မျှော်လင့်ခြင်း ကျောက်ဆူး
ဖရန့်၊ တက်ဒ် နဲ့ ကျွန်ုပ်တို့သုံးဦးသည် ကနေဒါနိုင်ငံ၊ အွန်တာရီယိုမြို့ရှိ 'ရိုက်စ်' ရေကန်
၌ သမ္ဗာန်ပေါ်မှ ငါးမျှားနေကြစဉ်၊ ငါးများက အစာကို တရစပ်လာတွတ်သည်။ ငါးစာတပ်ရင်း
ကျွန်ုပ်တို့အလုပ်ရှုပ်နေ၍ အတော်ကြာမှ ငါးများ
အစာလာတွတ်မှု နည်းသွားကြောင်း သတိပြု
မိသည်။ ထိုအချိန်တွင်မှ လှေသည် ကျွန်ုပ်တို့ မူလရပ်ထားသည့် နေရာတွင် မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ လေပြင်းကြောင့် လှေမှာ ရေစီးကြောင်းတစ်လျှောက် မျောပါခဲ့ခြင်း ဖြစ်သည်။ ကျောက်ဆူးလည်း လှေကို မြဲအောင်
မထိန်းထားနိုင်ပဲ ရေအောက်တွင် တရွတ်တိုက်ပါ
သွားသည်။ ထို့ကြောင့် ကျောက်ဆူးကို ဆွဲတင်
ကာ၊ အရင်နေရာသို့ ပြန်ရွှေ့ပြီးမှ ကျောက်ပြန်ချခဲ့သည်။ သို့သော်လည်း ထပ်ရွှေ့ပါသွား ပြန်သည်။ တတိယအကြိမ်မြောက်ကြိုးစားပြီးနောက် ကျွန်တော်တို့ ကမ်းပြန်ကပ်ခဲ့သည်။ ကျောက်ဆူးက မမြဲတော့သောကြောင့်ပါ။
ကယ်တင်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် ဘုရား၏ ကတိတော်နှင့်…
စိတ်ပျက်စရာမှ ဝမ်းမြောက်စရာ
ကျွန်တော်ကျမ်းစာကျောင်းတက်စဉ်
က ကျောင်း၏နယ်လှည့်တေးဂီတအဖွဲ့ ဖွဲ့ရန် စမ်းသပ်ပြင်ဆင်ခဲ့သည်။ ထိုအဖွဲ့၌ ပါဝင်နိုင်မည် ဟု အတွေးနှင့်ပင် ကျွန်တော်အလွန် စိတ်လှုပ်ရှား ခဲ့ရသည်။ သို့သော် ထိုအဖွဲ့ဖြစ်မလာသောအခါ ကျွန်တော် အလွန်ခံစားခဲ့ရပြီး၊ စိတ်ပျက်
အားလျော့လျက် ဘုရား၏ အကြံအစည်သည် ကျွန်တော့် အကြံထက်သာ၍ ကောင်းပါကြောင်း သာ မှတ်လိုက်သည်။
လအတန်ကြာပြီးနောက် အခြားအဖွဲ့ တစ်ဖွဲ့၌ ကျမ်းစာသင်ပေးသူဆရာအဖြစ် ပါဝင်ခွင့်
ရခဲ့သည်။ အဖြေရလဒ်က ကျွန်တော် မျှော်လင့်
ထားသည်ထက် ပိုများနေသည်။ ကျွန်တော့်ဇနီးဖြစ်လာမည့် မိန်းမပျိုနှင့်အတူ ခရစ်တော်ကို အစေခံခွင့်ရခဲ့သည်သာမက (၃)နှစ်တာ တရားဟောခွင့်ရရှိခြင်းသည် ကျမ်းစာသင်ကြားပို့ချသည့် အမှုတော်လုပ်ငန်းအတွက် တန်ဖိုးမဖြတ်နိုင်သော ပြင်ဆင်ပေးခြင်းပေတည်း။
အဖဘုရားသည် အကောင်းဆုံးကိုသိတော်မူကြောင်း ဤအမှန်တရားကို လက်ခံရန် ကျွန်ုပ်တို့ အကြိမ်များစွာကြိုးစားရသည်။ မိမိရွေးချယ်ထားသည့် လမ်းက မှန်သည်ဟု ကျွန်ုပ်တို့ထင်တတ်သည်။ သို့သော် ကိုယ်တော့်ထံ ခိုလှုံမည်ဆိုလျှင် ကိုယ်တော်၏…
အထင်အမြင်သေးခြင်း
မျက်လုံးခွဲပြီးနောက် သူနာပြုဆရာမ
က “နောက် (၂) ပတ်အထိ အောက်ကိုမကြည့်
ပါနဲ့။ ထမင်းလည်းမချက်ရဘူး။ သန့်ရှင်းရေး
လည်း မလုပ်ရဘူးနော်” ဟု ပြောသည်။ ညွှန်ကြား
ချက် (၃) ခု အနက် ပထမအချက်ထက် ကျန် (၂)
ချက်ကို နာခံရန် ပိုလွယ်သည်။ အောက်သို့
ကြည့်လျှင် မလိုအပ်သောဖိအားများ မျက်လုံးများ
ပေါ်သို့ သက်ရောက်မည်ဖြစ်၍ ခွဲစိတ်အနာ ကျက်ရန် ခက်လိမ့်မည်။
အောက်သို့ ကြည့်နည်း နောက်တစ်မျိုး
ရှိပြီး ၎င်းသည် ကျွန်မတို့အတွက် ပြဿနာပါ။ ဆရာကြီး စီအက်စ်လူးဝစ် က “ကျွန်ုပ်တို့သည် ပြော
မပြနိုင်လောက်အောင် မိမိကိုယ်ကို အထင်ကြီးမှု၊
မာန်မာနများနှင့် ဘုရားသခင်၏ရှေ့တော်မှောက်
သို့ တိုးဝင်တတ်သည်။ ...မာန်မာနကြီးနေသရွေ့ ဘုရားသခင်အကြောင်း သိလာမည်
မဟုတ်ပါ။ မာန်မာနထောင်လွှားသူတစ်ဦးသည် အခြားသူများနှင့်အခြားအရာများကို အထင်သေး…
မင်္ဂလာရှိသော မျှော်လင့်ခြင်း
ကမ္ဘာကြီးပျက်တော့မည် ဆိုသော ခန့်မှန်းချက်များ ဟိုးလေးတကြော်ပေါ်လာပြီး
ပျောက်သွားပြန်သည်။ ဤခန့်မှန်းချက်များ ကြောင့် နေမထိထိုင်မသာဖြစ်ရပြီး စိုးကြောက် မိသည်။ ကျမ်းစာ၌လည်း ခရစ်တော်ပြန်လာ မည့်အချိန်ကို သခင်ဘုရား၏နေ့ဟု ဖော်ပြသည်။ မြေကြီးလက်ခပ်မလွဲ သခင်ပြန်လာမည်။သို့သော် ထိုအချိန်ကို ဘုရားသာသိသည်။
ထိုနေ့သည် ခရစ်တော်နောက်လိုက် ယုံကြည်သူများ မျှော်လင့်နေရမည့်နေ့ ဖြစ်သည်။
ထိုအချိန်ကို ယုံကြည်သူများ ဝမ်းမြောက်ခြင်း
အပြည့်နှင့် မည်သို့ မျှော်လင့်ရမည်ကို တမန်တော်
ရှင်ပေါလုက (၂ပေ ၃း၁၀-၁၈) တွင် ဖော်ပြထား သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ဂုဏ်ပြု၊ ဘုန်းထင်ရှားစေသော အသက်တာဖြင့် အသက်ရှင်ရမည် (း၁၁)။ အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊
ရှေ့တော်သို့ ငြိမ်ဝပ်စွာရောက်ရန်အလို့ငှာ ကြိုးစားအားထုတ်ရန်လည်း လိုအပ်သည် (း၁၄)။ ထို့အပြင် မတရားသောသူတို့က ပရိယာယ်ဖြင့် သွေးဆောင်ရာသို့ မလိုက်မိရန် ကိုယ်ကိုကိုယ် စောင့်ရှောက်ရပါမည် (း၁၇)။
ထိုအရာများကို…
“ကျ..ကျွန်ုပ်.. တောင်းပန်ပါတယ်"
နာမည်ကြီးသူများ၏ အမှားနှင့်  ၎င်းတို့ပြန် တောင်းပန်ခြင်းသတင်း အသေးစိတ်က အလွန် ပျံ့လွယ်သည်။ အားကစားသမားတစ်ဦးက မူးပြီး ကားမောင်းသဖြင့် အဖမ်းခံရသည့် သတင်း၊
နိုင်ငံရေးသမားတစ်ဦး၏ အဆင်အခြင်မဲ့သော အပြုအမူကြောင့် အဖမ်းခံရခြင်းသတင်း စသည်
ဖြင့် ၎င်းတို့၏ “ကျ... ကျွန်တော် .......
မှားသွားပါတယ်” ဟူသည့် စကားသံကို ကြားရစဉ်
သူတို့ တကယ်ဘဲ နောင်တရတာလား၊ ဒါမှမဟုတ် အဖမ်းခံရလို့ တောင်းပန်နေတာလား
ဟု တွေးမိကြသည်။ ဘုရားသခင်တစ်ပါးတည်း
သာလျှင် သူတို့၏ စိတ်နှလုံးအမှန်ကို သိသည်။
ဒါဝိဒ်မင်းကြီး ဗာသရှေဘနှင့် မှားယွင်း
ပြီး နောင်တရကာ ရေးစပ်ထားသည့် ဆာလံ
၅၁ တွင် စစ်မှန်သည့်နောင်တရခြင်းကိုသိနိုင်ပါသည်။ သူ့အပြစ်များကို ထုတ်ဖော်
ပြောဆိုသည့် ဆာလံ ၅၁ တွင် ထင်ရှားနေသည့်အပြစ်ကို ဝှက်ထားပြီး ရှက်ဖွယ်
မှတ်တမ်းတင်ခံရကာ…
ကရုဏာမေတ္တာစွမ်းအား
စာရေးဆရာနှင့် ခရစ်ယာန်ဘာသာ
ဖက်မှ ရပ်တည်သူ 'ဖရန့်စစ် ရှဲဖာ' သည် ဦးနှောက် မမှန်၍ စာဖတ်ခက်ရောဂါကြောင့် သတ်ပုံ မှန်အောင် မပေါင်းနိုင်။ တက္ကသိုလ်တက်စဉ်က စာတမ်းတင်ရသော ဘာသာရပ်များ၌ သတ်ပုံများ မှားသဖြင့် အဆင့်ကျလေ့ရှိသည်။ ပထမစာသင်
နှစ်တွင် ပါမောက္ခမှ ရှဲဖာအား “ကျုပ်ဖတ်ဘူးသမျှ ဒဿနိကဗေဒ စာတမ်းတွေထဲမှာ ဒီစာတမ်းက
အကောင်းဆုံးပေမယ့် သတ်ပုံကတော့ အဆိုးဆုံး
ပဲ။ ငါမင်းကိုဘယ်လို လုပ်ရမလဲ။ မင်းကို အအောင်
မပေးနိုင်ဘူး” ဟု ပြောရာ၊ ဖရန့်စစ်က“ဆရာ...
ကျွန်တော်က ဘယ်တော့မှ သတ်ပုံမှန်အောင်
ရေးနိုင်မှာ မဟုတ်တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော် ဘာဆိုလိုတာလဲဆိုတာကိုပဲ ဖတ်ပေး
ပါ။ သတ်ပုံကိုတော့ မကြည့်ပါနဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပါမောက္ခကြီးမှာ အတော်အတန်ကြာ စဉ်းစားပြီးနောက် “အင်း...မစ္စတာ ရှဲဖာ၊ ဒီလိုပဲလုပ်ရမယ်ထင်တယ်” ဟု…
သက်ဆိုင်ပတ်သက်မှု
ကျွန်ုပ်ဖခင်တွင် သူ၏ဇာတိချက်မြုပ်
နှင့် ပတ်သက်သော အမှတ်တရများစွာရှိသည်။ နှစ်စဉ် နွေရာသီရောက်တိုင်း မိသားစုကို သူ့ ဇာတိမြို့သို့ ခေါ်သွားလေ့ရှိရာ ကလေးတစ်ဦး အနေဖြင့် အလွန် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့မည်ကို
သင် မှန်းဆနိုင်ပါသည်။ စိန့်ဂျိုးဇက်မြစ်၌ အတူတူ ငါးဖမ်းခဲ့ပြီး၊ သူ့ဘဝအကြောင်းများ ပြန်လည် သက်ဝင်လာစေသည့် စိုက်ပျိုးမွေးမြူရေးခြံသို့ အလည်အပတ် သွားခဲ့သည်။ ထိုနေရာသည် ကျွန်ုပ်၏ဇာတိ မဟုတ်သော်လည်း ကျွန်တော်၏
သားသမီး၊ မြေးများနှင့် ထိုမြို့သို့ လက်ရှိအချိန်၌
သွားတိုင်း ထိုမြို့နှင့်သက်ဆိုင်ပတ်သက်မှု တစ်စုံတစ်ရပ် အတိတ်ကို တသသ သတိရမိ သည်။
ယေရှုသည် ကျွန်ုပ်တို့နှင့်အတူရှိရန် သူစွန့်ခွာခဲ့သည့် ကောင်းကင်အိမ်
အကြောင်းကို တပည့်တော်များအား ပြောကြားခဲ့သည်။ တပည့်တော်များအား “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။….သင်တို့နေစရာအရပ်ကိုပြင်ဆင် ခြင်းငှာ ငါသွားရ၏။ …ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်း မည်” ဟုပြောစဉ် ယေရှုရှင်အလွန်ဝမ်းမြောက်ခဲ့လိမ့်မည်…
မှန်ပြူတင်းမှပုံရိပ်များ
အလက်စက္ကားသို့ အပန်းဖြေခရီး
သွားစဉ် ကားထဲမှနေ၍ ရေမစို၊ နွေးနွေး
ထွေးထွေးနှင့် ကားပြူတင်းမှန်မှတဆင့် သဘာဝ
ရှုခင်းအလှများကိုမြင်ရ၍ မှန်များအတွက် ကျေးဇူး
တင်မိသည်။ သို့သော် မိုးရွာသောအခါ မိုးစက် မိုးပေါက်များကြောင့် မြင်ကွင်းများ မှေးမှိန်မှုန်ဝါး
ပြီး၊ အပူချိန်ပြောင်းသောအခါ ငွေ့ရည်ဖွဲ့ခြင်း
ကြောင့် မှန်အတွင်းဖက်၌ ရေငွေ့ရိုက်သည်။ မှန်များ၌လည်း ပြဿနာ ရှိသည်ပင်။
မှန်အားဖြင့် အောက်ပါသင်ခန်းစာကို နားလည်ခဲ့ရသည်။ မိမိအတွက် ဘုရားရည်ရွယ်
ထားသည့်ဘဝအတိုင်း နာခံ လိုက်လျှောက်ရန် မဖြစ်နိုင်ဟု ကျွန်ုပ်တို့ ခံစားရတတ်ပေရာ၊
အဖဘုရား ကျွန်ုပ်တို့အားရရှိခံစားစေလိုသော ဘဝ၏အလှများကို အပြစ်က မှေးမှိန်
စေကြောင်း၊ တစ်ခါတစ်ရံ အပြစ်သည် ကျွန်ုပ်တို့အတွင်း၌ရှိပြီး တစ်ကိုယ်ကောင်း ဆန်မှုမြူမှုန်များက မိမိကိုယ်ကို ပို၍အရေးပါသူအဖြစ် ထင်မြင်စေသည်။ အခြားသူများ၏
လိုအပ်မှုများကိုမူ မေ့လျော့စေသည်။ တစ်ခါတစ်ရံ အပြစ်သည် အပြင်၌ရှိပြီး
တစ်ပါးသူများ၏…
ကလေးဘဝ အစပြုခြင်း
လွန်ခဲ့သော နွေရာသီက ကျွန်မတို့ အသင်းတော်၌ 'ကာလက်' အမည်ရှိ လူသစ် တစ်ဦးကို ခန့်ခဲ့သည်။ ‘ကာလက်’ သည် ကိုစတာရီကာ၌ အမှုတော်ဆောင်နေသည့် မိသားစုမှ သားတစ်ဦးဖြစ်ပြီး သူမည်သို့ ကြီးပြင်း
လာသည်ကို (၂တိ ၃း၁၄-၁၇) အား အခြေပြု၍ ပြန်လည်ဝေငှခဲ့သည်။ ကလေးဘဝက သမ္မာ ကျမ်းစာကို သိရှိခဲ့ရ၍ ပျော်ရွှင်ရမှုကို ခံစားလျက်
ပြောပြသည်။ မိဘများက ကျမ်းစာမှ သမ္မာတရားကို သင်ကြားပေးပြီး ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ
ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သော
အရွယ်မှစ၍ လေ့ကျက်စေခဲ့သည် (း၁၅)။ သင်းအုပ်ဆရာဖြစ်လာရန် ပြင်ဆင်မှုသည် ငယ်စဉ်ကလေးဘဝမှ စတင်ခဲ့ကြောင်း သူဝန်ခံခဲ့သည်။
ကျွန်မတို့အသင်းသားများနှင့် ကိုစတာရီကိုမှ 'ကာလက်'၏ မိသားစုတို့ ဗွီဒီယို
ကွန်ဖရက်စင်းမှတဆင့် စကားပြောခွင့်ရစဉ် ‘ကာလက်’၏ ဖခင်က (မာကု ၁၀း ၄၅)…
ထူးမခြားနားလား
ဒေသခံစာအုပ်ဆိုင်တစ်ဆိုင်၌ စာအုပ်
များကို ပြန်လည်နေရာချသောအခါ မှော်စုန်း
ကဝေ အောက်လမ်းပညာအတတ်နှင့် ဆိုင်သော
စာအုပ်များ သိသိသာသာတိုးလာသည်ကို ကျွန်မ
သတိပြုမိသည်။ ဘာသာရေး စာအုပ်နှင့် လောကီ
ပညာနှင့်ဆိုင်သော လျှို့ဝှက်ဆန်းကြယ် စာအုပ်
များမှာ စင်နှစ်စင်အပြိုင်ဖြစ်လျက် ထူးမခြားနား
ဖြစ်နေသည်။
တစ်ခါတစ်ရံ ကျွန်မတို့လည်း စာအုပ်ဆိုင်ရှိ စာအုပ်များနည်းတူ ဘုရားနှင့်စာတန်ကို တစ်တန်း တစ်စားတည်း ထင်မြင်ကြသည်။ ၄င်းတို့နှစ်ဦး သည် ဆန့်ကျင်ဖက်ဖြစ်သော်လည်း အကန့်
အသတ်မရှိ၊ တန်ခိုးစွမ်းအားရှိတာချင်း အတူတူဟု ကျွန်မတို့ ထင်တတ်ကြသည်။ သို့သော်
ဘုရားသခင်သည် ဘုရားဖြစ်တော်မူ၏။ စာတန်မှာ ဘုရားမဟုတ်ပါ။ ကျွန်ုပ်တို့ ကိုးကွယ်
သော ဘုရားသည် မှောင်မိုက်တန်ခိုးစွမ်းအားများထက် ပို၍ကြီးမားသည်။ ထာဝရ
ဘုရားသည် အလိုတော်ရှိသမျှကိုပြုတော်မူသော်လည်း (ဆာ၁၃၅း၆)၊ စာတန်၏
တန်ခိုးမှာ ထာဝရဘုရားအခွင့်ပေးသောအရာကို အတိုင်းအတာတစ်ခု အထိသာ
လုပ်နိုင်သော…