နာခံခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း
ခရစ်ယာန် အထက်တန်းကျောင်း ဓမ္မတေး သံစုံအဖွဲ့နှင့် ကျွန်တော်ခရီးထွက်ခဲ့စဉ်က အသင်းတော်များ၌ ဝတ်ပြုကိုးကွယ်ချီးမွမ်းခြင်း အစီအစဉ်များတွင် ကျောင်းသားလူငယ်များ၏ ဦးဆောင်လှုပ်ရှားမှုကို ကြည့်ပြီး ကျေနပ်မိသည်။ ဘုရားကျောင်းများမှထွက်ခွာပြီးနောက် ကြုံရ သောအဖြစ်အပျက်က ပို၍အားရကျေနပ်စရာ ကောင်းသည်။ တစ်နေ့တွင် ဂက်စ် ဝယ်သုံးရန် ပိုက်ဆံမရှိသော အမျိုးသမီးတစ်ဦးကို သူတို့ တွေ့ပြီး၊ ဘုရားသခင်၏စေ့ဆော်မှုကို ခံစားရကာ အဖွဲ့အတွင်း ငွေစုလိုက်သည်။ ထို့နောက် ဂက်စ်အိုးဝယ်သုံးရန် လုံလောက်သည့်ငွေကို သူတို့ပေးခဲ့သည်။ အသင်းတော်တွင်း၌ ဝတ်ပြု ကိုးကွယ်ခြင်းနှင့်၊ လက်တွေ့လောက၌ ဘုရားသခင်ကို နေ့စဉ်နာခံခြင်းဖြင့်ကိုးကွယ်ခြင်းက သူ့ကဏ္ဍနှင့်သူ ဖြစ်သည်။
ကျောင်းသားများ၏စံနမူနာများက မိမိ၏အသက်တာများကို ပြန်လည်ဆန်းစစ် စေသည်။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် အသင်းတော်တွင်းကန့်သတ် ဖြစ်နေ ပါသလား။ သို့တည်းမဟုတ် ဘုရားသခင်ကို နေ့စဉ်အသက်တာ၌နာခံပြီး အစေခံရမည့် အခွင့်အရေးများကို ရှာဖွေလျက် ကိုယ်တော်ကို ဆက်လက်ကိုးကွယ်နေပါသလား။
၁ရာ ၁၅ တွင် ရှောလုမင်းအား…
ကျွန်တော်ဘယ်ကနေ ဆင်းသက်လာတာလဲ
တစ်နေ့က အမေရိကအာဖရိက
နွယ်ဖွား ၇ နှစ်အရွယ် ကျွန်မ၏မိတ်ဆွေလေးက “အာဒံ နဲ့ ဧဝက လူဖြူတွေဆိုတော့ လူမဲတွေက
ဘယ်က ဆင်းသက်လာတာလဲ” ဟု ဆင်ခြင်စရာ မေးခွန်းတစ်ခုကို မေးလာသည်။ အာဒံနှင့် ဧဝ အသားမဲလား၊ ဖြူလား ကျွန်မတို့ မသိကြောင်း ပြောပြပြီးနောက် ဘာကြောင့် ဒီလိုအတွေးမျိုး တွေးမိတာလဲဟု မေးရာ သူက “ဘုရားကျောင်းနဲ့ စာကြည့်တိုက်မှာရှိတဲ့ ကျမ်းစာပုံပြင်စာအုပ်တွေ ထဲမှာ အမြဲတွေ့ရလို့ပါ” ဟု ပြန်ဖြေ၏။ ကျွန်မ
ရင်နင့်သွားသည်။ ထိုအရာက သူ့ကို သိမ်ငယ်စေ
ခြင်းလား။ သူ့ကို ဘုရားဖန်ဆင်းထားခြင်းမဟုတ်
ဟု အတွေးဝင်စေခြင်းလား။
လူသားအားလုံးသည် ဖန်ဆင်းရှင်
ဘုရားသခင်၌ အရင်းခံကြသည့်အတွက်အားလုံး
သည် တန်းတူပင်ဖြစ်၏။ ထိုအကြောင်းကြောင့် ရှင်ပေါလုက အာသင်လူတို့အား “ဘုရားသခင် သည် မြေတပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့်…
နှလုံးသားများကို စောင့်ရှောက်ခြင်း
ကျွန်တော်သည် နယ်အသင်းတော်
တစ်ခုတွင် သက်ကြီးကျမ်းစာသင်တန်းကို နှစ် အတန်ကြာ ပို့ချပေးခဲ့ရာ၊ သင်တန်းချိန်များတွင် မေးလာသော မေးခွန်းများကို မဖြေကြားမီ နှုတ်ကပတ်တော်ကို ဂရုစိုက်၍ ကြိုးစားဆင်ခြင်
သည်။ သို့သော် သင်တန်းသူ အမျိုးသမီးတစ်ဦး၏
ခံစားချက်နှင့် မေးလာသော မေးခွန်းတစ်ခုကို ကျွန်တော် ဆိုးဝါးသည့် အဖြေပေးခဲ့မိကြောင်း
နောက်ပိုင်း အသက် ၄၀ ၌ ကျမ်းစာကျောင်း
ပြန်တက်မှ သိရသည်။ ကျွန်တော့်၏ တုံ့ပြန် အဖြေက ၂ နှစ် ကြာသည့်တိုင် သူမကို စိတ်ဒုက္ခ
ရောက်စေခဲ့ပြီဟု သေချာသွားချိန်၌ ကျွန်တော့်
အမှားကို ပြန်ပြုပြင်ရန် စိတ်စောနေပါသည်။
ကျွန်တော်အိမ်သို့ အပြေးပြန်ပြီး သူ့ကို ဖုန်းဆက်ကာ အလျင်အမြန် တောင်းပန်စကား ဆိုလိုက်သည်။ အတန်ကြာ အသံတိတ်သွားပြီးမှ သူမက စိတ်ရှုပ်သည့်လေသံဖြင့် “ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့် လောလောဆယ် ဆရာ့ကို…
ရှေ့တန်းမှ ဦးဆောင်နေခြင်း
စာရေးဆရာ စတီဗင် အမ်းဘရို့စ် ရေးသော Band of Brothers စာအုပ်သည် အမေရိကန်ကြည်းတပ် Easy Company ၏ ဂျော်ဂျီယားနား စစ်စခန်းလေ့ကျင့်မှုဖြင့် အစချီပြီး ၁၉၄၄ ခု၊ ဇွန်လ (၆) ရက်တွင် ဖြစ်ပွားခဲ့သော နော်မန်ဒီ ကျူးကျော်မှု ဒီဒေးတိုက်ပွဲကို နောက်ခံ
ကာ ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး
သည်အထိ ရေးသားထားသည်။ ထိုအချိန်က ၎င်းတပ်ဖွဲ့ကို ရစ်ချက် 'ဝင်းတားစ်'က ဦးဆောင် သည်။ သူသည် ရှေ့တန်းမှ ဦးဆောင်သည့် အရာရှိကောင်းတစ်ဦးဖြစ်သည်။ တိုက်ပွဲဝင်ချိန် များတွင် “ငါ့နောက်ကလိုက်ခဲ့” ဟူသည့် စကားကို သူ့ထံမှ အများဆုံးကြားရသည်။ စစ်မြေပြင်တွင် အခြားအရာရှိများက လုံခြုံသော နောက်တန်းနေရာကို ယူတတ်ကြသော်လည်း 'ဝင်းတားစ်' မှာမူ တိုက်ပွဲဝင်ချိန်များတွင် တပ်ဖွဲ့ကိုရှေ့တန်းမှ ဦးဆောင်နေတတ်သည်။
သခင်ယေရှုသည် သူ၏သားသမီးများအတွက်…
ရှေ့တန်းမှ ဦးဆောင်နေခြင်း
စာရေးဆရာ စတီဗင် အမ်းဘရို့စ် ရေးသော Band of Brothers စာအုပ်သည် အမေရိကန်ကြည်းတပ် Easy Company ၏ ဂျော်ဂျီယားနား စစ်စခန်းလေ့ကျင့်မှုဖြင့် အစချီပြီး ၁၉၄၄ ခု၊ ဇွန်လ (၆) ရက်တွင် ဖြစ်ပွားခဲ့သော နော်မန်ဒီ ကျူးကျော်မှု ဒီဒေးတိုက်ပွဲကို နောက်ခံ
ကာ ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး
သည်အထိ ရေးသားထားသည်။ ထိုအချိန်က ၎င်းတပ်ဖွဲ့ကို ရစ်ချက် 'ဝင်းတားစ်'က ဦးဆောင် သည်။ သူသည် ရှေ့တန်းမှ ဦးဆောင်သည့် အရာရှိကောင်းတစ်ဦးဖြစ်သည်။ တိုက်ပွဲဝင်ချိန် များတွင် “ငါ့နောက်ကလိုက်ခဲ့” ဟူသည့် စကားကို သူ့ထံမှ အများဆုံးကြားရသည်။ စစ်မြေပြင်တွင် အခြားအရာရှိများက လုံခြုံသော နောက်တန်းနေရာကို ယူတတ်ကြသော်လည်း 'ဝင်းတားစ်' မှာမူ တိုက်ပွဲဝင်ချိန်များတွင် တပ်ဖွဲ့ကိုရှေ့တန်းမှ ဦးဆောင်နေတတ်သည်။
သခင်ယေရှုသည် သူ၏သားသမီးများအတွက်…
ပညာပေးခြင်းအပြင် ...
အမူအကျင့်ကို မည်သို့ပြောင်းလဲနိုင်
မည်နည်း။ ဒေးဗစ် ဘရွတ်စ် ရေးသားသည့် The Social Animal စာအုပ်တွင် ကျွမ်းကျင်သူအချို့၏ အဆိုအရ လူတို့အား ရေရှည်တွင်ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အကျင့်ဆိုးများ အကြောင်းကို ဂဃနဏ ပညာပေးရန်လိုကြောင်း မှတ်ချက် ပေးသည်။ “ဆေးလိပ်သောက်လျှင် ကင်ဆာဖြစ် မည်။ အိမ်ထောင်ရေးဖောက်ပြန်လျှင် မိသားစု ဘဝပျက်မည်။ မုသာသုံးလျှင် ယုံကြည်မှု ပျက်စေသည်။ လူ၏မိုက်မဲသည့် အပြုအမူကို သတိပေးလိုက်သည်နှင့် ဆက်မလုပ်တော့ရန် လှုံ့ဆော်ခံရနိုင်သည်ဟုဆို၏။ ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာ၌၊ မိမိကိုယ်ကိုချုပ်တည်းရန် လေ့ကျင့်ရာ၌၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ပိုင်စိတ်ဆန္ဒ(reason and will) နှစ်ခုစလုံးက အရေးပါကြောင်း ထင်ရှားသည်။ သို့သော် ထိုအချက် နှစ်ချက်က အလွန်ထိရောက်မှု ရှိပါသည်ဟု သက်သေမပြနိုင်သေးကြောင်း” ရေးသားထားသည်။ တစ်နည်းအားဖြင့် ပညာပေးခြင်းတစ်မျိုးတည်းက အပြုအမူပြောင်းလဲစေသည်အထိ လွှမ်းမိုးသောသြဇာ မရှိပါ။
သခင်ယေရှု၏နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့သည်…
ရှေ့ဆက်တိုး၍ လုပ်ဆောင်ရာ၌
ခရစ်ယာန်အမျိုးသားအဖွဲ့ ညီလာခံ
တစ်ခု၌ ကျွန်တော်နှင့် ယခင်ကပင် သိကျွမ်း
ပြီး၊ နှစ်ပေါင်းများစွာတိုင် ကျွန်တော့်ကို အားပေး
သွန်သင်ပဲ့ပြင်သူ မိတ်ဆွေကြီး 'ကလိုက်ဒ်' နှင့်
ပြန်တွေ့သည်။ သူနှင့်အတူ တရုတ်နိုင်ငံမှ ယုံကြည်ကာစ လူရွယ်နှစ်ဦးလည်းရှိနေပြီး ထိုသူ
တို့က 'ကလိုက်ဒ်' ၏ သစ္စာရှိရှိမိတ်ဖွဲ့မှုနှင့်
ဝိညာဉ်ရေးရာ ကူညီမစမှုများအတွက် အလွန်ပင်
ကျေးဇူးတင်ကြ၏။ အသက် (၈၀) နီးပါးရှိ
မိတ်ဆွေ 'ကလိုက်ဒ်' က “ခရစ်တော်ကိုသိကျွမ်း ရင်းနှီးရတာနဲ့ပတ်သက်ပြီး ဒီနေ့လောက် စိတ်လှုပ် ရှားရတာမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု ကျွန်တော့်ကို အားတက်သရောပြောပြသည်။
ဖိလိပ္ပိအသင်းသားတို့ထံ ရေးသော
စာတွင် ရှင်ပေါလုက ကာလအချိန်ကြာညောင်း လည်း မည်သည့်အခါမျှ လျော့ပါးသွားခြင်းမရှိသောသူ့နှလုံးသားဆန္ဒမှာ “ထိုသခင်ကို လည်းကောင်း၊ ထမြောက်တော်မူခြင်း၏တန်ခိုးကိုလည်းကောင်း သိကျွမ်းရန်၊ သခင်၏ ဆင်းရဲခံတော်မူခြင်းကို မျှဝေခံယူပြီး၊…
ပညာနှင့်ပြည့်စုံသော စကားများ
ကျွန်တော်အသက် ၆၀ ပြည့်ပြီး
နောက်ပိုင်းတွင် ဘဝတစ်လျှောက်ကျွန်တော့်ကို အကျိုးပြုတည်ဆောက် ကောင်းချီးပေးသည့် ဥာဏ်ပညာနှင့်ပြည့်စုံသော ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များအကြောင်းကို အလေးထား ဆင်ခြင်မိသည်။ ကျွန်တော်ကျမ်းစာကျောင်း တက်စဉ်က ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း ပို့ချသည့် ပါမောက္ခအားဖြင့် နှုတ်ကပတ်တော်ကို သက်ဝင်ရှင်သန်စေခဲ့သည်။ ဂရိဘာသာပြဆရာ ကလည်း ဓမ္မသစ်ကျမ်းကို အဆင့်အတန်း မြင့်မြင့်
လေ့လာနိုင်ရေး မဆုတ်မနစ်ဝန်ဆောင်ခဲ့သည်။ သင်းအုပ်တာဝန်ကို ဦးဆုံးစတင်ထမ်းဆောင်
စဉ်က အခြားသူများ၏ဝိညာဉ်ရေး ကြီးထွားလာ
ရေးကို မစရန် အရေးကြီးသာသနာ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ဝါရင့်သင်းအုပ်ဆရာတော်မှ ကြီးကြပ်လမ်းပြခဲ့သည်။ ဤဆရာတစ်ဦးချင်းစီသည် ကျွန်တော့်ကို နည်းအမျိုးမျိုးဖြင့် အားပေးခဲ့၏။
ကျွန်တော်တို့ ရင့်ကျက်လာရေးအတွက် ဝိညာဉ်ရေးရာခေါင်းဆောင်များက မစသည့်နည်းလမ်းအချို့ကို ရှောလမုန်မင်းကြီးက အမြော်အမြင်နှင့် လေ့လာထားသည်။ “ပညာရှိသောသူ၏စကားများသည် တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်၍ သိုးထိန်း လက်၌ရှိသည့် တုတ်ချွန်ကဲ့သို့အသုံးဝင်ပြီး၊ ခံယူကြားနာသူအတွက် သံမှိုနှင့် နှက်ထားသကဲ့သို့ စွဲမြဲစေ၏ (ဒေ…
အပြောနှင့်တကွ သရုပ်ပြ
စာရေးနည်းသင်တန်း (သို့) စာပေ ဆွေးနွေးပွဲများတွင် “(ဇာတ်လမ်း) ပြောပြနေ တာမျိုးမဟုတ်ဘဲ မျက်စိထဲမြင်လာအောင်၊ တင်
ပြပါ” ဆိုသည့်အချက်ကို ကြားကောင်းကြားရ
မည်။ ထို့ပြင် စာဖတ်သူများကို စကားနှင့်ပြောပြ
ခြင်းမဟုတ်ဘဲ အဖြစ်အပျက်ကို “မြင်သာအောင်
ပြ” ရန်၊ စာဖတ်ပရိသတ်ကို ဘာလုပ်ခဲ့သည်ဟု ပြောပြမနေဘဲ လုပ်ခဲ့သည့် အရာများကို သရုပ်ဖော် ရေးသားရမည်။
တစ်စုံတစ်ရာကို ပြောပြခြင်းက လုပ်ပြ
ခြင်းထက် ပိုလွယ်ခြင်းကြောင့် ပြောခြင်းကို ကျွန်ုပ်တို့ ပိုအားသန်ခြင်းဖြစ်မည်။ တစ်စုံတစ်ရာကိုလုပ်ပြရန်အချိန်ပေးရ၊ ခွန်အားစိုက်ရသည်။ စာသင်ရာတွင်လည်း ကျောင်းသားများ၏အမှားကို ထောက်ပြပြောပြခြင်းက ထိုအမှားကို မည်သို့မှန်အောင်ပြင်ရမည်ကို ပဲ့ပြင်ရခြင်းထက် ပို၍ လွယ်ကူသည်။ သို့ရာတွင် အမှားကိုမှန်အောင်ပြင်ရန်ပြသခြင်းက ပို၍ထိရောက်မှုရှိသည်။
ဂျူးလူမျိုးများသည် ပညတ်တရားပါ ဆောင်ရန်၊ ရှောင်ရန် ဥပဒေသများကို နှစ်ပေါင်းထောင်နှင့်ချီ၍ အပြောနှင့်သာ ကြားခဲ့ရသည်။ သို့သော် ယေရှုခရစ်တော် ကြွလာချိန်တွင်မှသာ…