အမျိုးအစား  |  odb

ကြီးမြတ်ခြင်းအစစ်အမှန်

အချို့သောသူများက ၎င်းတို့ကိုယ်ကို အရေးမပါသည့် ကျောက်ခဲလေးပမာ ခံစားရသည်။ မိမိကိုယ်ကို စိုးစဉ်းမျှအရေးမပါဟု မည်သို့ပင် ဆုံးဖြတ်သတ်မှတ်လည်း ဘုရားသခင်က ကျွန်ုပ် တို့ကို အံ့မခန်း အသုံးပြုနိုင်ပါသည်။
၁၉၆၈ ခုနှစ် နှစ်ဦးပိုင်းအချိန်က မာတင်လူသာ ကင်း ဂျူနီယာသည် မာကု ၁၀ မှ အစေခံခြင်းနှင့်ဆိုင်သည့် သခင်ယေရှု၏စကားကို ကိုးကားပြီး “လူတိုင်းက အစေခံတဲ့အလုပ် လုပ်နိုင်တာမို့လို့ လူတိုင်းဟာ ကြီးမြတ်သူတွေ ဖြစ်နိုင်ပါတယ်။ အစေခံနိုင်ဖို့ ဒီဂရီတွေ၊ ဘွဲ့တွေ မလိုပါဘူး။ ပလေတိုတို့၊ အရစ်စတိုတယ်တို့ကို သိစရာမလိုပါဘူး။ ... ကျေးဇူးပြုချင်တဲ့သဘောနဲ့ပြည့်ပြီး မေတ္တာစိတ်က စေ့ဆော်တဲ့ စိတ်ဝိညာဉ်ရှိဖို့ပဲ လိုတယ်” ဟုဟောပြောခဲ့သည်။
ကောင်းကင်၌ မည်သူကကြီးမြတ်ပြီး ချီးမြှောက်ခံရမည်နည်းဟု ငြင်းခုံကြသည့်  တပည့်တော်များအား သခင်ယေရှုက “သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့ အစေခံဖြစ်ရမည်။ သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏…

လူနှစ်ဦး

ကျွန်မတို့မြို့၌ တစ်ရက်တည်းမှာ လူနှစ်ဦး အသတ်ခံရသည်။ တစ်ဦးက ရဲအရာရှိ ဖြစ်ပြီး မိသားစုတစ်စုကို ကာကွယ်ရန် ကြိုးစားရင်း သေနတ်မှန်သွားသည်။ ကျန်တစ်ဦးက အခြေမဲ့ အိမ်မဲ့သူဖြစ်ပြီး သူ့အပေါင်းအသင်းများနှင့် သောက်စားရမ်းကားစဉ် ပစ်သတ်ခံရသည်။ ထို ရဲအရာရှိအတွက် တစ်မြို့လုံးက ကြေကွဲဝမ်းနည်း ကြသည်။ သူက လူကောင်းတစ်ဦးဖြစ်ပြီး သူတစ်ပါးကို စောင်မကူညီသူဖြစ်သည်။ သူ့ အိမ်နီးချင်းများကလည်း သူ့ကို နှစ်သက်သည်။ အခြေမဲ့သူအတွက်မူ မိတ်ဆွေ မဆိုစလောက်က ဝမ်းနည်းကြသည်။ ဘုရားသခင်က သူတို့အားလုံး နှင့်အတူ ဝမ်းနည်းလိမ့်မည်။
မာရိ၊ မာသနှင့် မိတ်ဆွေများက လာဇရုအတွက် ဝမ်းနည်းကြစဉ် ယေရှုလည်း  အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်း ရှိခဲ့သည် (ယော ၁၁း၃၃)။ သခင်က လာဇရုတို့ မောင်နှမသုံးယောက်ကို ချစ်သည်။ မကြာမီမှာပင် လာဇရုကို သူထမြောက်စေမည်ကို သိသော်ငြားလည်း သူတို့နှင့်အတူ ယေရှုမျက်ရည်ကျခဲ့သည် (း၃၅)။…

သန့်စင်ပြီး

ဘုရားကျောင်းသွားမည့် သားသမီးများ လူရှေ့သူရှေ့ တင့်တယ်၍ ကြည့်ကောင်းအောင် ပြင်ဆင်ပေးရခြင်းက တကယ့် စိန်ခေါ်မှုပါ။ ဘုရားကျောင်းရောက်ပြီး ၁၀ မိနစ်အတွင်း ကျွန်တော့်သား မက်သျူးမှာ မိမဲ့ဘမဲ့ကလေးနှင့်သာ တူတော့သည်။ ခန်းမအောက်သို့ သူပြေးဆင်း သွားစဉ် လှမ်းကြည့်လိုက်ရာ အင်္ကျီကြယ်သီးများ လည်းပြုတ်၊ မျက်မှန်လည်းရွဲ့စောင်း၊ ရှူးဖိနပ် ၌လည်း ပွန်းရာခြစ်ရာများနှင်၊့ အင်္ကျီ၌ မုန့်အစအန များ ပေပွလျက်၊ တကယ့် ကြောင်ချေးရုပ်။
တစ်ခါတစ်ရံ ကျွန်တော်တို့လည်း ထိုပုံပေါက်နေမလားဟု ကျွန်တော်တွေးမိသည်။ ခရစ်တော်က သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ အား ဝတ်ဆင်ပေးပြီးနောက် ကျွန်ုပ်တို့၏ အသက်ရှင်မှုက ဘုရားသခင်နှင့် မဆိုင်၊ မပတ်သက်သည့်ပုံပေါက်နေသည်။
ထို့ကြောင့် ရှင်ယုဒက “ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာ၎င်း၊ အပြစ်မရှိဘဲ၊ သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာ” သခင်ယေရှု တတ်နိုင်တော်မူကြောင်း ဆိုခဲ့သည် (ယု ၁း၂၄)။…

ကောင်းကင် အမြင်ရှုထောင့်

ဖင်းနီ ခရော့စ်ဘီသည် မွေးကင်းစ အရွယ်မှာပင် အမြင်ကွယ်ခဲ့သော်လည်း သူသည် အံသြစရာကောင်းလောက်အောင် ကျော်ကြား သော ခရစ်ယာန်ဓမ္မတေးရေးစပ်သူတစ်ဦး ဖြစ်လာသည်။ သူအသက်ရှင်သမျှကာလပတ်လုံး ဓမ္မတေးပေါင်း ၉၀၀၀ ကျော်ရေးသားခဲ့သည်။ သူရေးခဲ့သည့် သီချင်းများအနက် Blessed Assurance နှင့် “ဘုရားသခင်အား ဘုန်းကြီးစေ သောကျူး” သီချင်းနှစ်ပုဒ်မှာ အထူးထင်ရှားလှ သည်။
အချို့က ဖင်းနီကို သနားကြသည်။ ဆရာတစ်ပါးက “မင်းကို ဘုရားသခင်က ဆုကျေးဇူးများစွာ ပေးသနားပြီးမှ မျက်လုံးမြင်ခွင့် မပေးတာ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ” ဟု ပြောသည်။ ပြောရက်လေခြင်း၊ ယုံပင် မယုံနိုင် ပါ။ သို့သော် ဖင်းနီက “မွေးစမှာ ဆုတစ်ခုပန်ခွင့်ရမယ်ဆိုရင် မွေးရာပါ မျက်စိမမြင်ဖို့ပဲ ကျွန်မတောင်းမှာဆရာ၊ ... ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်နိုင်ငံရောက်တဲ့အခါ ပထမဆုံး ကျွန်မအမြင်မှာ ကယ်တင်ရှင်ကိုသာ မြင်လိုပါတယ်” ဟု ပြန်ဖြေခဲ့သည်။
ဖင်းနီသည်…

ရုံငယ်

နံမည်ကျော် ဧဝံဂေလိ ဆရာကြီး ဘီလီ ဂရေဟမ်၏ ၁၉၄၉ ခုနှစ် လော့စ် အိန်းဂျလိစ်မြို့ ဟောပြောပွဲ၌ လူ ၆၀၀၀ ဆန့်သည့် ရွက်ဖျင်တဲ ရုံကြီးအတွင်း ညစဉ်ရုံပြည့်လျှံခဲ့သည်။ ၎င်းအနီးရှိ  ဖျင်တဲ ရုံငယ်လေးတွင်မူ အကြံပေးဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ်သည်။ တေးဂီတပိုင်း ဦးဆောင်ညွှန်ကြားသူ ဆရာ ဂရေဟမ်၏မိတ်ဆွေ ရင်းချာနှင့် လက်ထောက်ဖြစ်သည့် ဆရာ ခလစ်ဖ် လားရိုးစ် က “ထိုရုံကလေး”တွင်မှ တကယ် အလုပ် ဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။ ဧဝံဂေလိ ဟောပြောပွဲမစမီနှင့် အစီအစဉ်တစ်လျှောက်လူတို့ ရောက်ရှိလာကြပြီး ဆုတောင်းကြကြောင်း၊  လော့စ် အိန်းဂျလိစ်မြို့ခံ  ပုလဲဂူဒ် အမည်ရှိအမျိုးသမီးက ဆုတောင်းခြင်းအပိုင်းကို ဦးဆောင်ခဲ့သည်။
ကောလောသဲမြို့ရှိ ခရစ်တော်နောက်လိုက်များထံ ရှင်ပေါလု စာရေးသားခဲ့ရာ၊ သူနှင့်အပေါင်းအပါမိတ်ဆွေများက ၎င်းတို့အတွက် မပြတ်ဆုတောင်းပေးနေကြောင်း ပြော ကြားခဲ့သည် (ကော ၁း၃၊ ၉)။ စာအဆုံးတွင်…

အစားအသောက်များ

ဂျမေးကားနိုင်ငံ နားမကြားသူများ ခရစ်ယာန်ကျောင်း၏ တာဝန်ခံ၊ ကျွန်တော့်မိတ်ဆွေ ဆရာမ မားရှာက တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ရှုမြင်ပုံသည် အရေးကြီးကြောင်း မကြာမီက သရုပ်ပြ ခဲ့သည်။ သူက သတင်းလွှာ၌ “မင်္ဂလာရှိသော အစပြုမှု” ဟူသည့်ခေါင်းစဉ်ဖြင့် စာမူတစ်ပုဒ် ရေး  ခဲ့သည်။ ထိုစာမူ၌ သူက ၎င်းတို့၏ကျောင်းသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်သစ်ကို ပိုလျှံ သော ကောင်းချီးများဖြင့် အစပြုသည်ဟု ရေးသား ခဲ့သည်။ ပိုလျှံသော ကောင်းချီးက ဘာများဘာလိမ့်။ ဘဏ်စာရင်း၌ ဒေါ်လာတစ်ထောင်ရရှိခြင်းလား၊ ကျောင်းအတွက် လိုအပ်သောပစ္စည်းများတစ်နှစ်စာ ရရှိခြင်းလား။ တစ်ခုမှ မဟုတ်ပါ။ ကျောင်းအတွက် တစ်လစာ အစားအသောက်များ ရရှိခြင်းသာဖြစ်သည်။
ဆာလောင်နေသည့် ကလေးအယောက် ၃၀ ကို တာဝန်ယူကျွေးမွေးရသည့် တာဝန်ခံအတွက် ၎င်းသည် မဟာကောင်းချီးဖြစ်သည်။ မားရှာက သူ့စာမူတွင် (၅ရာ…

ချိုမြိန်သော အနားယူခြင်း

ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း ခေါင်းအုံး ကို ခွလိုက်၊ ဖက်လိုက်နှင့် တစ်ခါတစ်ရံ အိပ်မပျော် နိုင်ဖြစ်တတ်သည်။ ဆောင်းပါးတစ်ခုတွင် နှစ်ခြိုက်  ကောင်းမွန်စွာ အိပ်နိုင်မည့်နည်း   အချို့ကိုအကြံပြု ထားလည်း အိပ်ပျော်စေမည့် မှန်သောနည်းလမ်း ဟူသည် တကယ်မရှိဟု နိဂုံးချုပ်လိုက်သည်။            အိပ်မပျော်နိုင်သည့် အကြောင်းရင်း များစွာရှိငြားလည်း ထိုအကြောင်းရင်းများနှင့် စပ်လျဉ်း၍ ကျွနုပ်တို့ဘာမှမတတ်နိုင်။ သို့သော် တစ်ခါတစ်ရံ၌ သောကအတွေးများ၊ ပူပန်မှုများ၊ အပြစ်ရှိသည့် ခံစားချက်များကြောင့် အိပ်မရနိုင် ဖြစ်ရသည်။ ထို့ကြောင့် ဆာလံ ၄ မှ ဒါဝိဒ်မင်း၏ နမူနာကို အတုယူနိုင်သည်။ သူသည်ဘုရားသခင်ကို ဟစ်ခေါ်လျက် ကရုဏာပြရန်၊ သူ့ ဆုတောင်းသံကို နားညောင်းရန် တောင်းလျှောက်ခဲ့သည် (း၁)။
သူခေါ်သောအခါ ဘုရားသခင်နားထောင်တော်မူကြောင်း သူ့ကိုယ်ကို သူ
သတိပေးသည် (း၃)။ ကမ္ဘာကြီးအတွက်၊ မိမိချစ်ရသူများအတွက်၊ မိမိအတွက်…

ရှင်သန်ရုံမျှမက ပို၍ပင် ...

၁၉၃၇ ခုနှစ်၊ ဧပြီလတွင် မူဆိုလိုနီ၏ တပ်များ ကျူးကျော်လာမှုကြောင့် ဝေါ်လာမိုဒေသ၌ အစေခံနေကြသည့် သာသနာပြု များ အီသီယိုးပီးယားသို့ ထွက်ပြေးရန် အကြောင်း ဖန်လာသည်။ ပြောင်းလဲလာသည့် ခရစ်ယာန် (၄၈) ဦးနှင့် အတူ ရှင်မာကုခရစ်ဝင်ကျမ်းကိုသာ ချန်ရစ်နိုင်ခဲ့သည်။ စာဖတ်တတ်သူကလည်း မဆိုစလောက်သာ ရှိသည်။ သို့သော် နောက် ၄နှစ် အကြာ သာသနာပြုများ ပြန်ဝင်လာသောအခါ အသင်းတော်လေးမှာ ရှင်သန်ရုံမက အသင်းဝင် တစ်သောင်းမျှပင် တိုးလာသည်။
သက်သာလောနိတ်မြို့မှ ရှင်ပေါလု ထွက်ခွာရန် အကြောင်းဖန်လာသောအခါ (တ ၁၇း ၁-၁၀)၊   သူချန်ရစ်ခဲ့ရသည့်  ခရစ်ယာန်အဖွဲ့ငယ်လေး ၏ ရှင်သန်မှုကို သိချင်စိတ်ပြင်းပြခဲ့သည် (၁ သက် ၂း၁၇)။ ထို့နောက် တိမောသေက သက်သာလောနိတ်အသင်းတော်သို့ ရောက်ခဲ့ပြီး ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ချစ်ခြင်းသတင်းကို (၁ သက် ၃း၆) အေသင်မြို့ရှိ…

ခြံစည်းရိုးမကြိုက်သည့် အိမ်နီးချင်း

ကျွန်မတို့ အိမ်ခြံစည်းရိုးမှာ ဟောင်းနွမ်းယိုင်နဲ့နေပြီဖြစ်၍ ခြံစည်းရိုးမပြိုမီ ဖြိုချ လိုက်ရန် ကျွန်မတို့ဆုံးဖြတ်ခဲ့သည်။ အလွယ်တကူ ဖြိုဖျက်နိုင်ခဲ့၍ တစ်နေ့ခင်းနှင့်ပင် အလုပ်ပြီးသွား သည်။ နောက်ရက်သတ္တပတ် အတန်ကြာတွင် ကျွန်မခင်ပွန်း ကားလ်က ခြံရှင်းနေစဉ် တစ်ဖက်ခြံမှ အမျိုးသမီးသည် ခွေးကျောင်းရင်း ရောက်လာကာ “ခြံစည်းရိုးမရှိမှ ရှင်တို့ခြံက ပိုကြည့်ကောင်းနေတယ်။ ကျွန်မက ခြံစည်းရိုး ကာတာတွေဘာတွေ သဘောမကျပေါင်” ဟု သူ့အယူအဆကို ပြောလာသည်။ လူလူချင်း  ကြား၌ ဘာအတားအဆီးမှ ရှိမနေဘဲ ပေါင်းသင်း ဆက်ဆံကြခြင်းကို သူသဘောကျကြောင်းလည်း ရှင်းပြသည်။
ခြံစည်းရိုး အရံအတားအဆီးများ ရှိသင့်ကြောင်း အကြောင်းပြချက်ခိုင်လုံစွာ ရှိနေလည်း မိမိနှင့်စပ်ဆိုင်သူအိမ်နီးချင်းများနှင့်ခွဲခြားကွဲကွာစေရန် ဟူသည့်အချက်ဆိုလျှင် အကြောင်းပြချက်ကောင်း မဟုတ်တန်ရာ။ ကျွန်မ၏အိမ်နီးချင်း အမျိုးသမီး၏ ရပ်ရွာ အပေါ်ထားသော သူ့စေတနာကို နားလည်မိပါသည်။ ကျွန်မတက်ရောက်သော အသင်းတော်၌ ရပ်ကွက်ထဲမှလူများနှင့် တစ်ပတ်တစ်ကြိမ်  မိတ်ဖွဲ့သည်။ ဘုရားသခင်နှင့်…

ခရီးစပြီ

လွန်ခဲ့သော ၈၁ နှစ်၊ ဇန်နဝါရီလ (၁၁) ရက်တွင် ၉ နှစ်အရွယ် သူငယ်လေးတစ်ယောက် သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် အသက်တာ၌ ယုံကြည်လက်ခံခဲ့သည်။ သူ့မိခင်က “ယနေ့တွင် ကလဲသည် ဘဝသစ်စပြီ” ဟု သူ့ မှတ်တမ်းစာအုပ်၌ ရေးခဲ့သည်။
ကျွန်မ၏ဖခင် မစ္စတာကလဲသည် ခရစ်တော်နှင့်အတူ ဘဝခရီးနှင်ခဲ့ရာ နှစ်ပေါင်း(၈၉) နှစ် ရှိခဲ့ပါပြီ။ ခရစ်တော်နောက်လိုက်ရန် ခရီး အစပြုခြင်း ဟု ထိုနေ့ကို အဖေက မှတ်သားခဲ့သည်။ ဝိညာဉ်ရေး၌ ကြီးထွားခြင်းသည် တစ်ချိန်တည်းနှင့် ပြီးသွားသည့် ကိစ္စမဟုတ်ဘဲ တစ်သက်တာလုံး ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ဖြစ်သည်။
ထို့ကြောင့် ယုံကြည်သူတစ်ဦးသည် သူ့ ယုံကြည်ခြင်းကို မည်သို့ပြုစုပျိုးထောင်ကာ ကြီးရင့်  စေမည်နည်း။ အောက်ပါအချက်များက အဖေ၏ အသက်တာ၌ ကျွန်မတွေ့ရှိ မှတ်သားမိသောအချက်များဖြစ်ပါသည်။
ဘုရားသခင်ကို ပိုတိုးသိကျွမ်းနားလည်လာအောင် မှန်မှန်ကျမ်းစာဖတ်သည်။ ဆုတောင်းခြင်းက…