အမျိုးအစား  |  odb

မယုံကြည်သူအတွက် မျှော်လင့်ချက်

လုပ်ငန်းခွင်မှ ဝန်ထမ်းများအတွက် အမှုတော်ဆောင်သူအဖြစ် ထမ်းဆောင်စဉ် လူအမျိုးမျိုးနှင့် ကျွန်တော်စကားပြောခွင့်ရခဲ့သည်။  အချို့က ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို သံသယ ဖြစ်ကြသည်။ ကယ်တင်ခြင်းအတွက် ခရစ်တော်ကို  ယုံကြည်ရန် အခက်အခဲဖြစ်စေသည့် အဓိက အချက် (၃)ချက်ကို ကျွန်တော်တွေ့ခဲ့သည်။
“ဘုရားရှိကြောင်း ယုံကြည်ရန်ဆန္ဒ မရှိပါ” ဟူသည့်အချက်က ပထမအချက် မဟုတ်ခြင်းက အံ့သြစရာပါ။ “ဘုရားက ၎င်းတို့ကို ဂရုစိုက်ရလောက်အောင် သူတို့သည် အရေးပါသူ ဖြစ်သလား”ဆိုသည့်အချက်က ပထမအချက် ဖြစ်နေသည်။ ဒုတိယအချက်မှာ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းနှင့် သူတို့မထိုက်တန်ဟုဆိုသည်။ တတိယအချက်မှာ ဘုရားသခင် ရှိနေပါသည် ဆိုလျှင် ၎င်းတို့နှင့် အဘယ်ကြောင့် မဆက်သွယ် သနည်းဟု အတွေးဝင်နေခြင်းဖြစ်သည်။
ထိုအတားအဆီး (၃)ရပ်ကို ပြန်ကြည့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘာပြောသည်ကို လေ့လာကြပါမည်။ ရှေ့ဦးစွာ ဘုရားသခင်သည် လူကိုမကစား၊ အရူး မလုပ်ပါ။ နှုတ်ကပတ်တော်ကိုဖတ်ပါက…

အပေးပြိုင်ပွဲ

ခရစ်စမတ်အချိန်၌ ထုတ်လွှင့်သော ကြော်ငြာတစ်ခုတွင် မည်သူကပို၍ ခရစ်စမတ်အချိန် ကို ပျော်ရွှင်စရာကောင်းအောင် လုပ်ဆောင်နိုင် မည်နည်းဟု ခင်မင်ရင်းနှီးစွာ ပြိုင်ဆိုင်သော အိမ်နီးချင်းနှစ်ဦး အကြောင်းကို ပြသသည်။ တစ်ဦးနှင့် တစ်ဦး အလစ်မပေးဘဲ စောင့်ကြည့်ကာ အိမ်အလှဆင်သည်။ သစ်ပင်၌ မီးထွန်းသည်။ ထို့နောက် မိမိတို့ ပိုင်ဆိုင်သည့်ပစ္စည်းများကို ပို၍ ကြည့်ကောင်းရန် ပြင်ဆင်ကြသည်။ ထို့နောက် အခြားအိမ်နီးချင်းများကို ပျော်ရွှင်စွာ အပြေးအလွှား လက်ဆောင်ပေးခြင်းဖြင့် မည်သူက ပို၍ နှမြော တွန့်တိုခြင်းမရှိဘဲ လက်ဆောင်များ ပေးနိုင်သည်ကို ပြိုင်ကြသည်။
ဘုရား၏လူများအနေဖြင့် မည်သူပို၍ ပေးနိုင်သလဲဟု ယှဉ်ပြိုင်ရန်မဟုတ်သော်လည်း “စွန့်ကြဲချင်သောစေတနာစိတ် အသင့် ရှိရန်” (၁ တိ ၆း၁၈) ခေါ်ယူခြင်းခံရသည်။ ကောရိန်သုမြို့၌ရှိသော အသင်းတော်အား တမန်တော်ရှင်ပေါလု က “နှမြောသောစိတ် နှင့် မလှူရ၊     မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့်…

အကောင်းနှင့် အဆိုး

မနာခံသော ပရောဖက်ယောနဝတ္ထု တွင် ကျွန်ုပ်တို့ ပိုကောင်းလာရေး ကျွန်ုပ်တို့ကို စိန်ခေါ်ရန်နှင့် ပြောင်းလဲရန် ဘုရားသခင်သည် ကောင်းချီးမင်္ဂလာနှင့် စုံစမ်းခြင်းနှစ်မျိုးလုံးကို အသုံးပြုကြောင်း ဖော်ပြထားသည်။ ယောနဝတ္ထု၌ ဘုရားသခင် အကောင်းနှင့်အဆိုး — အခြေအနေ နှစ်မျိုးလုံးကို ယောနအတွက် ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။
ယောန ၁း၎ တွင် ဘုရားသခင်သည် မုန်တိုင်းတစ်ခုကို စေလွှတ်လိုက်သည်။ ကိုယ်တော် သည် “ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၏။”  ယောနသည် မုန်တိုင်း ကျစေသည့် တရားခံဖြစ်ကြောင်း သင်္ဘောသားတို့ သိရှိသွားသောအခါ သူ့အား ပင်လယ် ထဲသို့ ပစ်ချကြသည် (၁း၁၅)။ ထို့နောက် ရေနစ်ခြင်းဘေးမှ သူ့ကို ကယ်ရန်အတွက် ဘုရားသခင်သည် “ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ခန့်ထားတော်မူခဲ့သည်” (၁း၁၇)။
ယောနဝတ္ထု၏နောက်ပိုင်းတွင် ယောနအရိပ်ရရန်အတွက် “ကြက်ဆူပင်ကို…

အလွန်အမင်း ကြောက်ရွံ့ခြင်း

၁၉၈၃ ခုနှစ်က ရက်သတ္တပတ် အတန်ကြာမျှ ကလေးသံစုံသီချင်းကို လေ့ကျင့် ပေးပြီးနောက်တွင် နှစ်စဉ်ကျင်းပသော ခရစ်စမတ် ဂီတ ပဒေသာည ရောက်ရှိလာခဲ့ပြီ။ ဝတ်စုံဆင်မြန်း ထားသော ကလေးများ ခန်းမအတွင်းသို့ ဝင်ရန် စတင်တန်းစီနေကြပြီး ရုတ်တရက်တံခါးအနောက် ဘက်မှ အသံတသံကိုကြားလိုက်ရ၍ ကျွန်ုပ်တို့ ဇနီး မောင်နှံ လှည့်ကြည့်လိုက်ရာ၊ ကျွန်ုပ်တို့၏သားငယ် မက် ဖြစ်နေသည်။ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့်ဟန်နှင့် ရှိုက်ကြီး တငင် ငိုကြွေးနေပြီး တံခါးလက်ကိုင်ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ကာ ခန်းမအတွင်းသို့ဝင်ရန် သူငြင်းဆန်သည်။ အတန်ကြာဖျောင်းဖျပြီး နောက်တွင် စီစဉ်သူက စင်မြင့်ပေါ်သို့ သူတက်စရာ မလိုကြောင်းပြောပြီး ကျွန်ုပ်တို့နှင့် ထိုင်စေသည်။ မကြာမီသူ၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။
ခရစ်စမတ်ကို ကြောက်ရွံ့ရသည့် အချိန်အခါအဖြစ် ကျွန်ုပ်တို့သတ်မှတ်လေ့ မရှိသော်လည်း သခင်ခရစ်တော်မွေးဖွားသည့်ညက ကြောက်ရွံ့မှုများစွာ ရှိခဲ့သည်။ ရှင်လုကာက…

ခရစ်စမတ်မီးရောင်များ

နှစ်စဉ် ဒီဇင်ဘာလတွင် ကျွန်ုပ်တို့ နေထိုင်သည့် ရပ်ကွက်မှ အိမ်နီးချင်းမိသားစု ၁၃စု သည် လှပဝေဆာစွာ ခရစ်စမတ်မီးလုံး ၃သိန်း ထွန်းညှိ အလှဆင်ကြသည်။ လင်းလက်သော ရောင်စုံ မီးရောင်ကို ကြည့်ရန်၊ ၎င်းနှင့် လိုက်ဖက် အောင် စီစဉ်ထားသော တေးသံကို နားဆင်ရန် မိုင်ပေါင်းများစွာမှ လူများ ကားနှင့်ရောက်လာကြပြီး နာရီပေါင်းများစွာ တန်းစီစောင့်ကြည့်ကြသည်။ အသံနှင့်အလင်း အားလုံးစည်းချက်ညီစေရန် အသေးစိတ် စီစဉ်ရပြီး၊  ကွန်ပျူတာ ၆၄ လုံးဖြင့် ချိတ်ဆက် လုပ်ဆောင်ထားရသည်။                 ထိုအလင်းရောင် အကြောင်းကို  စဉ်းစားရင်း ခရစ်စမတ် အားလပ်ရက်ကိုဖြစ်စေသော အလင်းတော်ကို သတိရမိသည်။ တစ်ခုတည်းသောအလင်းတော်မှာ တောက်ပလွန်းလှသဖြင့် ကမ္ဘာကြီးကို သမ္မာတရား၊ တရားမျှတမှုနှင့် ချစ်ခြင်းများဖြင့် ထိန်ညီးစေတော့သည်။ အလင်းတော်ယေရှုကို လောကသားတို့ တောင့်တရှာဖွေနေသည် (ဟေရှာ…

လိုသည်ထက်ပို၍

လူအုပ်စုတစ်စုကို ကျွန်မအိမ်၌ ဧည့်ခံ ရစဉ် ဧည့်သည်အားလုံးအတွက် စီစဉ်ထားသော အစားအသောက်များ မလောက်မှာကို ကျွန်မ စိုးရိမ်ခဲ့သည်။ သို့သော်လည်း ကျွန်မ မစိုးရိမ် သင့်ပါ။ မိတ်ဆွေများစွာက မမျှော်လင့်ဘဲ အပိုစား သောက်ဖွယ်ရာများ ယူဆောင်လာခဲ့သဖြင့်   မျှော် လင့် မထားသော ထပ်ဆောင်းအစာကို သုံးဆောင် နိုင်ခဲ့သည်။ ကျွန်ုပ်တို့တွင် လိုသည်ထက်ပို၍ ရှိခဲ့ ပြီး ကြွယ်ဝခြင်းထဲမှ ဝေငှနိုင်ခဲ့ကြသည်။
အစဉ် ‘‘လိုသည်ထက်ပို’’ ကြွယ်ဝ ပြည့်စုံသည့်ဘုရားရှင်ကို ကျွန်ုပ်တို့ အစေခံကြ သည်။ သူ့သားသမီးများအား ကိုယ်တော်ချစ်သည့် ပုံစံကိုကြည့်ခြင်းဖြင့် ဘုရား၏ရက်ရောစွာပေးကမ်းတတ်သောသဘာဝကို  မြင်ရသည်။
(ဆာလံ ၁၀၃)၌ အဖဘုရားပေးထားသော များစွာသောကျေးဇူးများကို ဒါဝိဒ် စာရင်းပြုစုထားသည်။ အပိုဒ်ငယ် ၄ တွင် ကိုယ်တော်သည် ကျွနုပ်၏အသက်ကို ပျက်စီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် ကျွန်ုပ်တို့၏ခေါင်းကို ပတ်ရစ်တော်မူကြောင်းပြောထားသည်။…

သင်၏လိုချင်တပ်မက်မှုများကို ထိန်းချုပ်ပါ

ကျွန်ုပ်ဇနီးငယ်ရွယ်စဉ်က တက္ကဆက် ပြည်နယ် အော်စတင်မြို့၌ နေထိုင်ခဲ့ပြီး ကာလိုင်း မာနေးသည် သူ့မိသားစုနှင့် အိမ်နီးချင်း၊ သင်းအုပ် ဆရာ၊ မိတ်ဆွေဖြစ်သည်။ ရောင့်ရဲခြင်းနှင့် ပတ်သက်၍ သူပြောလေ့ရှိသော မှတ်ချက်များ အနက် တစ်ခုက သူတို့မိသားစု၏ခိုင်မြဲသော ဆောင်ပုဒ်တစ်ခုဖြစ်လာသည်။ “ကျွန်ုပ်တို့ရဲ့ လိုချင် တပ်မက်မှုတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်”ဟု ဒေါက်တာ မာနေး ပြောလေ့ရှိသည်။
လိုအပ်တာထက်ပိုလိုချင်ပြီး၊ ပေးကမ်း ခြင်းထက် ရယူခြင်းကို ပိုအာရုံစိုက်ရန်မှာ လွယ်ကူ လှသည်။ သို့နှင့် ကျွန်ုပ်တို့၏လိုအင်ဆန္ဒများက ကျွန်ုပ်တို့၏ရွေးချယ်မှုများကို လွှမ်းမိုးသွားတော့ သည်။
တမန်တော်ရှင်ပေါလု ဖိလိပ္ပိမြို့၌ရှိသော သခင်ယေရှု၏နောက်လိုက်များထံ စာရေးသားရာ၌ “အကြောင်းမူကား ငါသည် တွေ့ကြုံသမျှသောအခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ။ .... ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ” (ဖိ ၄း၁၁-၁၂)ဟု…

ယူရီကာ ကျောက်တုံး

၁၈၆၇ ခုနှစ်က တောင်အာဖရိကရှိ လယ်ကွက်တစ်ခု၌ နေရောင်ထဲ တဖိတ်ဖိတ် တောက်နေသော ကျောက်တုံးတစ်တုံးကို ၁၅ နှစ် အရွယ် အီရာမတ်စ် ယာကုပ် တွေ့ရှိခဲ့သည်။ တောက်ပသော ကျောက်တုံးသတင်းက ၎င်းတို့ မိသားစုထံမှ ထိုကျောက်တုံးကို ဝယ်ယူလိုသော အိမ်နီးချင်းတစ်ဦးထံ ရောက်ရှိသွားသည်။ ကျောက်တုံး၏တန်ဖိုးကို မသိဘဲ အီရာမတ်စ် ၏ မိခင်က “ကျောက်တုံးကို သင်လိုချင်ရင် ယူသွားပါ” ဟု ထိုအိမ်နီးချင်းကို  ပြောခဲ့သည်။
နောက်ဆုံး၌ သတ္တုပညာရှင်တစ်ဦးက ထိုကျောက်သည် အဘိုးများစွာထိုက်သော ၂၁.၂၅ ကာရက်ရှိသည့် စိန်တုံးဖြစ်ကြောင်း သတ်မှတ်ပေး ခဲ့သည်။ ၎င်းကျောက်မှာ “ယူရီကာစိန်” ဟု အမည်တွင်ခဲ့သည်။ (ဂရိစကားအားဖြင့် ယူရီကာ၏ အဓိပ္ပာယ်မှာ “ကျွန်ုပ်တွေ့သည်”ဟု အဓိပ္ပာယ်ရသည်။) မကြာမီ ၎င်းတို့၏လယ် အနီးအနားရှိ လယ်ကွက်များ အဆမတန် ဈေးမြင့်တက်သွားခဲ့သည်။ လယ်ကွင်း၏ အောက်တွင် အကြီးမားဆုံးသော…

တစ်ကြိမ် အကြောဆန့်ခြင်း

ပိုပိုဆိုးလာသော ခါးနာခြင်းဝေဒနာကို နှစ်အတော်ကြာ ဆာရာ ခံစားရသည်။ ဆရာဝန်က သူမအား ကာယကုထုံးပညာရှင်ထံ စေလွှတ်သဖြင့် နေ့တိုင်း အကြောဆန့်လေ့ကျင်ခန်း (၂၅) ခါ ပြုလုပ် ရန် ညွှန်ကြားသည်။ နာကျင်မှု လျော့နည်းသွား သော်လည်း လုံးဝမပျောက်ကင်းပေ။ ထို့ကြောင့် ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းပြီး အခြားကုထုံး ပညာရှင်တစ်ယောက်ထံ စေလွှတ်သည်။ ထို ဆရာက ပထမပညာရှင် လုပ်ခိုင်းသောအကြိမ်ကြိမ် အကြောဆန့်ခြင်းကို ဆက်မလုပ်ခိုင်းဘဲ၊ တစ်ကြိမ် သာပြုလုပ်ရန် ညွှန်ကြားသည်။ ရိုးရှင်းသော တစ်ကြိမ် အကြောဆန့်ခြင်းက အထိရောက်ဆုံး ဖြစ်ခဲ့ခြင်းက အံ့သြစရာပင်။
တစ်ခါတစ်ရံတွင် အရိုးရှင်းဆုံး သမ္မာတရားက အကောင်းဆုံးဖြစ်သည်။ ဓမ္မရေးရာ အတွေးအခေါ်များပြုစုသူ ဓမ္မပညာရှင် ကားလ် ဘတ် အား သူ့ဘဝတစ်ခုလုံးနှစ်၍ လုပ်ခဲ့ သည့် အမှုတော်ကို စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ရန်ပြောရာ “ယေရှု ငါ့ကိုချစ်ပေ ၏”ဟု…

ဖြောင့်မတ်ခြင်းအဖွဲ့

ဖြောင့်မတ်ခြင်းအဖွဲ့ဟု ခေါ်ငြားလည်း စင်စစ် ၎င်းသည် နေ့လည်စာ စားချိန်တွင် ဘတ်စကက်ဘောကစားရန် အတူတကွစုဝေးကြ သော ပရိသတ်အမျိုးသားများအဖွဲ့သာဖြစ်သည်။ ကစားနေစဉ် ဒေါသပေါက်ကွဲခြင်းကို ရှောင်ရန် ကြိုးပမ်းသည့်အနေဖြင့် စိတ်ဆိုးလျှင် ပြစ်ဒဏ် သတ်မှတ်သည်။ အရာအားလုံးမျှတ၍ ပျော်ရွှင်မှု ရှိရန်သာ ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့မှာ ယှဉ်ပြိုင် လိုစိတ် ပြင်းပြကြပြီး ရှုံးနိမ့်မည်ကို မလိုလားပါ။ သို့သော် ဖြောင့်မတ်ခြင်းနှင့်ရိုးသားခြင်းက လွှမ်းမိုး သင့်သည်ဟု ကျွန်ုပ်တို့အားလုံး သဘောတူကြ သည်။
သမ္မာကျမ်းစာမှ ဖြောင့်မတ်ခြင်း ဟူသည့် အကျင့်စရိုက်က အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြထားသည်။ ဤအကျင့်စရိုက်ကို ကိုင်စွဲခြင်းသည် ဘဝ၏အရှင် ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ‘ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်အပ် ကြောင်း’ (ဆာ ၂၆း၁၁) အကြောင်းပြချက်ကို နှုတ်ကပတ်အားဖြင့် ကိုယ်တော် ရှင်းလင်းစွာ ပေးထားသည်။ ဖြောင့်မတ်သူတစ်ဦးသည် “ကောက်သောလမ်းသို့လိုက်သူတို့ မသိသည့် အေးချမ်း…