ရေမငတ်ရလေအောင်
လွန်ခဲ့သော နှစ်အတန်ကြာက ရေ အလွန်ငတ်သည့် အဖြစ်မျိုး နှစ်ကြိမ်ကြုံခဲ့ရ သည်။ ထိုအဖြစ်မျိုး နောက်ထပ် မကြုံချင်တော့
ပါ။ ကျွန်တော် နှင်းလျှောစီးရင်း ခြေထောက်
ဒဏ်ရာရခဲ့စဉ်က တစ်ကြိမ်၊ အပူချိန် ၁၁၅ ဒီဂရီရှိ အစ္စရေးသဲကန္တာရ၌ တစ်ကြိမ် ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင်ခေါင်းမူး၊ မျက်စိချာချာလည်ပြီး အမြင်အာရုံဝေဝါးကာ အခြားလက္ခဏာအမျိုးမျိုး ခံစားရသည်။ ဤသို့ဖြင့် အသက်ရှင်သန် ကျန်းမာရေးအတွက် ရေသည် အရေးပါပြီး လိုအပ်ကြောင်း ကျွန်တော်ခက်ခဲစွာ သင်ယူခဲ့ရ သည်။
ရေငတ်ဖူးခြင်းကြောင့် “ရေငတ်သော
သူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့”ဟု (ယော ၇း၃၇) သခင်ယေရှုမိန့်ကြားသည့်
စကားကို အမြင်တစ်မျိုးဖြင့် ခံစားမိသည်။ သခင့်စကားက ချိန်ကိုက်ထားသလား
ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ဣသရေလလူတို့ တော၌ နှစ်ပေါင်းများစွာ သွားခဲ့ရခြင်းကို အောက်မေ့သတိရသည့်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး၊ ထိုစကား
မိန့်မြွက်သောနေ့သည် ထိုပွဲတော်ကြီး၏ နောက်ဆုံးနေ့ဖြစ်သည်။…
မာန်မာနနှင့်တိုက်ပွဲဝင်
ရှေးခေတ်က ရောမတို့သည် အောင်ပွဲ
မှပြန်လာသော စစ်ဗိုလ်ချုပ်ကြီးအား ကြိုဆိုပြီး မြို့ထဲ စီတန်းလှည့်လည်လေ့ရှိသည်။ စီတန်း လှည့်လည်သူများတွင် စစ်သည်များနှင့် အောင်မြင်မှု သက်သေအဖြစ် ဖမ်းဆီးခဲ့သော အကျဉ်းသားများ ပါဝင်သည်။ သူရဲကောင်းတို့၏ အောင်မြင်မှု ကို ပရိသတ်လူထုကြီးက ဝမ်းမြောက်
ပျော်ရွှင်စွာ သြဘာပေးကြသည်။ (တစ်မြို့လုံးအနှံ့ လှည့်လည်ပြီး) လူထု၏ ချီးမြှောက်မှုကို ခံစား
နေရချိန်တွင် ဗိုလ်ချုပ်ကြီး စိတ်ကြီးမဝင်အောင် သူ့မြင်းရထားဘေးတွင် ကျွန်တစ်ဦးလိုက်ပါကာ “မင်းလည်း သေမျိုးပဲ” ဟူ၍ သူကြားအောင် တီးတိုးရေရွတ်ပေးသည်။
အောင်မြင်မှုကိုရရှိသော် ကျွန်ုပ်တို့
သည် မိမိ၏အားနည်းချက်များကို မမြင်တော့ဘဲ နှလုံးသား၌ ပျက်စီးစေနိုင်သော
မာနများ ပြည့်လာသည်။ ရှင်ယာကုပ်သည် စိတ်နှလုံးနှိမ့်ချရန်နှင့် ဘုရားသခင်ကို မျှော်ကြည့်ရန်ညွှန်ပြပြီး မာန်မာနသည် အဘယ်မျှအန္တရာယ်ရှိကြောင်း ပြညွှန်ပေးခဲ့သည်။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏” ဟုရေးသားခဲ့သည်…
အဆုံးမရှိသောမြင်ကွင်း
လွန်ခဲ့သောလက ကျွန်မ မျက်စိ
စမ်းသပ်ရာ အဝေးမြင်နိုင်စွမ်းများ တိုးတက်
လာကြောင်း သတင်းကောင်းကို ရရှိခဲ့သည်။
ကျွန်မ၏ သူငယ်ချင်းက “အသက်ကြီးလာရင်
အဝေးမြင်အာရုံကောင်းလာပြီး အနီးမြင်အာရုံ
မှာမူ ဆုတ်ယုတ်လာတယ်” ဟု မပြောမီ
အထိ ဤသတင်းကို သတင်းကောင်းအဖြစ် ထင်မြင်မိခဲ့သည်။
ဤမှတ်ချက်ကြောင့် ခရစ်ယာန်များတွင်
ကျွန်မ လေ့လာတွေ့ရှိမိသော ကောင်းမွန် တိုးတက်လာသည့် အဝေးမြင်နိုင်စွမ်းတစ်မျိုးကို ဆင်ခြင်မိသည်။ ခရစ်တော်ကို ကြာမြင့်စွာ
သိကျွမ်းခဲ့သော ခရစ်ယာန်များနှင့်စစ်ကြောမှုဒဏ် ကြီးမားစွာခံရသူများသည် အခြားသူများထက် ပိုပြီး အထက်အရပ်နှင့်ဆိုင်သည့် အမြင်ကောင်းများရှိသည်။ ၄င်းတို့၏ ထာဝရအမြင်များ ကောင်းမွန်တိုးတက်လာပြီး လောကအမြင်အနီးမြင်ကွင်းများ ဆုတ်ယုတ်လာသည်။
တမန်တော်ပေါလုလည်း ထာဝရအမြင်ရှိခဲ့သောကြောင့် ကောရိန်သု အသင်းတော်ကို “အကြောင်းမူကား မျက်မှောက်တော်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် …. ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်…
အစေခံခြင်းဖြင့် သက်သေခံ
၂၀ ရာစုနှစ်ဦးပိုင်းက အင်္ဂလန်နိုင်ငံ
တွင် ဂလက်ဒီစ် အာဝဒ် သည် အစေခံအဖြစ်
လုပ်ကိုင်နေရလည်း သူ့ဘဝပန်းတိုင်အိပ်မက်မှာ တရုတ်ပြည်သို့ သာသနာပြုရန် ဖြစ်သည်။ ခရစ်ယာန်သာသနာပြု အဖွဲ့အစည်းမှ သူ့ကို အရည်အသွေးမပြည့်ဝ၍ ပယ်ခဲ့ရာ သူ့ဖာသာ သွားရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ပြည်ရှိ ဝေးလံ ခေါင်သီသော 'ယုန်ချန်း' ရွာလေးသို့ အသွား သဘောင်္လက်မှတ်ကို သူ့အသက်(၂၈)နှစ်တွင်မှ ဝယ်နိုင်ခဲ့သည်။ သူ့တစ်ဘဝလုံး အစေခံလုပ်ပြီး စုဆောင်းခဲ့သည့်ငွေကို ရင်းနှီးပြီး တည်းခိုခန်း ဖွင့်ကာ ကုန်သည်များကို ငှားစားသည်။ တစ်ဖက်မှ
လည်း ကျမ်းစာပါ ပုံဝတ္ထုများ ဝေငှခဲ့သည်။ 'ဂလက်ဒီစ်' သည် အခြားရွာများတွင်လည်း အစေခံခဲ့သည်။ ထို့ကြောင့် “ကောင်းမြတ်သော သူ” အဖြစ် လူသိများခဲ့သည်။
တမန်တော်ကြီး ရှင်ပေါလုသည်လည်း ဧဝံဂေလိတရားကို ကမ္ဘာအနှံ့ ပျံ့နှံ့စေခဲ့သည်။ သူသည် အစေခံအဖြစ် အခြားသူများ၏…
ပျံသန်းနေသည့်အံ့ဖွယ်ရာလေး
ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာ
များထဲမှ လိပ်ပြာလေးများသည် အလွန်ပင်
လှပပါသည်။ အရောင်အသွေးစုံ၊ ပုံစံမျိုးစုံ သော အတောင်ပံများနှင့် ညင်သာစွာ ပျံသန်း
နေကြရာ သဘာဝ၏တုနှိုင်းမမှီသော ပန်းချီကား
တစ်ချပ်ပင်။ ပျံသန်းနေသော လိပ်ပြာများက ကျွန်ုပ်တို့၏ စက္ခုအမြင်အာရုံကို ကြည်နူးစေသည်
သာမက ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာ
များသည် အလွန်ပင် အံ့သြစရာဖြစ်ကြောင်း
ပြနေပါသည်။
သာဓကအားဖြင့် ဤခန့်ညားလှသော လိပ်ပြာများသည် ၄င်း၏ အရင်မျိုးဆက် တစ်
ဆက် (သို့) နှစ်ဆက် ရောက်ခဲ့သည့် အမေရိက
အလယ်ပိုင်းသို့ ပြောင်းရွှေ့ရာတွင် မိုင် ၃၀၀၀
မျှသောခရီးကို ပျံသန်းနိုင်သော သတ္တဝါများ
ဖြစ်သည်။ ၄င်းတို့၏ပင်အပ်ခေါင်းအရွယ်မျှသာရှိသော ဦးနှောက်လေးက ထိုခရီးစဉ် ကို စီမံလုပ်ဆောင်နေသည်။ တစ်ဖန်လိပ်ပြာများ၏ ပင်ကိုသဘာဝအသွင်
ပြောင်းလဲခြင်းကို ဆင်ခြင်ကြည့်ပါ။ ပေါက်ဖတ်လေးများသည် ပိုးတုံးလုံးအသွင်
ပြောင်းသွားပြီးနောက် ပိုးအိမ်အတွင်း ထင်ရှားသော အစိတ်အပိုင်းများ…
အရှုံးမှပြန်ထပါ
အမေရိကန်နိုင်ငံ၏ အကြာဆုံးကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပွဲပေါင်း ၂၅၂ ပွဲ ဆက်တိုက်အနိုင်ရရှိခဲ့သော်လည်း စကွပ်ရှ် ဘောလုံးရိုက်ပြိုင်ပွဲတွင် တြိနတီကောလိပ်သည် ယေးလ်ကောလိပ်ကို ရှုံးနိမ့်သွားသဖြင့် ၂၀၁၂ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြိုင်ပွဲ ပြီးဆုံးသွား သည်။ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်၍ တြိနတီအသင်း၏ နည်းပြ ပေါလ်အစေးတဲန်ထံသို့ သူ့မိတ်ဆွေ နံမည်ကျော်ဘောလုံးနည်းပြတစ်ဦး က သူ့ထံ အီးမေးလ်စာပို့ပြီး၊ ထိုစာတွင် “ဟေ့၊ ရှုံးပြီးတော့ မင်းပြန်ထရမယ်”ဟု ရေးခဲ့သည်။ နောက် ၁၀ ရက် အကြာတွင် ထိုနည်းပြ၏ အသင်းသည် အလွန်ထင်ရှား လူကြည့်များသည့် နေရှင်နယ် လိဂ် စူပါဘိုးလ် ပွဲစဉ်၌ ရှုံးနိမ့်ခဲ့သည်။ ကျွန်ုပ်တို့အယောက်စီတိုင်းသည် အရှုံးများကို ရင်ဆိုင်ကြရသည်။
အားကစားပြိုင်ပွဲ၌ ရှုံးနိမ့်ခြင်း ခံစားချက် က ဝိညာဉ်ရေးရာပြိုလဲကျဆင်းပြီးနောက် မိမိကိုယ်ကို အပြစ်တင်မဆုံးဖြစ်ရ…
နောက်ကျသူကို ကြိုဆိုပါသည်
သူနာပြု စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်စဉ် တစ်ည၌ “တွမ်” အမည်ရှိ လူနာတစ်ဦးသည် ကျွန်ုပ်နှင့်စကားပြောလို၍ သူ့အခန်းမှ အသာလေး လစ်ထွက်လာခဲ့သည်။ အတန်ကြာ စကားပြောပြီးနောက် သူက “ကျုပ်ဘဝနှောင်းပိုင်းမှာမှ ခရစ်ယာန် ဖြစ်လာ တာကို ဘုရားသခင်ကျေနပ်ပါ့မလား” ဟုမေး သည်။ 'တွမ်'၏ မေးခွန်းမျိုးက အံ့သြစရာ မဟုတ်ပါ။ အမှုတော်ဆောင်တစ်ဦးအနေနှင့် အသက်ကြီးသူများ၊ ဆေးစွဲသူများ၊ ထောင်ထွက် များထံမှ ထိုမေးခွန်းမျိုးကို ပုံစံမျိုးစုံနှင့် မကြာခဏ ကျွန်တော်ကြားခဲ့ရသည်။ သူတို့်အခြေအနေက ဘုရားသခင်ကိုသိရန်နှင့် ဘုရား၏အသုံးတော်ခံရန် နောက်ကျလွန်းပြီဟု သူတို့ထင်မြင် ယူဆစရာ ဖြစ်နေသည်။
မိမိ၏အတိတ်ကြောင့် ဘုရားသခင်ကိုသိရန် နောက်ကျနေပြီဟု ထင်ရသည့် သမ္မာကျမ်းစာထဲမှ လူများအကြောင်းကို 'တွမ်'နှင့် ကျွန်တော် အချိန်ယူ၍ လေ့လာခဲ့သည်။ ပြည်တန်ဆာရာခပ် (ယောရှု ၂း၁၂-၁၄၊ ဟေဗြဲ ၁၁း၃၁) နှင့် အခွန်ခံဇက္ခဲတို့သည် (လု ၁၉…
ဆုတောင်းခြင်းနှင့်ချစ်ခြင်းမေတ္တာ
Winnie the Pooh ကာတွန်းကားမှ သားပိုက်ကောင်လေး ခုန်၍သွားနေသည်ကို ကြည့်ပြီး “အဲဒီလို ခုန်ချင်လိုက်တာ” ဟု ဝက်ဝံ ကလေး “ဖူး” တွေးမိသည်။ အချို့က ခုန်နိုင်ပြီး အချို့က မခုန်နိုင်၊ ၄င်းသည် ဓမ္မတာပါ။
မိမိထက်ပို၍ ငယ်ရွယ်သူများ(သို့) ပို၍စွမ်းရည်ထက်သော အမျိုးသား၊ အမျိုးသမီး များသည် ကျွန်ုပ်တို့မလုပ်နိုင်သည့် တစ်မူထူး သော အရာများကို လုပ်နိုင်ကြသည်။ သူတို့က လုပ်နိုင်ပြီး ကျွန်ုပ်တို့က မလုပ်နိုင်ပါ။ ၄င်းသည် ဓမ္မတာပင်။ တစ်ချိန်က မိမိလုပ်နိုင်သောအရာကို ယခုမလုပ်နိုင်တော့ရာ၊ မိမိကိုယ်ကို အသုံးမဝင်တော့ဟု ခံစားရရန် လွယ်ကူလှသည်။
တချိန်က “ခုန်” နိုင်သကဲ့သို့ ယခုမခုန်နိုင်တော့သည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့ ချစ်နိုင်သည်။ ဆုတောင်းပေးနိုင်သည်။ အချိန်နှင့်အတွေ့အကြုံများက ကျွန်ုပ် တို့ကိုချစ်နိုင်ရန်၊ ဆုတောင်းပေးရန် ဤအမှုများကို ကောင်းစွာပြုနိုင်အောင် ပြင်ဆင်ခဲ့ပါပြီ။…
စိတ်ဆင်းရဲရသည့်အောင်မြင်မှု
“ဘုရားမပါဘဲလုပ်ဆောင်ပါက
စိတ်ဆင်းရဲစေသောအရှုံးနှင့် ရင်ဆိုင်ရလိမ့်မည်။
(သို့) အောင်မြင်သော်လည်း စိတ်ဆင်းရဲရ
လိမ့်မည်” ဟု ဝတ္ထု၊ ကဗျာဆရာနှင့် ခရစ်ယာန်
အမှုတော်ဆောင် ‘ဂျော့ မက်ဒေါနယ်‘ (၁၈၂၄ -
၁၉၀၅) က ရေးသားခဲ့သည်။ တမူထူးသော
ဤဖော်ပြချက်ကို ခေတ်သစ်ဟောပြောသွန်သင်
သူများနှင့် စာရေးဆရာများက မကြာခဏ
ကိုးကား ဖော်ပြကြပြီး မက်ဒေါနယ်၏
Unspoken Sermons အမည်ရှိစာအုပ်တွင် ရေးသားထားခြင်းဖြစ်သည်။
ခရစ်ယာန်တစ်ဦး မိမိကိုယ်ကို ငြင်းပယ်ရန် ခက်ခဲသည့်အကြောင်းနှင့်စပ်လျဉ်း၍ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်း ထမ်း၍ ငါ့နောက် သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်တင်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်” (လု ၉း၂၃-၂၄) ဟူသည့် သခင်ယေရှု၏သွန်သင်ချက်ကို မည်ကဲ့သို့ လက်တွေ့လိုက်လျှောက်ရမည်ကို…
အတူတကွ ပေါင်းစည်းကြပါစို့
ကမ္ဘာ့ဒေသတော်တော်များများတွင် နှင်း၏အံ့ဖွယ်သဘာဝကို ထဲထဲဝင်ဝင်သိကြ သည်။ နှင်းပွင့်များသည် လှပသော၊ အတုမရှိ လက်ရာမြောက်သည့်ရေခဲ ပုံဆောင်ခဲလေးများ ဖြစ်သည်။ ၎င်းတို့သည် ကျိုးပဲ့လွယ်ပြီးလျှင်မြန်စွာ အရည်ပျော်သွားတတ်သည်။ သို့သော် ၄င်းတို့ စုစည်းလိုက်ပါက ကြီးကြီးမားမားအင်အားတစ်ခု ကို သူတို့ ဖန်တီးနိုင်သည်။ နှင်းများဖုံးလွှမ်း ထားသော လှပသည့် သစ်ပင်ရှုခင်းဓာတ်ပုံများက ပြက္ခဒိန်များတွင် နေရာယူသည့် တစ်ချိန်တည်းမှာ နှင်းထုက မြို့ကြီးများကို အုံ့ဆိုင်းအမှောင်ကျ သွားစေနိုင်သည်။ တောင်ပေါ်တွင် ပျော်ရွှင်စွာ စကိတ်စီးနိုင်သည်။ နှင်းလူများပြုလုပ်နိုင်သည်။ နှင်းခဲပစ်တမ်း ကစားနိုင်သည်။ ၄င်းသည် နှင်းပွင့်များ အတူတကွ စုစည်းနေခြင်းကြောင့် ဖြစ်သည်။
ခရစ်တော်နောက်လိုက် ကျွန်ုပ်တို့သည်လည်း ထိုနည်းတူဖြစ်သည်။ ကျွန်ုပ်တို့ တစ်ဦးစီသည် ခရစ်တော်၏အမှုတော်မြတ်တွင် ပါဝင်ရန်အတွက် အခြား သူများနှင့်မတူသည့် ဆုကျေးဇူးအစွမ်းများ ရရှိထားသည်။ ကျွန်ုပ်တို့အား သီးခြားနေရန် ကိုယ်တော် မရည်ရွယ်ဘဲ ဘုရားသခင်အတွက်ကြီးမားသော အင်အားတစ်ရပ်ဖြစ်ရန်၊ ကိုယ်တော်၏…