ခက်ခဲသောနည်းဖြင့် ခိုင်ခံ့စေခြင်း
စိန်သည် လှပ၍ အဖိုးတန်သော ကျောက်မျက်ရတနာတစ်ပါး ဖြစ်သော်လည်း ၄င်းသည် အမဲရောင်ညစ်ပေသည့် မီးလောင် လွယ်သည့် သာမန်ကာဗွန်ဒြပ်စင်မှ စတင်ဖြစ်ပေါ် သည်။ ပြင်းထန်သည့် အပူနှင့် ဖိအားဒဏ်ကို နှစ်ပေါင်းများစွာခံရပြီးနောက် ကာဗွန်ဒြပ်စင်သည် သန့်စင် မာကြောလာသည်။ ဝိညာဉ်ရေးသည် လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ပြင်ပဖိအားများကို သုံးပြီး ကျွန်ုပ်တို့အတွင်းရှိ မသန့်ရှင်းမှုများကို ဖယ်ရှား
ကာ သူ့တန်ခိုးအစွမ်းဖြင့် စုံလင်စေရန် လုပ်ဆောင်
ပေးသည်။
ဘုရားသခင်၏တန်ခိုးသည် အားနည်းခြင်း အဖြစ်၌ စုံလင်စေကြောင်း တမန်တော်
ရှင်ပေါလုက ဆိုသည် (၂ကော ၁၂း၉)။ အားနည်းခြင်းသဘောကို ကျွန်မ မနှစ်မြို့ပါ။
ထို့ကြောင့် ထိုအဆိုကို မမှန်စေချင်ပါ။ သို့ငြားလည်း ကင်ဆာဆေးသွင်း၊ ဓာတ်ကင်
ကုသမှုခံယူရ၍ ခန္ဓာပိုင်းအားနည်းခြင်းသဘောကို ကျွန်မလိုသည်ထက်ပင် သဘောပေါက် သည်။ ဒီကြားထဲ အခြားရောဂါတစ်ခုကလည်း ထပ်ဝင်လာ၍…
နောက်ဆုံးခန်းမှ စဖတ်ပါ
တစ်ခါတစ်ရံ ကျွန်ုပ်သည် စာအုပ် တစ်အုပ်၏ အစကိုမဖတ်ဘဲ ဇာတ်သိမ်းခန်းကို အရင်ဖတ်လေ့ရှိသည်။ ထိုသို့ဖတ်ခြင်းဖြင့် မည်သူ အသက်ရှင်ပြီး မည်သူ သေသည်ကို သိရသည်။ အဖြစ်အပျက်အချို့ကို သိရပြီးသည့်နောက်မှ တစ်အုပ်လုံးကို စေ့စေ့စပ်စပ်နှင့် စိတ်အေးအေး ဖတ်နိုင်သည်။
ထိုနည်းတူ သမ္မာကျမ်းစာ၏ နောက်ဆုံး စာစောင်ဖြစ်သော ဗျာဒိတ်ကျမ်းကို ဖတ်ခြင်းဖြင့် သခင်ယေရှု၏ နောက်လိုက်များအတွက် အားပေး နှစ်သိမ့်မှုကို ခံစားရရှိစေနိုင်သည်။ ယုံကြည်သူများသည် လောကကို အောင်နိုင်သူ များဖြစ်ရန် တစ်ချိန်ပြီးတစ်ချိန် ခေါ်ယူစေစား ခံရသည် (၁ယော ၄း၎၊ ၅း၎၊ ဗျာ ၂း၇၊ ၁၁၊ ၁၇၊ ၂၆၊ ၃း၅၊ ၁၂၊ ၂၁)။ ယခုနှင့်ထာဝရကာလတိုင် အောင်မြင်သူများ ဖြစ်နိုင်ပါသည်။
တမန်တော်ရှင်ယောဟန်က ဗျာဒိတ်ကျမ်း၌ ကောင်းကင်သစ် မြေကြီးသစ် အကြောင်း ဖော်ပြထားပြီး (၂၁း၁)၊ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ်…
သတိပေးသင်္ကေတ
ဥရုဂွေးနိုင်ငံ၏ ပင်လယ်ကမ်းခြေ သဲသောင် တွင် သဲထဲတစ်ပိုင်းတစ်စနှစ်မြုပ်ပြီး ကောင်းကင်သို့ မြှောက်ထားသော လက်ချောင်း ပုံသဏ္ဍာန်
ရုပ်တြုကီး ရှိပြီး၊ ရေနစ်သေဆုံးခြင်းကို သတိပေးသော
ရုပ်တုဖြစ်သည်။ ဒေသခံများက “လက်ကြီး -
La Mano” ဟုခေါ်သည့် ထိုရုပ်တုကို ချီလီလူမျိုး
အနုပညာဖန်တီးသူ 'မာရီယို အီရာရာဇဘယ်လ်' က
ပင်လယ်တွင်း ရေကစားသူများအား ရေနစ်မည့်
အန္တရာယ်ကို သတိပေးသင်္ကေတအဖြစ် ဖန်တီး
ထားခြင်းပါ။ “လက်ကြီး”သည် ကမ္ဘာလှည့်ခရီးသည်
များကို ဆွဲဆောင်နေသော်လည်း မူလရည်ရွယ်ချက် မှာ ရေကူးသူများအား ပင်လယ်တွင်းမှ
အန္တရာယ်ကို သတိပေးရန် ဖြစ်သည်။
ဘုရား၏ နှုတ်တော်ထွက်တိုင်း၌လည်း သတိပေး သင်္ကေတများ ပါရှိသည်။ အထူးသဖြင့်
ဟေဗြဲသြဝါဒစာ၌ စိတ်ဝိညာဉ်အတွက် အန္တရာယ်သတိပေးချက်ကို ဖော်ပြထားသည်။
“ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့် ထံတော်မှ ထွက်သွားသောအားဖြင့်…
သက်ဝင်ရှင်သန်သော သက်သေ
နှစ်စဉ်ကျင်းပသည့် တက်ဆက်ပြည်နယ် စာအုပ်ပွဲတော်ကို အော့စ်တင်မြို့၌ ကျင်းပရာ စာအုပ်များကို လေ့လာလိုသူ၊ စာရေးဆရာများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လိုသူ၊ ပညာရှင်များ ထံမှ အကြံဥာဏ်များ ရယူလိုသူ လူများစွာတို့အား ဆွဲဆောင်နေသည်။ ပွဲတော်တစ်ခု၌ လူငယ်
ကြိုက် စိတ်ကူးယဉ်ဝတ္ထုရေးသားသည့် စာရေး
ဆရာတစ်ဦးက “စင်ပေါ်မှာ မင်းတွေ့ချင်တဲ့ စာအုပ်မျိုးကို မင်းတို့ရေးပါ” ဟု စာရေးရန် စိတ်ထက်သန်သူများကို ပြောခဲ့သည်။ ထိုစကားစု လေးက စာရေးခြင်းအတွက် သာမက အသက်ရှင် နေထိုင်မှုအတွက်ပါ အစွမ်းထက်သော အကြံ
ပြုချက်တစ်ခုဖြစ်သည်။ အခြားသူများကို မိမိရှင်သန်စေလိုသော အသက်တာမျိုးဖြင့် ကျွန်ုပ်တို့အသက်ရှင်မည်ဆိုပါက မည်သို့ဖြစ်မည်နည်း။
လုကာ ၆း၂၇-၃၆ တွင် သခင်ယေရှုက “ရန်သူကို ချစ်ရန်၊ မိမိကို မုန်းသူအား ကျေးဇူးပြုရန်၊ မိမိကို ကျိန်ဆဲသူအား မေတ္တာပို့ရန်၊ မိမိကို နှောင့်ယှက်သူအတွက် ဆုတောင်းရန်” (း၂၇-၂၈)…
အဲဒါ ယေရှုပဲ !
နယူးယော့မြို့၌ ကြီးပြင်းခဲ့သူ ယုဒ
လူငယ်လေး 'မိုက်ကယ်ဘရောင်း' သည် ဝိညာဉ်
ရေးရာကို စိတ်ဝင်စားမှုမရှိ။ သူ့ဘဝတစ်လျှောက်
ဒရမ်မာအဖြစ် ကျင်လည်ရင်း မူးယစ်ဆေး စွဲခဲ့သည်။ သို့သော် သူမငြင်းနိုင်လောက်အောင်
ချစ်ခြင်းမေတ္တာနှင့် ဆုတောင်းပေးသူများ ရှိသည့်
အသင်းတော်သို့ သူ့ကို သူငယ်ချင်းများက ခေါ်သွား သည်။ ဝိညာဉ်ရေးပိုင်း၌ အခိုက်အတန့်မျှ
ရုန်းကန် အဖြေရှာပြီးနောက် 'မိုက်ကယ်' တစ်ယောက် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်
လက်ခံခဲ့သည်။
၎င်းသည် ထိန်းကျောင်းရခက်သော ယုဒလူငယ်တစ်ဦး၏ တကယ့်ပြောင်းလဲမှုကြီးပါ။ တစ်နေ့တွင် သူက သူ့ဖခင်အား ဓမ္မဟောင်းကျမ်းစာ၌ သခင်ယေရှုအကြောင်း ဖော်ပြ ထားသည်ကို ကြားမိကြောင်းပြောရာ၊ ဖခင်ဖြစ်သူက မယုံကြည်နိုင်စွာဖြင့် “ဘယ်မှာလဲ” ဟု မေးသည်။ 'မိုက်ကယ်' က သူ့ကျမ်းစာကို ဖွင့်လိုက်ချိန်တွင် (ဟေရှာ ၅၃) ကို ဖွင့်မိရက်သား ဖြစ်သွားသည်။ သားအဖနှစ်ယောက်…
ကွေ့ကောက်သောလမ်း
စာရေးဆရာကြီး 'ဂျွန် ပိုက်ပယ်' ရေးသား
သည့် A Sweet and Bitter Providence
စာအုပ်တွင် ဘုရားသခင်၏ ပြင်ဆင်မစမှုနှင့် လမ်းညွှန်မှုအကြောင်းကို အောက်ပါအတိုင်း ဖော်ပြ ထားသည်။ “ဘဝအသက်တာဟူသည် ကောင်းချီး မင်္ဂလာ တစ်ခုပြီးတစ်ခု ခံစားရပြီး နောက်ဆုံး
ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရသော လမ်းဖြောင့်
မဟုတ်။ ကွေ့ကောက်၍ ဒုက္ခပြဿနာနှင့်
ပြည့်သော လမ်းမကြီးပါ။ ... ဘုရားသခင်က ဒုက္ခ
များ ဖြစ်ပေါ်စေပြီး၊ နောက်မှ ထိုဒုက္ခများကို
ဖြေရှင်းပေးခြင်းမျှသာ မဟုတ်။ ဘုရားသခင်သည်
ကျွန်ုပ်တို့၏ ကောင်းကျိုးနှင့် သခင်ယေရှု၏ ဘုန်းဂုဏ်တော်အလို့ငှာ ဒုက္ခပြဿနာများကို အကွက်ချ စီစဉ်ထားခြင်းဖြစ်သည်။
ယုဒလူတို့သည် သူတို့၏နှစ်စဉ်ပွဲတော်အတွက် ယေရုရှလင်မြို့သို့ သွားကြရာ (တရား ၁၆း၁၆) ဘုရားသခင်က သူတို့အတွက် ဒုက္ခအခက်အခဲများနှင့်ပြည့်သော လမ်းကြောင်းကို ပြင်ဆင်စီမံထားကြောင်း သေချာစွာသိရှိထားသည်။…
ခိုင်မာစွာ ရပ်တည်လော့
အထက်တန်းကျောင်းတက်စဉ်က ကမ္ဘာမြေနှင့် ဆိုင်သည့် သိပ္ပံဘာသာရပ်ကို လက်တွေ့စမ်းသပ် ဖြေဆိုရမည့် နောက်ဆုံး စာမေးပွဲအတွက် ကျွန်မနှင့် ကျွန်မသူငယ်ချင်း တစ်ဦး
တို့သည် မြစ်ချောင်းများပါသည့် ပုံစံငယ်ကို တည်
ဆောက်ခဲ့သည်။ အဖေ့အကူအညီဖြင့် စားပွဲပေါ်၌
ထင်ရှူးပျော့ဖက်သားဖြင့် ရှည်မျောမျော အမြောင်းပုံစံဖော်ပြီး အတွင်းပိုင်း၌ ပလပ်စတစ်
ခင်းကာ သဲခင်းသည်။ အစွန်းတစ်ဖက်တွင် ရေပိုက်တပ်ပြီး အခြားတစ်ဖက်တွင် အပေါက်
ဖောက်လိုက်သည်။ အားလုံးပြီးစီးသော် စားပွဲ
တစ်ဖက်ကို အနည်းငယ်မြှင့်လိုက်ပြီး ရေဖွင့်
လိုက်သည်။ ရေစီးကြောင်းလေးက တစ်ဖက်သို့
စီးဆင်းသွားသည်။ စမ်းသပ်ချက် နောက်တစ်ခုမှာ
ရေစီးကြောင်းထဲသို့ ကျောက်ခဲတုံးထည့်ပြီး
ရေလမ်းကြောင်း မည်သို့ပြောင်းသွားသည်ကို
လေ့လာရသည်။ ဤလက်တွေ့လုပ်ဆောင်ချက်မှ သိပ္ပံသဘောတရားနှင့် ဘဝအတွက်ပါ ကျွန်မသင်ခန်းစာများစွာရခဲ့သည်။ အကယ်၍ ကျွန်မက မြစ်ကမ်းနဖူး၌သာ ရှိနေပါလျှင် ရေလမ်းကြောင်းကို ပြောင်းလဲ၍မရနိုင်။ အသက်တာမြစ်ထဲဆင်းပြီး လွှဲပေးမှသာ ဦးတည်ရာကိုပြောင်းနိုင်လိမ့်မည်။ ထိုသဘောတရားအတိုင်း…
အာကာသမှဂီတသံ
နာဆာအဖွဲ့၏ နက္ခတ်တာရာမျှော်စင် တစ်ခုမှာ အသံမြည်နေသည့် Black hole တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းသည်ကမ္ဘာ မှ အလင်းနှစ်သန်းပေါင်း ၂၅၀ ကွာဝေးသည့် ပါဆီးရက်စ် ဆိုသည့် ကြယ်တာရာအစုအဝေးကြီး ၌ တည်ရှိပြီး ထို Black hole မှ ဂီတသံစဉ် ဘီအနိမ့်သံ (B flat) ကို ထုတ်လွှင့်ပေးသည်။ ထိုအသံလှိုင်းကို သာမန်နားနှင့် မကြားနိုင်ပါ။
သိပ္ပံနည်းကျ ဂီတစက်ပစ္စည်းများနှင့် တိုင်းထွာ
ချက်အရ စန္ဒယား၏အလယ်တည့်တည့်ရှိ ‘စီနုတ်’
မှ (၅၇ ဆင့်) အောက်အနိမ့်တွင်မှ ‘ဘီအနိမ့်သံ’ ကို ဖမ်းမိသည်။ ကောင်းကင်မှနက္ခတ်တာရာများနှင့် ပတ်သက်သော အတွေးအမြင်များသည် အသစ်
အဆန်းတော့ မဟုတ်ပါ။ ပြောရမည်ဆိုလျှင် ယောဘကို ဘုရားသခင် ကိုယ်ထင်ရှားပြသော
အခါ “မြေကြီးအမြစ်ကို ငါတည်သောအခါ...
နံနက်ကြယ်တို့သည် တစ်ညီတစ်ညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်း…
ယေရှုငါ့ကို ချစ်ပေ၏
ကျွန်တော့် ခွေးမကြီးသည် အေးသော နေ့များတွင် ယောက်ယက်ခတ်လျက်၊ ၄င်း လဲလျောင်းပြီး နေရောင်အနွေးဓာတ်ကို ခံစား နိုင်မည့် နေရောင်ကျသည့် မြက်ခင်းတစ်နေရာ ကို ရှာသည်။ ကျွန်တော်တို့လည်း ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်နေရန် ထိုအဖြစ်က သတိပေးလာသည် (ယုဒ ၁း၂၁)။ ဤသို့ဆိုရာ၌ (ကိုယ်တော် ကျေနပ်စေရေးက ကျွန်ုပ်တို့၏ ဆန္ဒဖြစ်လင့်ကစား) ဘုရားသခင် ချစ်အောင် ကျွန်ုပ်တို့က အထူးတလည်လုပ်ပြရန် မဆိုလို ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီး များဖြစ်သောကြောင့် ကျွန်ုပ်တို့ ဘာဘဲလုပ်လုပ် မည်သို့ပင်ပျက်ကွက်မှုများရှိရှိ ဘုရားက ကျွန်ုပ်တို့ကို ချစ်သည်ပင်။ ထို့ပြင် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်ပြီး မေတ္တာတော်၏ အလင်းနှင့်နွေးထွေးမှု၌ တစ်နေ့လုံး ခံစားနစ်မျောနေအပ်သည်။
အဘယ်အရာမျှ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို မကွာစေနိုင်ပါ (ရော ၈း၃၉)။ ဘုရားသခင်သည် ကျွန်ုပ်တို့မမွေးဖွားမီကရော ယခုပါ ကျွန်ုပ်တို့ကိုချစ်သည်။…
လူတိုင်းကို လက်ခံကြိုဆိုသည်
ကျွန်မတို့မြို့လေး၌ လမ်းမကြီး ဖောက်
ရန် အစီအစဉ်ဆွဲသောအခါ ၁၉၃၀ ခုနှစ်က
ဆောက်ခဲ့သည့် ဘုရားကျောင်းကိုဖျက်ရန် အကြောင်းဖန်လာသည်။ ပြူတင်းပေါက်များ
ဖြုတ်ပြီး ဘူတိုဇာစက်ကြီးများဖြင့် နံရံကို ဖြိုချ
သည့်တိုင် တံခါးများက ရက်အတန်ကြာ မပြိုဘဲ
ရှိနေခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းတံခါး
များ၌ ရောင်ပြန် လိမ္မော်ရောင် စာလုံးကြီးနှင့် “မလာရ” ဟု သတိပေးစာ ကပ်ထားရသည်။
အချို့ဘုရားကျောင်းများ၌လည်း
၎င်းတို့၏ စံနှုန်းနှင့်မကိုက်လျှင် လက်မခံ
ကြောင်းကို ရောင်ပြန်စာလုံးများ ကပ်ထားစရာပင်
မလိုဘဲ “မင်းကို ဒီမှာလက်မခံဘူး” ဟု သဘောမတွေ့သည့် အကြည့်တစ်ချက်နှင့်ပင် တစ်ဖက်က သဘောပေါက်သွားသည်။ အပြင်ပန်းသဏ္ဍာန်မည်သို့ပင်ရှိရှိ အတွင်းနှလုံးသားက တစ်ခြားစီဖြစ်နေ နိုင်ပါသည်။ ဘုရားသခင်က လူ့အတွင်းနှလုံးသားကို အဓိကထားသည်။ အပြင်ပန်း သဏ္ဍာန်ကိုကျော်ပြီး အတွင်းသဏ္ဍာန်ကို ကြည့်သည် (၁ရာ ၁၆း၇)။ ကျွန်မတို့လည်း ထိုသို့ကြည့်ရန်…