ရှေ့ဆက်တိုး၍ လုပ်ဆောင်ရာ၌
ခရစ်ယာန်အမျိုးသားအဖွဲ့ ညီလာခံ
တစ်ခု၌ ကျွန်တော်နှင့် ယခင်ကပင် သိကျွမ်း
ပြီး၊ နှစ်ပေါင်းများစွာတိုင် ကျွန်တော့်ကို အားပေး
သွန်သင်ပဲ့ပြင်သူ မိတ်ဆွေကြီး 'ကလိုက်ဒ်' နှင့်
ပြန်တွေ့သည်။ သူနှင့်အတူ တရုတ်နိုင်ငံမှ ယုံကြည်ကာစ လူရွယ်နှစ်ဦးလည်းရှိနေပြီး ထိုသူ
တို့က 'ကလိုက်ဒ်' ၏ သစ္စာရှိရှိမိတ်ဖွဲ့မှုနှင့်
ဝိညာဉ်ရေးရာ ကူညီမစမှုများအတွက် အလွန်ပင်
ကျေးဇူးတင်ကြ၏။ အသက် (၈၀) နီးပါးရှိ
မိတ်ဆွေ 'ကလိုက်ဒ်' က “ခရစ်တော်ကိုသိကျွမ်း ရင်းနှီးရတာနဲ့ပတ်သက်ပြီး ဒီနေ့လောက် စိတ်လှုပ် ရှားရတာမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု ကျွန်တော့်ကို အားတက်သရောပြောပြသည်။
ဖိလိပ္ပိအသင်းသားတို့ထံ ရေးသော
စာတွင် ရှင်ပေါလုက ကာလအချိန်ကြာညောင်း လည်း မည်သည့်အခါမျှ လျော့ပါးသွားခြင်းမရှိသောသူ့နှလုံးသားဆန္ဒမှာ “ထိုသခင်ကို လည်းကောင်း၊ ထမြောက်တော်မူခြင်း၏တန်ခိုးကိုလည်းကောင်း သိကျွမ်းရန်၊ သခင်၏ ဆင်းရဲခံတော်မူခြင်းကို မျှဝေခံယူပြီး၊…
ပညာနှင့်ပြည့်စုံသော စကားများ
ကျွန်တော်အသက် ၆၀ ပြည့်ပြီး
နောက်ပိုင်းတွင် ဘဝတစ်လျှောက်ကျွန်တော့်ကို အကျိုးပြုတည်ဆောက် ကောင်းချီးပေးသည့် ဥာဏ်ပညာနှင့်ပြည့်စုံသော ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များအကြောင်းကို အလေးထား ဆင်ခြင်မိသည်။ ကျွန်တော်ကျမ်းစာကျောင်း တက်စဉ်က ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း ပို့ချသည့် ပါမောက္ခအားဖြင့် နှုတ်ကပတ်တော်ကို သက်ဝင်ရှင်သန်စေခဲ့သည်။ ဂရိဘာသာပြဆရာ ကလည်း ဓမ္မသစ်ကျမ်းကို အဆင့်အတန်း မြင့်မြင့်
လေ့လာနိုင်ရေး မဆုတ်မနစ်ဝန်ဆောင်ခဲ့သည်။ သင်းအုပ်တာဝန်ကို ဦးဆုံးစတင်ထမ်းဆောင်
စဉ်က အခြားသူများ၏ဝိညာဉ်ရေး ကြီးထွားလာ
ရေးကို မစရန် အရေးကြီးသာသနာ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ဝါရင့်သင်းအုပ်ဆရာတော်မှ ကြီးကြပ်လမ်းပြခဲ့သည်။ ဤဆရာတစ်ဦးချင်းစီသည် ကျွန်တော့်ကို နည်းအမျိုးမျိုးဖြင့် အားပေးခဲ့၏။
ကျွန်တော်တို့ ရင့်ကျက်လာရေးအတွက် ဝိညာဉ်ရေးရာခေါင်းဆောင်များက မစသည့်နည်းလမ်းအချို့ကို ရှောလမုန်မင်းကြီးက အမြော်အမြင်နှင့် လေ့လာထားသည်။ “ပညာရှိသောသူ၏စကားများသည် တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်၍ သိုးထိန်း လက်၌ရှိသည့် တုတ်ချွန်ကဲ့သို့အသုံးဝင်ပြီး၊ ခံယူကြားနာသူအတွက် သံမှိုနှင့် နှက်ထားသကဲ့သို့ စွဲမြဲစေ၏ (ဒေ…
အပြောနှင့်တကွ သရုပ်ပြ
စာရေးနည်းသင်တန်း (သို့) စာပေ ဆွေးနွေးပွဲများတွင် “(ဇာတ်လမ်း) ပြောပြနေ တာမျိုးမဟုတ်ဘဲ မျက်စိထဲမြင်လာအောင်၊ တင်
ပြပါ” ဆိုသည့်အချက်ကို ကြားကောင်းကြားရ
မည်။ ထို့ပြင် စာဖတ်သူများကို စကားနှင့်ပြောပြ
ခြင်းမဟုတ်ဘဲ အဖြစ်အပျက်ကို “မြင်သာအောင်
ပြ” ရန်၊ စာဖတ်ပရိသတ်ကို ဘာလုပ်ခဲ့သည်ဟု ပြောပြမနေဘဲ လုပ်ခဲ့သည့် အရာများကို သရုပ်ဖော် ရေးသားရမည်။
တစ်စုံတစ်ရာကို ပြောပြခြင်းက လုပ်ပြ
ခြင်းထက် ပိုလွယ်ခြင်းကြောင့် ပြောခြင်းကို ကျွန်ုပ်တို့ ပိုအားသန်ခြင်းဖြစ်မည်။ တစ်စုံတစ်ရာကိုလုပ်ပြရန်အချိန်ပေးရ၊ ခွန်အားစိုက်ရသည်။ စာသင်ရာတွင်လည်း ကျောင်းသားများ၏အမှားကို ထောက်ပြပြောပြခြင်းက ထိုအမှားကို မည်သို့မှန်အောင်ပြင်ရမည်ကို ပဲ့ပြင်ရခြင်းထက် ပို၍ လွယ်ကူသည်။ သို့ရာတွင် အမှားကိုမှန်အောင်ပြင်ရန်ပြသခြင်းက ပို၍ထိရောက်မှုရှိသည်။
ဂျူးလူမျိုးများသည် ပညတ်တရားပါ ဆောင်ရန်၊ ရှောင်ရန် ဥပဒေသများကို နှစ်ပေါင်းထောင်နှင့်ချီ၍ အပြောနှင့်သာ ကြားခဲ့ရသည်။ သို့သော် ယေရှုခရစ်တော် ကြွလာချိန်တွင်မှသာ…
ကျွန်တော်ပျင်းနေလို့
သားများဆယ်ကျော်သက်အရွယ်က အသင်းတော်လူငယ် မိတ်သဟာယအစီအစဉ် ပြီးတိုင်း “ညတုန်းက လူငယ်အစီအစဉ် ဘယ်လို
လဲ” ဟု ကျွန်တော်မေးကြည့်ရာ၊ သားများက
“ပျင်းစရာကြီးပါ” ဟု ပြန်ဖြေကြ၏။ ဤအဖြေမျိုး
ကို ရက်သတ္တပတ်အတန်ကြာ ကြားရပြီးနောက် ကျွန်တော် ကိုယ်တိုင်သွားစုံစမ်းကြည့်ရန် ဆုံး
ဖြတ်လိုက်သည်။ သူတို့တွေ့ဆုံကြသည့် အားက
စားရုံထဲသို့ အသာလေးဝင်သွားပြီး စောင့်ကြည့် သည်။ သူတို့ပါဝင်ရင်း ရယ်မောရင်း နားထောင်
ရင်း အလွန်ပျော်ရွှင်ကြသည်။ ထိုည အိမ်အပြန် လမ်းတွင် သားများကို မေးရာ “ပျင်းစရာကြီး” ဟု ထပ်ပြောလာပြန်၏။ “အဖေအဲဒီမှာ ရှိနေ ခဲ့တယ်။ မင်းတို့ကို စောင့်ကြည့်နေတာ၊ မင်းတို့တကယ်ပျော်နေတာ” ဟုပြောရာ သူတို့က “ခါတိုင်းလောက် အခြေအနေ မဆိုးလို့နေမှာပါ” ဟု တုံ့ပြန်ပါသည်။
ရွယ်တူချင်း၏ ဖိအားပေးလွှမ်းမိုးမှု၊ အခြေအနေကောင်းသည့်ပုံ မပေါ်မှာ
ကို စိုးရွံ့မှု…