အမျိုးအစား  |  odb

စိတ်ဆင်းရဲရသည့်အောင်မြင်မှု

“ဘုရားမပါဘဲလုပ်ဆောင်ပါက
စိတ်ဆင်းရဲစေသောအရှုံးနှင့် ရင်ဆိုင်ရလိမ့်မည်။
(သို့) အောင်မြင်သော်လည်း စိတ်ဆင်းရဲရ
လိမ့်မည်” ဟု ဝတ္ထု၊ ကဗျာဆရာနှင့် ခရစ်ယာန်
အမှုတော်ဆောင် ‘ဂျော့ မက်ဒေါနယ်‘ (၁၈၂၄ -
၁၉၀၅) က ရေးသားခဲ့သည်။ တမူထူးသော
ဤဖော်ပြချက်ကို ခေတ်သစ်ဟောပြောသွန်သင်
သူများနှင့် စာရေးဆရာများက မကြာခဏ
ကိုးကား ဖော်ပြကြပြီး မက်ဒေါနယ်၏
Unspoken Sermons အမည်ရှိစာအုပ်တွင် ရေးသားထားခြင်းဖြစ်သည်။
ခရစ်ယာန်တစ်ဦး မိမိကိုယ်ကို ငြင်းပယ်ရန် ခက်ခဲသည့်အကြောင်းနှင့်စပ်လျဉ်း၍ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်း ထမ်း၍ ငါ့နောက် သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်တင်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်” (လု ၉း၂၃-၂၄) ဟူသည့် သခင်ယေရှု၏သွန်သင်ချက်ကို မည်ကဲ့သို့ လက်တွေ့လိုက်လျှောက်ရမည်ကို…

အတူတကွ ပေါင်းစည်းကြပါစို့

ကမ္ဘာ့ဒေသတော်တော်များများတွင် နှင်း၏အံ့ဖွယ်သဘာဝကို ထဲထဲဝင်ဝင်သိကြ သည်။ နှင်းပွင့်များသည် လှပသော၊ အတုမရှိ လက်ရာမြောက်သည့်ရေခဲ ပုံဆောင်ခဲလေးများ ဖြစ်သည်။ ၎င်းတို့သည် ကျိုးပဲ့လွယ်ပြီးလျှင်မြန်စွာ အရည်ပျော်သွားတတ်သည်။ သို့သော် ၄င်းတို့ စုစည်းလိုက်ပါက ကြီးကြီးမားမားအင်အားတစ်ခု ကို သူတို့ ဖန်တီးနိုင်သည်။ နှင်းများဖုံးလွှမ်း ထားသော လှပသည့် သစ်ပင်ရှုခင်းဓာတ်ပုံများက ပြက္ခဒိန်များတွင် နေရာယူသည့် တစ်ချိန်တည်းမှာ နှင်းထုက မြို့ကြီးများကို အုံ့ဆိုင်းအမှောင်ကျ သွားစေနိုင်သည်။ တောင်ပေါ်တွင် ပျော်ရွှင်စွာ စကိတ်စီးနိုင်သည်။ နှင်းလူများပြုလုပ်နိုင်သည်။ နှင်းခဲပစ်တမ်း ကစားနိုင်သည်။ ၄င်းသည် နှင်းပွင့်များ အတူတကွ စုစည်းနေခြင်းကြောင့် ဖြစ်သည်။
ခရစ်တော်နောက်လိုက် ကျွန်ုပ်တို့သည်လည်း ထိုနည်းတူဖြစ်သည်။ ကျွန်ုပ်တို့ တစ်ဦးစီသည် ခရစ်တော်၏အမှုတော်မြတ်တွင် ပါဝင်ရန်အတွက် အခြား သူများနှင့်မတူသည့် ဆုကျေးဇူးအစွမ်းများ ရရှိထားသည်။ ကျွန်ုပ်တို့အား သီးခြားနေရန် ကိုယ်တော် မရည်ရွယ်ဘဲ ဘုရားသခင်အတွက်ကြီးမားသော အင်အားတစ်ရပ်ဖြစ်ရန်၊ ကိုယ်တော်၏…

အဆိုးဝါးဆုံးနေ့ရက်များ

၂၀၁၁ ခုနှစ်က မစ်ဇိုရီပြည်နယ်၊ ဂျော့ပ်လင်း မြို့၌ လေဆင်နှာမောင်းကျစဉ် အမျိုးသမီးတစ်ဦးသည် ရေချိုးကန်တစ်ခု၌
ပုန်းခိုပြီး သူ့ခင်ပွန်းက သူ့ခန္ဓာကိုယ်ဖြင့် သူမကို ကာကွယ်ကာ လွှင့်လာသောအပျက်အစီးများ၏ ဒဏ်ကိုခံလိုက်၍ ခင်ပွန်းမှာသေဆုံးခဲ့ပြီး သူ၏ သူရဲကောင်းဆန်မှုကြောင့် သူမအသက်ရှင်ခဲ့ရ သည်။ “ဘာကြောင့်” ထိုသို့ ဖြစ်ရသနည်းဟု သူမအဖြေရှာမရခဲ့ပါ။ တစ်နှစ်ကြာမှ အဆိုးဝါးဆုံး နေ့ရက်များမှာပင် အချစ်ခံခဲ့ရကြောင်း သဘော ပေါက်ကာ သူမ သက်သာရာရခဲ့သည်။
“အဆိုးဝါးဆုံးနေ့ရက်များ” အကြောင်း ကို စဉ်းစားရင်း ယောဘအကြောင်းကို တွေးမိ
သည်။ ဘုရားကိုချစ်သူတစ်ဦးသည် သူ၏ သားသမီး(၁၀)ယောက်၊ အစေခံများ နှင့်ပိုင်ဆိုင်သော တိရစ္ဆာန်များကို တစ်နေ့တည်းတွင် ဆုံးရှုံးခဲ့ရသည် (ယောဘ ၁း၁၃-၁၉)။ ယောဘ အလွန်အမင်းညည်းတွားခဲ့ပြီး “ဘာကြောင့်လဲ” ဆိုသည့်မေးခွန်းကို သူလည်းမေးခဲ့သည်။ “ကျွန်ုပ်အပြစ်ကျူးလွန်ခဲ့သလား” ၊ “ကျွန်ုပ်ဘာပြစ်မှားမိလို့လဲ” ၊ “ဘာကြောင့် ကျွန်တော်မှရွေးပြီး…

ကျေးလက်ဆရာဝန်

စင်ကလဲယား လူးဝစ် ရေးသော
Main Street အမည်ရှိ ဝတ္ထုက ကျေးလက်မှ
ဆရာဝန်တစ်ဦးနှင့် လက်ထပ်လိုက်သည့် မြို့ကြီး
သူ 'ကယ်ရယ်' အကြောင်းဖြစ်သည်။ မြို့သစ်
ငယ်ငယ်လေးတွင် အခြားသူများထက် သူက
သာသည်၊ အဆင့်မြင့်သည်ဟု သူခံစားယူဆ
သည်။ သို့သော် သူ့ခင်ပွန်း၏ ဆေးဝါးကုသပုံက သူမ၏ အပြုအမူ၊ အပြောအဆိုကို ပြောင်းလဲရန် စိန်ခေါ်ခဲ့သည်။ တစ်နေ့တွင် လယ်သမားတစ်ဦး
မှာ လက်တွင်ဒဏ်ရာ အပြင်းအထန်ရပြီး ၄င်းကို
ဖြတ်တောက်ပစ်ရတော့မည်။ ဒဏ်ရာရ လယ် သမား နှင့် ဗျာများနေသည့် ဇနီးတို့အား သူ့ခင်ပွန်း
ဆရာဝန်က နှစ်သိမ့်စကားပြောနေပုံကိုကြည့်ပြီး
'ကယ်ရယ်' လေးစားအထင်ကြီးသွားသည်။ ခင်ပွန်း သည်၏ နွေးထွေးသော အစေခံစိတ်ထားက 'ကယ်ရယ်' ၏ မာန်တက်ထောင်လွှားသော စိတ်သဘောကို စိန်ခေါ်ခဲ့ခြင်းပါ။
သခင်ယေရှု၏နောက်လိုက်များဖြစ်သည့် ကျွန်ုပ်တို့လည်း မိမိတို့၏ပေါင်းသင်း…

လေယာဉ်အတု

လေယာဉ်မှူးများကို လေ့ကျင့်သင်ကြား စဉ်ကာလ၌ လေယာဉ်အတုဖြင့် နာရီပေါင်း များစွာ လေ့ကျင့်ကြရသည်။ လေယာဉ်ပျံသန်း ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အန္တရာယ်များကို သင်တန်းသားများ အနေဖြင့် ထိုလေယာဉ်တုများအားဖြင့် ဘေးအန္တရာယ် မဖြစ် ဘဲ သိခွင့်ရသည်။ လေယာဉ်မှူးများသည် မြေပြင်
မှ ပျံတက်စရာမလိုပါ။ ဖန်တီးထားသော လေယာဉ်အတုကို မောင်းနှင်နေစဉ် ပျက်ကျ သွားပါကလည်း အေးဆေးလမ်းလျှောက် ထွက်သွားနိုင်သည်။
ကြိုးစားသည့် လေယာဉ်မှူးအတွက် လေယာဉ်အစစ်တစ်စီးကိုထိန်းချုပ် မောင်းနှင်နိုင်အောင် လေယာဉ်တုက အထောက် အကူပေးသည်။ အလွန်ထိရောက်သည့် သင်ထောက်ကူပစ္စည်းဖြစ်သော်လည်း ၎င်း၏ အားနည်းချက်မှာ လေယာဉ်မှူးတစ်ဦး အမှန်တကယ် ကြုံရသည့် လေဖိအားမျိုးကို လေယာဉ်တုက ထပ်တူ မဖန်တီးပေးနိုင်ပါ။
လက်တွေ့အသက်တာသည်လည်း ထိုကဲ့သို့ပင် မဟုတ်ပါလား။ ၄င်းကို အတုဖန်တီး၍ မရပါ။ ကျွန်ုပ်တို့တွေ့ကြုံရသည့် ဘဝအတက်အကျများကို လေ့ကျင့်ရန် အတွက် လုံခြုံသော၊ မစွန့်စားရသော…

ရေပြဿနာ

ဗိမာန်တော်အသစ် ဆောက်လုပ်ရေး လုပ်ငန်းကိုကြည့်ပြီး အသင်းတော်မိသားစုများ စိတ်လှုပ်ရှားကြသည်။ တနင်္ဂနွေနေ့ ဘုရားရှိခိုး လာတိုင်း တူးထားသည့်မြေတွင်းကြီးကို စိတ်ဝင် စားစွာငုံ့ကြည့် ကြသည်။ သို့သော် လုပ်ငန်း တိုးတက်မှု နှေးကွေးလှသည်။
အရင်းစစ်တော့ ရေပြဿနာပါ။
ရေက တစ်နေရာတွင် အလွန်များနေပြီး အခြား တစ်နေရာတွင် မလောက်မငှဖြစ်နေသည်။ မြေအောက်မြောင်း၌ ပြဿနာရှိသဖြင့် စစ်ဆေး သူများ စိတ်မကျေနပ်မချင်း ဆောက်လုပ်ရေး
လုပ်ငန်းခွင်မှ အဝေးသို့ ရေမစီးသွားမချင်း
လုပ်ငန်းမဆက်နိုင်။ တစ်ချိန်တည်းမှာပင် မြို့ အာဏာပိုင်များက ရေပေးဝေရေး စနစ်အရ အဆောက်အဦအတွက် ရေပမာဏ မလုံလောက် သဖြင့် ရေပိုက်လိုင်းအသစ် ထပ်သွယ်ရမည်ဟုပြောသည်။ စည်းကမ်းစနစ်များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းနှောင့်နှေးသွားမည်ကို မည်သူမျှမလိုလားသော်လည်း ပြော သည့်အတိုင်း မလုပ်ဆောင်ပါက နောင်တွင် ကျွန်ုပ်တို့ပြဿနာကြီးရင်ဆိုင်ရလိမ့်မည်။
တစ်ခါတစ်ရံ အစိုးရအာဏာပိုင်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့မကျေမနပ် မြည်တွန်ကြသည်။ သို့သော် အာဏာပိုင်များကိုရိုသေလေးစားခြင်းက ဘုရားသခင်ကို…

ဘာနှင့်မျှဆွဲထားခြင်းမရှိ

အမျိုးသားပထဝီဝင် လေ့လာရေးအဖွဲ့မှ ထုတ်ဝေသော ကမ္ဘာမြေပုံ၌ “ကမ္ဘာကြီး၏ အလေး
ချိန်မှာ တန်ချိန် ၆.၆ စက်တေးလျံ” ရှိကြောင်း
တွေ့ရသည်။ မည်သည့်အရာက ဤအလေးချိန်ကို
ထောက်မထားပါသနည်း။ ဘယ်အရာကမှ ထောက်မ မထားပါ။ ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာကြီးမှာ အာကာသထဲတွင် ၄င်း၏ပတ်လမ်း
အတိုင်း နေကိုပတ်ရန် အရှိန်ဖြင့်ရွေ့လျားလျက်ရှိပြီး တစ်နာရီလျှင် မိုင် (၁၀၀၀) နှုန်းဖြင့် ၄င်း၏ ဝင်ရိုးပေါ်တွင် လည်နေပါသည်။ သို့သော် ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ငွေကြေး ပြဿနာ စသည့် နေ့စဉ်ပူပင်စရာကိစ္စများကြားတွင် ဤအချက်ကို သတိမထားပါ။
ဓမ္မဟောင်းကျမ်းမှဇာတ်ကောင် ယောဘကြီးသည် ကျန်းမာရေး၊ စည်းစိမ် နှင့် သားသမီးများ စသည့် ကြီးမားသောဆုံးရှုံးမှုများအတွက် ဖြေသိမ့်နားလည်နိုင်ရန် ကြိုးစားရင်း ဘုရားသခင်၏ ဖန်ဆင်းခြင်းအကြောင်းကို ထပ်ခါတလဲလဲ ဆင်ခြင်သည်။ “(ဘုရားသခင်သည်) မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏”။…

လောဘကြီးသောငှက်များ

နှစ်စဉ်နှစ်တိုင်း ငှက်စာခွက်ကို ကျွန်မ ထုတ်လာတိုင်း ဝတ်ရည်စုပ်ငှက်များသည် ပျားပန်းခတ်လျက် နေရာလုကြသည်။ နေရာ (၄)
နေရာရှိပြီး အစာက အတူတူပင် ဖြစ်သော်လည်း
အရင်ရှိနေသည့် ငှက်၏နေရာကို လုသည်။
တိုက်ခိုက်ကြသည်။ ငှက်များ၏ လောဘကြီးမှု ကိုကြည့်ပြီး ကျွန်မခေါင်းခါယမ်းမိသည်။
သို့သော် မိမိ၏လောဘထက် ငှက် များ၏ လောဘကိုဘာကြောင့် ပို၍ မြင်လွယ် သနည်းဟု စဉ်းစားမိသည်။ ဘုရားသခင်တည်း ဟူသောတူညီသောအရင်းအမြစ်မှ ကောင်းသော အရာများကို ရရှိခံစားပြီး ကိုယ်တော်၏ အထောက်အမက ဘယ်တော့မှ မကုန်ဆုံး ကြောင်းကို ကျွန်မသိသော်လည်း “ဘုရားသခင်
၏ စားပွဲ” တွင် အခြားသူတစ်ဦး ရှိနေသည့်
နေရာကို ကျွန်မလိုချင်ခဲ့သည်။ ဘုရားသခင်သည် ရန်သူများရှေ့မှာပင် စားပွဲကိုခင်းပေးနိုင်ပါလျက် (ဆာ ၂၃း၅) မိမိလိုချင်သောနေရာကို အခြားသူက ရယူသွားမည်ကို အဘယ်ကြောင့် စိုးရိမ်နေပါသနည်း။
သခင်ဘုရားသည်…

ကယ်တင်ရာကျောက်

တစ်နှစ်က အပန်းဖြေခရီးထွက်ခဲ့စဉ် ရေကန်ကြီးတစ်ခု၏ ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ထွက်ရင်း ကျောက်တုံးအပုံကြီး အနား ရောက်လာသော် ကျောက်တုံးကြီးများကြား ကွာဟနေသော နေရာလေးကို သတိပြုမိပြီး သေချာကြည့်လိုက်ရာ အပင်ငယ်လေး တစ်ပင်က အမြစ်တွယ်လျက် ပေါက်နေသည်ကို တွေ့ရ
သည်။ အပင်ငယ်လေးက နေရောင်ခြည်နှင့် ရေအလုံအလောက် ရရှိပုံပေါ်သည်။ အကာ
အကွယ်လည်းရှိသည်။ မိုးဘယ်လောက်ရွာရွာ၊
မုန်တိုင်းဘယ်လိုတိုက်တိုက် ယင်း၏ နူးညံ့သော
အရွက်လေးများကို ထိခိုက်မည် မဟုတ်ပေ။
အပင်ငယ်လေး၏ လုံခြုံစိတ်ချရသော
တည်နေရာလေးက “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ ကိုယ်တော်အထဲ” ဟူသည့်
ဓမ္မတေးစာသားလေးများကို အမှတ်ရစေခဲ့သည်။ လူများ၏ မာန်မာနထောင်လွှား
မောက်မာမှု၊ ရက်စက်မှု၊ ဘုရားသခင်ကို မရိုမသေပြုမှု (ဆာ ၉၄း ၄-၇) စသည့် လူတို့၏ မကောင်းကြံ၊ အကောက်ကြံမှု ခံရချိန်တွင် ဤစာသားများအတိုင်း ခိုလှုံရာနေရာကို လိုချင်ကြသည်။ တစ်စုံတစ်ဦး၏…

နာကျင်နေသော်လည်းကစားသည်

ဘေ့စ်ဘောအားကစားတွင် ဘောလုံး ဖမ်းကျွမ်းကျင်သူ 'ဂရေးကာတာ' သည် ခရစ်တော် နောက်လိုက်တစ်ဦးဖြစ်သည်။ ကစားသမား သက်တမ်း ၁၉ နှစ်တာ ကာလအတွင်း ဘုရား သခင်အပေါ် ယုံကြည်စိတ်မှ ခွန်အားနှင့်ခံနိုင်ရည် များရယူပြီး ပြိုင်ပွဲဝင်ခဲ့သည်။ အသက် ၅၇ နှစ်
အရွယ်တွင် ဦးနှောက်ကင်ဆာဖြင့် 'ကာတာ'
ကွယ်လွန်ပြီး မကြာမီမှာ ဝေါလ်စထရိဂျာနယ် ဆောင်းပါးတစ်ပုဒ်၌ စာရေးဆရာ 'အင်ဒရူး ကလာဗင်' က သူ့ဘဝ၌ 'ကာတာ'၏ လွှမ်းမိုးမှု ရှိခဲ့ကြောင်း ပြောပြခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် 'ကလာဗင်'
သည် ဘဝ၏ အဆိုးဆုံးအခြေအနေ၌ နစ်မြုပ်ခဲ့ပြီး မိမိကိုယ်ကိုသတ်သေရန်သာ တွေးနေသည်။ ထိုအချိန်တွင် 'ကာတာ'၏ အသင်း နယူးယော့ မက်ထ်စ် အနိုင်ရရှိခဲ့ပြီး၊ အရွယ်ရနေပြီဖြစ်သော ဘောလုံးဖမ်းသမားကြီး 'ကာတာ'က အားသွန်ခွန်စိုက်ပြေးကာ အဆုံးအဖြတ်ပေးမည့် အရေးကြီးလှသည့် အမှတ်ရအောင်ယူပေးခဲ့သည်။ ဒူးများနာကျင်နေသော်လည်းမည်သို့…