အမြစ်စွဲခြင်း
ကျွန်တော့် အိမ်ခြံဝန်းအတွင်းရှိ မြေ ကွက်လပ် တစ်ခုတွင် ကျွန်တော် မည်သို့ပင် ရေလောင်းလည်း မြက်ပင်များ ကျိုးတိုးကျဲတဲနှင့် မစိုပြေပါ။
ထို့ကြောင့် တစ်နေ့တွင် ဂေါ်ပြားယူပြီး ထိုနေရာကို တူးကြည့်မှ သုံးလက်မထုခန့်ရှိသည့် ကျောက်တုံးများရှိနေကြောင်း တွေ့လိုက်ရသည်။ သို့နှင့် ကျောက်ခဲများကိုတူးထုတ်ပြီး မျိုးစေ့ လေးများ အပင်ပေါက်အမြစ်စွဲနိုင်မည့် မြေဆီလွှာ ဖြင့် အစားထိုးပြုပြင်ခဲ့ရသည်။
ယေရှုကလည်း မျိုးစေ့နှင့် မြေအကြောင်း ပြောခဲ့သည်။ (မဿဲ ၁၃) တွင်
ဧဝံဂေလိတရားစကားကို မြေအမျိုးမျိုး၌ကြဲခြင်း အကြောင်း ဥပမာပေး၍ပြောရာ၌ “မြေနည်းသော အရာ” ကျောက်ပေါများသော မြေတွင်ကျသော မျိုးစေ့သည် ချက်ခြင်းအပင်ပေါက်သော်လည်း နေထွက်သောအခါ ပူလောင်
သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏ (း၅-၆)။ ဧဝံဂေလိတရားစကားကို ကြားပြီးလက်ခံပါသော်လည်း အသက်တာ၌ ထိုစကားသည် အမြစ်မစွဲသူအကြောင်း သခင်ပြောနေခြင်းပါ။ ဒုက္ခအခက်များကြုံရလျှင် ထိုသူသည် စစ်မှန်သောယုံကြည်သူ မဟုတ်သဖြင့်…
ဥာဏ်ပညာကို ဘယ်ကရ
သန့်ရှင်းခြင်း၏ အလှတရားကား
ပညာပေတည်း။ ရှင်ယာကုပ်က ပညာဟူသည် ကျိုးကြောင်း ခိုင်လုံသည်။ လိုက်လျောညီထွေမှု ရှိသည်။ ခွင့်လွှတ်သည်။ ငြိမ်းချမ်းသည်။ ဂရုစိုက် သည်။ ဖော်ရွေစွာဖြင့် မိတ်ဖွဲ့သည်။ ယဉ်ကျေး ပျူငှာသည်။ ကြင်နာစကားဆိုသည်။ နှိမ့်ချခြင်း ရှိသည်။ ပွင့်လင်းမြင်သာသည်။ ရိုးရှင်းသည်။ သိမ်မွေ့သည်။ ကျေးဇူးပြုတတ်သည် ( ၃း၁၇)။
ပညာကို ဘယ်မှာ ရှာတွေ့နိုင်မည် နည်း။ ပညာသည် ဘုရားသခင်ထံမှ လာသည် (၁း၅)။ ဆရာကြီး ချားလ်စ် စပါဂျင်က “ပညာသည် ဘဝ၏အလှဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်တို့၏ အတွင်းသဏ္ဍာန်ကို ပြုပြင်လုပ်ဆောင်ပေးမှုမှပေါ်ထွက်လာသည်” ဟု ရေးသားခဲ့၏။
“ပညာအရာ၌ ကျွန်ုပ်သည် တိုးတက်မှုရှိပါသလား” ဟု တစ်ချိန်ပြီးတစ်ချိန် မိမိကိုယ်ကို မေးအပ်သည်။ ဘဝဟူသည် ကြမ်းတမ်းပြင်းထန်တတ်သည် မဟုတ်ပါလား။ နေ့ရက်အချိန်များ ကုန်လွန်သည်နှင့်အမျှ မိမိသည် ပိုမိုကောင်းမွန်ပြီး ပညာပြည့်…
ကောင်းချီးခံစားရလွန်းခြင်း
နေ့စဉ် ကျွန်တော်ရုံးသွားရုံးပြန်ရာ၌ ကားများ၌ကပ်ထားသည့် စတစ်ကာစာတန်း များ
စွာကို ဖတ်ရသည်။ အချို့စာသားများက မိုက်ရိုင်း
သည်။ အချို့က ပညာသားပါသည်။ အချို့ကမူ
အတော့်ကိုမနှစ်မြို့စရာ၊ စိတ်ပျက်စရာကောင်းလှ သည်။ မကြာမီက တွေ့ခဲ့သော စတစ်ကာ၌ “ကောင်းချီးခံစားရလွန်း၍ မြည်တမ်းငြူစူခြင်း” ဟု ရေးထားသည်။ ၄င်းစာသားက ဘဝကို မည်သို့စီမံရှင်သန်သနည်းဟု သိမ်မွေ့စွာစိန်ခေါ် နေသည်။
ထိုစာသားများကို ဆင်ခြင်ရင်း ကျွန်တော့်ဘဝက ထိုစာသားများအတိုင်း မှန်နေ
ကြောင်း ဝန်ခံရမည်။ ဘဝ၌ မိမိစိတ်တိုင်းကျ ဖြစ်မလာချိန်များတွင် ကောင်းကင်ဘုံရှင်အဖ ပေးသနားသည့် အံ့ဖွယ်ဆုကျေးဇူးမင်္ဂလာများအပေါ် အာရုံပြုမည့်အစား ကျွန်တော် ငြူစူခဲ့ချိန်များ ရှိခဲ့သည်။
ဘုရားသခင်သည် ကျွန်တော်ရေတွက်နိုင်သည်ထက် ကျွန်တော့်အပေါ် ကောင်းမြတ်ခဲ့ကြောင်း ပိုတိုးသိမှတ်ကာ ကျေးဇူးသိတတ်ချီးမွမ်းရန် ထိုနေ့က ဖတ်ခဲ့ရသော စာသားလေးအားဖြင့် တစ်ဖန်ပြန်လည်၍ ဆက်ကပ်မိပါတော့သည်။ (ဆာ ၁၀၇) သည် ကျေးဇူးမသိတတ်ခြင်းသဘောကို…
လမ်းပြင်ခြင်း
မီရှီဂန်ပြည်နယ်၌ ရာသီဥတု (၂) မျိုး
ရှိသည်ဟု ကျွန်မတို့ ဟာသပြောလေ့ရှိသည်။ ဆောင်းရာသီနှင့် လမ်းပြင်ခြင်းရာသီဖြစ်သည်။ ဆောင်းရာသီကြောင့် လမ်းမျက်နှာပြင်များ ပျက်စီးသဖြင့် ရေခဲများပျော်ပြီး မြေသားပေါ်လျှင်
ပေါ်ခြင်း လမ်းပြင်သည့်အဖွဲ့က ချက်ချင်း အလုပ်စ
ကြသည်။ လမ်းပြင်ခြင်းဟုခေါ်ငြားလည်း အများ
အားဖြင့် ဖျက်ဆီးခြင်းနှင့်ပိုတူသည်။ အချို့နေရာ များတွင် အပေါက်များကို ဖာရုံနှင့် မရပါ။ လုပ်သားများက လမ်းဟောင်းကို လမ်းသစ်ဖြင့် အစားထိုးရသည်။ ကျွန်ုပ်တို့၏အသက်တာများတွင် ဘုရား
ကလည်း ထိုသဘောအတိုင်း အလုပ်လုပ်နေသည်
ဟု ခံစားကြည့်နိုင်ပါသည်။ ဘုရားသခင်နှင့် သူ့ လူများကြားရှိ လမ်း၌ အကြီးစားပြင်ဆင်မှုတစ်ရပ်ကို မျှော်လင့်ထားရန် ဘုရားက မိန့်ကြားသည် (ဟေရှာ
၆၂း၁၀-၁၁၊ ယေ ၃၁း၃၁)။ ဘုရားသခင်က သခင်ယေရှုကို စေလွှတ်သောအခါ
ယုဒလူတို့က ဘုရားထံသို့ ပို့ဆောင်မည့်လမ်းပျောက်ပြီဟု သူတို့ ထင်မြင်ယူဆမိသည်။
သို့သော်…
ပို၍တိုး၍
လူအချို့က ဈေးဝယ်ထွက်ရန် ဝါသနာပါပြီး သူတို့၏ အတောမသတ်နိုင်သော ဆန္ဒမှာ ဝယ်ပြီးရင်း ဝယ်ရန်ဖြစ်သည်။ တစ်ကမ္ဘာလုံးက
နောက်ဆုံးပေါ်ပစ္စည်းကို အသည်းအသန် ရှာဖွေ
ကြသည်။ ကမ္ဘာအနှံ့ တရုတ်ပြည်၊ ဆော်ဒီ၊
ကနေဒါ၊ ဖိလစ်ပိုင်၊ အမေရိကတို့တွင် ကုန်တိုက်
ကြီး၊ စတိုးဆိုင်ကြီးများစွာရှိသည်။ စူပါမားကတ်၌ ဈေးဝယ်ခြင်း၊ အွန်လိုင်းဖြင့် ဈေးဝယ်ခြင်းများ တိုးလာခြင်းကြောင့် ပစ္စည်းဝယ်ယူခြင်းက ကမ္ဘာ
တစ်ဝှမ်း ခေတ်၏ ပြယုဂ်ဖြစ်လာသည်။
ဈေးဝယ်ခြင်းက ပျော်စရာကောင်းပါ သည်။ လိုအပ်သည်ကို ရှာဖွေဝယ်ယူခြင်း၊ ဘုရား
ပေးသနားသော စည်းစိမ်ဥစ္စာများကို ခံစားခြင်းက
မမှားပါ။ သို့သော် ပစ္စည်းများကို ပိုင်ဆိုင်ရယူ လိုစိတ်က တပ်မက်စိတ်ဖြစ်လာပါက ကျွန်ုပ်တို့၏ ဗဟိုပြုချက်လွဲမှားလေပြီ။
ယေရှုက သူ့စကားကြားနာနေသူများအား “ထိုမှတစ်ပါး လောဘလွန်ကျူးခြင်း ကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌
အသက်မတည်” (လု…
ဘဝင်မြင့်ထောင်လွှားခြင်း
ဆရာကြီး စီအက်စ်လူးဝစ်က The Screwtape Letters စာအုပ်၌ နတ်ဆိုးအကြီးက သူ့လက်ထောက် နတ်ဆိုးငယ်အား ခရစ်ယာန် တစ်ဦးကို ဘုရားအား မျက်မှောက်မပြု၊ ဘုရားနှင့် ဝေးအောင် အာရုံလွှဲပြီး အသင်းတော်၌ သူ့ ပတ်လည်ရှိ လူများကို အပြစ်ရှာအောင် လုပ်ရန် စေခိုင်းသည်ဟု ရေးသားသည်။ တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေးချိန်
အတွင်း ကျွန်တော့်အနီး ထိုင်နေသည့် ပုဂ္ဂိုလ်က အသံမတည့်ဘဲ အကျယ်ကြီးသီချင်းဆိုပြီး အတူ
တကွ ကျမ်းစာဖတ်ချိန်တွင် ညီညီမဖတ်သဖြင့်
ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ပြီး ငြူစူသွား
သည်။ သို့သော် ငြိမ်ဝပ်စွာ ဆုတောင်းချိန်တွင်မူ ငြူစူလျက် သူတစ်ပါးကို စီရင်နေသည့် ကျွန်တော့်
စိတ်နှလုံးထက် အခြားသူ၏စိတ်နှလုံးကို ကိုယ်တော်နှစ်သက်လိမ့်မည်ဟု ကျွန်တော် အသိတရားရမိသည်။
နောက်ရက်အနည်းငယ်အကြာတွင် သုတ္တံ (၈) ကို ကျွန်တော်ဖတ်မိပြီး အပိုဒ် (၁၃) အားဖြင့် သွန်သင်ခြင်းခံရသည်။…
နားပိုး
ထုတ်ဖယ်ပစ်၍ မရလောက်အောင် ကျွန်ုပ်တို့နား၌၊ ခေါင်း၌ စွဲနေသည့် သီချင်းများကို ‘Earworms (နားပိုး)’ ဟု တင်စားကြသည်။ ထိုသို့ မသိမသာစိမ့်ဝင်ပျံ့နှံ့ပြီး ဖိစီးသည့်အရာကို ဖယ်ရှားရန် တစ်ခုတည်းသောနည်းမှာ ‘Cleaner song (သန့်စင်တေး)’ ဖြင့် အစားထိုးရန် ဖြစ်သည်။
သံစဉ်တေးသွားအသစ်၊ စာသားအသစ်များ သာလျှင် သီချင်းဟောင်းကို ဖယ်ထုတ်ပစ်နိုင် သည်။
အတွေးခံယူချက်များဖြင့် ဖွဲ့စည်းထား သည့် ဘဝအသက်တာအတွက်လည်း ’သန့်စင်
တေး’ ကို အသုံးပြုသင့်သည်။
လိုဘရမက်ကြီးသော၊ အငြိုးအတေး ကြီးသောအတွေးများ စိတ်၌ ခိုဝင်လာလျှင် ဘုရား၏နှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဆင်ခြင်ခြင်းက ကျွန်မတို့၏ အတွေးများကို သန့်စင်ရာ၌ အထောက်အကူ ဖြစ်လိမ့်မည်။
ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းရှိသမျှနှင့် ချစ်ရန် (မ ၂၂း၃၇)၊ လောကီပုံသဏ္ဍာန်မဆောင်ဘဲ... စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲရန် (ရော…
မမေ့ပါနှင့်
ရုပ်ပစ္စည်းပိုင်ဆိုင်မှုကို ရှုံ့ချပြီး၊ ၄င်းကို ဆိုးညစ်မှုဟု ဆိုသူများနှင့် ကျွန်ုပ်တို့ သဘော
ထားချင်းမတိုက်ဆိုင်ကြပါ။ ဝန်ခံရမည်ဆိုလျှင် ကျွန်ုပ်က သုံးစွဲသူ - မိမိလိုအပ်သည်ဟု ထင်သည့်
ပစ္စည်းများဟု ဆင်ခြေပေးပြီး၊ ပစ္စည်းများ အစု လိုက် အပုံလိုက်ဝယ်ရန် မကြာခဏ ဖြားယောင်း
ခံရသည်။
သို့ငြားလည်း ရုပ်ဝတ္တုပစ္စည်း အမြောက်အမြား ပိုင်ဆိုင်ခြင်းက ဝိညာဉ်ရေး ဆုံးရှုံး
မှုသို့ ဦးတည်သွားနိုင်ကြောင်းကိုဖြင့် ကျွန်တော်
လက်ခံသည်။ မိမိ၌ ရှိလာလေလေ လိုအပ်သမျှ
အားလုံးကိုပို၍ ရှိစေချင်လာလေ ဖြစ်ပြီး ဘုရားသခင် ကို လိုအပ်ကြောင်းကို မေ့ပြီး ဘုရားကို
ဆာငတ်တောင့်တစိတ် အလွယ်တကူပျောက်ကွယ်သွားနိုင်သည်။ စင်စစ် မိမိ၌ရှိသမျှ
အရာပင် ကျွန်တော်တို့ခံစားစရာဖို့ ကြွယ်ဝစွာပေးသနားမူသည့် အဖဘုရားသခင်ထံမှ ရရှိခြင်းဖြစ်သည် (၁တိ ၆း၁၇)။
ဘုရားသခင်၏မစပေးသနားမှုကို ခံစားပျော်မွေ့ရင်း ဥစ္စာပစ္စည်းများကို မြတ်နိုးတွယ်တာပြီး ထိုပစ္စည်းများ…
မိမိဘဝကိုဖန်တီးခြင်း
“မိမိကျွမ်းကျင်ပိုင်နိုင်သော အရာကိုသာ လုပ်ဆောင်ပါ။ အားရကျေနပ်မှု အကောင်းဆုံး ဟု သင်ခံစားရမည်။” ထိုအကြံပေးချက်က ကောင်းသား။ စာရေးသူက စာဖတ်သူများအား မိမိလုပ်ချင်ဖြစ်ချင်သည့် ဘဝဖန်တီးနိုင်ရေး ကူညီ
မစရန် ကြိုးစားနေခြင်းပါ။ မိမိကျွမ်းသော အရာ
ကိုသာ ပြုရမည်ဆိုပါက ကျွန်မအနေဖြင့် ဘာမှ
များများစားစား ပြီးမြောက်လုပ်ဆောင်စရာ ရှိမည်
မဟုတ်ပါ။ (မိမိကျွမ်းကျင်သော အရာက မဆို
စလောက်သာ ရှိခြင်းကြောင့်ပါ)။
မာကု ၁၀ တွင် ယာကုပ်နှင့် ယောဟန် အမည်ရှိ တပည့်တော်နှစ်ပါးသည် တစ်နေ့နေ့
တစ်ချိန်ချိန်တွင် သူတို့လိုချင်ဖြစ်ချင်သည့် ဘဝ အတွက်အကြံအစည်ရှိကြောင်း ဖော်ပြထားသည်။
ကောင်းကင်နိုင်ငံတွင် သူတို့သည် သခင်ယေရှု၏လက်ဝဲနှင့်လက်ျာဘက်တွင် နေရာရ
လိုကြောင်း တောင်းလျှောက်သည် (း၃၇)။ အခြားတပည့်တော် (၁၀)ပါးက မကျေနပ် (း၎)။ သူတို့လည်း ထိုနေရာကို လိုချင်ခြင်း ဖြစ်ကောင်းဖြစ်မည်။
သို့သော်…
ကျွန်ုပ်တို့ပြောသောစကားများ
“ထက်မြက်သောစိတ်က အတွေး အကြံအစည်များကို ပြောသည်။ သာမန်စိတ်က အဖြစ်အပျက်အကြောင်း ပြောသည်။ အားနည်း သောစိတ်က လူအကြောင်းကိုပြောသည်” ဟူသည့်
ဆိုရိုးစကားကို သင်သိကောင်းသိမည်။ ပြောရမည် ဆိုလျှင် လူကို ဂုဏ်ပြုချီးမြှောက်ကာ လူ့ အကြောင်းပြောနိုင်သော နည်းလမ်းများရှိသည်။ သို့သော် ဆက်သွယ်ရေးမီဒီယာခေတ်တွင် လူ့
ဘဝအကြောင်းများကို အတိုင်းအတာတစ်ခုအထိ မမှန်တာရော၊ မဟုတ်တာရော ထဲထဲဝင်ဝင်
သိနိုင်သည်။ အထက်ပါဆိုရိုးက အနုတ်
လက္ခဏာ သဘောကို ပို၍ထင်ရှားစေသည်။
အခြားသူအကြောင်း သိရသမျှ ပြောရင်း အတင်းစကားက အတည်ဖြစ်လာသည်။ ချမ်းသာခြင်း၊ ကျော်ဇောခြင်းအကြောင်းသာမက အလုပ်ခွင်၊ အသင်းတော်၊ အိမ်နီးချင်း၊ မိသားစုအတွင်းရှိ လူများသည်လည်း လျှာ၏ပစ်မှတ်ဖြစ်နိုင်ပြီး မရှိအပ်သည့် စကားဝိုင်းကြောင့် နာကျင်ရသည်။
အခြားသူကိုစကားဖြင့် နာကျင်အောင်လုပ်မိတတ်သည့် အားနည်းချက်ကို မည်သို့ အောင်နိုင်မည်နည်း။ ကျွန်ုပ်တို့၏စကားများကို နားထောင်နေသူသည် ဘုရားသခင်
ဖြစ်ကြောင်း၊ ကိုယ်တော်က…