အမျိုးအစား  |  odb

အသက်ရှင်သော စာ

၁၉၆၃ ခုနှစ် နိုဝင်ဘာလ၊ သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံရသည့် တစ်နေ့ တည်းမှာပင် ခရစ်ယာန်ခေါင်းဆောင် ကလိုက်ဗ် စတက်ပယ်စ် လူးဝစ်လည်း ကွယ်လွန်ခဲ့သည်။ အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက် ပညာရှင်ကြီးသည် ဘုရားမဲ့ဝါဒီဘဝမှ ခရစ်ယာန်ဘာသာကို ယုံကြည် သက်ဝင်လာသူဖြစ်ပြီး ထိရောက်အကျိုးရှိသော စာပေများရေးသားနိုင်သူလည်း ဖြစ်သည်။ခိုင်မာ သော ခရစ်ယာန်တရားတော်ကို အခြေခံသည့် အသိပညာပေးစာအုပ်များ၊ အပျော်ဖတ်သိပ္ပံ ဝတ္ထုများ၊ ကလေးစာပေများနှင့် အခြားစာအုပ် စာပေမျိုးစုံကို ရေးသားခဲ့သည်။ သူ့စာအုပ်များ အားဖြင့် နိုင်ငံရေးသမားတစ်ဦး၊ နိုဗယ်ဆုရ သိပ္ပံ ပညာရှင် တစ်ဦးအပါအဝင် လူမြောက်များစွာတို့ ပြောင်းလဲလာရန် ဘုရားရှင်အသုံးပြုခဲ့သည်။
လူအချို့က သူတို့ရေးသားသည့် စာအုပ်စာပေများအားဖြင့် ခရစ်တော်အကြောင်း ဝေမျှရန် စေစားခံရသည်။ သို့သော် ယုံကြည်သူတိုင်းသည် မိမိ၏အသက်ရှင်မှုအားဖြင့် လူတို့ဖတ်နေသည့် ခရစ်တော်၏စာဖြစ်ရန် စေစားခံရသည်။ ‘‘သင်တို့သည် မှင်နှင့်ရေးထား သောစာ မဟုတ်။…

လွှမ်းမိုးသော

လွန်ခဲ့သည့် အနှစ် (၅၀) နိုဝင်ဘာ ၂၂ နေ့က သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံ ခံရသည့် သတင်းကြောင့် ကမ္ဘာတစ်ဝှမ်း၌ လူ များစွာတို့ တုန်လှုပ်အံ့သြခဲ့သည်။ သမ္မတလုပ်ကြံ ခံရပြီး နောက်တစ်နေ့ထုတ် The Times (London) သတင်းစာတွင် “အမေရိကန်နိုင်ငံ၏ ဝမ်းနည်းစရာ သတင်းဆိုးလောင်းရိပ်မှ အခြား အဖြစ်အပျက်များ’’ ဟူသည့်ခေါင်းစဉ်ဖြင့် ကမ္ဘာ့ ငွေကြေးဈေးကွက်၌ ထိုသတင်း၏ သက်ရောက်မှု အကြောင်းဆောင်းပါး ပါလာသည်။
ဘဝ၌ ကြုံရသည့်သေခြင်း၊ ဝမ်းနည်း စရာအဖြစ်၊ ရုတ်တရက်အပြောင်းအလဲများက အရာခပ်သိမ်းကို လွှမ်းမိုးအမှောင်ကျစေသည်။ လက်မထပ်ရသေးသည့် မိန်းမပျိုလေးတစ်ဦးသည်လည်း ကတိထားတော်မူသည့် ဘုရား သားတော် မေရှိယ၏မိခင်ဖြစ်ရမည်ဟု မိန့်ကြားခံရစဉ် ထိုသို့ဖြစ်သွားသည် (လု ၁း ၂၆ - ၃၃)။ မည်သို့ ဖြစ်နိုင်မည်နည်းဟု သူပြန်မေးရာ၊ ကောင်းကင်တမန်…

ထိုနာမ

မြေးမလေး`မဂ္ဂီ’တို့ မိသားစုသည် မီချီဂန်ပြည်နယ် ဂရန်းရက်ပစ်သို့ လာရောက် လည်ပတ်ပြီး မစ်ဇိုရီရှိ သူတို့အိမ်သို့ပြန်သွား ကြပြီ။ ရက်အတော်ကြာသည်အထိ ‘မဂ္ဂီလေး’ မှာ အိမ်အနှံ့လျှောက်သွားရင်း ပျော်ရွှင်စွာဖြင့် ‘မီချီဂန်၊ မီချီဂန်’ ဟု တစ်ကြော်ကြော် အော်နေ ကြောင်း သူ့မိခင်က ပြောပြသည်။
ထိုအမည်က ‘မဂ္ဂီ’ အတွက် တစ်ခုခု ဆွဲဆောင်နေ၍ဖြစ်မည်။ ထိုအမည်ကို ခေါ်၍ ကောင်းခြင်း၊ မီချီဂန်၌ ပျော်ရွှင်ခဲ့ရခြင်း စသည် ဖြင့် ဖြစ်ကောင်းဖြစ်မည်။ ၁ နှစ်သမီးလေးက ဘာကြောင့် ထိုနံမည်ကိုစွဲရသည်ကို ပြောရန် ခက်လှပါသည်။ သို့သော် တစ်စုံတစ်ရာ သက်ရောက်မှုကြောင့် ထိုအမည်ကို အဆက်မပြတ်ပြောနေခြင်းဖြစ်မည်။
ဤသို့ဖြင့် ‘ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော’ -ယေရှုဟူသည့် နာမတော်ကို (ဖိ ၂း၉) ကျွန်တော်ဆင်ခြင်မိသည်။ ‘ဘီလ်နှင့်ဂလိုးရီယာဂေသာ’ တို့၏ ချီးမွမ်းတေးတစ်ပုဒ်တွင် “ယေရှုသည် အရှင်သခင်နှင့်ကယ်တင်ရှင် ဖြစ်တော်…

စစ်မှန်သော ဂရုပြုမှု

မိသားစုစခန်းချသင်တန်း၏ ပထမဆုံး ညတွင် သင်တန်းတာဝန်ခံက တစ်ပတ်တာ အချိန်စာရင်းကို ပြောပြပြီးသောအခါ အခြား ဘာ ပြောစရာရှိသေးလဲဟု မေးရာ၊ မိန်းမပျိုတစ်ဦးက ထရပ်ပြီး သနားစဖွယ် အကူအညီတောင်းသည်။ အထူးဂရုစိုက်ရန်လိုအပ်သည့် သူ့မောင်လေး အကြောင်း ပြောပြသည်။ ထိုသို့ ဂရုစိုက်ရခြင်းက သူတို့မိသားစုအတွက် အလွန်ပင်ပန်းသည်။ ထို့ကြောင့် တစ်ပတ်တာလုံး သူ့မောင်လေးကို မျက်ခြေမပြတ် ၀ိုင်းကြည့်ပေးရန် တောင်းပန် သည်။ သူ့မောင်လေးနှင့်သူ့မိဘအတွက် တကယ့် စိတ်ရင်းနှင့် အကူအညီတောင်းခြင်းဖြစ်သည်။ သို့နှင့်တစ်ပတ်တာအတွင်း လူအားလုံးက ၀ိုင်းပြီး အလှည့်ကျ ကူညီကြသည်ကို တွေ့ရပါတော့သည်။
ကျွန်ုပ်တို့အားလုံးသည် ကိုယ့်ကမ္ဘာ၊ ကိုယ့်ဘ၀၊ ကိုယ့်ပြဿနာနှင့် လုံးပမ်း ရှုပ်ထွေးနေကြပြီး၊ အခြားသူ၏လိုအပ်ချက်ကို မမြင်နိုင်သတိမပြုမိနိုင်လောက်အောင် ပျက်ကွက်မှုများရှိနေကြောင်း သူမ၏တောင်းပန်ချက်က မသိမသာသတိပေးနေသည်။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ရန် (ဖိ ၂း၎)၊ ၎င်းသည် ခရစ်တော်၏ဥပမာ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊…

ခရီးသွားဖော်

ကျွန်တော် ကျမ်းစာကျောင်းဆင်းဘွဲ့ယူစဉ်က ဓာတ်ပုံကို မကြာမီက ပြန်ကြည့်ရင်း ကျွန်တော့် မိတ်ဆွေတော်တော်များများ ကွယ်လွန်ကုန်ပြီဟု သတိပြုမိသည်။ ဘဝဟူသည် တိုတောင်းစွဟု ဝမ်းနည်းဖွယ် သတိပေးချက်ပင်။ အသက် ၆၀-၇၀ ဆိုလျှင် မနှေးအမြန် အိမ်တော်ပြန်ကြပြီ (ဆာ ၉၀း၁၀)။ ကျွန်ုပ်တို့သည် ဧည့်သည်အာဂန္တုများ ဖြစ်ကြောင်း ဣသရေလစာဆို၏ စကားက မှန် ပေစွ (ဆာ ၃၉း၁၂)။
တိုတောင်းသောဘဝက မိမိ၏ အသက်အပိုင်းအခြားနှင့် မြန်ဆန်စွာကုန်လွန် သည့် “ဘဝနိဂုံး” ကို ဆင်ခြင်မိစေသည် (း၎)။ ဘဝအသက်တာကုန်ဆုံးမည့်အချိန် နီးလာလေ ထိုခံစားချက်က ပိုသေချာလာလေပင်။ ဤလောကသည် ကျွန်ုပ်တို့၏ “အိမ်” မဟုတ်၊ ကျွန်ုပ်တို့သည် ဤလောက၌ သူစိမ်းတစ်ရံဆံ၊ အာဂန္တုဧည့်သည်သာဖြစ်သည်။
သို့သော် လောကခရီးသွားရာ၌ ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ပါ။ ကျွန်ုပ်တို့ သည် ကိုယ်တော်ရှင်၏ဧည့်သည်ဖြစ်ကြောင်းအတွေးက (၃၉း၁၂)၊ ခရီးတစ်လျှောက် ကြုံ ရမည့်…

ပြန်လည်ကြိုဆိုခြင်း

အသက် ၁၀နှစ်အရွယ်တွင် ဂျင်းမ်က ခရစ်တော်နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ဆယ့်ငါးနှစ်ကြာပြီးနောက် သူ့ဝန်ခံချက်မှေးမိန် သွားသည်။ လက်ရှိအချိန်အတွက်သာ အသက် ရှင်ပါ ဆိုသော ဒဿနအတွေးကိုခံယူပြီး အကျင့်ဆိုးများနှင့် ကျင်လည်သည်။ သို့နှင့် သူ့ ဘဝ ပျက်စီးတော့သည်။ အလုပ်တွင်လည်း ပြဿနာတက်၊ မိသားစုဝင်သုံးဦးလည်း ရှေ့ဆင့် နောက်ဆင့် ဆုံးသွားသည်။ ကြောက်ရွံ့စိုးရိမ်မှု နှင့်သံသယများက သူ့ကို ချုပ်ကိုင်လွှမ်းမိုးလာပြီး ကူရာမဲ့ကယ်ရာမဲ့ ဖြစ်လာသည်။ တစ်နေ့တွင် ဆာ ၁၂၁း၂ ကို ဖတ်မိသည်။ “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။” ဤနှုတ်ကပတ်တော်က သူ့ နှလုံးသားမှ ကြောက်ရွံ့စိုးရိမ်မှုနှင့် ရှုပ်ထွေးမှုများကို ဖယ်ရှားပစ်သည်။ သူသည် ဘုရား ထံမှ မစမှုကို ပြန်၍တောင်းခံသည်။ ဘုရားသခင်ကလည်း သူ့ကိုလက်ခံကြိုဆိုပါသည်။
ဂျင်းမ်၏ ဝိညာဉ်ရေးလမ်းခရီးက ရှေးဟောင်းဣသရေလသမိုင်းကြောင်းကို…

အပြစ်ကိုအောင်သော သူရဲကောင်း

မကြာမီက လူတစ်ဦးသည် ကျွန်မကို ဖြေရန်အလွန်ခက်ခဲသည့် မေးခွန်းမေးခဲ့သည်။ “အပြစ်မလုပ်ဘဲ ဘယ်လောက်အကြာဆုံးနေနိုင် မလဲ၊ တစ်ပတ်လား၊ တစ်ရက်လား၊ တစ်နာရီ လား”တဲ့။ ထိုမေးခွန်းကို မည်သို့ဖြေရပါ့။ အမှန် ပြောစတမ်း ဆိုလျှင် “အပြစ်မလုပ်ဘဲတစ်ရက် မျှပင် မနေနိုင်ပါ” ဟုဆိုရမည်ပင်။ လွန်ခဲ့သော ရက်သတ္တပတ်ကို ပြန်ကြည့်လျှင် ဘုရားသခင် ကို အပြစ်တစ်ခုပင် ဝန်ခံခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ သို့သော် မနောစိတ်အတွေးနှင့် ကိုယ်ထိလက်ရောက် ကာယကံမြောက် အပြစ် မလုပ်ခဲ့ပါဟုဆိုလျှင် မိမိကိုယ်ကို လှည့်စားခြင်းပင် ဖြစ်သည်။
မိမိ၏စိတ်နှလုံးက သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ခံစားသိလား၊ မသိလားကို ဘုရားသခင်သိသည်။ မိမိကိုယ်ကို အမှန်သေချာစွာ သိသည်ဆိုပါက “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရား မရှိ” ဟု (၁ ယော ၁း၈) ကို နှလုံးသားမှခံယူမည်ပင်။ ထို့ပြင် သေချာသည်မှာ…

သက်ဆိုင်သူသို့ပေးရန်

ကျွန်မတို့လင်မယားသည် လယ်ကွက် များ ဝန်းရံလျက်ရှိသည့် ကျေးလက်ဒေသ၌ နေ ထိုင်ပြီး၊ ဤဒေသတွင် “ယနေ့ ထမင်းစားပြီးပါက လယ်သမားများကို ကျေးဇူးတင်ပါ” ဟူသည့် ဆောင်ပုဒ်က ရေပန်းစားသည်။ လယ်သမားများ သည် ကျေးဇူးရှင်များဖြစ်သည်။ ကျွန်မတို့အစာ ငတ်ပြီး မသေအောင် နေပူထဲအလုပ်ကြမ်းလုပ်ပြီး ထွန်ယက်စိုက်ပျိုးရသည်။ ရိတ်သိမ်းရသည်။
လယ်သမားများကို ကျေးဇူးတင်တိုင်း ဘုရားသခင်ကို ချီးမွမ်းရန်လည်း ကျွန်မ မမေ့ပါ။ ကိုယ်တော်သည် ကျွန်မတို့စားသုံးသည့် အစား အစာကို တာဝန်ယူထုတ်လုပ်ပေးသူဖြစ်သည်။ အလင်းပေးသည်။ မိုးရေပေးသည်။ အစေ့ကို အားအင်ပေးပြီး မြေလွှာကို ထိုးဖောက်၍ အပင် ပေါက်စေသည်။
ကမ္ဘာကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တော် ပိုင်သမူ၏ (ဆာ ၂၄း၁)။ သို့သော် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် လူကိုရွေးချယ်၍ တာဝန်ပေးသည်။ ကိုယ်တော်၏ အလိုတော်နှင့်အညီ ကမ္ဘာ့အရင်းအမြစ်ကိုအသုံးပြုရန် ကျွန်ုပ်တို့၌ တာဝန်ရှိသည်။ ကိုယ်တော်အပ်ပေးသောတာဝန်ကို…

အကြောက်ကင်းသော ချန်ပီယံ

ကျွန်တော် ကလေးဘဝက နှစ်ခြိုက်စွာ အိပ်ပျော်ရန်မှာ ခက်ခဲသောကိစ္စဖြစ်သည်။ မိဘ များက မီးပိတ်လိုက်သောအခါ ကုလားထိုင်ပေါ်၌ ကျွန်တော်လုံးထွေးတင်ထားသည့် အဝတ်များက ကြောက်စရာ မီးနဂါးအသွင် ပြောင်းသွားမလား၊ အိပ်ရာအောက်မှ တစ်စုံတစ်ရာက ကျွန်တော် အိပ်မရအောင် ခြောက်လှန့်နေမလား စသည့် အတွေးများကြောင့် အိပ်မရနိုင်ပါ။
သို့သော် မလှုပ်နိုင်အောင် ချုပ်ထား သည့် ကြောက်ရွံ့စိုးစိတ်သည် ကလေးဘဝ၌ ကြုံရသော ကိစ္စမဟုတ်ကြောင်း ကျွန်တော် နားလည် သဘောပေါက်လာသည်။ ကြောက်စိတ် ကြောင့် ခွင့်မလွှတ်နိုင်၊ အလုပ်၌ ကြံ့ကြံ့ခံ မရပ် တည်နိုင်၊ ဘုရား၏နိုင်ငံတော်အတွက် မိမိ၌ရှိသမျှကို မပေးနိုင်၊ အားလုံးက တစ်စိတ် တစ်သဘောတည်း ဖြစ်ချိန်၌ မိမိက ဆန့်ကျင်သည်။ အသက်တာရှိ စိုးကြောက်စိတ်များနှင့် မိမိဖာသာတစ်ဦးတည်းရုန်းကန်နေသည်။
မုန်တိုင်းမိနေသည့် လှေပေါ်တွင် ကြောက်စိတ်မရှိသူမှာ ယေရှုတစ်ဦးတည်း ဖြစ်ကြောင်းအချက်က ကျွန်တော့်စိတ်ကို ဖမ်းစားသည်။ သခင်က…

အခြားသူများကို ကူညီသည့်အခါ

နှင်းမုန်တိုင်းကျပြီး စားကျက်များ၌ နှင်းဖုံးနေချိန်တွင် ပိုင်ရှင်များက ကျွဲနွားများကို ကိုယ်တိုင် အစာကျွေးရသည်။ လှည်းနှင့်ထရပ် ကားပေါ်မှကောက်ရိုးများ ချလိုက်သော်အသန်ဆုံး တိရစ္ဆာန်များက ရှေ့သို့ထွက်လာပြီး အစာစား သည်။ အားနည်းသော၊ ဖျားနာသော အကောင်များက ပိုင်ရှင်ကိုယ်တိုင် မကျွေးလျှင် လုံးဝမစား၊ အချို့က အနည်းငယ်သာစားသည်။
ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် မုန့်ဖိုမှလုပ်သားများကလည်း အလားတူပုံစံမျိုး တင်ပြကြသည်။ ဆင်းရဲသားများအတွက် အစာ သိုလှောင်စတိုခန်းကို ဖွင့်လိုက်သည်နှင့် အမှန် တကယ် အစာရေစာလိုအပ်သူများ၊ အားနည်း သူများနှင့် မဝံ့မရဲဖြစ်သူများက ရှေ့သို့တက်မလာ ကြပါ။ တိရစ္ဆာန်ပိုင်ရှင်များကဲ့သို့ လူသားချင်း ကူညီရိုင်းပင်းသူများက ရှေ့သို့တိုးကာ သူတို့၏အစေခံဝန်ဆောင်မှုသည် အားနည်းပင်ပန်း ၍ ဖျားနာသူများထံ တကယ်ရောက်အောင် လူမှုရေးဂရုပြုမှုကို အစွန်းတိုင် ပြကြရသည်။
၎င်းတို့သည် ရှေးက ဘုရားသခင်ချမှတ်ခဲ့သည့်ပညတ်ကို ဖော်ဆောင်နာခံခြင်း ဖြစ်သည်။ ဝတ်ပြုရာကျမ်း (၁၉) တွင် မောရှေက…