သေးနုတ်အရေးမပါသော
Movers နှင့် Shakers ဆိုသည်မှာ လွှမ်းမိုးအောင်မြင်မှုဆီသို့ တက်လှမ်းနေကြသူ များဖြစ်သည်။ လုကာ(၃)တွင် လူ့အသိုင်းအဝန်း ကိုအုပ်ချုပ်ခဲ့သည့် ထင်ရှားသော ခေါင်းဆောင် (၇) ဦးကိုဖော်ပြထားသည်။ တိဗေရိဘုရင်သည် အာဏာဖြင့် တိုင်းသူပြည်သားများကို သေစေ၊ ရှင်စေဟု ကိုယ်တိုင်စီရင်သည်။ ပုန္တိပိလတ် သည် ယုဒပြည်၌ မြို့ဝန်အရာ၊ ဟေရုဒ်ညီ ဖိလိပ္ပုသည် စော်ဘွားအရာ၊ လုသာနိသည် အဘိလင်ပြည်၌ စော်ဘွားအရာကိုရပြီး ကြိုးကိုင် ချယ်လှယ်အုပ်ချုပ်သည်။ အန္နနှင့်ကယာဖတို့ သည် ယဇ်ပရောဟိတ်မင်းအရာအသီးသီးရရှိပြီး ဘာသာရေးလုပ်ပိုင်ခွင့်ရှိသမျှကို အသုံးပြု ခဲ့ကြသည်။
ထိုသို့အသီးသီးက အာဏာပြနေကြချိန်တွင် မထင်မရှား တောအရပ်၌နေ၍ ဘုရားသခင်၏ အသံတော်ကိုနားထောင်သည့် ဇာခရိသားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသည်။ (း၂) ယောဒန်မြစ်နား၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွတ် ခြင်းအဖို့အလို့ငှာ နောင်တနှင့်စပ်ဆိုင်သော တရားကိုဟောရုံမျှဖြင့် ယောဟန် ဘာများ
စွမ်းဆောင်နိုင်အံ့။ (း၃) လူအများတို့သည်လည်း…
သူငယ်ချင်းကောင်း
တစ်လောက သူငယ်ချင်းတစ်ဦး၏ မွေးမြူရေးခြံမှ ကျွန်တော်တို့ အမဲသားဝယ်ခဲ့ သည်။ သာမန်အရောင်းဆိုင်များထက်စာလျှင် ဈေးသက်သာပြီး၊ ထိုအမဲသားကို အအေးခန်း ဖရီဇာထဲထည့်ကာ တစ်လလုံးစားရန် စီစဉ်ထား သည်။
မမျှော်လင့်ပဲ ကျွန်တော်တို့နေထိုင်ရာ ဧရိယာတစ်ဝိုက်ကို မိုးကြိုးပစ်သဖြင့် လျှပ်စစ်မီး များ ပြတ်တောက်သွားသည်။ ပထမရက် ၂၄ နာရီအတွင်း ဖရီဇာက အဆင်ပြေသော်လည်း ဒုတိယရက်တွင် မီးပြန်လာမည့် ပြောသံကိုပင် မကြားသဖြင့် ကျွန်တော်တို့ စိတ်ပူလာသည်။ သို့နှင့် ကျွန်တော်ကျမ်းစာ လေ့လာသောအဖွဲ့မှ သူငယ်ချင်း တက်ဒ် ကို ဆက်သွယ်ပြီး အကြံ တောင်းသည်။ တက်ဒ် ကလည်း သူငယ်ချင်းကောင်းပီသစွာ သူချိန်းထားသည့် ကိစ္စကို ဖျက်ပြီး ကျွန်တော်တို့၏ အိမ်သို့ အရောက်လာကာ မီးစက်ကိုတစ်ပါတည်း ယူဆောင် လာသဖြင့် ရေခဲသေတ္တာအတွက် အဆင်ပြေသွားသည်။ တက်ဒ် ၏ အကူအညီအတွက် ကျေးဇူးတင်မိသည်။ တက်ဒ်…
ဒုက္ခရောက်ချိန်တွင် ယုံကြည်စိတ်ချရမှု
ကလေးများသည် မိမိဖခင်အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သည်။ အိမ်နီးချင်း ကလေးစကားဝိုင်းကို ချောင်းနားထောင်ကြည့် လျှင် “ငါ့အဖေက မင်းအဖေထက် ပိုဗလ တောင့်တယ်၊ ပိုတော်တယ်” စသည်ဖြင့် ကြား ရမည်။ “ငါ့အဖေက မင်းအဖေထက် ပိုအားရှိ တယ်” ဟူသောစကားက အကောင်းဆုံးပါ။ ထိုစကားက ကလေးချင်း အနိုင်ကျင့်ခံရစဉ်၊ ခြိမ်းခြောက်ခံရစဉ် ပြောတတ်သည့်စကားဖြစ်ပြီး၊ သတိထားရန်၊ သူ့အဖေက အနိုင်ကျင့်သူကို သာမက ၎င်း၏အဖေကိုပါ ပုံစံပေးနိုင်ကြောင်း အဓိပ္ပာယ်ဖြစ်သည်။
မိမိအဖေက အားအရှိဆုံးဟုယုံကြည် စွဲမှတ်ထားလျှင် ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံ ရစဉ် အလွန်အားရှိစိတ်ချနေမည်ပင်။
ထို့ကြောင့် ဘုရားသခင်သည် အစွမ်းတန်ခိုးကြီးမားကြောင်းအချက်ကို
ကျွန်တော် အလွန်ကြိုက်ရခြင်းပင် ဖြစ်သည်။ မည်သူတစ်ယောက်မျှ အဖဘုရား၏တန်ခိုး နှင့် ခွန်အားကိုမယှဉ်နိုင်ပါ။ သင်နှင့်ကျွန်ုပ်သည် အနန္တတန်ခိုးရှင်၏ အရိပ်အောက်တွင် ရှိနေခြင်းကြောင့် (ဆာ ၉၁း၁) ပို၍ငြိမ်ဝပ်စွာနေစရာအကြောင်းရှိသည်။ ဆာလံဆရာက “ညအခါ…
အဆိုးနှင့် အကောင်း
မိတ်ဆွေများနှင့်အတူ ဓမ္မဟောင်း ကျမ်းမှ ဓမ္မရာဇဝင်တတိယစောင်ကို စတင် လေ့လာရာ ကျွန်တော်သတိပြုမိသလောက် ကောင်းသည်ဟု ဖော်ပြခံရသည့် ဘုရင်မှာ မဆို စလောက်သာရှိသည်။ ဘုရင်အများစုမှာ ဆိုး ညစ်သည်၊ တော်တော်ဆိုးသည်၊ အလွန်ဆိုး သည်၊ အဆိုးဝါးဆုံးစသည်ဖြင့် ဖော်ပြခံရသည်။
ဒါဝိဒ်မင်းကို မင်းကောင်းမင်းမြတ်၊ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်သူ (၃ ရာ ၁၄း၈)၊ စံပြဘုရင် ဟု ဖော်ပြထားသည် (၃း၁၄, ၁၁း၃၈)။ ဆိုးညစ်သောဘုရင်များကိုမူ ထာဝရဘုရားကို ငြင်းပယ်သူ၊ တိုင်းသူပြည်သား များကို ရုပ်တုကိုးကွယ်အောင် ဦးဆောင်ခဲ့သူ ဟု ဖော်ပြသည်။ ဣသရေလနိုင်ငံတော် နှစ်ခြမ်းကွဲပြီးနောက် ပထမဆုံးမင်း ယေရောဗောင် သည် ကိုယ်တိုင်ပြစ်မှား၍ ဣသရေသအမျိုးကိုလည်း ပြစ်မှားစေသော အဆိုးဆုံး ဘုရင် အဖြစ် သမိုင်းတွင်ကျန်ခဲ့သည် (၁၄း၁၆)။ အဆိုးဖက်၌ နမူနာဖြစ်ခဲ့၍ သူ့နောက်မှ ပေါ်ထွန်း သော…
ငြိမ်းချမ်းရေးဆု
အဲလ်ဖရက်နိုဘယ် က ဒိုင်းနမိုက်ကို တီထွင်ခဲ့၍ ငွေအမြောက်အမြား ရရှိခဲ့သည်။ ဒိုင်းနမိုက်ကြောင့် စစ်လမ်းကြောင်းပြောင်းသွား သည်။ ဒိုင်းနမိုက်သုံးစစ်ပွဲ၏ ကြောက်မက်ဖွယ် ဆိုးကျိုးကြောင့်ဖြစ်မည်၊ အဲလ်ဖရက် သည် သူ၏ သေတမ်းစာ၌ ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်ကြိုးပမ်းသူတို့အား နှစ်စဉ်ဆုချီးမြှင့်ရန် ရေးသားခဲ့သည်။ ယနေ့တွင် ထိုဆုကို နိုဘယ် ငြိမ်းချမ်းရေးဆုဟု ခေါ်သည်။
လောကကြီးအတွက် ဘုရားသခင်၏ ငြိမ်းချမ်းရေးအမှတ်အသားမှာ သားတော်ယေရှု ဖြစ်သည်။ ယေရှုမွေးဖွားချိန်တွင် ကောင်းကင်
တမန်များက သိုးထိန်းများအား “ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏” (လု ၂း၁၄)။
သမ္မာကျမ်းရှုထောင့်မှ ငြိမ်းချမ်းရေး၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဘုရားသခင် နှင့်ရန်ငြိမ်းပြီး၊ ငြိမ်းချမ်းရေးကိုခံစားရခြင်းဖြစ်ရသည် (ရော ၅း၁)။ အပြစ်က ကျွန်ုပ်တို့နှင့် ဘုရားသခင်ကို ရန်သူဖြစ်စေသည် (း၁၀)။ သို့သော် ယေရှုလောကသို့ ကြွလာပြီး ကားတိုင်ပေါ်တွင်…
ခက်ခဲသောနေရာ
ရုတ်ခြည်း နည်းပညာအပြောင်းအလဲ ကြောင့် လက်ရှိလုပ်နေသောအလုပ်မှာ ခေတ် နောက်ကျ အသုံးမဝင်တော့၍ အဆင့်မြင့်ပညာ သင်ယူခဲ့သော သိပ္ပံပညာရှင်ခမျာ စားသောက် ဆိုင်၌ အလုပ်ဝင်လုပ်ရသည့်ဘဝ ရောက်သွား သည်။ ဤအခြေအနေသည် ခက်ခဲပြီးနိမ့်ကျ လှကြောင်း ကျမ်းစာလေ့လာခြင်း အစီအစဉ်အပြီး တွင် သူက ပြောပြခဲ့သည်။ “ကောင်းကွက် တစ်ခုလို့ ပြောနိုင်တာကတော့ ဆိုင်က လူငယ် တွေက ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို အရမ်း စိတ်ဝင်စားကြတယ်။” ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က “ခင်ဗျားက ကိုယ့်ကိုယ်ကို နှိမ့်ချလို့ ကျွန်တော် ခင်ဗျားကို သဘောကျတယ်။ ခင်ဗျားရဲ့ယုံကြည်ခြင်းနဲ့ နှိမ့်ချခြင်းက တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေမယ်ဆိုတာ ကျွန်တော်သိတယ်” ဟုပြောကြောင်း သူ ပြောပြသည်။
ထိုမိတ်ဆွေကဲ့သို့ပင် ဖိလိပ္ပုလည်း ဘုရားသခင်က ရှမာရိပြည်မှ သူ့ကို နုတ်ယူပြီး (တ ၈း၎-၈)၊ သဲကန္တာရအလယ်၌ အဘယ်ကြောင့်လာချရသနည်း…
ပြောင်းလဲရန်အချိန်
ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းဖြင့် နေ့ရက်စဉ်တိုင်း ဘုရားသခင်နှင့် အချိန်ယူရန် ယုံကြည်သူများစွာတို့ တောင့်တဆန္ဒရှိကြသည်။ သို့သော် ပြည့်ကျပ်နေသော အလုပ်ဇယားများက ထိုမိတ်သဟာယဖွဲ့မှုကို အနှောင့်အယှက်ပေး သည်။ တစ်နေ့တာအစ၌ လုပ်စရာကိစ္စများစွာနှင့် ဇယားစရလျှင် စိတ်အနှောင့်အယှက်ဖြစ်ရပြီ။
ဘုရား၏ရှေ့မှောက်တော်၌ ၅ မိနစ် ရှိခြင်းဖြင့် ပြောင်းလဲပေးနိုင်စွမ်းသော တန်ခိုး အကြောင်းကို အော့(စ)ဝဲလ်ချိန်းဘားက အမြော် အမြင်နှင့် သုံးသပ်ထားသည်။ ဘုရားသခင်ထံ အချိန်ခေတ္တမျှ တိုးဝင်ဆုတောင်းခြင်း၊ နှုတ်ထွက် စကားတော်ကို ခံယူခြင်း၏တန်ခိုးမှာ အမှန်ကြီးမားလှသည်။ “မိမိအချိန်များစွာပေးသည့် အရာက ကျွန်ုပ်တို့ကို ပုံသွင်းသည်မဟုတ်ပါ။ ၎င်းက ကျွန်ုပ်တို့၏စွမ်းအားကိုသာ ထုတ်သုံးသွားခြင်းဖြစ်သည်၊ သို့သော် ဘုရားသခင်နှင့်အချိန်ယူပြီး နှုတ်ကပတ်တော်ကို ဆင်ခြင်သော ငါးမိနစ်အချိန်သည် ကျန်ရှိသောတစ်နေ့တာလုံးအချိန်ထက် သာ၍အဖိုးတန် ပေ၏။” ချိန်းဘား ၏စကားက ပိုပြောသည်ဟုထင်ရသည်။ သို့သော် ခဏလေး ဆုတောင်း လိုက်ခြင်းမှ တန်ခိုးနှင့်ပြည့်သော ရလဒ်များထွက်ပေါ်လာနိုင်သည်။ အကြောင်းမှာ…
ဘုရားသခင်၏ အခြားအကြံအစည်
ကျွန်မသူငယ်ချင်း လင်းဒါ က သူကြီးလာလျှင် သာသနာပြုဆရာဝန် လုပ်ရန် ရည်မှန်းသည်။ သူသည် ဘုရားကိုချစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု နိမ့်ကျသည့်ဒေသရှိ လူနာများထံ ဧဝံဂေလိသတင်းကောင်းကို ဆောင်ကြဉ်းပေးသူ ဆရာဝန်တစ်ဦးအဖြစ် ဘုရားသခင်ကို အစေခံလို လှသည်။ သို့သော်လည်း ဘုရားသခင်၌ အခြား အစီအစဉ်ရှိနေသည်။ လင်းဒါ သည် ဆေးဝါးကုသမှုနှင့်ဆက်စပ်သော သာသနာပြု တစ်ဦး အမှန်ဖြစ်လာသည်။ သို့သော် သူမျှော်မှန်း ထားသကဲ့သို့တော့ မဟုတ်ပါ။
သူ့အသက် ၁၄ နှစ် တွင် နာတာရှည် ရောဂါစွဲပြီး တစ်နှစ်အတွင်း အကြိမ်ကြိမ်ခွဲစိတ် ကုသခဲ့ရသည်။ အသက်အန္တရာယ် စိုးရိမ်ရသည့် ဦးနှောက်အာရုံကြောပျက်စီးသည့်ရောဂါကို အံတုပြီး လင်းဒါ အသက်ရှင်ခဲ့သည်။
နှစ်ပတ်တာမျှ သတိမေ့မျောကာ ၆လမျှ မျက်စိကွယ်သွားသည်။ ဆေးရုံ၌ သူ့မွေးနေ့ နှစ်ကြိမ်ဆင်နွှဲခဲ့ရသည်။ ထိုအတောအတွင်း တစ်ခါမှ အိမ်မပြန်ရပါ။ သူ အသက်ရှင်မည်ဟု…
ကျွမ်းဝင်သောနေ့ရက်များ၌ ဘုရားကိုတွေ့ရှိခြင်း
ကျွန်တော်နေထိုင်သော ဒေသတွင် ဘုရားသခင်၏ ဖန်တီးနိုင်စွမ်းနှင့် ချီးကျူးဖွယ် အံ့မခန်း နှစ်သက်ဖွယ်ရှုခင်းများကို ကြည်နူးခံစား ခွင့်ရပါသည်။ မကြာမီက တောအုပ်တွင်း ကား ဖြတ်မောင်းလာစဉ် ကောင်းကင်ပြာနောက်ခံတွင် ဆောင်းဦးရာသီချိန် သစ်ပင်များမှ အနီရင့်ရင့်နှင့် အဝါရောင် သစ်ရွက်မျိုးစုံအလှက အသက်ရှူ မှားမတတ် မှင်သက်သွားခဲ့ရသည်။
ထိုနောက်ပိုင်းတွင် အပူချိန်ကျဆင်း လာပြီး ဆောင်းရာသီဝင်လာသည်။ မြေပြင်အနှံ့ ဖုံးလွှမ်းသော နှင်းထုကြီးကို ဖြစ်ပေါ်စေသည့် နှင်းပွင့်လေးများသည် တစ်ခုနှင့်တစ်ခု သဏ္ဍာန် မတူကြောင်း အမှတ်ရဆင်ခြင်မိသည်။ တစ်ဖန် အံ့သြဖွယ်နွေဦးကာလ ရောက်လာမည်။ မျှော်လင့်ချက်မဲ့လျက် ရှင်စရာအကြောင်းမရှိ၊ သေကုန်ပြီးဟု ထင်ရသောအပင်များက အဖူးအပွင့်များနှင့် ဖူးငုံပွင့်လန်းလာပြီး အရောင် အသွေးစုံလင်စွာနှင့် မြက်ခင်းပြင်ကြီးကို အလှဆင်ဦးမည်။
ဝန်းကျင်ရှိ ကမ္ဘာလောကကြီးကို ကြည့်မျှော်လိုက်တိုင်း “မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏” (ဟေရှာ ၆း၃) ဟုဆိုနေသော အထောက်အထားကို ကျွန်ုပ်တို့မြင်တွေ့ရသည်။ အံ့သြဖို့ကောင်းသည်မှာ ကျွန်ုပ်တို့ကို…
ဘုရား၏အလိုတော်
ကျွန်ုပ်တို့သည် အထူးသဖြင့် အကျဉ်း အကျပ်ထဲ ရောက်ချိန်တွင် ဘုရား၏အလိုတော် ကို ရှာဖွေတတ်ကြသည်။ ဘာ ကြုံရမလဲ။ ဆက်ပြီး နေရမလား၊ ဘုရားက အခြားတစ်နေရာရာမှာ ရှိနေစေချင်တာလားဟု ကျွန်ုပ်တို့ တွေးမိသည်။ အလိုတော်ကို အသေအချာသိနိုင်သော တစ်ခု တည်းသော နည်းလမ်းမှာ ဘုရားခိုင်းသည့်အမှု၊ လတ်တလောပြုရမည့် အလုပ်ကို ယခု ချက်ချင်း ဆောင်ရွက်ပြီး နောက်တစ်ဆင့်တွင် ဘုရားသခင် ဖွင့်ပြမည့် အရာကို စောင့်ဆိုင်းရန် ဖြစ်သည်။
မိမိသိထားသည့် အရာကို နာခံလုပ်ဆောင် ပါက နောက်ထပ် တစ်လှမ်းပြီးတစ်လှမ်း ဆက် သွားရန် ခွန်အားရရှိမည်။ တစ်ကြိမ်တွင် တစ်လှမ်းနှုန်းဖြင့် - ဤနည်းဖြင့် ဘုရားသခင်နှင့် အတူ မည်သို့လျှောက်လှမ်းရမည်ကို သင်ယူရသည်။
သို့ငြားလည်း “ပထမခြေလှမ်း လှမ်းလိုက်ပါပြီတဲ့၊ နောက် ဘာဖြစ်လာမှာလဲ” ဟု သင်မေးကောင်းမေးမည်။ ယင်းသည် ဘုရားအပိုင်းဖြစ်ပြီး…