တစ်ကြိမ် အကြောဆန့်ခြင်း
ပိုပိုဆိုးလာသော ခါးနာခြင်းဝေဒနာကို နှစ်အတော်ကြာ ဆာရာ ခံစားရသည်။ ဆရာဝန်က သူမအား ကာယကုထုံးပညာရှင်ထံ စေလွှတ်သဖြင့် နေ့တိုင်း အကြောဆန့်လေ့ကျင်ခန်း (၂၅) ခါ ပြုလုပ် ရန် ညွှန်ကြားသည်။ နာကျင်မှု လျော့နည်းသွား သော်လည်း လုံးဝမပျောက်ကင်းပေ။ ထို့ကြောင့် ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းပြီး အခြားကုထုံး ပညာရှင်တစ်ယောက်ထံ စေလွှတ်သည်။ ထို ဆရာက ပထမပညာရှင် လုပ်ခိုင်းသောအကြိမ်ကြိမ် အကြောဆန့်ခြင်းကို ဆက်မလုပ်ခိုင်းဘဲ၊ တစ်ကြိမ် သာပြုလုပ်ရန် ညွှန်ကြားသည်။ ရိုးရှင်းသော တစ်ကြိမ် အကြောဆန့်ခြင်းက အထိရောက်ဆုံး ဖြစ်ခဲ့ခြင်းက အံ့သြစရာပင်။
တစ်ခါတစ်ရံတွင် အရိုးရှင်းဆုံး သမ္မာတရားက အကောင်းဆုံးဖြစ်သည်။ ဓမ္မရေးရာ အတွေးအခေါ်များပြုစုသူ ဓမ္မပညာရှင် ကားလ် ဘတ် အား သူ့ဘဝတစ်ခုလုံးနှစ်၍ လုပ်ခဲ့ သည့် အမှုတော်ကို စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ရန်ပြောရာ “ယေရှု ငါ့ကိုချစ်ပေ ၏”ဟု…
ဖြောင့်မတ်ခြင်းအဖွဲ့
ဖြောင့်မတ်ခြင်းအဖွဲ့ဟု ခေါ်ငြားလည်း စင်စစ် ၎င်းသည် နေ့လည်စာ စားချိန်တွင် ဘတ်စကက်ဘောကစားရန် အတူတကွစုဝေးကြ သော ပရိသတ်အမျိုးသားများအဖွဲ့သာဖြစ်သည်။ ကစားနေစဉ် ဒေါသပေါက်ကွဲခြင်းကို ရှောင်ရန် ကြိုးပမ်းသည့်အနေဖြင့် စိတ်ဆိုးလျှင် ပြစ်ဒဏ် သတ်မှတ်သည်။ အရာအားလုံးမျှတ၍ ပျော်ရွှင်မှု ရှိရန်သာ ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့မှာ ယှဉ်ပြိုင် လိုစိတ် ပြင်းပြကြပြီး ရှုံးနိမ့်မည်ကို မလိုလားပါ။ သို့သော် ဖြောင့်မတ်ခြင်းနှင့်ရိုးသားခြင်းက လွှမ်းမိုး သင့်သည်ဟု ကျွန်ုပ်တို့အားလုံး သဘောတူကြ သည်။
သမ္မာကျမ်းစာမှ ဖြောင့်မတ်ခြင်း ဟူသည့် အကျင့်စရိုက်က အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြထားသည်။ ဤအကျင့်စရိုက်ကို ကိုင်စွဲခြင်းသည် ဘဝ၏အရှင် ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ‘ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်အပ် ကြောင်း’ (ဆာ ၂၆း၁၁) အကြောင်းပြချက်ကို နှုတ်ကပတ်အားဖြင့် ကိုယ်တော် ရှင်းလင်းစွာ ပေးထားသည်။ ဖြောင့်မတ်သူတစ်ဦးသည် “ကောက်သောလမ်းသို့လိုက်သူတို့ မသိသည့် အေးချမ်း…
ဘုရားသခင် စောင့်ဆိုင်းနေ
ခရစ်စမတ်ရာသီတွင် ကျွန်ုပ်တို့ စောင့်ကြ သည်။ ယာဉ်ကြောပိတ်၍ စောင့်ရသည်။ ပစ္စည်းများ ဝယ်ယူပြီး ငွေရှင်းကောင်တာ၌ စောင့် ရသည်။ မိသားစုများ လာရောက်လည်ပတ်မည် ဖြစ်၍ စောင့်ကြသည်။ မိမိအကြိုက်ဆုံး အစားအစာ နှင့် ပြည့်နေသောစားပွဲ၌ စုဝေးရန် စောင့်ကြ သည်။ အမြတ်တနိုး ရွေးချယ်ပေးလာသော လက်ဆောင်ကို ဖွင့်ရမည့်အချိန်ကို စောင့်ကြသည်။
ခရစ်စမတ်သည် အားလပ်ရက်ကို စောင့် မျှော်ခြင်းထက်ပို၍ အရေးကြီးသောအရာကို စောင့် သောပွဲဖြစ်ကြောင်း ဤစောင့်ဆိုင်းခြင်းများက ခရစ်ယာန်များကို သတိပေးသော အချိန်အခါဖြစ်နိုင် သည်။ ရှေးဣသရေလလူမျိုးတို့ကဲ့သို့ သခင်ယေရှု ကို ကျွန်ုပ်တို့ စောင့်မျှော်ခြင်းဖြစ်သည်။ ကာလ ကြာမြင့်စွာ စောင့်ရသော မေရှိယအဖြစ် ကိုယ်တော် ကြွလာခဲ့ပြီးဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို အုပ်ချုပ်သော အရှင်သခင်အဖြစ် ကိုယ်တော် ကြွမလာသေးပါ။ ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ သခင်ခရစ်တော်၏ ဒုတိယအကြိမ်…
ကျွန်ုပ်၏စကား/ ဆုတောင်းကို အရေးယူ ဂရုပြုခြင်း
၁၉၆၃ ခုနှစ်၊ ဆရာကြီး စီ အက်စ် လူးဝစ် ကွယ်လွန်ပြီး တစ်ပတ်အကြာတွင် သူ၏ လုပ်ဖော်ဆောင်ဖက်များနှင့် မိတ်ဆွေများသည် အင်္ဂလန်ပြည်၊ အောက်စ်ဖို့ဒေသရှိ မဂ္ဂဒလင်း ကောလိပ် ဝတ်ပြုဆောင်၌ စုရုံးကာ ကလေးများ သာမက ပညာရှင်များ၏ ယုံကြည်ခြင်းစိတ်ကို စာပေအားဖြင့် လှုံဆော်ခဲ့သူကြီးကို ဂုဏ်ပြုသည်။ ထိုအောက်မေ့ဖွယ်ဝတ်၌ သူ့မိတ်ဆွေရင်းချာ အော့စတင်း ဖာရာ က လူးဝစ်သည် ကမ္ဘာတစ်ဝှမ်း သူ့ပရိသတ် စာဖတ်သူများ သူ့ထံစာရေးလာလျှင် သူက စာတစ်စောင်ချင်းစီကို သူ့လက်ရေးဖြင့် အမြဲစာပြန်လေ့ရှိကြောင်း “လူတွေအားလုံးအပေါ် သာမန်ထားရှိတဲ့ စာနာခြင်း၊ လေးစားခြင်း စိတ်ထားက သူရဲ့ထူးခြားတဲ့ စိတ်ထားပဲဖြစ်တယ်။ ကိုယ့်စကားကို ဂရုစိုက်ပေးတယ်ဆိုတဲ့ ကျေနပ်မှုကို ခံစားရစေပါတယ်” ဟုဆိုခဲ့သည်။
ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ပြောသမျှကို အရေးယူဂရုစိုက်ပေးသည့် ဘုရားသခင်၏သဘောတော်ကို အထက်ပါအတိုင်း ဆရာကြီးက ထင်ဟပ်ဖော်ပြခဲ့သည်။ အလွန်ခက်ခဲဒုက္ခရောက်ချိန်တွင် ဆာလံ ၆၆…
မြင်မြင်ချင်းမှာ
တစ်နေ့က ဈေးဝယ်ထွက်စဉ် သူခိုး ဟု အထင်ခံရပြီး၊ တစ်ဖန် သူရဲကောင်းဟု အထင်ခံရပြန်သည်။
စူပါမားကတ်မှအထွက်တွင် ဝန်ထမ်း တစ်ဦးက “ကျေးဇူးပြု၍ ဆရာ၊ ဆရာ့ပစ္စည်းလှည်း ပေါ်မှာ မထုပ်ပိုးရသေးတဲ့ပစ္စည်းတွေ ရှိနေပါ တယ်” ဟုဆိုလာသည်။ အလစ်သမားများက ငွေရှင်းကောင်တာကို မဖြတ်ဘဲ ဤသို့အလစ် သုတ်တတ်ခြင်းကြောင့်ဖြစ်သည်။ သို့သော် ပစ္စည်းက အိပ်ထဲထည့်ပေးရန် ကြီးလွန်းနေခြင်း ဖြစ်ကြောင်းကိုတွေ့မှ ကျွန်တော့်ကို တောင်းပန် ပြီး လိုက်ပို့သည်။
တစ်ဖန် ကားရပ်သည့်နေရာတွင် အမျိုးသမီးတစ်ဦးက ကျွန်တော့်ဦးထုပ်မှရွှေရောင်အဆင်တန်ဆာကိုကြည့်ပြီး စစ်ဦးထုပ် ဟု အထင်မှားကာ “နိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ဆိုလာသည်။
ဆိုင်ဝန်ထမ်းနှင့် ထိုအမျိုးသမီးတို့သည် ကျွန်တော့်အပေါ် လျှပ်တပြက် ဆုံးဖြတ်ခဲ့ကြသည်။ အခြားသူအပေါ်မြင်မြင်ချင်း ထင်မြင်ချက်ပေး ဆုံးဖြတ်ရန် လွယ်ပါ သည်။
ပရောဖက် ရှမွေလသည် ယေရှဲ၏သားများထဲမှ ဣသရေလဘုရင်ကို ထပ်မံရွေးချယ်ရမည်ဖြစ်ရာ…
စည်းစိမ်ခံစားနည်း
Daring To Draw Near စာအုပ်တွင် ယခင်နှစ်များစွာက ဘုရားသခင်သည် သူ့ကို ဇိမ်ခံပစ္စည်းများစွာ ပါရှိသည့် လှပသောအိမ်ကြီး တစ်လုံး ပေးသနားကြောင်း ဒေါက်တာဂျွန်ဝှိုက် ရေးသားခဲ့သည်။ ထိုအိမ်နှင့်ပတ်သက်၍ သူ့ ခံစားချက်က အပြောင်းအလဲမြန်သည်။
၎င်းသည် ဘုရားကျေးဇူးပြုသည့် လက်ဆောင်ဟု သူသတိရလျှင် ဝမ်းမြောက်ပြီး ကျေးဇူးတော်ချီးမွမ်းသည်။ သို့သော် မိတ်ဆွေ များနှင့်နှိုင်းယှဉ်ပြီး ဤသို့သော အိမ်ကြီး အိမ်ကောင်းကို ပိုင်ဆိုင်ရခြင်းကြောင့် မာန်တက် ပြီး ဝမ်းမြောက်ခြင်း ကွယ်ပျောက်ရသည်။ ထို အိမ်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ သစ်ပင်ပန်းမန်များရှင်းရ၊ ပြုစုပျိုးထောင်ရနှင့် အရေးမပါ သောအလုပ်များ လုပ်နေရသည်ဟုမြင် လာသည်။ “အနတ္တအချည်းနှီးလို့ခံစားရတော့ အမြင်ကန်းစေပြီး နှလုံးသားမှာ ဝန်ပိစေ တယ်။ ဒါပေမဲ့ ကျေးဇူးတင်စိတ်က အမြင်ကိုကြည်စေပြီး ဝန်ပေါ့စေတယ်” ဟု ဆိုခဲ့သည်။
ဒေသနာဆရာကလည်း ရုပ်ဝတ္ထုပစ္စည်းများနှင့် စည်းစိမ်ခံစားရာ၌…
ရေထွက်ရာအရပ်
အရှေ့အာဖရိကသည် ကမ္ဘာပေါ်၌ အခြောက်သွေ့ဆုံးနေရာများအနက် တစ်ခု ဖြစ်ပြီး၊ ထိုအရပ်တွင် ‘နိုင်ရိုဘီ’ မြို့တော်မှာ ထင်ရှားသောမြို့ဖြစ်သည်။ ထိုအမည်မှာ ‘မာဆိုင်း’ ဘာသာစကားဖြစ်ပြီး “အေးမြသောရေ” ဟု အဓိပ္ပာယ်သက်ရောက်သည်။
သမိုင်းတစ်လျှောက် ရေရှိခြင်းသည် အသက်ပေးခြင်း၊ အရေးကြီးခြင်း၊ အကျိုးရှိခြင်း ကို ပုံဆောင်သည်။ ခြောက်သွေ့ဒေသ၌ ဖြစ်စေ၊ မိုးများဒေသ၌ဖြစ်စေ၊ ရေသည်မရှိမဖြစ် လိုအပ်ကြောင်း ပြောနေစရာမလို။ ခြောက်သွေ့ သောအရပ်၌ ရေထွက်သောနေရာကိုသိခြင်းက အသက်ရှင်ခြင်းနှင့်သေခြင်းဟူသည့် ခြားနားမှုကို ဖြစ်စေသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။
ဝိညာဉ်အသက်တာ၌လည်း ထိုအကြောင်းကို ပြောနေစရာမလို။ ဝိညာဉ်ရေးရာ၌ ဆာငတ်နေသော အမျိုးသမီးတစ်ဦးကို ရေတွင်း၌ တွေ့ဆုံရသော် သခင်က သူတစ်ပါးတည်းသာပေးနိုင်သော အသက်စမ်းရေအကြောင်းပြောပြခဲ့သည်။ ‘‘ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်” (ယော ၄း၁၄) ဟု…
စစ်မှန်သော မေတ္တာ
လွန်ခဲ့သောနှစ်အတန်ကြာက ကျွန်မ မိတ်ဆွေ ဘက်သ်၏ မိခင်ကြီးမှာ အယ်လ်ဇိုင်းမား သတိမေ့ရောဂါ ဝေဒနာခံစားရကြောင်း ဆရာဝန် က အတည်ပြုခဲ့သည်။ မိခင်ကို စောင့်ရှောက်ရန် ဘက်သ်အနေဖြင့် အလုပ်ထွက်ရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့သည်။ မိခင်ကြီးကိုပြုစုရင်း တက်ကြွ ပြီး ပျော်ပျော်နေတတ်သည့် မိခင်ကြီးမှာ ဖြည်းဖြည်းချင်း မှတ်ဉာဏ်များ ပျောက်ကွယ်ကုန် သည်ကို ကြည့်ရင်း ကြေကွဲဝမ်းနည်းခဲ့ရသည်။ ထိုဖြစ်စဉ်တစ်လျှောက် စစ်မှန်သောမေတ္တာပြရန် ဟူသည် မလွယ်၊ အမြဲအဆင်မပြေနိုင်ဟု သူ သင်ခန်းစာရခဲ့သည်။
မနှစ်က သူ့အမေ ဆေးရုံတက်ရပြီး ၂ရက် အကြာတွင် ဘက်သ် က မိတ်ဆွေ အချို့ထံ စာရေးခဲ့သည်။ ‘‘မိခင်နဲ့အတူ အခုသွား နေရတဲ့ ဘ၀ခရီးအတွက် ကျေးဇူးတော်ချီးမွမ်း ပါတယ်။ မှတ်ဉာဏ်ပျောက်၊ စိတ်ရှုပ်ထွေးရ၊ တကယ်ပဲ ကူညီရာမဲ့အခြေအနေတွေရဲ့ နောက်ကွယ်မှာ ဘဝအသက်တာကိုမြတ်နိုးတဲ့ ချစ်စရာမေမေဟာ ငြိမ်သက်ခြင်းအပြည့် ရှိနေတယ်။…
ဝိညာဉ်ရေးရာ၌ ခိုးယူကူးချမှု
အင်္ဂလိပ်စာ တည်ဆောက်ပုံကို သင်ကြားရာ၌ ကျွန်မသည် ကျောင်းသားများကို အတန်းထဲ၌ စာရေးခိုင်းပြီး၊ ထိုသို့ အတန်းတွင်း ရေးသားခြင်းက ၎င်းတို့၏ ကိုယ်ပိုင်ရေးဟန်ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီ၏ ရေးဟန်ကို ကျွန်မ အကျွမ်းဝင် သိနိုင်သည်။ ထို့ပြင် အခြားသူများ၏ အရေးအသားကို ကူးချခြင်းလားဆိုသည်ကို စစ်နိုင်သည်။ စာရေးဟန်က မိမိ၏ပြောဟန် ကိုလည်း ဖော်ပြလေရာ၊ ကျောင်းသားများ အနေဖြင့် မိမိ၏ရေးဟန်နှင့် ပြောဟန်ကို ရှင်းလင်းကွဲပြားစွာ လေ့လာသင်ယူရင်း အံ့သြ ကြသည်။ စိတ်ထဲရှိသည့်အတိုင်း နှုတ်မှ ထွက် တတ်သကဲ့သို့၊ မိမိရေးချလိုက်သောစာသည် လည်း ထိုသဘောအတိုင်း ဖြစ်သည်။ ၎င်းက မိမိ၏ ဖြစ်တည်မှုကို ဖော်ပြသည်။
ဘုရားသခင်၏အသံတော်ကိုလည်း ထိုနည်းအတိုင်း အကျွမ်းတဝင်သိရှိနိုင်ပါသည်။ ကိုယ်တော်မှုတ်သွင်းရေးသားသော စာကိုဖတ်ရှုခြင်းဖြင့် ကိုယ်တော်သည် မည်သို့သော ဘုရားဖြစ်သည်၊ သူ့ကိုယ်သူ မည်သို့ ထင်ရှားဖော်ပြနိုင်သည်ကို သိနိုင်သည်။ စာတန်ကလည်း သူ့ကိုယ်ကို…
ဘယ်အချိန်ရှိပြီလဲ
‘အချိန်မှန်တိကျခြင်းက အဓိကပါ’ ဟူသည့် ရှေးဆိုရိုးက မှန်ပေစွ။ ထို့ကြောင့်လည်း ‘‘အချိန်ကာလစေ့သောအခါ ... သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏’’ (ဂလာ ၄း၎း) ဟူသည့် ရှင်ပေါလု၏ အဆိုကို ကျွန်တော် အလွန် စိတ်ဝင်စားမိသည်။
သမိုင်းကြောင်းဖြင့် ထင်ဟပ်သုံးသပ် ချက်အရ ခရစ်တော်ကြွလာခြင်းသည် မှန်သော အချိန်ဖြစ်ကြောင်း တွေ့ရသည်။ ရှေးရာစုနှစ် များစွာ အစောပိုင်းက မဟာအလက်ဇန္ဒြားမင်းက ကမ္ဘာ့အထင်ကရဒေသအများစုကို သိမ်းပိုက် အောင်နိုင်ခဲ့ပြီး ဂရိယဉ်ကျေးမှု နှင့်စာပေများကိုပါ လွှမ်းမိုး ကျင့်သုံးစေခဲ့သည်။ သို့သော် သူသေဆုံး ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဂရိယဉ်ကျေးမှုနှင့် စာပေလွှမ်းမိုးသော နယ်ပယ်ဒေသ များကို ရောမအင်ပါယာက လွှမ်းမိုးခဲ့သည်။ ကျွန်ုပ်တို့အတွက် ခရစ်တော် အသွေးသွန်း ခဲ့သည့် ကားတိုင်ပေါ်၌ အသေခံခြင်း၊ ကားစင်တင်သတ်ခြင်းသည် ရောမတို့၏ အုပ်ချုပ်မှု စီရင်ချက်ဥပဒေဖြစ်သည်။ ရောမတို့၏အုပ်စိုးမှုအောက်၌ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊…