ဘုရား၏မျက်မှောက်တော်၌ တန်ဖိုးရှိခြင်း
ကျွန်ုပ်တို့၏ မိတ်ဆွေတစ်ဦးဆုံးသွားရာ၊ အမြော်အမြင်ကြီးပြီး ခရစ်တော်ကိုသိသည့် ညီအစ်ကိုတစ်ယောက်က ကျွန်ုပ်အား “ထာဝဘုရား ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာ သည် အဘိုးကြီးလှ၏” (ဆာ ၁၁၆း၁၅) ဟူသော ကျမ်းပိုဒ်လေးကို ပေးပို့ခဲ့သည်။ သွားနှင့်သူ မိတ်ဆွေသည် သခင်ယေရှု၌ ယုံကြည်မှုအားကြီးပြီး၊ ၎င်းသည် သူ့အသက်တာကိုလည်း လွှမ်းမိုးခဲ့သည်။ သူသည် ယခုအခါ ထာဝရဘုရား၏အိမ်တော် ကောင်းကင်နိုင်ငံတွင် ရှိနေကြောင်း ကျွန်ုပ်တို့သိ သည်။ သူ့ မိသားစုလည်း ထိုကဲ့သို့စိတ်ချမှုရှိသည်။ သို့သော် ၎င်းတို့၏ ဝမ်းနည်းပူဆွေးမှုကိုသာ ကျွန်ုပ် အာရုံစိုက်မိသည်။ ထိုသို့ ပူဆွေးသောကနှင့် ဆုံးရှုံးမှုများ ခံစားရချိန်တွင် ၎င်းတို့အပေါ်စာနာရန် အသင့်တော်ဆုံး မဟုတ်ပါလား။
သို့သော် ကွယ်လွန်သူ သူငယ်ချင်းအပေါ် ကိုယ်တော်၏အမြင်ဖြင့် ရှုမြင် တတ်အောင် ဆာလံကျမ်းမှကျမ်းတစ်ပိုဒ်က ကျွန်ုပ်အမြင်ကို ပြောင်းလဲခဲ့သည်။ တန်ဖိုးရှိခြင်း ဆိုသည်မှာ တန်ဖိုးကြီးခြင်းကို ဆိုလိုသည်။ သို့သော်…
ကြီးမားသော မျှော်လင့်ခြင်းများ
တစ်ခါက အကြံပေးပုဂ္ဂိုလ် တစ်ယောက်အား “အဓိကအားဖြင့် ဘယ်လို ကိစ္စကြောင့် လူတွေ ခင်ဗျားဆီ ရောက်လာတာ လဲ” ဟု ကျွန်တော် မေးဖူးသည်။ “မျှော်လင့်ချက် ပျက်သွားခြင်းက ပြဿနာများစွာရဲ့ အရင်းခံ ဇစ်မြစ်ပဲ၊ ဒါကိုမဖြေရှင်းရင် နာကြည်းမှုနဲ့ ဒေါသစိတ်ဖြစ်သွားတဲ့အထိ ပြင်းထန်သွားတယ်” ဟူ၍ မဆိုင်းမတွဖြေခဲ့သည်။ အကောင်းဆုံးအချိန် တွင် နေရာကောင်းတွင်ရှိနေပြီး မိမိအပေါ် ကောင်း သော မိတ်ဆွေများ၊ မိမိကို ထောက်ခံသဘောကျ သူများ ဝန်းရံနေခြင်းမျိုးကို ကျွန်ုပ်တို့မျှော်လင့် တတ်သည်။ သို့သော် ဘဝဆိုသည်မှာ တစ်နည်း မဟုတ် တစ်နည်းနည်းဖြင့် မျှော်လင့်ခြင်းများ ပြို ပျက်တတ်သည်။ ထိုအခါ ဘာဖြစ်လာမည်နည်း။
ရှင်ပေါလုသည် ထောင်ထဲ၌ အကျဉ်း ကျခံရစဉ် သူ့ကိုမနှစ်သက်သော ရောမမြို့ရှိ ယုံကြည်သူများအလယ်တွင် အံ့သြစရာ ဝမ်းမြောက်နိုင်ခဲ့သည် (ဖိ ၁း၁၅-၁၆)။ ၎င်းကို ဘုရားသခင်…
ကြံစည်ထားသမျှထက် ပို၍ ကောင်းသော
အနှောင့်အယှက် အဟန့်အတားများ သည် စင်စစ်အဆန်းမဟုတ်ပါ။ စီစဉ်ထားသည့် အတိုင်း ချောမွေ့စွာ တစ်နေ့တာကုန်ဆုံးသည့် အဖြစ်က မရှိသလောက်ပါ။ ဘဝ၌ အဆင်မပြေမှု များက အပြည့်ပါ။ အစိုးမရသော တရားသဘော များက အကြံအစည်များကို ကဖျက်ယဖျက်လုပ် သည်။ “ဖျားပြန်ပြီ၊ ပဋိပက္ခဖြစ်ပြန်ပြီ၊ ကားလမ်း ပိတ်လို့၊ မေ့သွားလို့၊ စက်ပျက်လို့၊ ရိုင်းစိုင်းစော်ကား လိုက်တာ၊ ပျင်းလို့၊ စိတ်မရှည်တော့ဘူး၊ မကျွမ်း ကျင်ဘူး” စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု၊ (သို့) တစ်ခုပြီးတစ်ခု ဖြစ်နေသည်။
သို့ငြားလည်း အဆင်မပြေမှုများ၏ အခြားတစ်ဖက်ကိုဖြင့် ကျွန်ုပ်တို့ မသိနိုင်ပါ။ ဤ အရာများက ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျအောင်၊ ဘဝကို ပိုခက်ခဲသွားအောင်၊ အကြံအစည် များပျက်သွားအောင် လုပ်ခြင်းမှတပါး အခြားရည်ရွယ်ချက်မရှိဟု ကျွန်ုပ်တို့ ထင်နေကြ သည်။ သို့သော် ဤအဆင်မပြေမှုများက ကျွန်ုပ်တို့ကို မမြင်နိုင်သည့်အန္တရာယ်များမှ ကာကွယ်သော…
ကားတိုင်၏ အံ့သြဖွယ်
ကျွန်တော် သြစတြေးလျသို့ ရောက်ခဲ့စဉ်က ကြည်လင်သော ညတစ်ညတွင် တောင်ဘက် ကြက်ခြေခတ်ကြယ်စုကို မြင်ခွင့်ရ ခဲ့သည်။ ၎င်းသည် ဟမ္မစ်ဖီးယား တောင်ဘက်ခြမ်း ၌ တည်ရှိပြီး ထူးခြားကြယ်စုများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ၁၅ ရာစု အစောပိုင်းခန့်က သင်္ဘောသားများနှင့် ရေကြောင်းရှာဖွေသူများက ဤကြယ်စုကို သမုဒ္ဒရာတွင်း လမ်းပြအဖြစ် မှီခို အားထားခဲ့ကြသည်။ အလွန်သေးငယ်သော်လည်း ထိုကြယ်စုကို တစ်နှစ်ပတ်လုံးမြင်ရသည်။ ည ကောင်းကင်၌ တောက်ပနေခြင်းကြောင့် ကြယ်အစု အဝေးကြီးတွင် အထင်အရှားခွဲခြားသိနိုင်သည်။ ထိုမြင်ကွင်းသည် အလွန် ရင်သပ်ရှုမောဖွယ် မြင်ကွင်းပင်။
ပို၍အံ့ဖွယ်ကောင်းသော ခရစ်တော်၏ ကားတိုင်အကြောင်းကို ကျမ်းစာက ပြောပြပါ သည်။ ကြယ်များကိုကြည့်စဉ် ဖန်ဆင်းရှင်ဘုရား၏ လက်ရာတော်များကို မြင်ရသည်။ သို့သော် ကားတိုင်ကို ရှုမျှော်သောအခါ ဖန်ဆင်းရှင် ဘုရားသည် သူဖန်ဆင်းသောအရာအတွက် အသက်ပေးကြောင်းကို မြင်ရသည်။ (ဟေဗြဲ ၁၂း၂)…
စောင့်ဆိုင်းခြင်းနိယာမ
စောင့်ဆိုင်းရခြင်းသည် ခက်ခဲပါ၏။ စူပါမားကတ်ဆိုင်များ၌၊ ကားလမ်းပိတ်၊ ကားကြပ် ချိန်များ၌၊ ဆေးခန်းများ၌ စောင့်ရသည်။ စောင့်ဆိုင်း ရစဉ် စိတ်ရှုပ်ရှုပ်နှင့် အချိန်ကုန်အောင် လက်မချင်း လှည့်ကစားသည်။ ဂနာမငြိမ်စွာ မသန်းဝေမိအောင် ထိန်းနေရသည်။ တစ်ဖန် ပြန်စာမလာသော စာကို မျှော်သည်။ မလိမ္မာသည့် သားသမီးများ လိမ္မာလာမည့်အချိန်ကို စောင့်မျှော်သည်။ မိမိ၏ လက်တွဲဖော် အိမ်ထောင်ဖက်တို့ ပြောင်းလဲ လာမည့်အချိန်ကို စောင့်မျှော်သည်။ ထွေးပွေ့ရမည့် ကလေး မွေးလာမည့်အချိန်ကို မျှော်သည်။ မိမိ၏ လိုအင်ဆန္ဒပြည့်ဖို့ စောင့်မျှော်သည်။
ဆာလံ ၄၀ တွင် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား စိတ်ရှည်စွာနှင့် သူ စောင့်ဆိုင်းကြောင်းပြောရာ၌၊ မူရင်းအဓိပ္ပာယ်မှာ သူ့ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးရန် ဒါဝိဒ်မင်းကြီး စောင့်ပြီးရင်းစောင့်နေကြောင်း ပြောလိုခြင်းဖြစ်သည်။ ဤသို့ နှောင့်နှေးနေချိန်များကို ပြန်ကြည့်ရင်း ကိုယ်တော်အား ချီးမွမ်းသည်။ ဘုရားသခင်သည် “သီချင်းသစ်ကို…
ပုံမှန် နေ့တစ်နေ့
“ပွမ်ပေမြို့သို့ တစ်နေ့တာ” ပြပွဲသို့ သွားရောက်လေ့လာစဉ် အေဒီ ၇၉၊ သြဂုတ် ၂၄ ရက်နေ့သည် ပုံမှန်နေ့လေးအဖြစ် အစပြုခဲ့ သည်ဟူသော ခေါင်းစီးလေးက ကျွန်တော့်အာရုံကို
အထပ်ထပ်ဖမ်းစားခဲ့သည်။ လူဦးရေ နှစ်သောင်းခန့် ရှိသော ချမ်းသာကြွယ်ဝသည့် ရောမဆိပ်ကမ်းမြို့ လေးတွင် လူတို့သည် အိမ်နှင့်ဈေး၌ နေ့စဉ် လုပ်ငန်းများလုပ်ဆောင်လျက် ပုံမှန်သွားလာ လှုပ်ရှားနေကြသည်။ မနက် (၈) နာရီခန့်တွင် မြို့ အနီးရှိ Vesuvius မီးတောင်မှ မပြောပလောက် သည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် နေ့လည်ပိုင်းတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။ ၂၄ နာရီအတွင်း ပွမ်ပေမြို့နှင့် မြို့သူမြို့သားများ သည် ထူပျစ်သော ချော်ရည်များကြား နစ်မြုပ်သွား သည်။ လုံးဝ မျှော်လင့်မထားသောအဖြစ်တည်း။
သခင်ယေရှုက သူ့နောက်လိုက်များအား လူတို့အလုပ်ရှုပ်နေချိန်၊ စားသောက် လျက် ထိမ်းမြားစုံဖက်လျက်နေချိန်၊ ရှေ့မှာဘာဖြစ်မလဲ မည်သူမျှ…
သင်ဘယ်ရောက်နေလဲ
ဧဝေံဂလိဆရာ အဲဂါတန် ရေးဆန် ယန်း သည် ၁၇၀၀ ခုနှစ်ခန့်က ကနေဒါ နိုင်ငံရှိ Salteaux လူမျိုးစုအကြားတွင် အစေခံခဲ့ သည်။ လူမျိုးစုခေါင်းဆောင်က သခင်ယေရှု၏ သတင်းကောင်းကို ယူဆောင်ပေးခဲ့၍ ကျေးဇူးတင် ကြောင်း၊ ယခုလို ကြားရခြင်းသည် သူအသက်ကြီး မှ ပထမဦးဆုံးအကြိမ်အဖြစ် ကြားရခြင်းဖြစ်ကြောင်း သူ့ကို ပြောပြသည်။ ဘုရားသခင်က သူ၏ ကောင်းကင်ဘုံရှင်အဖဖြစ်ကြောင်း သိရပြီးနောက် ထိုခေါင်းဆောင်က “ဘုရားသခင်က ကျုပ်ရဲ့ အဖေလည်းဖြစ်သွားလား” ဟုမေးရာ ယန်း က “ဟုတ်ပါတယ်” ဟု ပြန်ဖြေလိုက်သောအခါ ဝိုင်းအုံ နေသည့် လူစုကြီး ဝမ်းမြောက်သွားပါတော့သည်။
ခေါင်းဆောင်ကြီး၏စကားက မပြီးသေးဘဲ “ရိုင်းသွားရင် ခွင့်လွှတ်ပါ။ ဒီတော ထဲမှာရှိတဲ့ ခင်ဗျားရဲ့ညီအစ်ကိုတွေကို ဒီအကြောင်းကို ပြောပြဖို့အချိန်အများကြီးကုန်ခဲ့ တယ်နော်” ဟု ပြောခဲ့သည်။ ဤစကားကို ယန်း မမေ့နိုင်ပြီ။…
ဝန်ချိန်လိုင်း
၁၉ ရာစုနှစ်က သင်္ဘောများသည် ဝန်ပိုတင်ဆောင်မှုကြောင့် သင်္ဘောများနစ်မြုပ်ပြီး သင်္ဘောသားများ ပင်လယ်ပြင်ထဲတွင် ပျောက်ရှ သေဆုံးခဲ့ရသည်။ ၁၈၇၅ ခုနှစ်တွင် ဤပေါ့ဆသော လုပ်ရပ်များအတွက် ဗြိတိန်နိုင်ငံရေးခေါင်းဆောင် စယ်မြူရယ် ပလင်းဆိုး သည် သင်္ဘောပေါ်တွင် ကုန်စည်များကို လိုသည်ထက် ပိုတင်ထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်ရန် ဥပဒေသစ်တစ်ခုကို တင်ပြခဲ့သည်။ ၎င်းကို ဝန်စည်စလယ်များ ချိန်တွယ်သည့် ပလင်းဆိုးမျဉ်းအဖြစ် လူသိများ ခဲ့ပြီး ယနေ့ထိတိုင် သင်္ဘောကိုယ်ထည်တိုင်းသော အမှတ် (သို့) မျဉ်းအဖြစ် ဆက်လက်အသုံးပြု ခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ အသက်တာ များသည် ထိုဝန်ပိုတင်ထားသော သင်္ဘောများ ကဲ့သို့ ကြောက်ရွံ့ခြင်းများ၊ ရုန်းကန်ရမှုများ၊ စိတ်နှလုံး ထိခိုက်နာကျင်မှုများနှင့် ပြည့်နှက်နေ သည်။ လုံးဝကျရှုံးသွားတော့မည့် အန္တရာယ်အထိပင် ခံစားရတတ်သည်။ သို့သော် ဤ အခြေအနေတွင် ကျွန်ုပ်တို့၌ ထူးခြားအံ့ဖွယ်သော…
ကောက်ရိုးမပေး အုတ်တိုးပေး
ပစ္စည်းကိရိယာ မပြည့်မစုံ ရှိသမျှ လေးနှင့် လုပ်ကိုင်ရသော စိန်ခေါ်မှုများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရတတ်ပါသည်။ ဥပမာ — လစာနည်းခြင်း၊ အချိန်နည်းခြင်း၊ စွမ်းအင်များတစ်စတစ်စကုန်ခန်း လာပြီး ကူညီမည့်သူနည်းသော်လည်း လုပ်ရမည့် အလုပ်များက မလျော့၊ တစ်ခါတစ်ရံ ပို၍ပင် များလာသည်။ ထို့ကြောင့် “ကောက်ရိုးမပေး၊ အုတ်တိုးပေး” ဟူ၍ပင် စကားပုံတွင်ခဲ့သည်။
ဤ စကားပုံလေးက အီဂျစ်ပြည်တွင် ပင်ပန်းစွာ ကျွန်ခံသည့် ဣသရေလလူမျိုးများအား ဖော်ညွှန်းသည်။ ဖာရောမင်းသည် အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးဘဲ နေ၏။ သူတို့သည် အရပ်ရပ်သို့ကွဲပြား၍ ကောက်ရိုးကိုရှာနေစဉ် အုပ်ချုပ်သောသူတို့သည် ရိုက်နှက်ပြီး အလုပ်ပြီးအောင် ဖိအားပေးနှိုးဆော်ခဲ့ သည် (ထွ ၅း၁၃)။ ဣသရေလလူမျိုးများသည် စိတ်ဓာတ်ကျလာပြီး မောရှေအားဖြင့် ဘုရားသခင်မိန့်ကြားသည့် “ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍...ငါ ရွေးမည်” (၆း၆)ဟူသော စကားကိုတောင်…
သဟဇာတဖြစ်ခြင်း
ကျွန်တော် ကြိုး (၅) ချောင်းတပ် ဘင်ဂျို တီးခတ်ရခြင်းကို နှစ်သက်လှသည်။ သို့ပေမယ့် ပြဿနာတစ်ခုမှာ (၅)ချောင်းမြောက်ကြိုးသည် သတ်မှတ်ထားသော ကော့ဒ်နှင့်သာ အသံညီညာမှုရှိ သည်။ အခြား ဂီတပညာရှင်များက ပို၍ခက်ခဲသော သီချင်းများကိုတီးလိုလျှင် ဘင်ဂျိုတီးသူအနေနှင့် အခက်ကြုံပြီ။ သူသည် မှန်ကန်စွာချိန်ဆညှိနိုင် မှသာလျှင် သာယာငြိမ့်ညောင်းသည့် တေးသွားကို ဖော်ကျူးနိုင်မည်။
ဂီတပညာရှင်က တူရိယာများကို ကိုက်ညှိရသကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်သူများသည် လည်း ဘုရားသခင်ကို အစေခံရန် မိမိ၏ဝိညာဉ် ဆုကျေးဇူးများကို ပြင်ဆင်လျက် အခြားသူများနှင့် သဟဇာတဖြစ်အောင်နေရမည်။ ဥပမာအားဖြင့် သင်ကြားမှုပိုင်းမှာ ဆုကျေးဇူးရှိသူသည် အစီအစဉ် ရေးဆွဲသူ၊ အစီအစဉ်အတွက်နေရာထိုင်ခင်း ပြင်ဆင်ပေးသူ သန့်ရှင်းရေးလုပ်ပေးသူများနှင့် ညှိနှိုင်းတိုင်ပင်သင့်သည်။ ကျွန်ုပ်တို့ အယောက်ချင်းစီတိုင်းတွင် ဆုကျေးဇူးအသီးသီးရှိကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ပြီးပြည့်စုံရန် ကျွန်ုပ်တို့အတူတကွ လုပ်ဆောင်သင့်သည်။
တမန်တော်ရှင်ပေါလုက “သင်တို့သည် ဆုကျေးဇူးအချင်းချင်းဝေငှပေးကမ်း ကြလော့”…