အမျိုးအစား  |  odb

ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိ၏

ရိုမေးနီးယားနိုင်ငံ၊ ဘူချာရက်(စ) မြို့၏ ကျမ်းစာကျောင်း ဝတ်ပြုဆောင်၌ ကျောင်းသား များ၏ အမည်ကို ခေါ်နေစဉ် သူ့ကို သတိမပြုဘဲ မနေနိုင်။ ခန်းမထဲ၌ သူက ပေါ်လွင်လွန်းလှသည်။ အခြားသူအားလုံးက ဝတ်စုံပြည့် ကျကျနန ဝတ်စား ထားသည်။ သူကတော့ ဂျင်းဘောင်းဘီ၊ တီရှပ်နှင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည်။ ကျောင်း စည်းကမ်းကို သူဘာ့ကြောင့်   မလိုက်နာသနည်း။ ကျွန်ုပ် မသိပါ။ သို့သော်လည်း သူ့အမည်ကိုဖြင့် အသေအချာ မှတ်မိခဲ့သည်။
သင်တန်းပြီးဆုံးချိန်တွင် သူက ကျွန်တော့်ထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။  သူ့နာမည်ကို မေးသော် သူက “ဧမဲနျူယယ်”ဟု ဖြေသည်။ သူ့အဖြေကြောင့် ကျွန်တော် အံ့အားသင့် သွားပြီး သူ့နာမည်၏အဓိပ္ပာယ်ကို သိလားဟု မေးရာ၊ သူက မရှက်မရွံ့နှင့် “ဟုတ်ကဲ့၊ သိပါတယ်၊ ဘုရားသခင် ကျွန်ုပ်တို့နှင့် အတူရှိ၏ဟု…

ခရစ်စမတ်အံ့ဖွယ်ရာ

ကျမ်းစာသင်ကျောင်းတွင် ပထမ နှစ်ဝက်ပြီးဆုံးသွားချိန်တွင် ကျွန်တော်တို့ မိသားစု မှာ ခရစ်စမတ်အခါသမယ အိမ်သို့ပြန်ရန်အတွက် လေယာဉ်လက်မှတ် ရရှိခဲ့သည်။ မပြန်မီညတွင်မှ လက်ထဲတွင် ဒေါ်လာ ၂၀ပင် မရှိတော့ကြောင်း သိလိုက်ရသည်။ ကားရပ်နားခ၊ တက္ကစီခနှင့် အခြား ပေးဆောင်စရာများမှာ ဒေါ်လာ ၂၀ မက ပိုကုန်မည်မှာ သေချာသည်။ စိတ်ပူပန်လျက် ယင်း ကိစ္စအတွက် ကျွန်တော်တို့ စတင်ဆုတောင်းသည်။ ကျွန်တော့် ကလေးများမှာ ငယ်သေးသော်လည်း (၆နှစ် နှင့် ၂နှစ်) သူတို့ကိုပါ ပါဝင်ဆုတောင်း စေသည်။
ကျွန်တော်တို့ ဆုတောင်းနေစဉ်တွင် စင်္ကြံလမ်းအတိုင်း လျှောက်လာသောခြေသံကိုကြားလိုက်ရပြီး တံခါးအောက်မှ စာအိတ် လျှိုထည့်လိုက်သည့်အသံ “ရှပ်” ခနဲ ကြားရသည်။ စာအိတ်ထဲတွင် အမည်မဖော်သူထံမှ လက်ဆောင် ဒေါ်လာ ၅၀ ပါရှိသည်။
၆ နှစ် အရွယ်သမီးကြီး၏ မျက်နှာ၌ထင်ဟပ်သော အံ့သြမှုက…

အလင်းနှင့် အရိပ်

အနုပညာဆိုင်ရာ သမိုင်းပညာရှင် စေးမော စေ့ဗ် က ဒတ်ခ်ျလူမျိုး ပန်းချီဆရာကြီး ရမ်းဘရန့် (၁၆၀၆-၁၆၆၉)ကို ပန်းချီပညာနှင့် ပတ်သက်လျှင် အလင်းအမှောင်ကို ကျွမ်းကျင်သူ ဆရာကြီး၊ ဆွဲဆောင်ညှို့ယူနိုင်စွမ်းသည့် ဇာတ်လမ်း ဇာတ်ကြောင်းကို ပန်းချီပိတ်ကားထက်ဖော်ကျူး နိုင်သူအဖြစ် တင်စားသည်။ “The Adoration of the Shepherds”  ဆိုသော ပန်းချီကားတွင် သိုးထိန်းနှစ်ဦးက နွားစားခွက်အနီး ဒူးထောက်နေပြီး ကျန်အခြားသူများက ခပ်လှမ်းလှမ်းမှရပ်နေကြ သည့် မှောင်ရိပ်လွှမ်းနေသော ဗက်လင်တင်းကုပ် ပုံကို ရေးဆွဲတင်ပြထားသည်။ လူတစ်ဦးမှာ မီးအိမ် ကိုင်ထားသော်လည်း အတောက်ပဆုံးအလင်းက သူ့မီးအိမ်မှ မဟုတ်ဘဲ သူငယ်တော် ခရစ်တော် ထံမှဖြစ်ပြီး၊ သူငယ်တော်အနီး စုရုံးရောက်ရှိနေသူတို့ အပေါ် အလင်းဖြာထွန်းလင်းနေသည်။
သခင်ယေရှု မဖွားမြင်မီ နှစ်ပေါင်းခုနစ်ရာခန့်တွင် ပရောဖက်ဟေရှာယက အလင်းနှင့်အမှောင်ကို ပုံဆောင်ပြီး ဣသရေလလူတို့အတွက် ကယ်တင်ရှင် ဆင်းသက် ကြွလာမည့်အကြောင်း…

ခိုလှုံခွင့် ရယူခြင်း

ဥရောပအလယ်ခေတ်က လယ်သမား များသည် ကွင်းပြင်၌ ဂရုတစိုက်ထွန်ယက်စိုက်ပျိုး ကြပြီး ရန်သူများရောက်လာပါက မိသားစုများနှင့် အတူ တိမ်းရှောင်ကာ အကာအကွယ်ရှိသော မြို့များသို့ ပြေးပြီး ခိုလှုံရသည်။
ကာကာဆွန်မြို့မှာ ခေတ်အဆက် ဆက် ခိုလှုံရာမြို့ဖြစ်ပြီး ဘီစီ ၅ ရာစုခန့်က ကျောက် များဖြင့် တည်ဆောက်ထားသော ရဲတိုက်ဖြစ်သည်။ ၎င်းသည် ရောမ၊ ဂေါလ၊ ဗီစီဂေါ့စ်၊ ဖရန့်နှင့် ပြင်သစ် လူတို့အတွက် လုံခြုံမှုပေးသောနေရာဖြစ်သည်။ အကာအကွယ်နံရံကြီးများက ကြီးမားကျယ်ဝန်း ခြင်း၊ ခိုင်ခံ့သောမျှော်စင်၊ သူရဲခိုပြအိုးများရှိခြင်း ကြောင့် အတွင်း၌ ပုန်းအောင်းနေသူများအတွက် လုံခြုံမှုရှိကြောင်း စိတ်ချရသည်။
ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ရှေ့တော်၌ လုံခြုံစွာ ခိုလှုံနိုင်သည်။ သုတ္တံကျမ်းတွင် “ထာဝရဘုရား၏ နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏” (၁၈း၁၀)ဟု ဆိုထားသည်။ “ထာဝရဘုရား၏ နာမတော်”ဆိုသည်မှာ…

သားတော်ကို ပေးအပ်ခဲ့သည်

တေးရေး ဟဲန်ဒယ်လ်၏ မေရှိယ (Handel's Messiah) ဂန္တဝင်သီချင်းမှ ပထမ အပိုဒ် - “For unto us a Child is born” ကို ကျွန်တော်ကြိုက်သည်။ အထူးသဖြင့် “Unto us a Son is given” - ငါတို့အား သားတော်ကိုပေးခဲ့ပြီး - ဆိုသည့် ထပ်ဆိုရန်အပိုဒ်ကို ကြိုက်နှစ်သက်သည်။ ထိုစာသားများက ဟေရှာ ၉း၆ မှ ကောက်နုတ်ထား ခြင်းဖြစ်သည်။ “အကြောင်းမူကား ငါတို့အဖို့ သူငယ် ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။”ဟဲန်ဒယ်လ်၏တော်ဝင်ဂီတသံစဉ်သည် ပထမဆုံး သော ခရစ်စမတ်ညက လူ့ဇာတိခံယူပြီး ကြွလာ တော်မူသည့် သားတော်အား ကြည်ညိုမြတ်နိုးမှုဖြင့် လွှမ်းခြုံပျံ့လွင့်နေသည်။
ဤသားတော်သည် မည်သူဖြစ်သည်ကို ဓမ္မသစ်ကျမ်းမှ ရှင်းလင်းစွာဖော်ပြ သည်။ လုကာ…

ဟာတာတာ မဟုတ်ပါ

ကျွန်တော့်မြေးမလေး ဂျုလီယာသည် နွေရာသီက ယူဂန်ဒါပြည်၊ ဘူစီယာမြို့ရှိ မိဘမဲ့ ကျောင်းတွင် လက်တွေ့ကွင်းဆင်းခဲ့သည်။ ကွင်းဆင်းသည့် နောက်ဆုံးရက်တွင် ကလေးများထံ သွားပြီး တစ်ဦးစီကို နှုတ်ဆက်သည်။ စူမာယာ အမည်ရှိ မိန်းကလေးက အလွန်ဝမ်းနည်းပြီး “မနက်ဖြန်ဆို ဆရာမပြန်မယ်၊ နောက်အပတ်ဆို တခြားအန်တီတွေ ပြန်မယ်”ဟု ဝမ်းနည်းစွာဆို သည်။
ဂျုလီယာက အလိုက်သင့်စကားပြန် ပြောသည်။ စူမာယာက ခဏလေးငြိမ်နေပြီးမှ “ဆရာမတို့အားလုံးပြန်ကုန်တော့ ကျွန်မတို့အားလုံး ဟာပြီးကျန်ခဲ့မှာ”ဟု ပြောလိုက်သည်။ တစ်ဖန်ခဏ စဉ်းစားပြီး “ဒါပေမယ့် ဘုရားသခင် ကျွန်မတို့နဲ့အတူ ရှိနေလို့ ကျွန်မတို့ဟာပြီး ကျန်ခဲ့တာတော့ မဟုတ်ပါဘူး”ဟု ထပ်ပြောလိုက်တော့သည်။
ကျွန်တော်တို့ ရိုးရိုးသားသားဝန်ခံကြေးဆိုလျှင် “ဟာတာတာကြီး”ဟူသည့် ခံစားချက်ကို သိကြသည်။ ပေါင်းသင်းဆက်ဆံရေး၊ မေတ္တာ၊ လိင်၊ ငွေကြေး၊ အာဏာ ထင်ပေါ်ကြော်ကြားမှု၊ အောင်မြင်မှု စသည်တို့က ဟာတာတာခံစားချက်ကို စိုးစဉ်းမျှ မသက်သာစေနိုင်ပါ။…

မေတ္တာနှင့် ပံ့ပိုးခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရှိ မိဘမဲ့ကျောင်း၌ အစေခံနေသော မိတ်ဆွေတစ်ဦးထံမှ ကျွန်တော် စာတစ်စောင်ရရှိခဲ့သည်။ “မနေ့က ရုံးခန်းစားပွဲမှာ အလုပ်လုပ်နေတုန်း ပုရွက်ဆိတ်တန်းကြီးကို ကြမ်းပြင်ပေါ်မှာတွေ့လိုက်ရတယ်။ လိုက်ကြည့် လိုက်တော့ ရုံးအဆောက်အအုံ နံရံအတွင်းရော အပြင်၌ပါ ပုရွက်ဆိတ်များစွာကို အုံလိုက်ကျင်း လိုက်တွေ့ရတယ်။ တော်သေးတယ်၊ အလုပ်သမား တစ်ဦးက ရှင်းလိုက်မှ တစ်နာရီအတွင်း ပုရွက်ဆိတ် တွေ ရှင်းသွားတယ်”ဟု ရေးပြီးမှ “မင်းရော၊ ဒီနေ့ အလုပ်လုပ်ရတာ ဘယ်လိုလဲ”ဟု ဆက်ရေးထား သည်။
တစ်ခါတစ်ရံ မိမိနေရပ်ဇာတိ၌ ဇိမ်ကျ အဆင်ပြေမှုကို ကျောခိုင်းပြီး အဆင်မပြေ နေသား မကျမှုများကြား အမှုတော်ဆောင်နေသူများကို သတိရရန် သတိပေးမည့်အရာ တစ်စုံ တစ်ရာကိုလိုအပ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်ယောက်တစ်မျိုးအစေခံရန် ရွေးချယ်သည်။ အချို့တို့၏ အစေခံလမ်းက မချောမွေ့၊ ပုရွက်ဆိတ်တက်သည့်ရုံးခန်း၌ အလုပ်လုပ်ရန်မှာ ဆွဲဆောင်မှုမရှိ၊ မည်သူမျှလုပ်ချင်မည် မဟုတ်ပါ။ ထိုနေရာမှ…

နောက်ပြန်အသက်ရှင်ခြင်း

ချီကာဂိုမြစ်သည် သာမန်မဟုတ်ဘဲ  နောက်ပြန် စီးဆင်းသည်။ မြို့နေလူထုက မြစ်ထဲ အမှိုက်ပစ်ကြသောကြောင့် အင်ဂျင်နီယာများက လွန်ခဲ့သောနှစ် ၁၀၀ ခန့်ကပင် ရေစီးကြောင်းကို ပြောင်းပြန်စီးအောင် အားထုတ်လုပ်ဆောင်ခဲ့ကြ သည်။ ရေဆိုး၊ အညစ်အကြေးနှင့် စက်ရုံစွန့်ပစ္စည်း အမှိုက်များမှာ မြစ်ထဲသို့စီးဝင်ပြီး ထို့နောက် မီရှီဂန် ကန်ကြီးထဲရောက်သွားသည်။ မြို့လူထုအတွက် ထိုရေကန်မှ သောက်ရေသုံးရေကို ထုတ်ယူသုံးစွဲ သဖြင့် မြို့အာဏာပိုင်များက ရေကန်မှဝေးရာသို့ နောက်ပြန်ရေစီးအောင် မလုပ်ဆောင်မီအထိ လူထောင်ပေါင်းများစွာ သေကြေပျက်စီးရသည်။
သခင်ယေရှုလောကတွင် ကျင်လည်စဉ်က ပြောင်းပြန်ဖြစ်နေကြောင်းတွေ့ရ သည်။ ဘုန်းကြီးသောဘုရင်သည် ဤလောကသို့ နုနယ်သောကလေးငယ်အဖြစ် ရောက်ရှိလာရသည်။ လူ့ဇာတိခံသော ဘုရားသခင်သည် ပြစ်တင်ရှုတ်ချခြင်းများကို ခံစားခဲ့ ရသည်။  တစ်ဦးတည်းသော အပြစ်နှင့်ကင်းစင်သည့် လူသားသည် ရာဇဝတ်သားကဲ့သို့ ကားတင်သတ်ခြင်းခံခဲ့ရသည်။ သို့သော်ယေရှုသည် ဘုရားအလိုတော်နှင့်အညီ လောကကြီး၌ အသက်ရှင်နေထိုင်ခဲ့သည် (ယော ၆း၃၈)။
ခရစ်တော်၏နောက်လိုက်များအနေနှင့် ယေရှု၏အပြုအမူသဘောထားများကို…

ပျက်သွားသော ခရစ်စမတ်အစီအစဉ်

လွန်ခဲ့သောနှစ်က ကျွန်မတို့၏ ခရစ်စမတ် အစီအစဉ် ပျက်သွားသည်ဟု ခံစားခဲ့ရသည်။ စင်စစ် မစ်ဇိုရီပြည်နယ်ရှိ မိသားစုထံ     သွားရောက် လည်ပတ်ရန် စီစဉ်ထားပြီးမှ နှင်းမုန်တိုင်း ဒဏ်ကြောင့် လေယာဉ်ခရီးစဉ် ပျက်သွားသည်။ ခရစ်စမတ်တွင် မိသားစုများတွေ့ဆုံခြင်းက နှစ် အတန်ကြာမျှ အစဉ်အလာဖြစ်ခဲ့ပြီး ယခုတွင် မင်နီဆိုတာပြည်နယ်အထိ ရောက်ခဲ့ပြီးမှ မီချီဂန်သို့ လှည့်ပြန်လာရသောကြောင့် ကျွန်မတို့ အလွန်မှ စိတ်ပျက်ခဲ့ရသည်။
တနင်္ဂနွေနေ့ ရောက်သောအခါ သင်းအုပ်ဆရာက ခရစ်စမတ်မျှော်လင့်ခြင်း အကြောင်း တရားဟောသည်။ စင်စစ်ကျွန်မတို့ မစ်ဇိုရီသို့ ရောက်နေပါက ထိုတရားဟောချက်ကို လွတ်သွားမည်ပင်။ “ခရစ်စမတ်မှာ လက်ဆောင်ရဖို့၊ မိသားစုနဲ့အချိန်ယူဖို့ ဒီလောက်ပဲ ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က နည်းတာပေါ့။ အဲဒါတွေက ကောင်းပါတယ်။ ကျေးဇူးတင်ဖို့လည်းကောင်းတယ်။ ဒါပေမဲ့ ခရစ်စမတ်မှာ ခရစ်တော်ကြွလာတော်မူခြင်းနဲ့ ကိုယ်တော်ရဲ့ကယ်တင်ခြင်းကို ဝမ်းမြောက်ခံစားရမှာ ဖြစ်တယ်”ဟုဆိုခြင်းကြောင့် ကျွန်မ အာရုံစိုက်မိသွားသည်။
ယောသပ်နှင့်မာရိက သူငယ်တော်ကို…

တွန်းအားသစ်

၁၆ ရာစုနှစ်က မက်စီယို ရစ်စီသည် တရုတ်ပြည်သို့ ထွက်သွားရာ ခရစ်ယာန်ပုံပြင်များ ကို တစ်ခါမှ မကြားဖူးသေးသူများအတွက် သူက ခရစ်ယာန်ပန်းချီကားချပ်ရုပ်ပုံများ ယူသွားပြီး ပြသခဲ့ သည်။ မယ်တော်မာရိက သခင်ယေရှုလေးကို ပွေ့ချီထားပုံကို သူတို့က လက်သင့်ခံသည်။ သို့သော် ကားတိုင်ပေါ်အသေခံခြင်း ရုပ်ပုံကိုပြပြီး ဘုရားသားတော် အသတ်ခံရခြင်း အကြောင်းပြောပြ ရန် ကြိုးစားသောအခါ ပရိသတ်များ ထိတ်လန့် တုန်လှုပ်လျက် လက်မခံကြပါ။ ကားတိုင်ပေါ် အသေခံရသည့် ဘုရားကို သူတို့ လက်မခံကြပါ။
ခရစ်စမတ်ကဒ်တစ်ခုစီကို ပြန်ကြည့်ရင်း ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်နေ ကြောင်း သဘောပေါက်ခဲ့သည်။ ခရစ်စမတ်ပွဲတော် အစဉ်အလာများ ကျင်းပသည့်အခါ ဗက်လင်မြို့တွင်စခဲ့သောဇာတ်လမ်းက ကရာနီ ကားတိုင်တွင် အဆုံးသတ်ကြောင်း ကျွန်တော်တို့ စဉ်းစားမိမည် မဟုတ်ပါ။
ရှင်လုကာရေးသားသည့် ဖွားမြင်တော်မူခြင်း ခရစ်စမတ်အကြောင်းတွင် အဖိုးအို ရှုမောင်တစ်ဦးတည်းသာလျှင် ဘုရားသခင်ပြင်ဆင်သည့်…