နေထွက်ချိန်
ယနေ့မနက် နေထွက်ချိန်က အလွန်လှ သော်လည်း ကျွန်တော်အလုပ်များနေ၍ ထိုအလှကို မခံစားနိုင်ဘဲ စိတ်အာရုံ၌ အခြားကိစ္စများက စိုးမိုးနေခဲ့သည်။ နေထွက်ချိန်ကို စဉ်းစားမိလိုက် သည့် တခဏချင်းတွင် ကိုယ်တော်ကို ဝတ်ပြုရန် အခွင့်အရေး လက်လွှတ်ဆုံးရှုံးလိုက်ရကြောင်း ကျွန်တော် သဘောပေါက်သွားသည်။ အလုပ်ရှုတ်လျက် စိတ်ဖိစီးရသောနေ့ရက် များကြားတွင် မိမိ၏အနီးဝန်းကျင်တွင် ကိုယ်တော် ၏ လှပသောဖန်ဆင်းခြင်းများ၊ ကောင်းမြတ်ခြင်း များကို တဖြတ်ဖြတ် မြင်တွေ့နိုင်ပါသည်။ ၎င်းတို့ သည် ကောင်းကင်နိုင်ငံတော်ကို မြင်တွေ့စေသည့် စကြဝဠာကြီး၏ နံရံများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွန်တော်တို့ အချိန်ပေးခံစားပြီး၊ ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော် ချစ်ခြင်းကို ထင်ဟပ်ဆင်ခြင်မှသာ သဘောပေါက်နားလည်လိမ့်မည်။ အကယ်၍မောရှေသည် မီးလောင်သော်လည်း မကျွမ်းသွားသည့်ချုံပုတ်ကို တစ်ချက်ကြည့်ပြီး (ထွ ၃း၂) မသိလိုက်ဖာသာ လျစ်လျူရှုကာ အခြားအရာများကိုသာ…
စမ်းရေအိုင်ကြီး
မီချီဂန်ပြည်နယ် အထက် ပင်နီစူလာ ဒေသ၌ ပေ ၄၀နက်ပြီး အကျယ်အဝန်း ပေ ၃၀၀ ခန့်ရှိသည့် သဘာဝရေအိုင်ကြီးရှိသည်။ ရှေးယခင်က အမေရိကန်တိုင်းရင်းသားနွယ်ဖွား များက ၎င်းကို “ကစ်ချီတီကစ်ပီ” ရေအေးအိုင်ကြီး ဟု ခေါ်ဆိုကြသည်။ ယခုတွင်မူ Big Spring “စမ်းရေအိုင်ကြီး” ဟူ၍ ထင်ရှားသည်။ ၎င်း အိုင်ကြီးသို့ မြေအောက်စမ်းရေမှ တစ်မိနစ်လျှင် ရေဂါလံ တစ်သောင်း ထုတ်ပေးသည်။ ထို့ပြင် ထိုရေများက အပူချိန်ကို ၄၅ ဖာရင်ဟိုက်တွင် တစ်သမတ်တည်း ထိန်းထားသဖြင့် ဆောင်းတွင်း အလွန်အေးချိန်၌ပင် ထိုဒေသတွင် ရေမခဲပါ။ ဧည့်သည်ခရီးသွားများ အနေနှင့် “စမ်းရေအိုင်ကြီး” ၏သဘာဝအလှကို တစ်နှစ်ပတ်လုံး ဘယ်ရာသီမဆို ကြည့်ရှုခံစားနိုင်တော့သည်။
ယာကုပ်၏ ရေတွင်း၌ သခင်ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ သခင်က အစဉ်ဆာငတ်မှုကိုပြေစေမည့်ရေအကြောင်း မိန့်ကြားခဲ့သည်။ မြစ်ချောင်း၊ အင်းအိုင်များအကြောင်း…
တောနှင်းပင်ကိုဆင်ခြင်ကြည့်ပါ
သဘာဝအလှကို ကျွန်မနှစ်သက် မြတ်နိုးပြီး ဖန်ဆင်းရှင်ကို ချီးမွမ်းတတ်သော်လည်း သဘာဝအလှကို ခံစားလွန်းခြင်းအတွက် အပြစ်ရှိသကဲ့သို့ တစ်လွဲခံစားရသည်။ နောက်မှ ယေရှုက သဘာဝတရားအားဖြင့် သွန်သင်မှုများ ပြုခဲ့ကြောင်း သတိရမိသည်။ စိုးရိမ်ပူပန်မှုမရှိရန် လူ အပေါင်းတို့ကို အားပေးရာ၌ တောနှင်းပန်းလေးဖြင့် ဥပမာပေးသည်။ တောနှင်းပင်ကို ဆင်ခြင်ကြည့်ပါ။ ထိုအပင်တို့သည် အလုပ်မလုပ်၊ ချည်မငင်မဝင့် လည်း ဘုရားသခင်က ၎င်းတို့ကို တင့်တယ်လှပစေ သည်။ ခဏသာတည်သော ပန်းကလေးများကို ဘုရားက ထိုသို့အသရေတင့်တယ်စေသည်ဆိုလျှင် ကျွန်မတို့အတွက် ထိုထက်မက ပို၍ပင် လုပ်ပေး မည်မှာ ဧကန်ဖြစ်သည် (မ ၆း၂၈-၃၄)။
ဖန်ဆင်းခြင်းအရာများအားဖြင့် ဘုရားသခင်သည် သူ့ကိုယ်သူဖော်ပြကြောင်း အခြားကျမ်းပိုဒ်၌် တွေ့ရသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော် ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ည သွန်သင်၏” (ဆာ…
ချစ်ခြင်း
ခေါင်းဆောင်မှုအကြောင်းစာအုပ်များက ရောင်းကောင်းသည့်စာရင်း၌ များသောအားဖြင့် ပါဝင်တတ်ပြီး ထက်မြက်ထူးချွန်ထိရောက်သော ခေါင်းဆောင်ဖြစ်စေမည့် နည်းလမ်းများကို ဖော်ပြ ထားသည်။ သို့သော် ဆရာ ဟန်ရီ နော်ဝင် ရေးသည့် In the Name of Jesus: Reflections on Christian Leadership စာအုပ်တွင်မူ ခရစ်ယာန် ခေါင်းဆောင်မှုအကြောင်းကို အခြားသောအမြင် ရှုထောင့်မှ ရေးသားထားသည်။ သူသည် မသန်စွမ်း သူများကို နှစ်ပေါင်းများစွာ အစေခံပြုစုသည့် တက္ကသိုလ်ပါမောက္ခ ဆရာဟောင်းတစ်ဦးဖြစ် သည်။ သူက “လူဘယ်နှစ်ယောက်က သင့်ကို အရေးတယူ အလေးထားလဲ၊ သင်ဘယ်လောက် ပြီးမြောက်စွမ်းဆောင်နိုင်မလဲ၊ ရလဒ်တစ်ချို့ကို ပြနိုင်မလား၊ ဒါတွေက အဓိကမေးရမယ့် မေးခွန်း တွေ မဟုတ်ပါဘူး၊ ‘သခင်ယေရှုကို ချစ်လား’ ဆိုတဲ့ မေးခွန်းသာ အဓိကကျတယ်။ ... အထီးကျန်ပြီး စိတ်ပျက်အားလျော့နေတဲ့လောကကမ္ဘာမှာ လူတွေအတွက်…
“လှဲချလိုက်”
ကျွန်မ၏ ရွှေဝါရောင်အမဲလိုက် ခွေးကြီးသည် စိတ်လှုပ်ရှားမှုလွန်ကဲခြင်းကြောင့် အကြောဆိုင်းလေဖြတ်သကဲ့သို့ ဖြစ်ဖြစ်သွားသည်။ ထိုသို့မဖြစ်အောင် ကာကွယ်ရန် ၎င်းကို စိတ်ငြိမ် အောင်ချော့ရသည်။ တုတ်နှင့်အသာရိုက်၊ အသံ ပျော့ပျော့ပြောပြီး လဲလျောင်းဝပ်ချခိုင်းရသည်။ သို့သော် ‘ဝပ်ချ’ဟု ကြားလိုက်သည်နှင့် ၎င်းက မျက်လုံးချင်း မဆုံမိအောင်ရှောင်သည်။ တအီအီ နှင့် စောဒကတတ်သည်။ သို့ငြားလည်း နောက်ဆုံး တွင် ကြိတ်မှတ်ကာ အလျှော့ပေးပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တော့သည်။
တစ်ခါတစ်ရံ ကျွန်မတို့လည်း လှဲချရန် သတိပေးမှုမျိုးကို လိုအပ်တတ်သည်။ ဆာလံ ၂၃ တွင် ကျွန်မတို့၏ သိုးထိန်းကြီးသည် ကျွန်မတို့ကို “စိမ်းလန်းသောကျက်စားရာအရပ်၌ လဲလျောင်းအိပ်စေပြီး သာယာသော မြစ်နားသို့ လမ်းပြခဲ့သည်။ မိမိကိုယ်၌က သဘောမပေါက်သည့်တိုင် ကျွန်မတို့သည် ငြိမ်ဝပ်တိတ်ဆိတ်စွာ အနားယူရန်လိုအပ်ကြောင်း ကိုယ်တော်သိသည်။
ကျွန်မတို့၏ ခန္ဓာဖွဲ့စည်းပုံအရ ပုံမှန်အနားယူရန် လိုအပ်သည်။ ကိုယ်တော်ပင် လျှင် ဖန်ဆင်းခြင်းအမှုများပြီးစီးသောအခါ…
လူမဲ့ခံတပ်ဗျူဟာ
Romance of the Three Kingdoms တရုတ်ရာဇဝင်ဝတ္ထုတွင် စာရေးဆရာ Luo Guanzhong က ရန်သူကို လှည့်စားရန် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် “လူမဲ့ခံတပ်ဗျူဟာ” အကြောင်းကို သရုပ်ဖော် ရေးသားခဲ့သည်။ Wei နိုင်ငံတော်မှ စစ်သည် တစ်သိန်းခွဲသည် စစ်သည် ၂၅၀၀ သာရှိသည့် Xicheng သို့ ရောက်လာရာ၊ မြို့တံခါးကြီးက ပွင့်လျက်သားတွေ့ရပြီး နံမည်ကျော် စစ်ရေးကျွမ်းကျင်သူ ဗျူဟာမှူး Zhuge Liang က ကလေးနှစ်ဦးနှင့်အတူ အေးအေးလူလူ ဒုံမင်းတီးခတ်နေသည်။ Wei စစ်ဗိုလ်ချုပ်က ခေါင်းခြောက်သွားပြီး ချုံခိုတိုက်ခိုက်ခံရသည်ဟု ယူဆကာ သူ့ တပ်ကို လုံးဝဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ကျမ်းစာ၌လည်း ဦးနှောက်စားရသည့် စစ်ပွဲနည်းဗျူဟာတစ်ခုကို ဖော်ပြထား သည်။ (သူကြီး ၇)တွင် ဘုရားသခင်၌ ဂိဒေါင်နှင့် လူ ၃၀၀၊ တံပိုးခရာ၊ မြေအိုး၊…
အနှိုင်းမဲ့ အချစ်
ကျွန်တော်ငယ်စဉ် ကလေးဘဝက အသင်းတော်၌ မကြာခဏကြားဖူးသည့် ဓမ္မသီချင်း တစ်ပုဒ်၏ရာဇဝင်ကို မကြာမီက မိတ်ဆွေတစ်ဦးမှ ပေးပို့လာသည်။ “သမုဒ္ဒရာနှင့်အမျှများသော မှင်ရည်ဖြင့် ကောင်းကင်ပြင်တမျှ ကျယ်ပြန့်သည့် စာလိပ်၌ ပညာရှင်လူသားတိုင်းတို့က ဘုရား မေတ္တာတော်အကြောင်း ရေးသားကြလျှင် မှင်ရည် ကုန်ပြီး စာလိပ်ကုန်သွားလည်း မေတ္တာတော်ကား မဆုံးနိုင်ပါ၊ မကုန်နိုင်ပါ။” အထက်ပါ စာသားများက ရှေးယုဒကဗျာတစ်ပုဒ်မှ ကောက်နုတ်ထားပြီး တစ်ချိန်က စိတ္တဇဆေးရုံလူနာခန်း၌ ချိတ်ဆွဲထား သည်ကို မြင်ခဲ့ဖူးသည်။
ထိုနည်းတူ ဓမ္မတေးရေးဆရာ ဖရက်ဒရစ် အမ် လယ်မန်သည်လည်း ထိုစာသားကိုစိတ်၌ ထိတွေ့ခံစားရလျက် ဓမ္မတေး အဖြစ် အသက်သွင်းခဲ့သည်။ ၁၉၁၇ ခုနှစ်က သူသည် အလုပ်ကြမ်းသမားသာဖြစ်ပြီး၊ တစ်နေ့တွင် သစ်သီးသေတ္တာပေါ်ထိုင်ပြီး နေ့လည်စာစားရင်း သီချင်း၏ပထမအပိုဒ်နှင့် ထပ်ဆိုရန်အပိုဒ်ကို ဖြည့်စွက်ပြီး ‘The Love of God’ ဘုရားမေတ္တာ ဟူသည့် ဓမ္မတေး…
ဘော့ထ်နှင့် ဘလိတ်
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲ အမျိုးသားမီတာ ၁၀၀နှင့် မီတာ ၂၀၀ ပြေးပွဲနှစ်ပွဲ စလုံးတွင် ဂျမေးကားနိုင်ငံမှ အူစိန်ဘော့ထ်နှင့် ယိုဟန် ဘလိတ်တို့ ပထမနှင့် ဒုတိယ အသီးသီး ဆွတ်ခူးခဲ့ကြသည်။ ၎င်းသည် သမိုင်းတွင်သည့် အဖြစ်ပါ။ ၎င်းတို့နှစ်ဦးသည် ပြေးလမ်းပေါ်၌ ပြိုင်ဖက်များဖြစ်ကြသော်လည်း ဘော့ထ်က ဘလိတ်ကို လေ့ကျင့်ဖက် ပါတနာအဖြစ် လေးစား သည်။ “တစ်နှစ်တာလုံးမှာ ဘလိတ်ကြောင့် ကျွန်တော်ဟာ ပိုကောင်းတဲ့ အပြေးသမားဖြစ်လာ ခဲ့တယ်။ သူက ကျွန်တော့်ကို ဖိတယ်၊ တွန်းတယ်၊ မပေါ့အောင် သတိဝီရိယရှိအောင်လို့ပေါ့” ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် ပြေးလမ်းပေါ်တွင် တစ်ယောက်ကို တစ်ယောက် အားပေးရင်း၊ လှုံ့ဆော်ရင်း အောင်မြင်မှုသို့ ရောက်စေခဲ့သည်မှာ ထင်ရှားသည်။
ခရစ်တော်၌ ယုံကြည်သူချင်းသည်လည်း ယုံကြည်ခြင်းအရာ၌ အချင်းချင်းကို အားပေးမစရန် အခွင့်အရေးရှိသည်။ တာဝန်တစ်ရပ်လည်း ဖြစ်သည်။…
တောင်ပေါ်မှာ ကြွေးကြော်
ကိုလိုရာဒိုပြည်နယ် ဆင်ခြေလျှော တောင်ကုန်းတစ်ခု၌ အပတ်စဉ်အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ် သည့် ဆယ်ကျော်သက် နှင်းလျှောစီးလူငယ်လေး တစ်စုအကြောင်းကို နိုင်ငံတစ်ဝှမ်းထုတ်ဝေသည့် သတင်း၌ အမွှမ်းတင်ရေးသားထားသည်။ The Summit Daily News သတင်းစာမှ ကင်ဘာလေ နီကိုလက်၏ နှင်းလျှောစီး ဝါသနာရှင် ဆယ်ကျော်သက်လေးများက ယေရှု ၎င်းတို့၏ အသက်တာကို ပြောင်းလဲပေးခဲ့ပုံ အကြောင်း ဝေငှပြောပြခြင်းသတင်းကို ပရိသတ် များစွာ စိတ်ဝင်စားကြသည်။ ခရစ်ယာန်လူငယ် အဖွဲ့အစည်းတစ်ခုမှ ထိုလူငယ်များကိုပံ့ပိုးလျက် ဘုရား၏မေတ္တာကို ဖော်ထုတ်ပြနိုင်အောင် ၎င်းတို့ကို ပြင်ဆင်သင်ပြပေးခဲ့သည်။
အခြားသူကို လေ့ကျင့်ပြင်ဆင်ပေးခြင်းထက် မိမိဖာသာလုပ်ခြင်းက ပို၍ လွယ်ပါသည်။ သို့သော် သခင်ယေရှုက လောကကြီးသို့ သူ့အမှုတော်ကို ဆောင်ယူ သွားမည့် တပည့်တော် (၁၂) ပါး အပေါ် အိပ်သွန်ဖာမှောက် စိတ်နှစ်သွန်သင်ခဲ့သည်။
လူတို့၏လိုအင်များ ပွက်ပွက်ညံနေသည့်ကြားမှ တောင်ပေါ်သို့တက်၍ “ကိုယ်တော်နှင့်…
ကလိုင်ပေါက်ကို ဖုံးအုပ်ခြင်း
၂၀၁၀ ခုနှစ် မေလနှောင်းပိုင်းတွင် ‘အဂါသာ’ အပူပိုင်းမုန်တိုင်းသည် တောင်အမေရိက အတွင်းပိုင်းသို့ပင် ရောက်ခဲ့ပြီး မိုးအဆက်မပြတ်ရွာ ပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းအားလျော့ ပြယ်သွားသော် ဂွာတီမာလာမြို့တော်၏ မြို့လယ် ခေါင်တွင် ပေ ၂၀၀ အနက်ရှိသည့် မြေကလိုင် ပေါက်ကြီးပေါ်လာပြီး မြေပြို၊ ဓာတ်တိုင်ပြိုပြီး သုံးထပ်တိုက်တစ်လုံးကိုလည်း မြေမျိုသွားသည်။
မြေကျွံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်သည်မှန်သော်လည်း လူ့စိတ်နှလုံး ကျွံကျ နိမ့်ဆင်းခြင်းက အဆိုးဝါးဆုံးပင်ဖြစ်သည်။ ဥပမာ အနေဖြင့် ဒါဝိဒ်မင်းကို ကြည့်ပါ။
သူ့အပေါ်ယံ အသက်တာက တည်ငြိမ်သယောင်ထင်ရလည်း အတွင်းပိုင်း၌ ပြိုပျက်လွယ်သော အုတ်မြစ်၌ တည်နေသည်။ သူ့မယားကိုပြစ်မှား၊ သူ့လင်ကိုသတ်သည့် ဒုစရိုက်ကျူးလွန်ခဲ့ပြီးနောက် ၎င်း၏ ရွံရှာစက်ဆုတ်ဖွယ်လုပ်ရပ်ကို အောင်မြင်စွာဖုံးနိုင်ပြီဟု သူထင်ခဲ့သည် (၂ရာ ၁၁-၁၂)။ သို့သော် ပရောဖက်နာသန်အား သူနှင့် ထိပ်တိုက်ရင်ဆိုင်စေပြီး သူ့အပြစ်ကို မဝန်ခံငြင်းပယ်ခြင်းက ဝိညာဉ်ရေးအသက်တာ၏ အခြေခံအုတ်မြစ်ကို…