ရောင့်ရဲနိုင်ခါနီးလား
နေ့လည်စာစားပြီး စားသောက်ဆိုင်၏ ယာဉ်ရပ်နားသည့်နေရာသို့အသွား ပစ်ကပ်ကား တစ်စီးက အရှိန်ပြင်းစွာ မောင်းချလာသည်။ ယာဉ်မောင်း၏ လက်လွတ်စပယ်အပြုအမူကို ကြည့်ရင်း ကားခေါင်းခန်းရှိ လိုင်စင်ပလိပ်ပြားပေါ် ရေးထားသည့် စာတန်းလေးကို သတိပြုမိသည်။ ‘‘ရောင့်ရဲလုမတတ်’’ ဟုရေးထားသည်။ ထို စာတန်းကို ကြည့် စဉ်းစားရင်း ‘‘ရောင့်ရဲလုမတတ် ဆိုတာ မရှိဘူး၊ ရောင့်ရဲသည်၊ မရောင့်ရဲနိုင်၊ ဒါဘဲ ရှိတယ် ’’ ဟု ကျွန်တော် ကောက်ချက်ချလိုက် ပါ သည်။
အမှန်ဝန်ခံရလျှင် ရောင့်ရဲခြင်းသည် အပ်မြီးထိုးရန်ခက်သည့် အပ်တစ်ချောင်းပမာ ဖြစ်သည်။ အရာရာ၌ ရောင့်ရဲရန်မှာ မဖြစ်နိုင် ကြောင်း သဘောပေါက်လာချိန်အထိ ကျွန်ုပ်တို့သည် မိမိ၏လိုအင်ဆန္ဒများနောက် လိုက်ပြီးရင်းလိုက်အောင် အားပေးသည့်လောက၌ အသက်ရှင်နေကြသည်။ ၎င်းသည် အဆန်းတော့မဟုတ်ပါ။ ဤအကြောင်းနှင့် ပတ်သက်၍ ဟေဗြဲသြဝါဒစာ၌ ‘‘သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။…
ထူးခြားသောနေ့
စက်တင်ဘာလ (၄) ရက်နေ့သည် ထူးခြားသောနေ့လား။ မွေးနေ့(သို့) မင်္ဂလာ နှစ်ပတ်လည် တစ်ခုခုကြောင့် ထူးခြားသောနေ့ ဖြစ်နိုင်သည်။ ထို့ပြင် သမိုင်းဝင်အဖြစ်အပျက် တစ်ခုခုကို ဂုဏ်ပြုအထိမ်းအမှတ်ပွဲ ကျင်းပခြင်း— ဥပမာ-၁၇၈၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ်မြို့တော် စတည်ခြင်း၊ ၁၉၉၃ ခုနှစ်က နယူးယော့ ယန်းကီးအသင်း ကိုယ်စားပြု ဘေ့စ်ဘောသမား မွေးရာပါ ညာလက်မပါသည့် ဂျင်း အဘော့ထ် သည် တစ်ဖက်အသင်းကို အမှတ်မပေးဘဲ အနိုင်ကစားခဲ့ခြင်း၊ ၁၉၅၁ ခုနှစ်က စန်ဖရန်စစ်စကိုမှ ပထမဆုံးရုပ်သံအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ သို့သော် အထက်ပါ အချက်တစ်ခုကမှ စက်တင်ဘာ (၄) ရက်ကို ထူးခြားသောနေ့ မဖြစ်စေပါလျှင် အောက်ပါအချက်များကို စမ်းကြည့်ပါ။
ယနေ့တွင် ဘုရားသခင်က သူ့ကို ချီးမွမ်းရန် သင့်အား အခွင့်အရေးသစ်ပေးသည်။ ဆာ ၁၁၈း၂၄ တွင် ‘‘…
ဘာသာတရားကို စိတ်မ၀င်စား
အသင်းတော်တစ်ပါး၏ ရေဒီယိုကြော်ငြာက ကျွန်မ၏အာရုံကို ဖမ်းစားခဲ့သည်။ ‘‘ခရစ်ယာန် ဘာသာနဲ့ပတ်သက်ပြီး ကြားရကြုံရသမျှကြောင့် ဘာသာတရားကို သင်စိတ်ဝင်စားမှာမဟုတ်ဘူး။ ကောင်းပြီ။ သခင်ယေရှုလည်း ဘာသာတရားကို စိတ်မဝင်စားခဲ့ပါဟုဆိုလျှင် သင် အံ့သြကောင်း အံ့သြမယ်။ ဒါပေမယ့် သခင်က အချင်းချင်း ပေါင်းသင်း မိတ်သဟာယဖွဲ့မှုကို အလေးထားပြီး တစ်ဦးနဲ့တစ်ဦး ချစ်ဖို့ သွန်သင်ခဲ့တယ်။ ... ကျွန်ုပ်တို့ အသင်းတော်ရဲ့ အစီအစဉ်အားလုံးကို သင် ကြိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ စစ်မှန်တဲ့ မိတ်သဟာယကို ကျွန်ုပ်တို့ပေးပါတယ်။ ပြီးတော့ အသင်းတော်မှာ ဘုရားသခင်ကို ချစ်ဖို့၊ အချင်းချင်းကို ချစ်ဖို့သင်ယူနေပါတယ်။ လာရောက်ဖို့ သင့်ကို ဖိတ်ခေါ်ကြိုဆိုပါတယ်’’ ဟု အသံလွှင့်ခဲ့သည်။
ဤအသင်းတော်က သခင်ယေရှုအကြောင်း၊ ဘာသာရေးအကြောင်းကို ပိုပြောခြင်းဖြစ်မည်။ သူတစ်ပါးကို မစကူညီခြင်းသည် စစ်မှန်သော ဘာသာတရား ဖြစ်သည်ဟု (ယာ ၁း၂၇) တွင် ဖော်ပြထားပြီး သခင်ယေရှုကိုယ်တိုင်…
ဘုရင့်ဖလားတော်ဝန်
အလုပ်နှင့်ပတ်သက်ပြီး ကျွန်ုပ် အကြိုက်ဆုံးကျမ်းပိုဒ်မှာ နေဟမိ ၁-၂ ဖြစ်သည်။ အာတဇေရဇ်မင်းကြီး၏ မင်းမှုထမ်း နေဟမိသည် စံပြ၀န်ထမ်းတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင်မြို့ ပျက်စီးခြင်းကြောင့် သူစိတ်ပျက် ၀မ်းနည်းရစဉ် သူ့ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် မင်းကြီးက သူ့ကိုချီးမြှင့်လိုသည်။ မင်းကြီးက နေဟမိအား ‘‘အဘယ်ကြောင့် မျက်နှာညှိုးငယ် သနည်း။ ... အဘယ်သို့ တောင်းလျှောက်ချင် သနည်း’’ (၂း ၂၊၄) ဟုမေးခဲ့သည်။ နေဟမိသည် အခြား မင်းမှုထမ်းများနှင့် မတူ၊ ဘုရင့်ဖလားတော် ၌ အဆိပ်ခတ်မခတ် စစ်ဆေးမြည်းစမ်း ကာကွယ်ပေးရသော ဖလားတော်ဝန်တစ်ဦး ဖြစ်ရာ၊ ထိုရာထူးကိုရရှိရန် နေဟမိသည် အလွန်အလုပ်ကြိုးစားပြီး ပြုလေသမျှ၌ ဘုရား သခင်ကို ချီးမြှောက်သူဖြစ်မည် မလွဲပါ။ ထို့ကြောင့်လည်း ဘုရင်က သူ့ တောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့မည်သို့မည်ပုံ အလုပ်လုပ်သည်ကို…
အရှိန်လျှော့
စာရေးဆရာ ဘရုစ်ဖီလာသည် ပေါင်ရိုး ကင်ဆာရောဂါ ခံစားခဲ့ရစဉ်က တစ်နှစ်ကျော်မျှ အခြားအကူအညီမပါဘဲနှင့် လမ်းမလျှောက်နိုင် ခဲ့ပါ။ ချိုင်းထောက်ကို အသုံးပြုရခြင်းကြောင့် နှေးကွေးမှုအကြောင်း ဘ၀သင်ခန်းစာကို သူ နှစ်သက်လက်ခံခဲ့သည်။ ‘‘ဒီလို အရှိန်လျှော့ရခြင်း ဟာ ကျွန်တော့်အတွေ့အကြုံမှာ သင်ယူခဲ့ရတဲ့ နံပါတ်တစ်သင်ခန်းစာပါပဲ’’ ဟု ဖီလာက ဆိုသည်။
ဘုရားသခင်၏လူမျိုးတော် ဣသရေလတို့ အီဂျစ်ပြည်မှ လွတ်မြောက်လာပြီးနောက် ခေတ္တ ရပ်ပြီး ဘုရားသခင်နှင့်လောကကြီးကို မျှော်ကြည့် မျက်မှောက်ပြုရန်၊ အရှိန်လျှော့ရန် ၎င်းတို့ကို ကိုယ်တော်မိန့်ကြားခဲ့သည်။ ဖာရောဘုရင်၏ လက်အောက်၌ အချိန်ပြည့် အနားမရဘဲ အလုပ် လုပ်ခဲ့ရ၍ ဣသရေလလူတို့အတွက် ဘုရား၏ စတုတ္ထပညတ်မှာ အလွန် သိသာကွဲပြားခြားနားသောအမိန့်ဖြစ်ခဲ့သည်။
တစ်ပတ်အတွင်း တစ်ရက်ကို ဖယ်ထားပြီး၊ ဘုရားသခင်၏ဖန်ဆင်းခြင်း (က ၂း၂)၊ အီဂျစ်ပြည်တွင် ကျွန်ခံရာဘ၀မှ လွတ်မြောက်ခဲ့ခြင်း (တရား ၅း၁၂-၁၅)၊ ဘုရားသခင်နှင့် သူတို့၏…
အစစ်အမှန်
အဖိုး၏ ထပ်ခိုးစင်ကို ရှင်းလင်းခြင်းက တစ်ခါတစ်ရံ အကျိုးဖြစ်စေသည်။ အိုဟိုင်းအို
ဒေသမှ လူတစ်ဦးမှာ အဖိုးသိမ်းထားသည့် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ဘေ့စ်ဘောကဒ် အတွဲလိုက်ကို တွေ့ရှိခဲ့ပြီး ဒေါ်လာ ၃သန်း တန်ဖိုးရှိသည်ဟု ရာပြတ်ဈေးပေါက်ခဲ့သည်။
ထိုကဒ်များ တန်ဖိုးမြင့်ရသည့်
အကြောင်းရင်းတစ်ခုမှာ ကောင်းစွာထိန်းသိမ်း
ထားခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ထိုကဒ်များ
၏ တန်ဖိုးအမှန်မှာ ပစ္စည်းအစစ်ဖြစ်ခြင်းကြောင့်
ပါ။ အတုဖြစ်နေပါလျှင် မည်မျှပင် ကောင်းမွန်နေ
ပါစေ ဘာမှတန်ဖိုးမရှိသော စက္ကူကဒ်များသာ
ဖြစ်မည်။
တမန်တော်ရှင်ပေါလုက ခရစ်ယာန်
ဘာသာတရားနှင့် စပ်လျဉ်း၍ ထိုသဘောအတိုင်း
ပြောထားသည်။ သခင်ယေရှု၏ထမြောက်ခြင်းသည် အမှန်အကန်မဟုတ်လျှင် ကျွန်ုပ်တို့
ယုံကြည်ခြင်းသည် တန်ဖိုးမရှိ၊ အတုအယောင်ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ “ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ (၁ကော ၁၅း၁၄)”၊ “ခရစ်တော်သည် ထမြောက်တော်မမူလျှင်…
စွန့်စားလျက် ကယ်တင်ခြင်း
၁၈၃၈ ခုနှစ် စက်တင်ဘာ ၇ ရက်
နေ့က အင်္ဂလိပ်လူမျိုး မီးပြတိုက်မှူး၏ သမီး
ဖြစ်သူ ‘ဂရေ့စ်ဒါလင်’သည် သင်္ဘောပျက်ကို
ခြေရာခံမိပြီး၊ ရေထဲ၌ အသက်မသေဘဲ ကျန်နေ သူများ ရှိနေသည်ကို သိလိုက်ရသည်။ သို့နှင့် သူတို့သားအဖသည် လှိုင်းကြမ်းများကြား တစ်မိုင်
ခန့်မျှ လှေလှော်သွားကာ လူများကို ကယ်ဆယ်
ခဲ့သည်။ ‘ဂရေ့စ်’ ၏ ကရုဏာလွှမ်းသော နှလုံးသား နှင့် သူ့အသက်ကို ပဓာနမထားဘဲ လူများကို
ကယ်ရန် အားထုတ်ခဲ့မှုအတွက် သူ့အကြောင်းက ပြောစမှတ်တွင်ခဲ့သည်။
ရှင်ပေါလုကလည်း အခြားသူများကို ကယ်ဆယ်ရန် အန္တရာယ်ကိုမမှုဘဲ စွန့်စားခဲ့သည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲအကြောင်း ပြောထား သည်။ သူနှင့်လုပ်ဖော်ဆောင်ဖက်ချင်း ပြစ်ကိလ နှင့် အာကုလတို့သည် “ငါ့အသက်အဘို့ မိမိတို့လည်းပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့သည်…
အံ့သြလောက်စရာ ဂရုပြုမှုများ
ကျွန်တော့်ဇနီး ‘မာလင်း’ မူးတတ်သော ရောဂါအကြောင်း စာမူတစ်ပုဒ်ရေးသားခဲ့ပြီး ထို
စာမူပါလာသောအခါ မထင်မှတ်ဘဲ စာဖတ်သူများ
ထံမှ အားပေးမှု၊ မစမှုနှင့် အကြံဥာဏ်များစွာ
ရရှိခဲ့ပြီး အများစုက သူမ၏ ကောင်းကျိုး
အတွက် ဂရုစိုက်ပေးခြင်းပါ။ ထိုအားပေးမှုများကို
ကမ္ဘာတစ်ဝှမ်းအလွှာ အသီးသီးရှိ လူတို့ထံမှ
ရရှိခြင်း ဖြစ်ပါသည်။ ကျွန်တော့်ဇနီးအတွက် ပူပန်ပေးမှု၊ ဂရုစိုက်မှု မေတ္တာပြမှု အားလုံးကို ကျွန်တော်တို့ မတုံ့ပြန် မဖြေကြားနိုင်သည် အထိ များပြားလှသည်။ ‘မာလင်း’ ၏ ရုန်းကန်ရမှု အပေါ် ခရစ်တော်၏ခန္ဓာကိုယ်မှ အင်္ဂါချင်းတို့၏ တုံ့ပြန်စာနာကြပုံက အံ့သြလောက်ပါသည်။ ကျွန်တော်တို့ အလွန်ခံစားရပါသည်။ ကျေးဇူးတင်မိပါသည်။
အဓိကဆိုလိုရင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အလုပ်လုပ်ရမည့်ပုံစံကို ဖော်ပြခြင်း
ပါ။ ခရစ်တော်၌ ညီအစ်ကိုမောင်နှမချင်းအတွက် ပူပန်ဂရုပြုခြင်းက ကိုယ်တော်၏ မေတ္တာတော်ကို ကျွန်ုပ်တို့ခံစားခဲ့ရကြောင်း သက်သေပြနေသည်။
နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုက…
ထွက်မြောက်ရာလမ်း ထွက်ပေါက်
အနောက် ဗာဂျီးနီးယားပြည်နယ်၊ အပလေချီယန် ကုန်းမြင့်ကိုဖြတ်သွားသည့် အဝေးပြေးလမ်း အမှတ် (၇၇) ၌ ကုန်ကား တစ်သီတစ်တန်းကြီး တွေ့ရမည်။ ဤ ထွက်ပေါက်လမ်းက အမြင့်ပေ ၁၃၀၀ ခန့်တွင် ဖောက်လုပ်ထားပြီး၊ ခရီးအကွာအဝေး ၆ မိုင် ခန့်ရှိသည်။ မတ်စောက်ကွေ့ကောက်သော တောင်တက်လမ်းက မော်တော်ဆိုင်ကယ်စီးသူ
နှင့် အထူးသဖြင့် ကုန်ကားမောင်းသူများအတွက် ပြဿနာဖြစ်စေသည်။
အဝေးပြေးကားများအတွက် အဝေး ပြေး လမ်းမပေါ်၌ ထွက်ပေါက်လိုသကဲ့သို့၊ အတောမသတ် ထိန်းမရနိုင်သော ဇာတိ တပ်မက်စိတ်များက ကျွန်ုပ်တို့၏ ဝိညာဉ်ရေး ကောင်းကျိုးကို ခြိမ်းခြောက်လာသော် ကျွန်မတို့ ‘ထွက်ပေါက်’ လိုလေပြီ။ စုံစမ်း နှောင့်ယှက်ခြင်းများကြုံရစဉ်၊ စုံစမ်းခြင်းကိုခံရပ်နိုင်မည်အကြောင်း ........ ထွက်မြောက်
သောလမ်းကိုလည်း ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည် (၁ကော ၁၀း၁၃)။ ဖြားယောင်းသွေးဆောင်မှုများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ငြင်းပယ်
နိုင်ရန် ကိုယ်တော်…
ကရုဏာတော်ဖြင့် ဝန်းရံလျက်ရှိသော
“ဤနှစ်တွင် ခေါင်းမာသောရောဂါဖြင့် အမျိုးသား ထောင်ပေါင်းများစွာ သေဆုံးကြမည်” ဟု အနီရောင်နောက်ခံ၌ အဖြူရောင်စာလုံးကြီး များဖြင့် ရေးထားသောကြော်ငြာဆိုင်းပုဒ်ကြီးကို
မကြည့်ဘဲမြင်နေရသည်။ စင်စစ် ၎င်းသည် လူလတ်ပိုင်းအရွယ် ယောက်ျားများက ပုံမှန် ဆေးစစ်မှုကို မပြုလုပ်ခြင်းကြောင့် ကာကွယ်နိုင် သောအခြေအနေရှိပါလျက် သေဆုံးရခြင်းကို ရည်ရွယ်သတိပေးခြင်းဖြစ်သည်။
ဆာ ၃၂ တွင် အပြစ်ကို ရိုးသားစွာ
ဝန်ချပြီး နောင်တရခြင်းဖြင့် အပြစ်ရောဂါကို ကုသဖြေရှင်း နိုင်ကြောင်း ဖော်ပြထားသည်။ အခန်းငယ် ၁ မှ ၅ တွင် အပြစ်ကိုဖုံးအုပ်ဝှက်ထားခြင်း၏ ပူလောင်နာကျင်မှုကို ဖော်ပြ
ထားပြီးမှ ဘုရားထံအပြစ်ကိုဝန်ချပြီး ခွင့်လွှတ်ခြင်းခံရသဖြင့် လွတ်မြောက်ပျော်ရွှင်ရခြင်းကို ပြသည်။
ထို့ပြင် ခက်ခဲသောအခြေအနေများတွင် သူ့ထံမှ အမအစနှင့် လမ်းပြမှုကိုရှာရန် ဘုရားက လိုလားကြောင်း (း၆-၈) “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်
လမ်းကို ပြညွှန်မည်။ သင့်ကို…