အမျိုးအစား  |  odb

ပြောင်းလဲပေးနိုင်သော တန်ခိုး

ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းကို လူ များစွာတို့ နှစ်သက်ကြသည်။ မကြာသေးမီက ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ ကျမ်းစာ ဗဟုသုတ ပဟေဠိ ဖြေကြသည်။ ရုံးခန်းအတွင်း နေရာလွတ်၌ ထိုင်ကာပြောကြ ဖြေကြခြင်းဖြစ်သော ကြောင့် ရုံးခန်းအတွင်းရှိ လူများပါကြားပြီး ဝင်ဖြေ ကြသည်။ နောဧသင်္ဘောအကြောင်းမှစ ရှမာရိ အမျိုးသမီးအကြောင်းအဆုံး ဝန်ထမ်းအသီးသီးက ဝင်ဖြေကြသဖြင့် ပျော်စရာ၊ ဝမ်းသာစရာပါ။
ကျမ်းစာဗဟုသုတ ကြွယ်ဝခြင်းက ကောင်းပါသည်။ သို့ငြားလည်း နှုတ်ကပတ်တော်၌ မွေ့လျော်ကာ၊ စကားတော်ကို အတွင်းကျကျ သိနားလည်ခြင်းဖြင့် ကျွန်ုပ်တို့နှင့် ဘုရား၏ မိတ်သဟာယဆက်ဆံရေး ကောင်းမွန်တိုးတက်စေရန် ကိုယ်တော်လိုလားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို ခရစ်တော် နှင့်တိုး၍ တူစေပါသည် (ဧ ၄း၂၀-၂၄)။ သမ္မာကျမ်းစာကို နက်ရှိုင်းစွာသိခြင်း၏အကျိုး ကျေးဇူးများကို ဆင်ခြင်မည်ဆိုပါက (၁) ဝမ်းမြောက်ရွှင်လန်းစေသည် (ယေ ၁၅း၁၆)။ ဝိညာဉ်ရေးရာအောင်မြင်စေသည်…

အခြားတစ်နည်းဖြင့်ပြောလည်း အဓိပ္ပာယ်မမှားနိုင်

လွန်ခဲ့သော နှစ်များစွာ တစ်လျှောက်  ကမ္ဘာတစ်ဝှမ်း၌ ကျမ်းစာသင်ကြားပို့ချပေးရန် အခွင့်အရေးရခဲ့သည်။ ကျွန်တော်က အင်္ဂလိပ် စကားသာ ပြောတတ်သောကြောင့် ကျွန်တော့် နှလုံးသားမှ ထွက်လာသည့် စကားလုံးများကို  ပြန်ဆိုပေးမည့် စကားပြန်များနှင့်ပူးပေါင်းဆောင် ရွက်ရသည်။ ထိရောက်မှုရှိသော ဆက်သွယ်မှု သည် ထိုစကားပြန်၏ကျွမ်းကျင်မှုပေါ်တွင် များစွာ မူတည်သည်။ အင်ဒိုနီးရှား၌ဖြစ်စေ၊ မလေးရှား၌ ဖြစ်စေ၊ စကားပြန်များသည် ကျွန်ုပ်ပြောသော စကားကို ရှင်းလင်းစွာ ပြန်ဆိုနိုင်အောင် သေချာ စွာ လုပ်ဆောင်ရသည်။
ဘာသာပြန်ခြင်းသည် ယုံကြည်သူ များ၏အသက်တာ၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်မှုနှင့် သဘောချင်းတူ သည်။ ဆုတောင်းရာ၌ မည်သို့ဆုတောင်းသင့်သည်ကို ကျွန်ုပ်တို့မသိကြကြောင်း၊  `စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော် မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရား သခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏´ (ရော ၂၈း၁၈-၂၇) ဟု တိုက်တွန်း နှိုးဆော်ထားသည်။…

ဝါး !

ဟန်ဆောင် ခြောက်လှန့်သော ကစားနည်းကို မိဘနှင့်သားသမီးများ ကစားကြသည်။ ဖခင်က မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရုတ်တရက် လက်ကိုဖယ်ကာ`ဝါး´ဟုခြောက်လျှင် ကလေးက တခစ်ခစ် ရယ်တော့သည်။
တကယ့် ကြောက်စရာကိစ္စနှင့်မတွေ့မီ အချိန်အထိ အခြောက်ခံရခြင်းသည် ပျော်စရာ  ဖြစ်လိမ့်မည်။ သို့သော် တကယ့်ကြောက်စရာကိစ္စ  ကြုံရပြီ ဆိုလျှင် ရယ်စရာမကောင်းတော့ပါ။ မိဘများနှင့်ကွဲသွားခြင်းက ကလေးများအတွက်  ပထမဆုံး ကြောက်စရာအတွေ့အကြုံဖြစ်မည်။ ကလေးငယ်သည် အပြစ်ကင်းစွာ တစ်နေရာမှ တစ်နေရာလျှောက်သွားကစားရင်း သူတစ်ယောက်တည်းရှိနေကြောင်း သိလိုက်ရချိန်တွင် အလွန်ကြောက်သွားပြီး ကျယ်လောင်စွာ အော်ငိုသည်။ ထိုအခါ သူတစ်ယောက်တည်း မဟုတ်ကြောင်းသိအောင် မိဘများက  သူ့အနီးသို့ချက်ခြင်းအပြေးသွားလိုက်သည်။
ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ကြောက်စရာကောင်းသည့်စာပေများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊ ကစားကွင်းထဲမှတိုက်ကားများစသည်ဖြင့် ကြောက်စရာများက ခေတ်မီတိုးတက်လာသည်။ ကြောက်အောင်အခြောက်ခံရခြင်းက စိတ်ကိုပို၍တက်ကြွစေ သောကြောင့် ပိုစိတ်လှုပ်ရှားအောင် (အသည်းယားစရာ) ပိုကြောက်စရာကောင်းသည့် အရာများကို ကျွန်ုပ်တို့ လုပ်လာကြသည်။
သို့သော် အမှန်တကယ်ကြောက်လန့်ချိန်တွင် ကျွန်ုပ်တို့သည်…

သမီးနဲ့ဖေဖေ

ကျွန်ုပ်၏မိတ်ဆွေတစ်ဦးသည် သူ့အိမ် နောက်ဖေး၌ ကျောက်တုံးစီ၍ လမ်းခင်းရာ တစ်နေ ကုန်ခဲ့သည်။ သူ၏ ၅ နှစ် အရွယ် သမီးလေးက ‘ကူညီပါရစေ’ဟု ခွင့်တောင်းရာ၊ သူက “ဖေဖေ အလုပ်လုပ်တဲ့အခါမှာ အားရှိဖို့ သီချင်းလေးပဲဆိုပေးပါ၊ သမီးရယ်”ဟုပြောသော်လည်း သူက အတင်းပင် ကူညီချင်နေသည်။ ထို့ကြောင့် သူက သမီး အန္တရာယ် မဖြစ်အောင် ဂရုစိုက်ပြီး ကျောက်တုံးပေါ် သမီးလက်ကိုတင်စေပြီး အတူသယ်ကြသည်။
သမီးသာမပါလျှင် အချိန်တိုအတွင်း အလုပ်ပြီးသွားမည်ပင်။ သို့နှင့် တစ်နေကုန်၍ ညနေ ရောက်မှ အလုပ်ပြီးသည်သာမက သမီးလေးကလည်း ဂုဏ်ယူဝင့်ကြွားနေသည်။ ညစာစားချိန်တွင် သမီးက “သမီးနဲ့ဖေဖေအတူတူ ကျောက်တုံးစီခဲ့ပါတယ်”ဟု ဝမ်းသာအားရ ပြောသည်။
အစကတည်းကပင် ဘုရားသခင်သည် သူ့အလုပ်တိုးတက်ဖြစ်မြောက်ရန်အတွက် လူတို့အပေါ်စိတ်ချယုံကြည်မှု၊ အားကိုးမှုရှိသည်။ အာဒံကို ဖန်ဆင်းပြီးနောက် မြေကြီးကို ထိန်းသိမ်းပြီး သတ္တဝါများကိုကြီးကြပ်ရန် ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကြီး၏…

ဘက်လိုက်ခြင်း မရှိတော့ပါ

နယူးစ်ဝိခ် မဂ္ဂဇင်း၏ ၂၀၁၀ ခုနှစ် လေ့လာဆန်းစစ်ချက်တွင် စိတ်ဝင်စားဖွယ် ကိန်းဂဏန်း များပါရှိသည်။ ဝန်ထမ်းခေါ်ယူမည့် မန်နေဂျာ ၅၇% က အရည်အချင်းရှိသော်လည်း ဆွဲဆောင်မှု မရှိသည့် အလုပ်လျှောက်သူများသည် အလုပ်ရရန် ပိုခက်ခဲသည်ဟု ယုံကြည်ကြသည်။ မန်နေဂျာ ၈၄% က အရည်အချင်းရှိပြီး အသက်ကြီးသူများကို အလုပ်ခန့်ရန် အလုပ်ရှင်များ ချီတုံချတုံဖြစ်သည်ဟု ယုံကြည်ကြသည်။ မန်နေဂျာ ၆၄% က ကုမ္ပဏီများသည် အပြင်ပန်းရုပ်ရည်ကိုကြည့်ပြီး အလုပ်ခန့်သင့်သည်ဟု ယူဆကြသည်။ ဤဥပမာက အလွန်ရိုးရှင်း သော လက်သင့်မခံနိုင်သည့် ဘက်လိုက်မှု၊ မတရားမှုပင်။
၎င်းသည် အသစ်အဆန်းတော့ မဟုတ်ပါ။ ရှေးကနဦးအသင်းတော်ခေတ်ကပင် ရှိနှင့်ခဲ့ပြီး ရှင်ယာကုပ်က ၎င်းကို ထိပ်တိုက်ဖြေရှင်းခဲ့သည်။ သူသည် အမြော်အမြင်နှင့် ကြိုတင်မြင်ပြီး သင်းအုပ်၏ရဲရင့်နှလုံးသားဖြင့် “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုများမှာ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်”ဟု…

တစ်ခဏတာ စိတ်ပျော်ရွှင်စေမှု

၁၉၇၂ ခုနှစ်တွင် ဓာတ်ပုံချက်ခြင်း ထွက်သည့် ပိုလာရစ် SX 70 ကင်မရာကို စတင် ရောင်းချရာ ဓာတ်ပုံလောကကြီး လုံးဝပြောင်းလဲ သွားသည်။ ‘စမစ် ဆိုးနီးယား’ မဂ္ဂဇင်း၌ သတင်းထောက် အိုဝင် အက်ဒွက်က “ထိုကင်မရာ သည် ရူပဗေဒသဘောတရား၊ မှန်အယူအဆနှင့် လျှပ်စစ်စွမ်းအားတို့ပေါင်းစပ်ထားသော အံ့ဖွယ်ရာ” ဟု ရေးသားဖော်ပြခဲ့သည်။ ဓာတ်ပုံရိုက်လိုက်စဉ် ကင်မရာရှေ့မှ အမဲရောင် လေးထောင့်ကတ်လေး ထွက်လာပြီး၊ မျက်စိ ရှေ့မှောက်သို့ ရိုက်ထားသော ဓာတ်ပုံရောက်လာသည်။ မြန်မြန်ဆန်ဆန်ချက်ခြင်း ဓာတ်ပုံရသည့်အတွက် လူတို့ အလွန်သဘောကျ နှစ်ခြိုက်ခဲ့သည်။
တစ်စုံတစ်ရာကို ချက်ခြင်းလိုချင်သည့်စိတ်နှင့် တပ်မက်သော ရမက်စိတ်တို့သည် အခိုင်အမာဆက်စပ်နေကြောင်း ဆရာကြီး အော့စ်ဝဲ ချိန်းဘားစ် က သုံးသပ်ခဲ့သည်။ ရိုးရှင်းစွာပြောရမည်ဆိုလျှင် “လိုချင်တပ်မက်ခြင်းဆိုသည်မှာ ‘ငါဒီအရာကို ချက်ခြင်းပိုင်ဆိုင်ရမယ်’ ဆိုသည့် အဓိပ္ပာယ်ပင်။ ခန္ဓာ၏တောင့်တမှုဆန္ဒဖြစ်စေ၊ ဝိညာဉ်အကျိုးခံစားလိုခြင်း ဖြစ်စေ…

လူတိုင်းအတွက်ယေရှုမေတ္တာ

သီချင်းတစ်ပုဒ်ကို တစ်ရက်ထဲတွင် သုံးကြိမ်ကြားရခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲပါ။ နေ့လည် အစောပိုင်းတွင် ဘိုးဘွားရိပ်သာ၌ ဓမ္မသီချင်းဖြင့် သီဆိုဝတ်ပြုစည်းဝေးခြင်းသို့ ကျွန်မ တက်ရောက်ခဲ့ရာ၊ ဝတ်ပြုခြင်းအဆုံး၌ ရိပ်သာမှ ဖွားဖွားဝီလီက “ယေရှုငါ့ကိုချစ်ပေ၏” ဆိုတဲ့သီချင်းကို ကျွန်မနဲ့ အတူ လိုက်ဆိုပါ။”ဟု ဖိတ်ခေါ်ပြီး ဆုတောင်းခြင်း ဖြင့် အဆုံးသတ်ခဲ့သည်။
ညနေပိုင်း လူငယ်မိသဟာရ အစီအစဉ်တွင်လည်း ထိုသီချင်းကို စည်းချက်နှင့်အညီ လက် ခုပ်တီးလျက်ချီးမွမ်းခဲ့ရသည်။ ညနေစောင်းချိန်တွင် ကျွန်မ၏ ၂နှစ်ခွဲအရွယ်မြေးမလေးက “အားနည်း သူငယ်များပိုင်ပေ၊ ကိုယ်တော်မြတ်စွမ်းကြီးမူလေ” ဟူ၍ သီဆိုသံကို ဖုန်းမှတဆင့် ကြားရပြန်သည်။ ထိုသီချင်းကို အသက်ကိုးဆယ်အရွယ်ဘိုးဘွားများ၊ ဆယ်ကျော်သက်များနှင့် ကလေးငယ် အားလုံးတို့ သီဆိုခဲ့ကြသည်။              ထိုသီချင်းကို သုံးကြိမ်ကြားရပြီးနောက် ကိုယ်တော်သည် ကျွန်မကို တစ်စုံတစ်ခု ဖော်ပြနေကြောင်း အတွေးဝင်လာသည်။ စင်စစ် “သင့်ကို ငါချစ်ပြီ”ဟူသည့် သတင်းကောင်း ကို လွန်လေသောနှစ်များစွာကပင် သခင်ပြောပြီးသားပါ။…

နေထွက်ချိန်

ယနေ့မနက် နေထွက်ချိန်က အလွန်လှ သော်လည်း ကျွန်တော်အလုပ်များနေ၍ ထိုအလှကို မခံစားနိုင်ဘဲ စိတ်အာရုံ၌ အခြားကိစ္စများက စိုးမိုးနေခဲ့သည်။ နေထွက်ချိန်ကို စဉ်းစားမိလိုက် သည့် တခဏချင်းတွင် ကိုယ်တော်ကို ဝတ်ပြုရန် အခွင့်အရေး လက်လွှတ်ဆုံးရှုံးလိုက်ရကြောင်း ကျွန်တော် သဘောပေါက်သွားသည်။        အလုပ်ရှုတ်လျက် စိတ်ဖိစီးရသောနေ့ရက် များကြားတွင် မိမိ၏အနီးဝန်းကျင်တွင် ကိုယ်တော် ၏ လှပသောဖန်ဆင်းခြင်းများ၊ ကောင်းမြတ်ခြင်း များကို တဖြတ်ဖြတ် မြင်တွေ့နိုင်ပါသည်။ ၎င်းတို့ သည် ကောင်းကင်နိုင်ငံတော်ကို မြင်တွေ့စေသည့် စကြဝဠာကြီး၏ နံရံများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွန်တော်တို့ အချိန်ပေးခံစားပြီး၊ ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော် ချစ်ခြင်းကို ထင်ဟပ်ဆင်ခြင်မှသာ သဘောပေါက်နားလည်လိမ့်မည်။                 အကယ်၍မောရှေသည် မီးလောင်သော်လည်း မကျွမ်းသွားသည့်ချုံပုတ်ကို တစ်ချက်ကြည့်ပြီး (ထွ ၃း၂) မသိလိုက်ဖာသာ လျစ်လျူရှုကာ အခြားအရာများကိုသာ…

စမ်းရေအိုင်ကြီး

မီချီဂန်ပြည်နယ် အထက် ပင်နီစူလာ ဒေသ၌ ပေ ၄၀နက်ပြီး အကျယ်အဝန်း ပေ ၃၀၀ ခန့်ရှိသည့် သဘာဝရေအိုင်ကြီးရှိသည်။ ရှေးယခင်က အမေရိကန်တိုင်းရင်းသားနွယ်ဖွား များက ၎င်းကို “ကစ်ချီတီကစ်ပီ” ရေအေးအိုင်ကြီး ဟု ခေါ်ဆိုကြသည်။ ယခုတွင်မူ Big Spring  “စမ်းရေအိုင်ကြီး” ဟူ၍ ထင်ရှားသည်။ ၎င်း အိုင်ကြီးသို့ မြေအောက်စမ်းရေမှ တစ်မိနစ်လျှင် ရေဂါလံ တစ်သောင်း ထုတ်ပေးသည်။ ထို့ပြင် ထိုရေများက အပူချိန်ကို ၄၅ ဖာရင်ဟိုက်တွင် တစ်သမတ်တည်း ထိန်းထားသဖြင့် ဆောင်းတွင်း အလွန်အေးချိန်၌ပင် ထိုဒေသတွင် ရေမခဲပါ။ ဧည့်သည်ခရီးသွားများ အနေနှင့် “စမ်းရေအိုင်ကြီး” ၏သဘာဝအလှကို တစ်နှစ်ပတ်လုံး ဘယ်ရာသီမဆို ကြည့်ရှုခံစားနိုင်တော့သည်။
ယာကုပ်၏ ရေတွင်း၌ သခင်ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ သခင်က အစဉ်ဆာငတ်မှုကိုပြေစေမည့်ရေအကြောင်း မိန့်ကြားခဲ့သည်။ မြစ်ချောင်း၊ အင်းအိုင်များအကြောင်း…

တောနှင်းပင်ကိုဆင်ခြင်ကြည့်ပါ

သဘာဝအလှကို ကျွန်မနှစ်သက် မြတ်နိုးပြီး ဖန်ဆင်းရှင်ကို ချီးမွမ်းတတ်သော်လည်း သဘာဝအလှကို ခံစားလွန်းခြင်းအတွက် အပြစ်ရှိသကဲ့သို့ တစ်လွဲခံစားရသည်။ နောက်မှ ယေရှုက သဘာဝတရားအားဖြင့် သွန်သင်မှုများ ပြုခဲ့ကြောင်း သတိရမိသည်။ စိုးရိမ်ပူပန်မှုမရှိရန် လူ အပေါင်းတို့ကို အားပေးရာ၌ တောနှင်းပန်းလေးဖြင့် ဥပမာပေးသည်။ တောနှင်းပင်ကို ဆင်ခြင်ကြည့်ပါ။ ထိုအပင်တို့သည် အလုပ်မလုပ်၊ ချည်မငင်မဝင့် လည်း ဘုရားသခင်က ၎င်းတို့ကို တင့်တယ်လှပစေ သည်။ ခဏသာတည်သော ပန်းကလေးများကို ဘုရားက ထိုသို့အသရေတင့်တယ်စေသည်ဆိုလျှင် ကျွန်မတို့အတွက် ထိုထက်မက ပို၍ပင် လုပ်ပေး မည်မှာ ဧကန်ဖြစ်သည် (မ ၆း၂၈-၃၄)။
ဖန်ဆင်းခြင်းအရာများအားဖြင့် ဘုရားသခင်သည်   သူ့ကိုယ်သူဖော်ပြကြောင်း အခြားကျမ်းပိုဒ်၌် တွေ့ရသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော် ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ည သွန်သင်၏” (ဆာ…