အမျိုးအစား  |  odb

ကျွန်တော်ပျင်းနေလို့

သားများဆယ်ကျော်သက်အရွယ်က အသင်းတော်လူငယ် မိတ်သဟာယအစီအစဉ် ပြီးတိုင်း “ညတုန်းက လူငယ်အစီအစဉ် ဘယ်လို
လဲ” ဟု ကျွန်တော်မေးကြည့်ရာ၊ သားများက
“ပျင်းစရာကြီးပါ” ဟု ပြန်ဖြေကြ၏။ ဤအဖြေမျိုး
ကို ရက်သတ္တပတ်အတန်ကြာ ကြားရပြီးနောက် ကျွန်တော် ကိုယ်တိုင်သွားစုံစမ်းကြည့်ရန် ဆုံး
ဖြတ်လိုက်သည်။ သူတို့တွေ့ဆုံကြသည့် အားက
စားရုံထဲသို့ အသာလေးဝင်သွားပြီး စောင့်ကြည့် သည်။ သူတို့ပါဝင်ရင်း ရယ်မောရင်း နားထောင်
ရင်း အလွန်ပျော်ရွှင်ကြသည်။ ထိုည အိမ်အပြန် လမ်းတွင် သားများကို မေးရာ “ပျင်းစရာကြီး” ဟု ထပ်ပြောလာပြန်၏။ “အဖေအဲဒီမှာ ရှိနေ ခဲ့တယ်။ မင်းတို့ကို စောင့်ကြည့်နေတာ၊ မင်းတို့တကယ်ပျော်နေတာ” ဟုပြောရာ သူတို့က “ခါတိုင်းလောက် အခြေအနေ မဆိုးလို့နေမှာပါ” ဟု တုံ့ပြန်ပါသည်။
ရွယ်တူချင်း၏ ဖိအားပေးလွှမ်းမိုးမှု၊ အခြေအနေကောင်းသည့်ပုံ မပေါ်မှာ
ကို စိုးရွံ့မှု…