အမျိုးအစား  |  odb

ယောက်ျားအစွမ်းသတ္တိ

လွန်ခဲ့သောနှစ်များစွာက တစ်ညတွင် အတော်ညဥ့်နက်မှအိမ်ပြန်လာရာ ဓာတ်လှေကား ၌ ကျွန်တော်နှင့် အခြားလူနှစ်ဦးတို့ ရှိနေသည်။ ကျွန်တော်တို့အားလုံးမှာ နွမ်းနယ်နေကြသည်။ ထိုစဉ် ဓာတ်လှေကားတံခါးပွင့်သွားပြီး ဦးထုပ် နှင့်၊ သိုးရေကုတ်အင်္ကျီဟောင်းနှင့်၊ သစ်ခုတ် ဖိနပ်ရှည်အစုတ်တို့ဝတ်စားထားသည့် တောသား ကောင်းဘွိုင်း တစ်ဦး ဝင်လာသည်။ သူက
ကျွန်တော်တို့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မျက်လုံးချင်းဆုံကာ 'ကောင်းသော ညနေချမ်းပါ။ လူကြီးမင်းတို့' ဟု အသံသြသြနှင့်နှုတ်ဆက်ရာ၊ ကျွန်တော်တို့ အားလုံးမှာ အခေါ်ခံရသည့်အတိုင်း ကိုယ်ကိုမတ်၊ ရင်ကို ကော့လိုက်ကြသည်။
ယနေ့တွင် လူကြီးမင်း ဖခင်များကို
ဂုဏ်ပြုသောနေ့ဖြစ်ပေရာ၊ ယောက်ျားဟူသည့် ဂုဏ်ရည်နှင့်အညီ အသက်ရှင်ခြင်း အကြောင်း ပြောကြပါစို့။ ကျွန်တော်တို့က ခပ်မာမာနှင့်ကြံ့ခိုင်ပုံပေါက်ရန် ကြိုးစား သော်လည်း ၎င်းသည် အပြင်ပန်းသာဖြစ်သည်။ ကြိုးစားအားထုတ်သမျှမှာ မှန်းသလောက်
စံမမီကြောင်းကို မိမိဖာသာသိသည်။ ယုံကြည်ချက်အပြည့်ရှိနေပုံ ပေါ်နေလည်း နောက်ကွယ်တွင် ကြောက်ရွံ့မှု၊ မလုံမလဲဖြစ်မှုနှင့်…

ဘုရားသခင်ဘုန်းကြီးစေ

ဝတ်ပြုစည်းဝေးစကာနီးမှ သီချင်းဆို ပေးရန် လာပြောခြင်းဖြစ်သော်လည်း 'ဂျေးဆန်'
ဝမ်းမြောက်ဝမ်းသာနှင့် လက်ခံခဲ့သည်။ “To
God Be the Glory” ဆိုသော လူတိုင်းသိသည့်
ဓမ္မတေးက သူ့အတွက် အလွန်အဓိပ္ပာယ်ရှိ ခြင်းကြောင့် ထိုသီချင်းကို သီဆိုရန် ရွေးချယ်
လိုက်သည်။ ဘုရားကျောင်း မြေအောက်ခန်း၌
ခဏမျှ လေ့ကျင့်ပြီးနောက် မည်သည့်အတီးမျှ
မပါဘဲ ကဗျာလွတ်သီဆိုခဲ့သည်။
ထိုဘုရားကျောင်းရှိ လူအချို့မှာ သူ၏
ပါဝင်ဆက်ကပ်မှုကို မနှစ်မြို့ကြောင်း သီတင်းပတ်
အတော်ကြာပြီးမှ 'ဂျေးဆန်' ပြန်သိရသည်။ 'ဂျေးဆန်'သည် ထင်ပေါ်လိုခြင်းကြောင့် ဤသို့ပြု
သည်ဟု သူတို့တွေးထင်ကြသည်။ သူတို့သည် 'ဂျေးဆန်' နှင့်မရင်းနှီး၊ သူ့ကို ကောင်းကောင်း မသိခြင်းကြောင့် ဘုရားသခင်ကိုချီးမြှောက်ရန် မဟုတ်ဘဲ သူ့ကို လူအထင်ကြီးအောင် သီချင်းဆိုသည်ဟု 'ဂျေးဆန်' ကို အထင်မှားကြသည်။
ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်ရန်အတွက် ကျွမ်းကျင်ပညာသည်များကို…

စိတ်ကူးယဉ် မိတ်ဆွေမျှသာလော

“ဘုရားသခင်သည် စိတ်ကူးယဉ် မိတ်ဆွေသာ၊ တကယ့် မိတ်ဆွေစစ်ကိုရွေးခြင်းက ကျွန်ုပ်တို့အားလုံးအတွက် ပိုကောင်းမည်” ဟု
ကြော်ငြာတင်ထားရာ၊ ဤအဆိုက ခရစ်ယာန်
များကို စိတ်ကူးယဉ်ပြီး အတွေးထဲ၌ မိတ်ဆွေ
အဖော် ဖန်တီးတတ်သည့် ကလေးများနှင့်ခိုင်းနှိုင်း
ထားသည်မှာ ထင်ရှားလှသည်။ သို့သော် ဘုရား
သခင်သည် စိတ်ကူးယဉ်မိတ်ဆွေ ဟုတ်ပါသလား။
စင်စစ် ဘုရားသခင်၏ ဖြစ်တည်မှု
အမှန်တရားကို ထောက်ခံအားဖြည့်ပေးသော သက်သေအချက်အလက်များရှိသည်။ အောက်ပါ တို့ကို အလေးအနက်ဆင်ခြင်ကြည့်ပါ။
ကမ္ဘာပေါ်ရှိ ဖန်ဆင်းခံရသော အရာများက စကြဝဋ္ဌာ၏နောက်ကွယ်တွင် ဖန်ဆင်းရှင်ရှိကြောင်း ဖော်ပြနေသည်
(ရော ၁း ၁၈ - ၂၀)။ လူသားတစ်ဦးစီ၏ အမှားအမှန်ပိုင်းခြားသိနိုင်စွမ်း၏ နောက်ကွယ်တွင်
ပညတ်ဥပဒေ ချမှတ်ပေးသူရှိကြောင်း သြတပ္ပစိတ်က ဖော်ပြနေသည် (ရော ၂း ၁၄ - ၁၅)။
ဂီတနှင့်အနုပညာဆန်းသစ်တီထွင်မှုများမှာ ဖန်ဆင်းရှင်ဘုရားပိုင်ဆိုင်သည့် ဖန်ဆင်း…

မပြတ်ဆက်သွယ်ထားပါ

တစ်နေ့မနက်က ကျွန်ုပ်၏ကွန်ပျူတာ
၌ အင်တာနက်လိုင်းမမိသဖြင့် အင်တာနက် လိုင်း ချိတ်ပေးသူက စစ်ဆေးကြည့်ပြီး မိုဒမ်းစက် လဲရမည်ဟု ပြောသည်။ ထို့ပြင်
နောက်တစ်နေ့မှ ပြန်သုံးနိုင်မည်ဖြစ်၍ ၂၄ နာရီ လုံးလုံး အင်တာနက်လိုင်းမမိဘဲ နေရမည်ကို စဉ်းစားမိပြီး ကျွန်ုပ်ပြာသွားသည်။ အင်တာနက် မသုံးရဘဲ ဘယ်လိုနေရမလဲ။
အကယ်၍ တစ်ရက်တာမျှ ဘုရားနှင့် ကျွန်ုပ်တို့ အချိတ်အဆက် ပြတ်တောက်သွားပါက ပြာယာခတ်သွားမည်လားဟု မိမိကိုယ်ကို မေးခွန်း ထုတ်မိသည်။ ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို အချိန်ယူဖတ်ရှုဆင်ခြင်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့ အဆက်မပြတ် ချိတ်ဆက်မိပြီ။ ထို့ပြင် ကျွန်ုပ်တို့သည် “တရားကိုကျင့်သောသူ ဖြစ်ကြရမည်” (ယာ ၁း ၂၂ - ၂၄)၊
၁၁၉ ခုမြောက်သောဆာလံကို ရေးဖွဲ့သူက ဘုရားသခင်နှင့် မပြတ် ဆက်သွယ်မှုရှိရန် အရေးကြီးကြောင်းသိသည်။ အထုံးအဖွဲ့တရားတော်တို့ကို…

မပြီးပြတ်သေးသည့်ကိစ္စ

'လီယို ပလက်စ်' သည် အသက်
၉၉ နှစ်တွင်မှ ကောလိပ်ဒီပလိုမာဘွဲ့ကို အရှေ့ အော်ရီဂွန်တက္ကသိုလ်မှ ဆွတ်ခူးရရှိခဲ့သည်။ ယခင် ၁၉၃၀ ပြည့်နှစ်များအတွင်းက ကျောင်း
ထွက်ပြီး သစ်ထုတ်လုပ်ရေး၌ အလုပ်လုပ်
ငွေရှာရသဖြင့်၊ ဘွဲ့ရရန်ကြိုးစားမှုကို စွန့်လွှတ်
ခဲ့ရသည်။ ၇၉ နှစ် ကြာပြီးနောက် ဘွဲ့ရရန် လိုအပ်သော ကျောင်းခေါ်ချိန် ခရက်ဒစ် သုံးခု
ပြီးအောင် တက်ခဲ့ပြီး သူ့ဘဝအတွက် အရေးကြီးပြီး မပြီးပြတ်သေးသည့် အလုပ်ကို အောင်မြင်ခဲ့သည်။
လီယိုကို ကျွန်ုပ်တို့ နားလည်နိုင်ပါ
သည်။ မတောင်းပန်ရသေးသည့်ကိစ္စ၊ ပိုအရေး
ကြီးသည့် ဝိညာဉ်ရေးအတွက် စိတ်ပိုင်းဖြတ်ဆုံးဖြတ်ချက်ချရန်ကိစ္စ စသည့် မပြီးပြတ် သေးသည့်အမှုများ ကျွန်ုပ်တို့၌ ရှိကောင်းရှိမည်။ သခင်ယေရှုနှင့်အတူ ကားစင်တင်သတ် ခံရသည့် ရာဇဝတ်သားတစ်ဦးတွင် မဖြစ်မနေဆုံးဖြတ်ရမည့်ကိစ္စ ရှိနေသည်။ ထာဝရနှင့်လက်တစ်ကမ်းအလိုလေးမှာပင် သခင်ယေရှုမည်သူ ဖြစ်သည်ကို သိရှိလိုက်ရပြီး…

အရသာ ခံစားပါ။

“ဂျိုးရယ်.. ရှင်အစာစားတာသိပ်မြန် တာပဲ။ ဖြည်းဖြည်းနဲ့ အရသာခံပြီးစားပါလား” ဟု ကျွန်တော့်ဇနီးမာတီက မကြာခဏ ကျွန်တော့်
ကို ပြောလေ့ရှိသည်။ သူမက အစာအလုတ် တိုင်းကို အရသာခံပြီးစားသဖြင့် သူစား၍ မကုန်မီ ကျွန်တော်က အစောကြီး စားပြီးပြီဖြစ်သည်။
ဘုရားသခင်၏ နှုတ်တော်ထွက်
စကားကိုလည်း အမှန်အရသာမခံဘဲ၊ အလျင်
အမြန် ပြီးလျှင်ပြီးရောနှင့် လူမည်မျှဖတ်နေ
သနည်းဟု ကျွန်တော်စဉ်းစားမိသည်။ “မိန့်တော်
မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချို
ကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍
ချိုကြပါ၏” ဟု (း၁၀၃) ဆာလံဆရာက ပြောထားသည်။ ကျွန်တော့်အတွက် ထိထိမိမိ ရှိလှပါသည်။
နှုတ်ကပတ်တော်မှ အရသာပြည့်ဝလှသည့် အစာကို စားသုံးမွေ့လျော်
ခြင်းဖြင့် မည်သည့်အကျိုးရရှိမည်နည်း။ ဘုရား၏နှုတ်တော်ထွက်စကားကို နေ့စဉ် စားသုံးခြင်းဖြင့် အာဟာရချို့တဲ့သည့်စိတ်နှလုံး၌ သောကပူပန်မှု၊ ထောင်လွှားမှုမာန၊ ကြောက်ရွံ့မှုနှင့် သွေးဆောင်ဖြားယောင်းမှုများ မကူးစက်အောင်…

စီအက်စ်လူးဝစ်ထံမှ စာတစ်စောင်

၁၉၆၁ ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့ ဘရွတ်ကလင်းအထက်တန်း ကျောင်းမှ ကျောင်းသား ဟာဗီး ကားလ်စင် သည် အင်္ဂလန်ရှိ ဆရာကြီး စီ အက်စ် လူးဝစ် ထံ စာတစ်စောင်ရေးခဲ့သည်။ ဆရာကြီး ရေးသော “The Screwtape Letters” စာအုပ်ကို ဖတ်ရပြီး၊ “ဒီစာအုပ်ကို ရေးတုန်းက စာတန်က ဆရာ့ကို အနှောင့်အယှက်တစ်ခုခု ပေးခဲ့ပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါကို ဘယ်လိုဖြေရှင်းခဲ့ပါသလဲ” ဟု စာရေးမေးမြန်း ခဲ့သည်။
သုံးပတ်ကြာပြီးနောက် ဆရာကြီးက စာပြန်ခဲ့သည်။ ထိုစာထဲတွင် ယခုတိုင်စုံစမ်း နှောင့်ယှက်ခြင်းများ ရှိနေသေးကြောင်း၊ ၄င်းတို့ကို
ရင်ဆိုင်ရာတွင် “လူဆိုတာ ရံဖန်ရံခါ စုံစမ်းခြင်းထဲကို တစ်နည်းနည်းနဲ့ ကျတတ်တာမို့ အရေးကြီးဆုံးကတော့ စိတ်မပျက်ဘဲ ရှေ့ဆက်လှုပ်ရှားဖို့ပါဘဲ။ ဒါပေမယ့် လဲရာက ပြန်ထရမယ်။ ပြီးတော့ ခွင့်လွှတ်ခြင်းကို တောင်းခံတတ်ရမယ်” ဟု…

နာခံခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း

ခရစ်ယာန် အထက်တန်းကျောင်း ဓမ္မတေး သံစုံအဖွဲ့နှင့် ကျွန်တော်ခရီးထွက်ခဲ့စဉ်က အသင်းတော်များ၌ ဝတ်ပြုကိုးကွယ်ချီးမွမ်းခြင်း အစီအစဉ်များတွင် ကျောင်းသားလူငယ်များ၏ ဦးဆောင်လှုပ်ရှားမှုကို ကြည့်ပြီး ကျေနပ်မိသည်။ ဘုရားကျောင်းများမှထွက်ခွာပြီးနောက် ကြုံရ သောအဖြစ်အပျက်က ပို၍အားရကျေနပ်စရာ ကောင်းသည်။ တစ်နေ့တွင် ဂက်စ် ဝယ်သုံးရန် ပိုက်ဆံမရှိသော အမျိုးသမီးတစ်ဦးကို သူတို့ တွေ့ပြီး၊ ဘုရားသခင်၏စေ့ဆော်မှုကို ခံစားရကာ အဖွဲ့အတွင်း ငွေစုလိုက်သည်။ ထို့နောက် ဂက်စ်အိုးဝယ်သုံးရန် လုံလောက်သည့်ငွေကို သူတို့ပေးခဲ့သည်။ အသင်းတော်တွင်း၌ ဝတ်ပြု ကိုးကွယ်ခြင်းနှင့်၊ လက်တွေ့လောက၌ ဘုရားသခင်ကို နေ့စဉ်နာခံခြင်းဖြင့်ကိုးကွယ်ခြင်းက သူ့ကဏ္ဍနှင့်သူ ဖြစ်သည်။
ကျောင်းသားများ၏စံနမူနာများက မိမိ၏အသက်တာများကို ပြန်လည်ဆန်းစစ် စေသည်။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် အသင်းတော်တွင်းကန့်သတ် ဖြစ်နေ ပါသလား။ သို့တည်းမဟုတ် ဘုရားသခင်ကို နေ့စဉ်အသက်တာ၌နာခံပြီး အစေခံရမည့် အခွင့်အရေးများကို ရှာဖွေလျက် ကိုယ်တော်ကို ဆက်လက်ကိုးကွယ်နေပါသလား။
၁ရာ ၁၅ တွင် ရှောလုမင်းအား…

ကျွန်တော်ဘယ်ကနေ ဆင်းသက်လာတာလဲ

တစ်နေ့က အမေရိကအာဖရိက
နွယ်ဖွား ၇ နှစ်အရွယ် ကျွန်မ၏မိတ်ဆွေလေးက “အာဒံ နဲ့ ဧဝက လူဖြူတွေဆိုတော့ လူမဲတွေက
ဘယ်က ဆင်းသက်လာတာလဲ” ဟု ဆင်ခြင်စရာ မေးခွန်းတစ်ခုကို မေးလာသည်။ အာဒံနှင့် ဧဝ အသားမဲလား၊ ဖြူလား ကျွန်မတို့ မသိကြောင်း ပြောပြပြီးနောက် ဘာကြောင့် ဒီလိုအတွေးမျိုး တွေးမိတာလဲဟု မေးရာ သူက “ဘုရားကျောင်းနဲ့ စာကြည့်တိုက်မှာရှိတဲ့ ကျမ်းစာပုံပြင်စာအုပ်တွေ ထဲမှာ အမြဲတွေ့ရလို့ပါ” ဟု ပြန်ဖြေ၏။ ကျွန်မ
ရင်နင့်သွားသည်။ ထိုအရာက သူ့ကို သိမ်ငယ်စေ
ခြင်းလား။ သူ့ကို ဘုရားဖန်ဆင်းထားခြင်းမဟုတ်
ဟု အတွေးဝင်စေခြင်းလား။
လူသားအားလုံးသည် ဖန်ဆင်းရှင်
ဘုရားသခင်၌ အရင်းခံကြသည့်အတွက်အားလုံး
သည် တန်းတူပင်ဖြစ်၏။ ထိုအကြောင်းကြောင့် ရှင်ပေါလုက အာသင်လူတို့အား “ဘုရားသခင် သည် မြေတပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့်…

နှလုံးသားများကို စောင့်ရှောက်ခြင်း

ကျွန်တော်သည် နယ်အသင်းတော်
တစ်ခုတွင် သက်ကြီးကျမ်းစာသင်တန်းကို နှစ် အတန်ကြာ ပို့ချပေးခဲ့ရာ၊ သင်တန်းချိန်များတွင် မေးလာသော မေးခွန်းများကို မဖြေကြားမီ နှုတ်ကပတ်တော်ကို ဂရုစိုက်၍ ကြိုးစားဆင်ခြင်
သည်။ သို့သော် သင်တန်းသူ အမျိုးသမီးတစ်ဦး၏
ခံစားချက်နှင့် မေးလာသော မေးခွန်းတစ်ခုကို ကျွန်တော် ဆိုးဝါးသည့် အဖြေပေးခဲ့မိကြောင်း
နောက်ပိုင်း အသက် ၄၀ ၌ ကျမ်းစာကျောင်း
ပြန်တက်မှ သိရသည်။ ကျွန်တော့်၏ တုံ့ပြန် အဖြေက ၂ နှစ် ကြာသည့်တိုင် သူမကို စိတ်ဒုက္ခ
ရောက်စေခဲ့ပြီဟု သေချာသွားချိန်၌ ကျွန်တော့်
အမှားကို ပြန်ပြုပြင်ရန် စိတ်စောနေပါသည်။
ကျွန်တော်အိမ်သို့ အပြေးပြန်ပြီး သူ့ကို ဖုန်းဆက်ကာ အလျင်အမြန် တောင်းပန်စကား ဆိုလိုက်သည်။ အတန်ကြာ အသံတိတ်သွားပြီးမှ သူမက စိတ်ရှုပ်သည့်လေသံဖြင့် “ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့် လောလောဆယ် ဆရာ့ကို…