၁၁ နာရီ
ပထမကမ္ဘာစစ်သည် လူ့သမိုင်းတွင် အရက်စက်ဆုံးသော ပဋိပက္ခဟု လူများစွာက သတ်မှတ်ကြသည်။ ထိုစစ်ပွဲ၌ အသက် သန်းပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။ ၁၉၁၈ ခုနှစ် ၁၁လပိုင်း၊ ၁၁ရက်၊ ၁၁နာရီတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြသည်။ ထိုသမိုင်းဝင်အချိန်အတွင်း တစ်ကမ္ဘာလုံးမှ စစ်မက်ကြောင့် ခံစားရသည့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု၊ နာကျင်မှုဝေဒနာ များကို မြင်အောင်သုံးသပ်လျက် ဆွံ့အ နေခဲ့သည်။ မဟာစစ်ပွဲကြီးဟု ခေါ်ဆိုသကဲ့သို့ ၎င်းသည် စစ်ပွဲအားလုံးကို အမှန်တကယ်အဆုံးသတ်ပေးမည့် စစ်ပွဲကြီးဖြစ်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ရက်စက်သောစစ်မှုရေးရာ ပဋိပက္ခများ ဆက်ဖြစ်နေခဲ့သည်။ သည့်တိုင် တည်မြဲသော ငြိမ်းချမ်းရေးမျှော်လင့်ချက်က မှေးမှိန်မသွားပါ။ ဤတွင် သမ္မာကျမ်းမှ တစ်နေ့တွင် စစ်ပွဲများ အဆုံးသတ်လိမ့်မည်အကြောင်း မျှော်လင့်စရာ လက်တွေ့ကျသည့် ကတိတော်ကို ပေးထားသည်။ ခရစ်တော်ပြန်ကြွလာလျှင် ပရောဖက်ဟေရှာယ၏ စကားပြည့်စုံလိမ့်မည်။ “...တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ”…
‘အကူ’ အလိုရှိသည်
အချို့သူများအတွက် အကူဆိုသည့် စကားက အဓိပ္ပာယ်အနက်ပွားရှိသည်။ ကျောင်း စာသင်ခန်း၌ဆိုလျှင် လေ့ကျင့်သင်ကြားပေးထား သည့် အတန်းပိုင်ဆရာများကို အကူ (ဆရာ)များက ပံ့ပိုးပေးရသည်။ သင်တန်းဆင်း လျှပ်စစ်ဆရာ၊ ပိုက်ပြင်ဆရာ၊ ရှေ့နေ စသည်တို့အတွက် သက်ဆိုင်ရာ လုပ်ငန်းခွင်၌ အကူများရှိသည်။ အကူများက ကျွမ်းကျင်ပညာရှင်လောက် အရည်အချင်း မရှိခြင်းကြောင့် တန်ဖိုးနိမ့်သည်ဟု သတ်မှတ်ခံရသည်။ သို့သော် အလုပ်ပြီးမြောက်ရေး အတွက် (ပညာရှင်နှင့်အကူ) လူတိုင်းကို လိုအပ်၏။
ရှင်ပေါလု၏ အမှုတော်သာသနာ လုပ်ငန်းတွင် အကူများစွာရှိသည်။ ရောမမြို့သို့ ရေးသားပေးပို့သောစာ၌ ၎င်းတို့၏ စာရင်းဖော်ပြပါရှိ သည် (ရော ၁၆)။ သူနှင့် လူများစွာကို မစသူ ဖိဗေ (း၁)၊ သူ့အတွက် လည်ပင်းကို ချထားသူ အာကုလနှင့် ပြစ်ကိလ (း၃-၄)၊ သူ့အမှုကို ကြိုးစား၍ဆောင်ရွက်သော မာရိ (း၆) စသည် ဖြင့်…
နားထောင်ခြင်း
ဘုရားက နားနှစ်ဖက်နှင့် ပါးစပ် တစ်ပေါက် ပေးထားခြင်းသည် အကြောင်းရှိသည်။ နားထောင်ခြင်းစွမ်းရည်က ဘဝ၌အရေးကြီးသော၊ လိုအပ်သောစွမ်းရည်ဖြစ်သည်။ အကြံပေးမစသူများ က အချင်းချင်း၏ ပြောစကားကို နားထောင်ပေးရန် ပြောသည်။ ဝိညာဉ်ရေးရာမစသူ ဆရာများကလည်း ဘုရားသခင်စကားကို နားထောင်ခိုင်းသည်။ “ကိုယ့် စကား ကိုယ်ပြန်နားထောင်”ဟူ၍မူ မည်သူမျှမပြော ပါ။ မိမိ၏အတွင်းအသံက မှန်သောစကား၊ အမြဲ အမှန်ကို သိသည်ဟု မဆိုနိုင်ပါ။ ဘုရားစကား၊ အခြားသူစကားထက် မိမိစကားကိုသာ နာခံရမည် ဟုလည်း မဆိုလိုပါ။ မိမိ၏စကားကို အခြားသူ များက မည်သို့နားလည်သွားမည်ကို သိရအောင် မိမိစကားကို မိမိကိုယ်တိုင် ပြန်နားထောင်ရန် လိုသည်။
မောရှေက ဣသရေလလူတို့အား ကျွန်ခံရာ အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခဲ့စဉ် ဤအကြံပြုချက်ကို နားထောင်ခဲ့လျှင် ကောင်းမည်။ အံ့သြဖွယ်ကယ်နုတ်ခံရသည့် ရက်ပိုင်း အတွင်းမှာပင် သူတို့ မြည်တွန်ညည်းတွားခဲ့သည် (ထွ ၁၆း၂)။…
သူဝမ်းနည်းအောင် ဘာလို့လုပ်
သင်းအုပ်ဟူသည် ဝေဖန်ခံရသည့် ပစ်မှတ်များပါ။ ၎င်းတို့က ပလ္လင်ပေါ် အပတ်စဉ် တက်ပြီး ဘုရားစကားတော်များကို သေချာစွာ ရှင်းပြကာ ခရစ်တော်နှင့် သဏ္ဌာန်တူသည့် အသက်တာမျိုးဖြင့် ဘဝရှင်သန်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်သည်။ သို့သော် ကျွန်ုပ်တို့က ဝေဖန်စရာကို ရှာဖွေသည်။ သင်းအုပ်၏ လုပ်ရပ်ကောင်းများကို လျစ်လျူပြီး မိမိ၏ အထင်အမြင်ယူဆချက်ကိုသာ အလေးထား အာရုံစိုက်ရန်လွယ်လှသည်။
ကျွန်ုပ်တို့နည်းတူ သင်းအုပ်များသည် လည်း စုံလင်ခြင်းမရှိနိုင်ပါ။ ထို့ကြောင့် သင်းအုပ်ကို မျက်လုံးစုံမှိတ်ယုံရမည်။ နည်းမှန်လမ်းမှန်မဟုတ်ဘဲ သူ့အမှားကို ထိပ်တိုက် မရင်ဆိုင်မဖြေရှင်းရ ဟု ကျွန်ုပ် မပြောလိုပါ။ သို့သော် ဘုရားသခင်၏ သမ္မာတရားကို တင်ပြသူ၊ အစေခံသောခေါင်းဆောင်၏ စံနမူနာကိုပြသူနှင့် စပ်လျဉ်း၍ မှန်ကန်စွာ ရှုမြင်ဆင်ခြင်နိုင်ရေးအတွက် ဟေဗြဲသြဝါဒစာမှ ကျမ်းပိုဒ်အချို့က အထောက်အကူ ပေးနိုင်၏။ သင်တို့ခေါင်းဆောင်များအပေါ် စိတ်ချယုံကြည်မှုရှိပြီး “သူတို့စကားကို နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို…
ကြီးမြတ်သော ဖန်ဆင်းရှင်နှင့် အနာငြိမ်းစေသောအရှင်
လွန်လေသော နှစ်အတန်ကြာက နှင်းလျှောစီးရင်း ပြင်းထန်သော မတော်တဆ ထိခိုက်မှုဖြစ်ခဲ့ပြီး ခြေသလုံးမှ ကြွက်သားများ စုတ်ပြတ်ပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်။ ဆရာဝန်က ဒဏ်ရာမှ သွေးထွက်လွန်ခဲ့သည်ဟု ပြောသည်။ ကုသမှုခံယူရင်း အနာပျောက်ရန် အချိန်ကြာခဲ့သော်လည်း ထိုအချိန်ကာလအတွင်း ကြီးမြတ်သောဖန်ဆင်းရှင်အပေါ် ကျွန်တော်အလွန် အံ့သြမိန်းမောခံစားခဲ့ရသည်။
ကျွန်တော့်ဘဝတစ်လျှောက်လုံး ကားရွှံ့ကာပြားများကို ပိန်ချိုင့်သွားအောင် လုပ်ခဲ့ဖူး သည်။ ပန်းကန်ပြားများကိုလည်း ခွဲခဲ့ဖူးသည်။ ၎င်းတို့မှာ ထိုအပိန်အလိမ်အကွဲများအတိုင်း ရှိနေခဲ့ သည်။ သို့သော် ကျွန်တော့် ခြေသလုံးက ထိုသို့ မဟုတ်၊ ကြွက်သားများဒဏ်ရာရ စုတ်ပြတ်သွားလျှင် သွားချင်း ခရစ်တော်ဖန်ဆင်းထားသည့် အတွင်းခန္ဓာဖွဲ့စည်းမှုက စတင်လှုပ်ရှားသည်။ မမြင်ရသော်လည်း သွေးထွက်နေသည့် ခြေထောက်ကို အံ့သြစရာ (သွေးတိတ်အောင်) လုပ်ဆောင်ပေးသည်။ နောက်မကြာပါ။ ကျွန်တော် မတ်တတ်ရပ်နိုင်ပြီး နောက်တစ်ဖန် ပြေးလွှားလှုပ်ရှားနိုင်တော့သည်။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့်…
စစ်မှန်သောချစ်ခြင်းမေတ္တာ
ကျွန်မ၏မောင် လက်ထပ်ပွဲအတွက် အစမ်းလေ့ကျင့်စဉ်၊ သင်းအုပ်ရှေ့တွင် မျက်နှာချင်းဆိုင် ရပ်နေသော သတို့သားနှင့် သတို့သမီးတို့ကို ကျွန်မ၏ခင်ပွန်းမှ လျှပ်တစ်ပြက် ဓာတ်ပုံရိုက်လိုက်သည်။ နောက်ပိုင်း ထိုဓာတ်ပုံကို ပြန်ကြည့်သောအခါ ကင်မရာ၏ ရောင်ပြန်အလင်း ကြောင့် နောက်ခံရှိ သတ္တုလက်ဝါးကပ်တိုင်မှာ သတို့သား၊ သတို့သမီးထက် ပို၍ တောက်ပနေ သည်။
အိမ်ထောင်ပြုခြင်းသည် အသင်းတော် အတွက် ကားတိုင်ပေါ်တွင်ပြခဲ့သော ခရစ်တော်၏ မေတ္တာကို ထိုဓာတ်ပုံက ပုံဆောင်သည်။ သမ္မာ ကျမ်းစာမှ ကိုယ်ခင်ပွန်းကိုချစ်ရန် တိုက်တွန်းထားရာ (ဧ ၅း၂၅)၊ သစ္စာနှင့်အတ္တကိုယ်ကျိုးမငဲ့ဘဲ စုံမက် မြတ်နိုးခြင်းသဘောနှင့် သူ့နောက်လိုက်များအပေါ် ခရစ်တော်ထားသောမေတ္တာကို ဘုရားသခင် နှိုင်းယှဉ်ပြခဲ့သည်။ ခရစ်တော်က အချစ်အတွက် သူ့အသက်ကို စွန့်လွှတ်စတေးခဲ့ခြင်းကြောင့် ကျွန်မတို့လည်း အချင်းချင်းကို ချစ်ရပါမည် (၁ ယော ၄း၁၀-၁၁)။ အပြစ်ကြောင့် ဘုရားသခင်နှင့် ကျွန်မတို့ ထာဝရမကွေကင်းရလေအောင် ကျွန်မတို့ကိုယ်စား…
အကျင့်စရိုက်လား၊ ဂုဏ်အသရေလား၊
နံမည်ကြီး ဘတ်စကက်ဘောနည်းပြ ဂျွန် ဝုဒဲန် (၁၉၁၀-၂၀၁၀) က လူ့စရိုက်သဘောသည် ဂုဏ်အသရေထက် ပို၍ အရေးကြီးသည်ဟု ယုံကြည်ကိုင်စွဲသည်။ “ဂုဏ်အသရေဆိုတာ အခြားသူတွေ ကိုယ့်အပေါ် ထင်မြင်ယူဆခံစားမိကြတဲ့ အရာဖြစ်တယ်။ ဒါပေမယ့် လူ့စရိုက်သဘောထားဆိုတာက သင့်ရဲ့ ဖြစ်တည်မှု”၊ “ကိုယ့်အကျင့်စရိုက် သဘောထားကို ကိုယ်အသိဆုံးပဲလေ၊ အခြားသူကို လိမ်လို့ရမယ်။ ကိုယ့်ကိုယ်ကိုတော့ လှည့်စားလို့မရဘူး” ဟု နည်းပြကြီးက သူ့အားကစားသမားများကို မကြာခဏ ပြောလေ့ရှိသည်။
ဗျာဒိတ်ကျမ်းတွင် အာရှရှိ အသင်းတော် (၇) ပါးသို့ ထမြောက်ရှင်ပြန်တော်မူသော သခင်ခရစ်တော် မိန့်ကြားသည့် စကားများကို ဖတ်ရှုရသည်။ သွာတိမြို့ရှိအသင်းတော်သို့ “သင်၏ အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏” (၃း၁) ဟု သခင်ယေရှုမိန့်တော်မူသည်။ ၎င်းတို့နှင့် ပတ်သက်သည့် အမှန်တရားကို သခင် သိသည်။ သူတို့လည်း သူတို့ကိုယ်ကို သိမည်မလွဲပါ။ “မအိပ်ဘဲစောင့်၍နေလော့။…
စူးရှသောအမြင်
ပန်းပုပညာရှင်က ကျောက်တုံး တစ်တုံးကို ကြည့်ပြီး ဘာပုံဖြစ်လာမည်ကို ပြောနိုင်မြင်နိုင်ခြင်း ကို စူးရှထိုးထွင်းမြင်နိုင်စွမ်းရှိခြင်း၊ စူးရှသောအမြင် ရှိခြင်း “ hyperseeing” ဟု သုံးနှုန်းကြသည်။
ပန်းပုဆရာကြီး Gutzon Borglum (၁၈၆၇- ၁၉၄၁) သည် အများပြည်သူ သွားလာသည့် နေရာများ၌ တည်ထားသည့် နံမည်ကျော်ရုပ်တု များစွာကို ထုလုပ်ခဲ့သူဖြစ်သည်။ တောင်ပိုင်း ဒါကိုတာပြည်နယ် မောင့် ရပ်ရှ်မိုးတောင်ရှိ သူထုခဲ့ သည့် သမ္မတရုပ်တုများက အကျော်ကြားဆုံး ဖြစ်မည်ထင်သည်။
ဆရာကြီး၏ အိမ်တော်ထိန်းဖြစ်သူက ထိုသမ္မတလေးဦး၏ရုပ်တုကို ပထမဆုံးအကြိမ် ကြည့်ခွင့်ရခဲ့စဉ် စူးရှထိုးထွင်းမြင်နိုင်စွမ်း သဘော တရားယူဆချက်ကို ခံစားခဲ့ရပြီး “ဆရာကြီး၊ သမ္မတကြီး လင်ကွန်းက အဲဒီကျောက်ထဲမှာ ရှိတာ ဆရာကြီး ဘယ်လိုသိတာလဲ”ဟု မေးခဲ့သည်။
အလုံးစုံကိုသိမြင်တော်မူသော ဘုရားသခင်ကို ဖော်ကျူးရန် စူးရှထိုးထွင်း မြင်နိုင်စွမ်းရှိခြင်းဆိုသည့် စကားက သင့်လျော်မှန်ကန်လှသည်။…
ကြောက်စိတ်များ အဘယ်မှာနည်း
ကျွန်ုပ်တို့၏ အိမ်ထောင်သက် ၁၂ နှစ် ရှိသည့်တိုင် ကလေးမရ၊ ကလေးရရန် ကြိုးစား သော်လည်း (ကျွန်ုပ်တို့၏စိတ်ခံစားမှုများမှာ) ရိုလာကိုစတာ စီးနေရသကဲ့သို့ မျှော်လင့်ချက်များ မြင့်လိုက်၊ တဟုန်ထိုးကျသွားလိုက်နှင့် စိတ်ပျက် အားလျော့ရသည်။ သူငယ်ချင်းတစ်ဦးက “မင်း ဖခင်ကောင်း မဖြစ်နိုင်ဘူးဆိုတာ ဘုရားသိလို့ အချိန်ယူပြီး စဉ်းစားနေတာ ဖြစ်မယ်” ဟု ပြောသည်။ ကျွန်ုပ်မိခင်မှာ ဆိုးဆိုးဝါးဝါး စိတ်ကြီး၊ ဒေါသကြီးသူ ဖြစ်ကြောင်း သူ သိသည်။
ထို့နောက် ၁၉၈၈ ခရစ္စမတ်တွင် သားဦးကိုယ်ဝန်တည်လာသည်။ ယခုတစ်ဖန် ရင်သွေးလေးအား မေတ္တာမပြနိုင်မှာကိုလည်း စိုးရိမ် မိပြန်သည်။
နောက်နှစ် သြဂုတ်တွင် ကျွန်ုပ်တို့မိသားစုထဲ ကက်သရင်း ရောက်လာသည်။ သူနာပြုများနှင့် ဆရာဝန်များ ဇနီးသည်အား ပြုစုစောင့်ရှောက်စဉ် ကက်သရင်းမှာ ငိုနေ၍ သူမကို ပွတ်သပ်ချော့မော့သောအခါ သူမ၏ လက်ချောင်းသေးသေးလေးများနှင့် ကျွန်ုပ် လက်ချောင်းကို…
ဂီတစွမ်းအား
ဝေလနယ်တွင် အမျိုးသား တေးသံစုံသံပြိုင် သီချင်းများမှာ လူကြိုက်များ ရေပန်းစားသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ဝေလနယ် အမျိုးသား တေးသံစုံနှင့် ဂျာမန်အမျိုးသား တေးသံစုံအဖွဲ့တို့ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်ရေး တေးဂီတပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ သို့သော် စစ်ပွဲအတွင်းနှင့် စစ်ပွဲအပြီးတွင်မူ ထိုအဖွဲ့ (၂) ဖွဲ့၏ နှစ်ဦးနှစ်ဖက် ရင်းနှီးချစ်ကြည်ရေး ပျက်ပြားသွားခဲ့ရပြီး၊ တစ်ဖက် နှင့်တစ်ဖက် ပြင်းထန်စွာ ရန်လိုမုန်းတီးခဲ့ကြသည်။ သို့သော် ချစ်ကြည်ရေးပြိုင်ပွဲ၌ အတူပူးတွဲလက်ခံရရှိ ခဲ့သည့်ဆုဖလားပေါ်မှ “ငါနဲ့စကားပြောပါကွာ၊မင်းက ငါ့ရဲ့မိတ်ဆွေပါ။ ငါနဲ့အတူသီချင်းဆိုပါ။ မင်းဟာ ငါ့ရဲ့ ညီအစ်ကိုပါ”ဟူသော စာသားလေးအားဖြင့် ၎င်းတို့ ကြား တင်းမာမှုများသည် အဆုံး၌ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားတော့သည်။
ကုသမှုနှင့် မစမှုပေးနိုင်စွမ်းသော တေးဂီတ၏စွမ်းအားသည် ဘုရားသခင်ထံမှ လာသော ဆုကျေးဇူးဖြစ်ပြီး လူများစွာတို့အား နှစ်သိမ့်သက်သာမှုကို ပေးသည်။ ထို့ကြောင့် ဆာလံကျမ်းများက ကျွန်ုပ်တို့ကို လေးနက်စွာ…