အမျိုးအစား  |  odb

၈၀ % သော

ကမ္ဘာပေါ်ရှိ ၈၀% သော သက်ရှိ
များကို ပင်လယ်ရေအောက်၌ တွေ့ရှိရကြောင်း ကြေငြာချက်ကို မကြာမီက တွေ့ခဲ့ရသည်။ ထိုအရေအတွက်က မယုံနိုင်လောက်အောင် များပြားပြီး၊ အထူးသဖြင့် ၎င်းတို့ကို မျက်စိဖြင့် မမြင်ရ၍ ရှာဖွေဖော်ထုတ်ရန် ခက်လှသည်။
ထိုအကြောင်းကို စဉ်းစားသော် ဘုရား၏ ဖန်ဆင်းခြင်းလက်ရာများသည် ကျွန်ုပ်တို့
သာမန် ခံစားချီးမွမ်းခြင်းထက် အဘယ်မျှပို၍ ကြီးမြတ်သည်ကို သတိပေးသည်။ တောင်စဉ်
တောင်တန်း အံ့မခန်းရှုခင်း၊ နေဝင်ချိန်မြင်ကွင်း
များကို ကျွန်ုပ်တို့ ရင်သပ်ရှုမောခံစားရပြီး၊ သေချာစွာ လေ့လာပြီး ခံစားရမည့် သခင့်၏
အသေးစိတ် အံ့ဖွယ်လက်ရာများကိုဖြင့် ကျွန်ုပ်တို့ မမြင်၊ မခံစားမိဘဲ လွတ်သွားတတ်သည်။
ဘုရားသခင်၏လက်ရာများစွာသည် ပင်လယ်သမုဒ္ဒရာရေအောက်၌ ကွယ်ဝှက် နေသည့်အပြင်၊ အချို့လက်ရာများဆိုလျှင် သာမန်မျက်စိနှင့် မမြင်နိုင်လောက်အောင်
အလွန်သေးငယ်သည်။ အဏုကြည့်မှန်ပြောင်းဖြင့်သာမြင်နိုင်သည့် သေးငယ်သော
အရာများမှစ စကြဝဠာရှိ လက်လှမ်းမမီနိုင်သောအရာများအထိ အရာခပ်သိမ်းသည်…

ဆင်ခြင်ခွန်အားယူရန် အချိန်ပေးပါ

သားသမီးများ တစ်ဆင့်ပြီး တစ်ဆင့် ကြီးပြင်းလာမှု မှတ်တိုင်ကို မိဘများအနေဖြင့် အမှတ်တရရှိကြသည်။ စမှောက်သည့်အချိန်၊ တွားသွားချိန်၊ စလမ်းလျှောက်ချိန် စသည်ဖြင့် မှတ်တမ်းရေးမှတ်သည်။ ရံဖန်ရံခါ ဓာတ်ပုံရိုက် ထားခြင်း၊ ကလေး၏အဝတ်အစားများ သိမ်းထား ခြင်း စသည်တို့က အဖိုးတန် အမှတ်တရ အတွေ့အကြုံများကို ဆောင်ကြဉ်းပေးသည်။
(လု ၂း၁၉ ) အရ သခင်ယေရှု၏ မိခင်မာရိ၏ နှလုံးသား၌လည်း မှတ်တမ်းရှိသည်။ သားတော်နှင့်ပတ်သက်၍ ခံယူရသော ကတိ တော်ကို တန်ဖိုးထားလျက် ဆင်ခြင်ခဲ့သည်။ ဆင်ခြင်ခြင်းဟူသောစကားသည် ဂရိဘာသာ၌ “နှိုင်းယှဉ်ကြည့်ရန်အလို့ငှာ စုစည်းထားခြင်း” ဟု အဓိပ္ပာယ် သက်ရောက်သည်။ ကောင်းကင်တမန်နှင့် သိုးထိန်းများထံမှ သားတော်အကြောင်း မာရိကြားခဲ့ရသည် (၁း ၃၂၊ ၂း၁၇-၁၈)။ သားတော်၏ဘဝ တစ်စစနှင့် ပီပြင်ပေါ်လွင်လာသောအခါ ထိုကတိတော်
များနှင့် ကတိတော်ပြည့်စုံအောင် သားတော်မည်သို့ လှုပ်ရှားဖော်ဆောင်သည်ကို သူချိန်ဆနှိုင်းယှဉ်…

ကော်ရင်း

လွန်ခဲ့သောနှစ်က အော်လဲန်ဒို ပြည်နယ်၌ Our Daily Bread ထုတ်ဝေသည့် RBC Ministries မှကျင်းပသည့် အစီအစဉ် အတွက် စာအုပ်များကူပြီး ထုတ်ပိုးကြစဉ် ‘ကော်ရင်း’ ဆိုသည့် အမျိုးသမီးက ကျွန်မ တို့ကို ကြိုဆိုဧည့်ခံသည်။ နေ့လည်မရောက် တတ်သေးချိန်၌ ကျွန်မတို့ ဆာမည်ဟု သူက သေချာပေါက် တွက်ထားသည်။ ‘ရပါတယ်’ ဟု ပြောသော်လည်း ‘ရတာကို သိပါတယ်။ ဒါပေမဲ့ ရှင်တို့ အစာတစ်ခုခု စားရမှာပေါ့’ ဟု ဆိုကာ ရေအေးအေးနှင့် သွားရေစာတစ်ချို့ကို ယူလာပေးသည်။
ကျွန်မတို့ရောက်နေသည့် ၂ ရက် အတွင်း ‘ကော်ရင်း’ ရောက်လာပြီး အစားအသောက်နှင့်ရေများ ယူလာပေးသည်။ အမှိုက်များ သိမ်းပေး၊ ပစ်ပေးသည်။ သို့နှင့်ကျွန်မက 'ကော်ရင်း၊ ရှင့်မှာဧည့်ဝတ်ပြုတတ်တဲ့ ဆုကျေးဇူးရှိတယ်မဟုတ်လား' ဟုဆိုရာ၊ သူက ‘မသိပါဘူး၊ ရှင်က…

လက်ဆင့်ကမ်းပါ

ဝေဒနာဆင်းရဲခြင်း ခံဖူးကြုံဖူးသူများသည် သောကရောက်နေသော အခြားသူများကို မနှေး အမြန် မစနှစ်သိမ့်ပေးတတ်ကြောင်း ကျွန်တော် နှစ်ပေါင်းများစွာ သတိပြု မှတ်သားမိသည်။
အိမ်ထောင်ကျစ ဇနီးမောင်နှံတစ်တွဲသည် ၎င်းတို့ ၏ ကလေးဆုံးသွားရာ၊ ယခင် ကလေးဆုံးပါး ဖူးသည့် စုံတွဲက ဘာကူညီပေးရမလဲဟု ကမ်းလှမ်း
ခဲ့သည်။ တစ်ဖန် အိမ်ထောင်သည် တစ်တွဲ၏
ပုံမှန်ဝင်ငွေ အဆင်မပြေဖြစ်လျှင် အခြားစုံတွဲက
ယခင် ၎င်းတို့ကြုံခဲ့ရသည့် ခက်ခဲမှုများကို ပြန်သတိရပြီးဝင်ရောက်ကူညီသည်။ခရစ်တော်၏ ခန္ဓာကိုယ်မှအင်္ဂါချင်း တို့ အချင်းချင်း အပြန်အလှန် ထောက်မ အားပေးကြကြောင်း အဖန်တလဲလဲ တွေ့ရသည်။ မိမိကြုံရသည့် စစ်ကြောမှုများအားဖြင့် မိမိတို့နည်းတူ အခက်အခဲ
ကြုံရသူများအား မစနိုင်ကြောင်း ထိုခရစ်ယာန်တို့ သင်ယူနားလည်ခဲ့သည်။
ဖျားနာဖူးသလား၊ ချစ်ရသူတို့ဆုံးပါးသွားဖူးသလား၊ ထောင်ကျဖူးသလား၊ မတရားဆက်ဆံခံရဖူးသလား၊ ကြုံရသောစစ်ကြောမှုတိုင်း၌ အမှောင်မိုက်ဆုံးသော ဘဝအချိန်ကာလများမှ ကောင်းကျိုးကို ထုတ်ဆောင်ပေးမည်ဟု ဘုရားသခင် ကတိ…

ရန်လိုသောအတွေးများ

လွန်လေသော နှစ်ပေါင်းများစွာက ကျွန်တော်နှင့် ကျွန်တော့်အဖေသည် တက္ကဆက်
ပြည်နယ် ဘစ်ဘန် ဒေသတစ်လျှောက် ခြေလျင်
ခရီးကြမ်း ထွက်ခဲ့ဖူးသည်။ ယခင်က ထိုနေရာသည်
ခက်ခဲကြမ်းတမ်းသော ဒေသဖြစ်ပြီး ယခုမူကား အမျိုးသားဥယျာဉ်အဖြစ် အသွင်ပြောင်းခဲ့လေပြီ။
တစ်ညတွင် ကျွန်တော်တို့ ညအိပ် စခန်းချသည့် နေရာသို့ စုံတွဲတစ်တွဲသည် ၎င်းတို့၏ အဖော် ခွေးတစ်ကောင်နှင့်ရောက်လာပြီး အတူ စခန်းချသည်။ ကျွန်တော်တို့အနီးတွင် ရွက်ဖျင် တဲထိုးပြီး ခွေးကိုတဲငုတ်တိုင်၌ ချည်ထားသည်။ အချိန်အတော်ကြာသွားပြီးနောက် အဖေက ကျွန်တော့်ကိုလှုပ်နှိုးပြီး အမှောင်ထဲ ဓာတ်မီး
ထိုးကြည့်လိုက်ရာ ရန်လိုသော မြေခွေးအုပ်က
ခွေးကို ချောင်းမြောင်းမာန်ဖီနေသည်ကို တွေ့လိုက်ရသည်။ သို့နှင့် မြေခွေးများကို မောင်းထုတ်ပြီး ခွေးကို သူ့သခင်က ရွက်ဖျင်တဲထဲ ခေါ်သိပ်လိုက်ရသည်။ သို့သော်လည်း ကျွန်တော်တို့ တစ်ညလုံး ကြက်အိပ်ကြက်နိုး အိပ်ခဲ့ရသည်။
နောက်ပိုင်း (ဆာလံ ၅၉)…

သင့်ခရီးစဉ် သေချာသည်

ပြင်းထန်သော လေမုန်တိုင်းကြောင့်
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့သို့သွားမည့် လေယာဉ်
ခရီးစဉ်မှာ နှောင့်နှေးခဲ့ရပြီး၊ ထိုနေရာမှ ဆက်စီး
ရမည့် လေယာဉ်လွတ်သွားသည်။ သို့သော် နောက်နေ့ ညနေ၌ ထွက်မည့်လေယာဉ်၌ ကျွန်တော်တို့ အမည်ကို စာရင်းသွင်းပြီးပြီဟု သတင်းပို့သည်။ သို့သော် လေယာဉ်တက်ရမည့် ဂိတ်သို့ ရောက်သောအခါ လူပြည့်နေ၍ ထပ်မံ စောင့်ရဦးမည်ဟုပြောသည်။
ဆက်သွယ်သတင်းပေးမှု လွှဲမှားခြင်း ကြောင့်လား။ ဒါမှမဟုတ် လေယာဉ်လွတ်သွား သည့် ခရီးသည်များကို ဤပုံစံဖြင့်သာ ဝန်ဆောင်မှု ပေးခြင်းလားဟု ကျွန်တော် အတွေးပွားမိသည်။
ခရီးသည်များကို ဆက်စောင့်ရမည်ဟု ပြောလျှင်
စိတ်မချမ်းသာဖြစ်မှာစိုး၍ အမှန်ကို ထိမ်ချန်ခြင်းလည်းဖြစ်ကောင်းဖြစ်မည်။
ဘုရားသခင်က ထိုသို့ မပြုခြင်းကြောင့် ကျေးဇူးတော်ပါ။ ကောင်းကင်နိုင်ငံသို့ ဝင်စားနိုင်ရေးအတွက် အဓိကလိုအပ် သိအပ်သမျှအရာအားလုံးကို ကိုယ်တော် ရှင်းရှင်း
ပြောပြထားသည်။ သမ္မာကျမ်းစာ၌ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့် ရှေ့တော်၌…

လွှမ်းမိုးသောပုဂ္ဂိုလ်

လွှမ်းမိုးသော ပုဂ္ဂိုလ်များကို ဂူဂဲလ် မှ
တဆင့် ရှာဖွေပါက “ကမ္ဘာပေါ်သြဇာအလွှမ်းဆုံး
ပုဂ္ဂိုလ်များ” စာရင်းအမျိုးမျိုးကို တွေ့ရမည်။ ဤစာရင်း၌ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေး
လုပ်ငန်းရှင်ကြီးများ၊ အားကစားသမားများ၊ သိပ္ပံ
ပညာရှင်များ၊ အနုပညာရှင်များ၊ ဖျော်ဖြေ တင်ဆက်သူများ စသည်တို့ပါဝင်သည်။ သို့သော်
၎င်းတို့အတွက် အလုပ်လုပ်ပေးကြသည့် စားဖိုမှူး များနှင့် သန့်ရှင်းရေးဝန်ထမ်းများ၏ အမည်ကိုဖြင့်
မတွေ့ကြရပါ။ နိမ့်ကျသည်ဟု သတ်မှတ်ခြင်းခံရ
သည့် ထိုအဆင့်မှလူများသည် ရံဖန်ရံခါ ဆိုသလို
၎င်းတို့ အစေခံသူပုဂ္ဂိုလ် (အလုပ်ရှင်) များကို လွှမ်းမိုးတတ်ကြသည်။
အဆင့်မြင့်ရာထူးနှင့် ဗိုလ်ချုပ်ကြီး
နေမန် ဇာတ်လမ်းတွင် အဓိက ဇာတ်ကောင် မင်းနှစ်ပါးနှင့် ပရောဖက်တစ်ပါး ပါဝင်သည် (၄ရာ
၅း၁-၁၅)။ သို့ငြားလည်း နောက်ကွယ်မှ ပါဝင်ကြသည့် အစေခံများ၏ စကားကသာ
အလုပ်ပြုတ် ဘဝဆုံးစေနိုင်သော နူနာရောဂါ ပျောက်ကင်းရေးကို…

မေတ္တာဆိုတာဘာလဲ

“မေတ္တာဆိုတာဘာလဲ” ဟူသော မေးခွန်း အတွက် ကလေးများ၏အဖြေက အံ့သြစရာ
ပါ။ အသက် (၇) နှစ်အရွယ် နိုဝဲလ် က “မေတ္တာဆိုတာ ကောင်လေး တစ်ယောက်ကို သူ့အကျီလေး
ကြိုက်လိုက်တာလို့ပြောလိုက်ရင် သူက နေ့တိုင်း ဝတ်
ပြတာမျိုးပေါ့” ဟုဖြေသည်။ အသက် (၈) နှစ်အရွယ်
ရေဗက္ကာ ကလည်း “ကျွန်မအဖွားမှာ လေးဖက်နာ
ရောဂါရှိလို့ ကုန်းပြီး သူ့ခြေသည်းကို မညှပ်နိုင်ဘူး။
အဖိုးက တစ်ချိန်လုံး သူ့ကို ညှပ်ပေးရတယ်။
နောက်ပိုင်း အဖိုးလည်း အဆစ်အမြစ်ကိုက်ခဲလာ
ပေမယ့် အဖွားခြေသည်းကို ညှပ်ပေးတုံးပဲ” ဟုဆို
သည်။ (၈) နှစ်သမီး ဂျက်စီကာ က “တကယ်
မရည်ရွယ်ပဲနဲ့ 'မင်းကိုချစ်တယ်' လို့ မပြောသင့်ဘူး။
တကယ်ရည်ရွယ်တာ ဆိုရင်တော့ ချစ်တယ်လို့
အများကြီး ပြောသင့်တယ်။ လူတွေက…

လူအများ၏ အကြံဥာဏ်

"The Wisdom of Crowds"
"လူထု၏အကြံဥာဏ်" စာအုပ်အကြောင်းကို အွန်
လိုင်းပေါ်၌ အောက်ပါအတိုင်း ဖော်ပြထားသည်။ “ဤဖတ်ချင်စရာစာအုပ်၌ နယူးယော့မှ စီးပွားရေး
သတင်းရေးသားသူ 'ဂျိမ်း စူရိုစီကီ' က ရိုးပုံ ရသော်လည်း ထင်သလို မရိုးရှင်းသော အယူအဆ
တစ်ခုကို လေ့လာဆန်းစစ်ထားသည်။ ပြဿနာကို
မည်သို့ ကောင်းမွန်ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ပါစေ၊
အကြံဥာဏ်ကောင်းများ မည်မျှ ထုတ်နိုင်ပါစေ၊
ဆုံးဖြတ်ချက်ကောင်း မည်မျှ ချနိုင်ပါစေ၊ ရှေ့
အလားအလာကို ကြိုတင်ခန့်မှန်း တွက်ချက်မှု မည်မျှတော်ပါစေ၊ ထက်မြက်သော လူနည်းစုထက် လူထုကြီးက ပို၍ ထိရောက်အရေးပါသည်။”
ထိုစာအုပ်၌ သူက ပေါ့ပ် ယဉ်ကျေးမှု
မှစ၊ နိုင်ငံရေးနယ်ပယ်ထိတိုင် အကြောင်းအရာမျိုးစုံကို ဥပမာပေးလျက် အများအားဖြင့်
လူထုက ဆုံးဖြတ်ပိုင်ခွင့်ရှိသည် ဟူသော အဓိကအမြင်ရှုထောင့် တစ်ချက်တည်းကို တင်ပြခဲ့သည်။ ၄င်းသီအိုရီက…

လွတ်လပ်နိုင်မည့်လမ်းညွှန်

စာရေးဆရာမ 'ဂေးလ် ဘလန့်ခ်' ရေးသားသည့် Throw Out Fifty Things စာအုပ်၌ လူတို့၏ဘဝအသက်တာ၌ ရှင်းပစ် ရမည့် အရာကို ရှင်းနိုင်အောင်ကူညီပြီး လွတ်လပ်
မှုကို ရရှိစေနိုင်မည့် စွန့်ပစ်ခြင်း နိယာမ ၄ ချက်ကို
ဖော်ပြထားသည်။ ပထမအချက်မှာ “တစ်စုံတစ်ရာ သည် သင့်အတွက်လေးလံပြီး ဝန်ဖြစ်နေပါက၊ သင့်ကိုချုပ်ထားသလို ဖြစ်နေပါက၊ မိမိဖာသာ ခံစားချက်မကောင်း၊ တစ်မျိုးဖြစ်နေပါက ၄င်းကို လွှင့်ပစ်လိုက်၊ ပေးပစ်လိုက်၊ ရောင်းထုတ်လိုက်၊ ထွက်သွားပါစေ၊ ပြီးရောပေါ့” ဟု ဆိုထားသည်။
ဤနိယာမက ဝိညာဉ်ရေးရာအတွက် အကျုံးဝင်သည်ဟု ကျွန်မထင်သည်။ မိမိကို
ဖိစီးသည့် အတိတ်မှအပြစ်ကိုမမေ့နိုင်ဘဲ တဝဲ
လည်လည် ဆက်ဆံနေစရာမလို၊ ယောသပ်၏အစ်ကိုများက ဤပြဿနာမျိုးနှင့် ရင်ဆိုင်
နေရသည်။ ယောသပ်ကို ကျွန်အဖြစ်ရောင်းချလိုက်၍ နှစ်ပေါင်းများစွာ ကြာပြီးနောက်
သူတို့၏ ရက်စက်မှုကို…