ဆက်သ တင်ဆက်မှု
ကျွန်တော့်ဇနီး မာတီသည် အချက်အပြုတ် ကောင်းသူဖြစ်သည်။ တစ်နေ့တာ ကုန်ဆုံးချိန်တွင် အရသာရှိလှသည့် ထမင်းဝိုင်းမှ မွှေးကြိုင်နေသောရနံ့ကို ရှုရှိုက်လိုက်ရဖို့ ကျွန်ုပ် မျှော်လင့်တောင့်တမိသည်။ အစားအသောက်ကို ချက်ပြုတ်တတ်သည်သာမက စားပွဲပြင်တည်ခင်းရာ တွင်လည်း သူက ဆရာတစ်ဆူပင်။ အသားဟင်း၊ ဖြူစင်းအိသောထမင်းနှင့် ဟင်းသီးဟင်းရွက်တို့က ပန်းကန်ပြား၌ အရောင်စုံစွာ လှပစွာ တည်ခင်းထား ခြင်းက ကုလားထိုင်ကိုဆွဲပြီး သူ့လက်ရာကို ကြည်နူးစွာ စားလိုက်ရန် လက်ယပ်ခေါ်နေသည်။ သို့သော် သားငါးဟင်းသီးဟင်းရွက်များက သူ မကိုင်မီ အထိ ဆွဲဆောင်မှု မရှိပါ။ အစိမ်းအတိုင်း ပျော့စိစိ၊ ဆန်က မာတောင့်ကျွတ်ဆတ်၊ ဟင်းသီး ဟင်းရွက်များကိုလည်း ဆေးကြောသန့်စင်ပြီးလှီးသင်ရန် လိုသည်။
ယင်းက ကျွန်တော့်အတွက် သခင်ယေရှုဆောင်ရွက်ပေးသော ရက်ရောလှ သည့် အမှုကိုပြန်ပြီး အမှတ်ရစေသည်။ အပြစ်နှင့် ပတ်သက်လာလျှင် အားနည်းပြီး ယိမ်းယိုင်လွယ်သည့် ကျွန်တော့်အကြောင်းကို ကိုယ်တော် ကောင်းကောင်းသိသည်။…
ချုပ်နှောင်ခံဘဝ၏ စိန်ခေါ်မှု
ထောင်သာသနာလုပ်ငန်း၌ အနှစ် ၃၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်သူ ကန်ဒီးလ်သည် အသက် (၈၆) နှစ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေး၌ နောက်ဆုံးဒေသနာကို ဝေငှပြီး တာဝန်မှအနားယူခဲ့သည်။ သူက အကျဉ်းကျသူများ အား အကျဉ်းကျကာလအတွင်း သခင့်အတွက် အစေခံရန်ဝေငှပြီး၊ ထောင်သားများနှင့်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ခံရသူအချို့၏ သက်သေခံချက် များကို ပြောပြသည်။ ထောင်ကဲ့သို့သော နေရာက မည်သူမျှမနေလို၊ လူတိုင်း ထွက်ခွာသွားလိုသည်။ သူက အကျဉ်းသားများအား လိမ္မာရင့်ကျက်ရန်၊ အခြားသူကို ယေရှုခရစ်တော်၏ သတင်းကောင်း ဝေငှ ပြောကြားရန် အားပေးတိုက်တွန်းခဲ့သည်။
ဘုရားကို မနာခံခြင်းကြောင့် ယုဒလူတို့ကို နေဗုခဒ်နေဇာမင်းက ဗာဗုလုန်သို့ ကျွန်ပြုခေါ်ဆောင်သွားပြီးနောက် ပရောဖက်ယေရမိက ဘုရားသခင်ထံမှလာသော သတင်းစကားကို သူတို့ထံပို့ပေးခဲ့သည်။ “အိမ်တို့ကို စောင့်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌…
အတူရှိနေပါ
ကွန်နက်တီကက်ဒေသရှိကျောင်းတွင် ကလေး ၂၀ ဦးနှင့် ကျောင်းဝန်ထမ်း ၆ ဦးတို့ အသတ်ခံရပြီးနောက် ထိုဆိုးဝါးထိတ်လန့်ဖွယ် ဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရသည်။ လူတိုင်းက ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ဤကိစ္စကို မည်သူက ဘာ့ကြောင့် လုပ်သနည်း။ နောက်ထပ်မဖြစ်အောင် မည်သို့ ကြိုတင်ကာကွယ် တားဆီးမည်နည်း။ အသက်ရှင် ကျန်ရစ်သူများကို မည်သို့ ကူညီမစနိုင်မည်နည်း စသည့်မေးခွန်းများ ကိုသာ အာရုံစိုက်နေသည်။ ဤသို့ ကမောက်ကမ ဖြစ်နေချိန်အတွင်း မျှော်လင့်မထားသော အဖွဲ့ တစ်ဖွဲ့ ရောက်လာပြီး ထူးခြားမှုကို ဖြစ်စေခဲ့သည်။
ရှီကာဂိုမှ အထူးလေ့ကျင့် ပေးထား သော၊ တစ်ပါးသူကို ဂရုစိုက်တတ်သော ရွှေရောင် အမဲလိုက်ခွေးများ ရောက်လာခြင်းပါ။ ခွေးများသည် စကားမပြောပါ။ ရိုးရိုးလေး အတူရှိနေပေးသည်။ မျက်စိရှေ့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် စိတ်ဒဏ်ရာရသွားသည့် ကလေးများသည် လူကြီးများကို မဖော်ပြ သည့်…
ခရစ်တင်းဂေးလ်
ချက်ဒ်ပြည်ထောင်စု သမ္မတနိုင်ငံနှင့် အခြားသော နေရာဒေသများတွင် ခရစ်စမတ်ပွဲ ကျင်းပရာ၌ ခရစ်စတင်းဂဲလ်(Christingles) လိမ္မော်သီးပါဝင်ပြီး ၎င်းသည် ကမ္ဘာကြီးကို ကိုယ်စားပြုသည်။ လိမ္မော်သီးပေါ်၌် ဖယောင်းတိုင် တစ်တိုင် ထွန်းထားပြီး လောက၏ အလင်း ဖြစ်သည့် ခရစ်တော်ကို ပုံဆောင်သည်။ အနီရောင်ဖဲကြိုးဖြင့် လိမ္မော်သီးကို ပတ်ချည်ထားခြင်းက သခင်ယေရှု၏ အသွေးတော် ပုံဆောင်ချက်ဖြစ်ပြီး၊ သစ်သီးခြောက် များသီထားသော သွားကြားထိုးတံ ၄ ချောင်းဖြင့် ဖဲကြိုးကိုဖောက်ပြီး လိမ္မော်သီးပေါ် ထိုးစိုက်သည်။ ယင်းက လောကီအသီးများကို ကိုယ်စားပြုသည်။
ဤသို့ မျက်စိဖြင့် မြင်ရသောအရာ ရိုးရိုးလေးက ခရစ်တော်ကြွလာခြင်း၏နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို အထင်အရှား ပုံဆောင်ဖော်ပြနေသည်။ ခရစ်တော်ဆင်းသက်ကြွလာခြင်း၏ရည်ရွယ်ချက်မှာ အမှောင်ထု ထဲသို့ အလင်းဆောင်ကြဉ်းပေးရန်၊ အသွေးသွန်းခြင်းအားဖြင့် ပျက်စီးယိုယွင်းနေသော လောကကြီးကို ရွေးနုတ်ကယ်တင်ရန် ဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ တမန်တော်ရှင်ယောဟန်က သခင်ယေရှုကို လောက၏ အလင်းအဖြစ် ဖော်ပြထားခဲ့သည်။…
တိတ်ဆိတ်ညတစ်ည
စိုင်မွန်သည် နယ်သာလန်မှ အမေရိကသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ သူ့ဇနီး ကေးနှင့် သူတို့၏ကလေး သုံးဦးစလုံးတို့မှာ အမေရိကတွင် မွေးဖွားခဲ့သည်။ သည့်နောက်တွင် သမီးဂျဲနီက ပနားမားမှ ရောဘတ်တို၊ သားကြီး ဘီလ်က ပေါ်တူဂီမှ ဗနီးယား၊ သားငယ် လူးကပ်စ်ကမူ တောင်ကိုရီးယားမှ ဘိုရာနှင့် အသီးသီး အိမ်ထောင် ကျခဲ့ကြသည်။
ခရစ်စမတ်အကြိုနေ့တွင် မိသားစုများ စုရုံးပြီး ခရစ်စမတ်ပွဲ ကျင်းပရာ “တိတ်ဆိတ်ည” ဓမ္မတေးကို မိမိတို့၏ မိခင်ဘာသာဖြင့် အသီးသီး သီဆိုကြသည်။ ဘုရားသားတော် ဖွားမြင်တော်မူခြင်းကို သူတို့ဂုဏ်ပြုချီးမွမ်းသောကြောင့် ကမ္ဘာကိုအုပ်စိုးပိုင်သသော အရှင်ဘုရား အနေဖြင့် နားဝင်ချိုပြီး ကျေနပ်လိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်တွင် ကောင်းကင်တမန်တစ်ပါးက သိုးထိန်းများ အား “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏” (လု ၂း၁၀) ဟုဆိုကာ သူငယ်တော်ဖွားမြင်ကြောင်းပြောကြားကာ တိတ်ဆိတ်ည၏ ဆိတ်ငြိမ်မှုကို ရုတ်ချည်းဖြိုခွင်းလိုက်သည်။။…
ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိ၏
ရိုမေးနီးယားနိုင်ငံ၊ ဘူချာရက်(စ) မြို့၏ ကျမ်းစာကျောင်း ဝတ်ပြုဆောင်၌ ကျောင်းသား များ၏ အမည်ကို ခေါ်နေစဉ် သူ့ကို သတိမပြုဘဲ မနေနိုင်။ ခန်းမထဲ၌ သူက ပေါ်လွင်လွန်းလှသည်။ အခြားသူအားလုံးက ဝတ်စုံပြည့် ကျကျနန ဝတ်စား ထားသည်။ သူကတော့ ဂျင်းဘောင်းဘီ၊ တီရှပ်နှင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည်။ ကျောင်း စည်းကမ်းကို သူဘာ့ကြောင့် မလိုက်နာသနည်း။ ကျွန်ုပ် မသိပါ။ သို့သော်လည်း သူ့အမည်ကိုဖြင့် အသေအချာ မှတ်မိခဲ့သည်။
သင်တန်းပြီးဆုံးချိန်တွင် သူက ကျွန်တော့်ထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။ သူ့နာမည်ကို မေးသော် သူက “ဧမဲနျူယယ်”ဟု ဖြေသည်။ သူ့အဖြေကြောင့် ကျွန်တော် အံ့အားသင့် သွားပြီး သူ့နာမည်၏အဓိပ္ပာယ်ကို သိလားဟု မေးရာ၊ သူက မရှက်မရွံ့နှင့် “ဟုတ်ကဲ့၊ သိပါတယ်၊ ဘုရားသခင် ကျွန်ုပ်တို့နှင့် အတူရှိ၏ဟု…
ခရစ်စမတ်အံ့ဖွယ်ရာ
ကျမ်းစာသင်ကျောင်းတွင် ပထမ နှစ်ဝက်ပြီးဆုံးသွားချိန်တွင် ကျွန်တော်တို့ မိသားစု မှာ ခရစ်စမတ်အခါသမယ အိမ်သို့ပြန်ရန်အတွက် လေယာဉ်လက်မှတ် ရရှိခဲ့သည်။ မပြန်မီညတွင်မှ လက်ထဲတွင် ဒေါ်လာ ၂၀ပင် မရှိတော့ကြောင်း သိလိုက်ရသည်။ ကားရပ်နားခ၊ တက္ကစီခနှင့် အခြား ပေးဆောင်စရာများမှာ ဒေါ်လာ ၂၀ မက ပိုကုန်မည်မှာ သေချာသည်။ စိတ်ပူပန်လျက် ယင်း ကိစ္စအတွက် ကျွန်တော်တို့ စတင်ဆုတောင်းသည်။ ကျွန်တော့် ကလေးများမှာ ငယ်သေးသော်လည်း (၆နှစ် နှင့် ၂နှစ်) သူတို့ကိုပါ ပါဝင်ဆုတောင်း စေသည်။
ကျွန်တော်တို့ ဆုတောင်းနေစဉ်တွင် စင်္ကြံလမ်းအတိုင်း လျှောက်လာသောခြေသံကိုကြားလိုက်ရပြီး တံခါးအောက်မှ စာအိတ် လျှိုထည့်လိုက်သည့်အသံ “ရှပ်” ခနဲ ကြားရသည်။ စာအိတ်ထဲတွင် အမည်မဖော်သူထံမှ လက်ဆောင် ဒေါ်လာ ၅၀ ပါရှိသည်။
၆ နှစ် အရွယ်သမီးကြီး၏ မျက်နှာ၌ထင်ဟပ်သော အံ့သြမှုက…
အလင်းနှင့် အရိပ်
အနုပညာဆိုင်ရာ သမိုင်းပညာရှင် စေးမော စေ့ဗ် က ဒတ်ခ်ျလူမျိုး ပန်းချီဆရာကြီး ရမ်းဘရန့် (၁၆၀၆-၁၆၆၉)ကို ပန်းချီပညာနှင့် ပတ်သက်လျှင် အလင်းအမှောင်ကို ကျွမ်းကျင်သူ ဆရာကြီး၊ ဆွဲဆောင်ညှို့ယူနိုင်စွမ်းသည့် ဇာတ်လမ်း ဇာတ်ကြောင်းကို ပန်းချီပိတ်ကားထက်ဖော်ကျူး နိုင်သူအဖြစ် တင်စားသည်။ “The Adoration of the Shepherds” ဆိုသော ပန်းချီကားတွင် သိုးထိန်းနှစ်ဦးက နွားစားခွက်အနီး ဒူးထောက်နေပြီး ကျန်အခြားသူများက ခပ်လှမ်းလှမ်းမှရပ်နေကြ သည့် မှောင်ရိပ်လွှမ်းနေသော ဗက်လင်တင်းကုပ် ပုံကို ရေးဆွဲတင်ပြထားသည်။ လူတစ်ဦးမှာ မီးအိမ် ကိုင်ထားသော်လည်း အတောက်ပဆုံးအလင်းက သူ့မီးအိမ်မှ မဟုတ်ဘဲ သူငယ်တော် ခရစ်တော် ထံမှဖြစ်ပြီး၊ သူငယ်တော်အနီး စုရုံးရောက်ရှိနေသူတို့ အပေါ် အလင်းဖြာထွန်းလင်းနေသည်။
သခင်ယေရှု မဖွားမြင်မီ နှစ်ပေါင်းခုနစ်ရာခန့်တွင် ပရောဖက်ဟေရှာယက အလင်းနှင့်အမှောင်ကို ပုံဆောင်ပြီး ဣသရေလလူတို့အတွက် ကယ်တင်ရှင် ဆင်းသက် ကြွလာမည့်အကြောင်း…
ခိုလှုံခွင့် ရယူခြင်း
ဥရောပအလယ်ခေတ်က လယ်သမား များသည် ကွင်းပြင်၌ ဂရုတစိုက်ထွန်ယက်စိုက်ပျိုး ကြပြီး ရန်သူများရောက်လာပါက မိသားစုများနှင့် အတူ တိမ်းရှောင်ကာ အကာအကွယ်ရှိသော မြို့များသို့ ပြေးပြီး ခိုလှုံရသည်။
ကာကာဆွန်မြို့မှာ ခေတ်အဆက် ဆက် ခိုလှုံရာမြို့ဖြစ်ပြီး ဘီစီ ၅ ရာစုခန့်က ကျောက် များဖြင့် တည်ဆောက်ထားသော ရဲတိုက်ဖြစ်သည်။ ၎င်းသည် ရောမ၊ ဂေါလ၊ ဗီစီဂေါ့စ်၊ ဖရန့်နှင့် ပြင်သစ် လူတို့အတွက် လုံခြုံမှုပေးသောနေရာဖြစ်သည်။ အကာအကွယ်နံရံကြီးများက ကြီးမားကျယ်ဝန်း ခြင်း၊ ခိုင်ခံ့သောမျှော်စင်၊ သူရဲခိုပြအိုးများရှိခြင်း ကြောင့် အတွင်း၌ ပုန်းအောင်းနေသူများအတွက် လုံခြုံမှုရှိကြောင်း စိတ်ချရသည်။
ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ရှေ့တော်၌ လုံခြုံစွာ ခိုလှုံနိုင်သည်။ သုတ္တံကျမ်းတွင် “ထာဝရဘုရား၏ နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏” (၁၈း၁၀)ဟု ဆိုထားသည်။ “ထာဝရဘုရား၏ နာမတော်”ဆိုသည်မှာ…
သားတော်ကို ပေးအပ်ခဲ့သည်
တေးရေး ဟဲန်ဒယ်လ်၏ မေရှိယ (Handel's Messiah) ဂန္တဝင်သီချင်းမှ ပထမ အပိုဒ် - “For unto us a Child is born” ကို ကျွန်တော်ကြိုက်သည်။ အထူးသဖြင့် “Unto us a Son is given” - ငါတို့အား သားတော်ကိုပေးခဲ့ပြီး - ဆိုသည့် ထပ်ဆိုရန်အပိုဒ်ကို ကြိုက်နှစ်သက်သည်။ ထိုစာသားများက ဟေရှာ ၉း၆ မှ ကောက်နုတ်ထား ခြင်းဖြစ်သည်။ “အကြောင်းမူကား ငါတို့အဖို့ သူငယ် ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။”ဟဲန်ဒယ်လ်၏တော်ဝင်ဂီတသံစဉ်သည် ပထမဆုံး သော ခရစ်စမတ်ညက လူ့ဇာတိခံယူပြီး ကြွလာ တော်မူသည့် သားတော်အား ကြည်ညိုမြတ်နိုးမှုဖြင့် လွှမ်းခြုံပျံ့လွင့်နေသည်။
ဤသားတော်သည် မည်သူဖြစ်သည်ကို ဓမ္မသစ်ကျမ်းမှ ရှင်းလင်းစွာဖော်ပြ သည်။ လုကာ…