ဖြစ်ပြီး၊ သစ်သီးခြောက် များသီထားသော သွားကြားထိုးတံ ၄ ချောင်းဖြင့် ဖဲကြိုးကိုဖောက်ပြီး လိမ္မော်သီးပေါ် ထိုးစိုက်သည်။ ယင်းက လောကီအသီးများကို ကိုယ်စားပြုသည်။
ဤသို့ မျက်စိဖြင့် မြင်ရသောအရာ ရိုးရိုးလေးက ခရစ်တော်ကြွလာခြင်း၏နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို အထင်အရှား ပုံဆောင်ဖော်ပြနေသည်။ ခရစ်တော်ဆင်းသက်ကြွလာခြင်း၏ရည်ရွယ်ချက်မှာ အမှောင်ထု ထဲသို့ အလင်းဆောင်ကြဉ်းပေးရန်၊ အသွေးသွန်းခြင်းအားဖြင့် ပျက်စီးယိုယွင်းနေသော လောကကြီးကို ရွေးနုတ်ကယ်တင်ရန် ဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ တမန်တော်ရှင်ယောဟန်က သခင်ယေရှုကို လောက၏ အလင်းအဖြစ် ဖော်ပြထားခဲ့သည်။…

တိတ်ဆိတ်ညတစ်ည

စိုင်မွန်သည် နယ်သာလန်မှ အမေရိကသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ သူ့ဇနီး ကေးနှင့် သူတို့၏ကလေး သုံးဦးစလုံးတို့မှာ အမေရိကတွင် မွေးဖွားခဲ့သည်။ သည့်နောက်တွင် သမီးဂျဲနီက ပနားမားမှ ရောဘတ်တို၊ သားကြီး ဘီလ်က ပေါ်တူဂီမှ ဗနီးယား၊ သားငယ် လူးကပ်စ်ကမူ တောင်ကိုရီးယားမှ ဘိုရာနှင့် အသီးသီး အိမ်ထောင် ကျခဲ့ကြသည်။
ခရစ်စမတ်အကြိုနေ့တွင် မိသားစုများ စုရုံးပြီး ခရစ်စမတ်ပွဲ ကျင်းပရာ “တိတ်ဆိတ်ည” ဓမ္မတေးကို မိမိတို့၏ မိခင်ဘာသာဖြင့် အသီးသီး သီဆိုကြသည်။ ဘုရားသားတော် ဖွားမြင်တော်မူခြင်းကို သူတို့ဂုဏ်ပြုချီးမွမ်းသောကြောင့် ကမ္ဘာကိုအုပ်စိုးပိုင်သသော အရှင်ဘုရား အနေဖြင့် နားဝင်ချိုပြီး ကျေနပ်လိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်တွင် ကောင်းကင်တမန်တစ်ပါးက သိုးထိန်းများ အား “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏” (လု ၂း၁၀) ဟုဆိုကာ သူငယ်တော်ဖွားမြင်ကြောင်းပြောကြားကာ တိတ်ဆိတ်ည၏ ဆိတ်ငြိမ်မှုကို ရုတ်ချည်းဖြိုခွင်းလိုက်သည်။။…